← Chapters

ပိုးဖလံမျိုး မီးကိုတိုး

Vol. 19 Ch. 359

ပိုးဖလံမျိုး မီးကိုတိုး

Vol. 19 Ch. 359

ရှဲ့ချောင် ခပ်ဖွဖွသာ ခေါင်းညိတ်လိုက်သည်။ တခြားသူများမှာ အကြောက်လွန်ပြီး အသိစိတ်ပျောက်နေကြတာကြောင့် သူမကို အာရုံစိုက်မနေခဲ့ချေ။

မကောင်းဆိုးဝါးဝိဉာဉ်က သူမ ခေါင်းညိတ်ပြတာကို မြင်ပြီး စိတ်လှုပ်ရှားစွာနှင့် လေထဲ၌ ပတ်၍ဝဲနေတော့သည်။

သူမ အနားတွင် လေဆင်နှာမောင်းငယ်လေးတစ်ခုလို

မျိုး တိုက်ခတ်သွားကာ မြေပြင်ပေါ်မှ ဖုန်မှုန့်အနည်းငယ် လွင့်စင်သွားခဲ့သည်။

"နင် ငါ့ကို မြင်ရတယ်! ဘုရားရေ၊ နင်က ဖုတ်ကောင်များလား" မကောင်းဆိုးဝါး ဝိဉာဉ်က သူမကို ထိဖို့ ကြိုးစားပေမဲ့ သူမရဲ့ ပုခုံးကို ထိလိုက်တာနဲ့ ၎င်းရဲ့ လက်တွေဟာ လောင်ကျွမ်းသွားတဲ့ပုံပင်။ ဝိဉာဉ်ဟာ မျက်နှာ ရှုံမဲ့သွားကာ အော်ဟစ်လိုက်သည်။

"နင်-နင်က ဝိဉာဉ်တွေကို ဖမ်းနိုင်တဲ့ ကောင်းကင်ဘုံ ဆရာတစ်ယောက်လား။ ဝါး၊ နင်က အရမ်းအစွမ်းထက်တာပဲ။ ငါ တော်တော် နာသွားတာ!"

လူများစွာရဲ့ ရှေ့မှာ ရှဲ့ချောင် ဘာတစ်ခုမှ မပြောနိုင်ပဲ။

သူမ ကူကယ်ရာမဲ့စွာနှင့် ပြုံးပြရုံသာ။

တက်ကြွနေတဲ့ ဝိဉာဉ်က သူ့ရဲ့ ဒဏ်ရာရနေတဲ့ လက်ချောင်းကို အလျင်အမြန်ထိလိုက်သည်။

တစ်ခဏကြာတော့ သူ ပြန်တွေးကြည့်လိုက်ရင်း "ဒါဆို မြန်-မြန်မြန် အိမ်ရှေ့စံမင်းသား ကို ပြောပြလိုက်၊ အဲဒါသူလို့။ ကြင်ရာတော်မင်းသားကြီးကျိုး! ငါတို့ကို သတ်ခဲ့တာ သူပဲ! သူက တကယ် မကောင်းတဲ့လူကြီး! တခြားသူတွေ အကုန် အသက်ရှင်လျက်နဲ့ ရေနှစ်ခံရပြီးတော့ ထွက်လာလို့မရအောင် ရေအောက်ထဲမှာ ပိတ်ထားခဲ့တာ၊ အချိန်ကြာတော့ သူတို့အားလုံး အသိစိတ်ပျောက်သွားကြတယ်။ ငါတစ်ယောက်တည်းပဲ, ရေနှစ်ခံရတုန်းက အသက်ရှူရပ်သွားခဲ့တာမလို့ ငါ ဒီလို လွင့်မျောနေနိုင်တာ"

ကြင်ရာတော်မင်းသားကြီးကျိုးလား?

