ကျွန်တော့်ညီမက ကြောက်တတ်တယ်
Vol. 19 Ch. 360
ရှဲ့ချောင်ရဲ့ ဘယ်ဘက်မှာ ဝိဉာဉ်တစ်ကောင်နဲ့ ညာဘက်မှာ ဝိဉာဉ်တစ်ကောင်၊ မကောင်းဆိုးဝါးဝိဉာဉ်နှစ်ကောင်တို့ဟာနာနာခံခံနှင့် ဆောင့်ကြောင့်ထိုင်နေကြသည်။
မင်းသမီးကြီးရှင်းမောရဲ့ မျက်နှာမှာတော့ စိတ်ရှုပ်ထွေးနေတဲ့ အကြည့်တွေ ရှိနေကာ တခြားတစ်ကောင်ကတော့ ဒေါသထွက်ပြီး အပေါ် အောက် ခုန်လို့နေသည်။
ရှဲ့ချောင်သူမရဲ့ အစ်ကိုကို လက်ယမ်းပြလိုက်ပြီးသူမဘေးနားကို ခေါ်လိုက်သည်။ လေးနက်တဲ့မျက်နှာထားဖြင့် "အစ်ကိုကြီး၊ ညီမလေး အိမ်ရှေ့စံမင်းသားဆီကို သတင်းစကားပေးပို့ဖို့ လိုနေလို့….."
ထိုအချိန်က၊ ရေကန် အောက်ခြေက ရုပ်အလောင်းကို မြင်ပြီးတဲ့နောက်မှာ၊ ရှဲ့ဖင်းကန်းရဲ့ စိတ်အခြေအနေက ပိုပြီး တည်ကြည်လာခဲ့သည်။ ရှဲ့ချောင်က အရေးကြီးတဲ့ ကိစ္စတချို့ကို ဖုံးကွယ်ထားတာ သူသိပေမဲ့၊ လူအသက်နဲ့ဆိုင်နေတာကို သူမြင်လိုက်ရတာကြောင့် အရေးမပါသလို မလုပ်ရဲတော့ချေ။ သူ နားမလည်တာကို မျိုသိပ်လိုက်ရင်း တန်းပြီး ခေါင်းညိတ်လိုက်သည်။ "သူ့ကို ဘာပြောစေချင်တာလဲ"
"ကြင်ရာတော်မင်းသားကြီးကျိုးက ဖုံးကွယ်ထားတဲ့သူပဲ။ ကျိုးအိမ်တော်ရဲ့ လျှို့ဝှက် အခန်းထဲမှာ ငိုကြွေးနေတဲ့ အရိုးတွေရှိတယ် လျှို့ဝှက်ခလုတ်က ကြင်ရာတော်မင်းသားကြီးလေ့လာနေတဲ့ အမတတစ်ယောက်ရဲ့ ပန်းချီထဲမှာ ရှိတယ်" ရှဲ့ချောင် သူမကိုယ်သူမ ထိန်းကာ ပြောလိုက်၏။
သူမ အရာရာတိုင်းကို ရှင်းပြပြီးသွားပြီ ဖြစ်သည်။
ရှဲ့ဖင်းကန်း သူမကို ပိုပြီး စူးစိုက်ကြည့်လိုက်၏။
"တခြားသူတွေကို ပြောခွင့်မပြုဘူး" ရှဲ့ဖင်းကန်း အဲ့ကြိတ်လိုက်တော့သည်။
အိမ်ရှေ့စံမင်းသားက ရှဲ့ဖင်းကန်းကို ဒီကိစ္စနဲ့ ပတ်သက်လို့ အသိအမှတ်ပြုချင်နေတာ အံ့ဩစရာတော့ မရှိပေ။
ရှဲ့ချောင်က သခင်မလေးတစ်ယောက် ဖြစ်ပြီး ကျိုးအိမ်တော်ကို လာတာ ပထမဆုံးအကြိမ်ဖြစ်နေသော်လည်း သူမ ကျိုးအိမ်တော်အကြောင်း သိနေမှုက နက်နဲ လွန်းနေသည်။
သူ့အတွက်ကတော့ ဒီလိုမဟုတ်။ သူက မှုခင်းစီရင်ရေးဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။
