ဝန်ခံခြင်း
Vol. 20 Ch. 361
ဘယ်လိုပဲဖြစ်နေပါစေ၊ ရှဲ့ချောင်က မိန်းမပျိုတစ်ယောက်ဖြစ်နေတာကြောင့် ဒီလို ညစ်ပတ်ပြီး ရွှံ့တွေပေနေတဲ့ အရိုးတွေ အမြောက်အများရုတ်တရက်ထွက်ပေါ်လာတာက နည်းနည်းတော့ မနှစ်မြို့စရာကောင်းပေသည်။
သိပ်မကြာလိုက်၊ ရှဲ့ချောင်ရဲ့ ပတ်တတ်လည်တွင် ကန့်လန့်ကာစ များဖြင့် ကာရံထားလိုက်ကာ စားပွဲတစ်လုံးနှင့် လက်ဖက်ရည်၊ မုန့်များကိုပင် ထားပေးထား လိုက်သေးသည်။
ထို အလုပ်ရှုပ်နေကြတဲ့ အစောင့်တွေနဲ့ စစ်သည်ကတော့ ဒါနဲ့ ပတ်သက်ပြီး သိပ်ပြီး တွေးမနေခဲ့ကြပေ။
ကျိုးအိမ်တော်ရဲ့ ပြဿနာကို 'ရှဲ့ဖင်းကန်း' က ရှာဖွေ့
တွေ့ရှိခဲ့ပြီး သူနဲ့ သူ့ညီမက ဂုဏ်ပြုစားသောက်ပွဲကို အတူ တက်ရောက်ခဲ့တာကြောင့် အတူပြန်ကြရမည်မှာ ထုံးစံပင်။
ဒီလို မိန်းကလေးငယ်လေးက ကြောက်လန့်သွားတာမျိုး မဖြစ်သင့်ပေ၊ ဒါကြောင့် ကန့်လန့်ကာစ ကာထားတာက ဆီလျော်မှုရှိသည်။
နောက်ထပ်နှစ်နာရီနီးပါးကြာသွားချိန် နောက်ဆုံးတော့ ကျောက်တုံးကြီး ဖိခံထားရတဲ့ ခေါင်းတလားကို ဆယ်ယူနိုင်ခဲ့လေပြီ။
ခေါင်းတလားသည် ကြီးမားကာ အနည်းငယ် ဆွေးမြေ့နေ၏။
ထိုအထဲက အရိုးများကိုပါ ဆယ်ယူပြီးဖြစ်သည်။ အိမ်ရှေ့စံမင်းသားက သူ့ဝတ်ရုံကို ချက်ချင်းချွတ်လိုက်ပြီး ရုပ် အလောင်း၏ ခန္ဓာကိုယ်ကို ဖုံးလိုက်
တော့သည်။
ဂုဏ်သရေရှိတဲ့ ပထမမင်းသမီးကြီးက ရေအောက်ထဲမှာ နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ရတယ်!