ရှဲ့ချောင် အံ့ဩသွားသည်။

သူမက ထပ်ပြီး မေးနေစရာတောင်မလို၊ သူမ ဘေး

က မကောင်းဆိုးဝါးဝိဉာဉ်က တရပ်စပ်ကိုပြောနေတော့သည်။

"ကြင်ရာတော်မင်းသားကြီးကျိုးက တကယ်မကောင်းတဲ့လူ! သူငယ်ငယ်တုန်းက ဘယ်လောက် အရည်အချင်းရှိတာတွေဘာတွေကို စဉ်းစားမနေနဲ၊ တကယ်က သူနဲပတ်သက်ပြီး တစ်ခုခုလွဲနေတာ!" မကောင်းဆိုးဝါးဝိဉာဉ်မှာ အလွန် ဒေါသထွက်နေ၏။ "ငါက ကျိုးမိသားရဲ့ အလှမ်းဝေးတဲ့ ဆွေမျိုးတစ်ယောက်။ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကငါ့အမေက ငါ့ကို မြို့တော်ဆီ ခေါ်လာခဲ့တာ။ ငါနဲ့ ကျိုးမိသားစုရဲ့ ဆက်ဆံရေးကြောင့် သူတို့ အိမ်ကို ဧည့်သည်အဖြစ်နဲ့လာပြီး ရက်နည်းနည်းလောက် နေခဲ့ရတယ်"

"ဒါပေမဲ့၊ အဲဒီနေ့မှာ ငါ ဗိုက်ပြည့်သွားလို့ အိပ်ပျော်သွားခဲ့ပြီး၊ ပြန်နိုးလာတော့ ငါ အခန်းလွတ်ကြီးတစ်ခုထဲမှာ အပိတ်ခံထားရတယ်။ ပုံမှန် ညင်သာပါတယ်ဆိုတဲ့ ကြင်ရာတော်မင်းသားကြီးကျိုးက ထူးထူးခြားခြားကို ကြောက်စရာကောင်းသွားခဲ့တာ။ သူက ငါ့ရဲ့

ပုံတူပန်းချီကို ဆွဲတယ်၊ ဆက်တိုက်ကို ဆွဲနေခဲ့တာ။ သူ ဘယ်နှရက်လောက် ဆွဲခဲ့လဲ ငါ မသိတော့ဘူး။နောက်တော့ သူ စိတ်တိုသွားပြီးတော့ ငါ့ကို ထည့်ပိတ်ဖို့ သေတ္တာကြီးတစ်လုံး ယူလာရော"

" ငါ ရုန်းကန်မြဲ ရုန်းကန်နေခဲ့တယ်၊ အစာလည်း မစားခဲ့ရတော့ အင်အားလည်း မရှိဘူး ၊ ငါ့ခေါင်း သေတ္တာထဲ ရောက်သွားတဲ့ အချိန်ကျ ငါသေသွားခဲ့ပြီ။ သူက ငါမေ့လဲသွားရုံပဲ ထင်လို့ သေတ္တာထဲမှာ ပိတ်လိုက်ပြီး ရေကန်အောက်ခြေမှာ နှစ်ပစ်လိုက်တာ"

"နောက်တော့၊ အိမ်ထဲက တခြားအမျိုးသမီးတွေလည်း ငါ့လိုမျိုး အပိတ်ခံခဲ့ရတယ်!"

"ဒါပေမဲ့ သူက သူတို့ထဲက တချို့ကို မကျေနပ်နိုင်ဘူး။ သူ ပန်းချီတွေ ဆွဲပြီးတော့ သူတို့ကို သေအောင် အငတ်ထားခဲ့တယ်။ သူတို့တွေကို ပစ်လည်း

မပစ်သလို မြုပ်လည်း မမြုပ်ခဲ့ဘူး။သူက သူတို့ကို ဒီအတိုင်း ထပ်ထားလိုက်ပြီးတော့၊ ပုပ်ဆွေးသွားစေတယ်…."