အမှု ဖြေရှင်းဖို့ဆိုလျှင်၊ သူက သူလျှိုတွေကို တိုးတိုးတိတ်တိတ် လွှတ်ထားရမည်။ နောင်တစ်ချိန်မှာ သူက အမျိုးသမီးတွေရဲ့ပျောက်ဆုံးနေမှုကို အချိန်တော်တော်ကြာကြာ စုံစမ်းနေခဲ့တာဖြစ်ပြီး သက်သေကို ကျိူးအိမ်တော်ထဲမှာ ရှာတွေ့ခဲ့တယ်လို့ လူတွေကို ပြောပြလိုက်ရုံပင်။ ဒီလို နည်းနဲ့ဆိုလျှင်၊ ဘယ်သူကမှ သူ့ကို သံသယဝင်လိမ့်မည် မဟုတ်ပေ။
"အစ်ကိုကြီး၊ ညီမလေး ဘာလုပ်ရမလဲဆိုတာ သိပါတယ်" ရှဲ့ချောင်က ကျိုးနွံစွာနှင့်ပဲ ပြန်ဖြေလိုက်သည်။
"ဒီနေ့၊ အိမ်ပြန်ရင်၊ အစ်ကိုကြီးကို အရာအားလုံး ရိုးရိုးသားသား ပြောပြ။ မဟုတ်လို့ကတော့ ချွင်းအာကို မင်းရဲ့ ခြံဝန်းထဲကနေ မောင်းထုတ်ပစ်မယ်" ရှဲ့ဖင်းကန်း ခြိမ်းခြောက်လိုက်သည်။
သူ့ညီမ ဘာကို ဂရုစိုက်လဲဆိုတာ သူမသိပေ။ သူ့စိတ်ထဲမှာတော့ ရှဲ့ချောင်အပေါ်မှာ သစ္စာရှိတဲ့
သစ္စာရှိ အစေခံကိုသာ ချက်ချင်းတွေးလိုက်မိသောကြောင့်ပင်။
ရှဲ့ချောင် နှုတ်ခမ်းစူလိုက်၏ "အို"
သူမ ရှင်းပြချက်တစ်ခု ပေးလို့ရသည်လေ။ သူ့ကို သေသွားလောက်အောင် မခြောက်မိသရွေ့တော့ အဆင်ပြေလောက်ပါသည်။
ရှဲ့ဖင်းကန်း သူမကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီးနောက် တည်ကြည်တဲ့မျက်နှာထားနှင့် ပြန်လျှောက်သွားလိုက်ကာ အိမ်ရှေ့စံမင်းသားထံ သတင်းစကားပြောပြလိုက်၏။
ပုံမှန်ဆို သူ ကျိုးအိမ်တော်တစ်ခုလုံးကို ရှာဖွေရဦးမည်။
အခု သူ့မှာ ရှဲ့ချောင်ရှိနေပြီဖြစ်လို့၊ သူရဲ့လှုပ်ရှားမှုတွေက ပိုပြီး ရှင်းလင်းလာခဲ့သည်။ အနည်းဆုံးတော့ လူသတ်သမားရဲ့သရုပ်ကို သိထားပြီးလေပြီ။
ထိုအချိန်၊ အိမ်ရှေ့စံမင်းသားမှာ အခုက အချိန်တော်တော်လင့်နေပြီဆိုတာ သိလိုက်၏။ ထိုအခါမှသာ ဧည့်သည်တွေကို ထွက်သွားခွင့်ပြုဖို့ ကျို့ဝေ့ကျုံးကို ပြောလိုက်သည်။
လောကကြီးက ဘက်လိုက်လွန်းသည်။ သူသာ အစကတည်းက ဒီလူတွေကို သွားခွင့်ပြုလိုက်လျှင်၊ အပြင်မှာ ကျိုးမိသားစုက အပြစ်ကင်းပါတယ်ဆိုတဲ့ မှတ်ချက်တွေ ဘယ်လောက်တောင် ပြန့်နေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။အခု သူတို့ ကျိုးမိသားစုကြောင့် ထိတ်လန့်သွားရပြီမလို့ အခြေအနေတွေက ကွဲပြားသွားပြီဖြစ်သည်။
ဒါပေမဲ့၊ အကျိုးသက်ရောက်မှုက နည်းနည်း သိသာ
နေလွန်းသည်။ လတ်တလောတော့ ပိုပြီး တိတ်ဆိတ်နေလောက်မည်ဟု အိမ်ရှေ့စံထင်သည်။
သခင်မလေးတစ်စုကို အရိုးတွေ တွေ့မြင်ခွင့်ပြုလိုက်တာက အဟန့်အတားတချို့တော့ ရှိသွားပေမည်။ အဲဒီ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အရာရှိတွေက သူ့ကို လောလောဆယ်တော့ အနှောင့်အယှက်ပေးဖို့ တွေးရဲလောက်မှာ မဟုတ်ပေ။
"ရှဲ့သခင်မလေးကနေခဲ့ပြီးတော့ အစ်ကိုဖြစ်သူကို အဖော်ပြုပေးလိုက်ပါ" အိမ်ရှေ့စံမင်းသားက အေးတိအေးစက်နှင့် ပြောလိုက်၏။
ဒါကို ကြားတော့ တခြားသူတွေက သူမကို ဂရုဏာသက်စွာဖြင့် လှည့်ကြည့်လာကြသည်။
သူမက ကောင်းမွန်တဲ့ဘဝမှာနေနေပေမဲ့ ကျိုးအိမ်
တော်မှာ စုံစမ်းစစ်ဆေးမှုတစ်ခုရှိသွားတယ်။ အခု သူတို့က ဒီလို ရုတ်ရုတ်သဲသဲ အခြေအနေကြီးကို ဖန်တီးဖို့ အိမ်ရှေ့စံမင်းသားကို ခေါ်လာတယ်။ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်!
သုန့်ရှီးယွင်ကာ သူမကို သရော်ကာ ကြည့်နေသည်။
ဒီလိုမိသားစုဝင်တစ်ယောက်ရှိနေလို့ကတော့ ရှဲ့မိသားစု ဘယ်လောက်ပဲ ကြင်နာနေပါစေ၊ တခြားသူတွေက သူမနဲ့ ဆက်ဆံရဲမှာ မဟုတ်ဘူး။
ရှဲ့ချောင်ကတော့ အင်မတန် တည်ငြိမ်နေ၏။
တခြားသူတွေ ထွက်သွားတော့ သူမ စိတ်သက်သာရာတောင် ရသွားသေးသည်။
အစေခံတစ်စုက စုဝေးလာ၏။ အလှပြင်ပစ္စည်း
များ၏ အနံ့က ပြင်းသလို ရေမွှေးနံ့တွေက ပိုလို့တောင် ပြင်းသေးသည်။ အနံ့တွေ ပြင်းလွန်းတာကြောင့် ရှဲ့ချောင် အသက်တောင် မရှူနိုင်တော့ပေ။
ရှဲ့ဖင်းကန်းက ရှဲ့ချောင်ကို စိုးရိမ်တကြီးနဲ့ ကြည့်လိုက်ပြီးနောက် အိမ်ရှေ့စံမင်းသားကို ပြောလိုက်၏။ "ကျွန်တော့်ညီမက ကြောက်တတ်ပါတယ်… ကြည့်ပါဦး၊ သူမကို ကာထားဖို့ လိုက်ကာစတစ်ခု ယူခိုင်းပေးပါ"
"မင်းရဲ့ ညီမက… တကယ်ကို ကြောက်တတ်တာပဲ" အိမ်ရှေ့စံက ခပ်ဟဟရယ်ကာ ခေါင်းညိတ်လိုက်သည် "ဒါပေါ့"
သူမက ကြောက်တတ်လွန်းလို့ ညသန်းခေါင်ကြီး တောထဲမှာ တစ်ယောက်တည်း အရိုးတွေ တူးနေတာမျိုးလေ။
•••••