"လွန်ခဲ့တဲ့ နှစ်တွေက၊ လူအနည်းစုလောက်ပဲ သေခဲ့တာ။သူ စိတ်အခြေအနေ မဆိုးသ၍၊ မသတ်ဘူး။ တကယ်လို့ နင့်လိုမျိုး လှတဲ့သူတစ်ယောက်ကို တွေ့ခဲ့မယ်ဆိုရင်တော့၊ သူ စိတ်ရူး ထဖောက်ရောပဲ"

ရှဲ့ချောင် ထိုစကားကို ကြားတဲ့အခါ သူမ ဦးခေါင်းထုံထိုင်းသွားသလို ခံစားလိုက်ရသည်။

တစ်နည်းပြောရရင်၊ ဒါက ရုပ်အလောင်း၁၉လောင်းရှိတယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား?

မဟုတ်သေးဘူး၊ မင်းသမီးရဲ့ ခေါင်းတလားပါပါရင် ၂၀တောင်ရှိတယ်။

"ဟူး၊ ငါ့အမေကိုပဲ သနားတယ်။ ငါ ဖမ်းချုပ်ခံလိုက်ရပြီး နောက်တစ်ရက်မှာ ငါ့အမေလည်း ဆုံးသွားတယ်။ ငါတို့မှာက ငွေကြေးထောက်ပံ့သူမရှိသလို ဘယ်သူဆို ဘယ်သူမှလည်း မရှိဘူး။ ကျိုးမိသားစုက လူတွေက ငါတို့ ထွက်သွားပြီလို့ပဲ ထင်ခဲ့ကြတာ"

မကောင်းဆိုးဝါးဝိဉာဉ်က သက်ပြင်းချလိုက်၏ "ကံကောင်းချင်တော့ ငါ့အမေက နာနာကျင်ကျင်နဲ့ မသေခဲ့ရဘူး။ တခြား ဝိဉာဉ်တွေက ကျိုးအိမ်တော်ရဲ့ ရေကန်ထဲကနေ ထွက်သွားလို့မရဘူး။ အို ဟုတ်သားပဲ၊ ရေသရဲ သတ်တာခံခဲ့ရတဲ့ တခြား အစေခံ မကောင်းဆိုးဝါးဝိဉာဉ်လည်း ရှိသေးတယ်။ အဲဒီ အစေခံက ကြင်ရာတော်မင်းသားကြီးကျိုးနောက်ကို လိုက်လေ့ရှိတဲ့သူ။ သူကလည်း တော်တော်တော့ ဆိုးတယ်။ သူ စောစောက အရှေ့ဘက် ခြံဝန်းထဲကို သွားတာတွေ့ပေမယ့်၊ ငါ အခု သူ့ကို ရှာမတွေ့တော့ဘူး"

ရှဲ့ချောင်ရဲ့ နှုတ်ခမ်းထောင့်မှာ လှုပ်သွားခဲ့သည်။

သူမ မမှားဘူးဆိုရင်၊ အဲဒီ အစေခံဝိဉာဉ်က တံခါးဝမှာ သူမ ဖျက်ဆီးတာ ခံလိုက်ရပြီ။

ဒါပေမဲ့၊ သူမ အမှားမှ မဟုတ်တာ။ ဘယ်သူက အဲဒီ ဝိဉာဉ်ကို သူမဆီ တဟုန်ထိုးတိုက်ခိုက်လာဖို့ ပြောလို့လဲ?

သူမ ခန္ဓာကိုယ်ပေါ်က အဆောင်တွေကို ဝင်တိုက်ခဲ့တာ အဲဒီ ဝိဉာဉ်ပဲလေ။ ဒါက ပိုးဖလံမျိုး မီးကိုတိုး ဆိုသလိုပဲ။

အဲဒါကြောင့်မလို့ ဝိဉာဉ်တစ်ကောင်အနေနဲ့ ပိုပြီး တည်တည်ငြိမ်ငြိမ်နေတတ်ဖို့ သင်ယူသင့်တာ။

••••

All Chapters