အိမ်ရှေ့စံမင်းသားရဲ့ပုံရိပ်က ပိုပြီးအေးစက်ခက်ထန်လာတာကို ရှဲ့ချောင် ကန့်လန့်ကာ ထဲမှ မြင်နေရကာ သူမရဲ့ နှလုံးသားပင် နာကျင်သွားရသည်။
ဒီ ချမ်းသာတဲ့လူငယ်လေး တောင့်ခဲမသွားတာပိုကောင်းတယ်၊ သူရဲ့ ခါးသာ နာကျင်သွားရင်၊ ကျစ်၊ သူရဲ့ ကာမခံစားမှုက ကောင်းတော့မှာမဟုတ်ဘူး။
ရှဲ့ချောင် အပူပေးအိတ်လေးကို ဖက်ထားလိုက်ရင်း ဘောလုံးလေးလို ကွေးနေလိုက်သည်။
" ကြင်ရာတော်မင်းသားကြီးကို ခေါ်လာခဲ့" အိမ်ရှေ့စံမင်းသားရဲ့ အသံဟာ စီးဆင်းနေသောရေသံပမာ အေးစက်နက်နဲနေသည်။
ထိုအချိန်၊ ခြံဝန်းထဲမှာတော့ ကျိုးမိသားစုဝင်တွေဟာ ခြောက်နာရီကြာ မလှုပ်မယှက်နေနေကြရသည်။
သူတို့အားလုံး တုန်လှုပ်နေကြ၏။ အချို့ကတော့ စိတ်ရှုပ်ထွေးနေကြသည်။ ကျိုးမိသားစု၏ သခင်မကြီးနှင့် ကြင်ရာတော်မင်းသားကြီးရဲ့ အစ်ကိုကြီးတို့မှာ သူတို့ စိတ်နှလုံးထဲ ရှင်းရှင်းလင်းလင်း သိနေကြသည်။
ထိုအခိုက်အတန့်မှာ သူတို့ အင်မတန် ကြောက်လန့်နေ၏။သူတို့ ဖော်ထုတ်ခံလိုက်ရလေပြီ။
ကျိုးသခင်ကြီးက " ဒုတိယညီလေး၊ငါတို့ ကျိုး
မိသားစုမှာ ရှိတဲ့ လူပေါင်းများစွာရဲ့ အသက်တွေအတွက် ငါတို့ ဒီအလောင်းရဲ့ သရုပ်ကို ဖော်ထုတ်လိုက်လို့မဖြစ်ဘူး…. "
ကြင်ရာတော်မင်းသားကြီးကျိုး၏ ဖခင်မှာ ကွယ်လွန်သွားတာကြာပြီ ဖြစ်ပေမဲ့ မိခင်မှာတော့ သက်ရှိထင်ရှားရှိနေဆဲဖြစ်တာကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ တစ်ယောက်ပေါ် တစ်ယောက် နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိကာ အိမ်တော်တွင်သာ နေထိုင်ခဲ့ကြတာဖြစ်၏။
အဖေတူအမေကွဲ ညီအစ်ကိုတွေနဲ့ တူတွေလည်း ရှိရာ အစကတည်းက လူဦးရေကများနေခဲ့သည်။
"မင်း ဘာတွေ လုပ်ခဲ့တာလဲ" ကျိုးမိသားစုရဲ့ တခြားမိသားစုဝင်တွေက ဒေါသတကြီး ဟိန်းဟောက်လာသည်။
ကျိုးမိသားစုရဲ့ သခင်မကြီးမှာ ခြောက်ဆယ် ခုနစ်ဆယ်အရွယ် ရှိနေလေပြီ။ သူမသည် ကြောက်လန့်နေကာ အနည်းငယ် ကယောင်ကတမ်းဖြစ်နေ၏။ သူမရဲ့နှုတ်ခမ်းတွေဟာ တုန်ယင်နေပြီး အင်မတန်သနားစရာကောင်းသည့် ပုံပေါက်နေခဲ့သည်။
ကြင်ရာတော်မင်းသားကြီးကျိုးမှာ လူတွေရဲ့အာရုံစိုက်တာကို ခံနေရ၏။ သိပ်မကြာလိုက် သူ အိမ်ရှေ့စံမင်းသားရဲ့ ရှေ့မှောက်ကို ခေါ်သွားခံခဲ့ရသည်။
ရုပ်အလောင်းတွေနဲ့ ဟောင်းနွမ်းနေတဲ့ခေါင်းတလားအတန်းလိုက်ကြီးကို မြင်လိုက်ရချိန်၊ ကြင်ရာတော်မင်းသားကြီးကျိုးရဲ့ မျက်နှာဟာ ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။
မင်းသမီးကြီးလော့ရှူးသည် အလျင်အမြန်ပြေးသွားလိုက်ကာ ကြင်ရာတော်မင်းသားကြီးကျိုးရဲ့ မျက်နှာကို တစ်ချက်ရိုက်ချလိုက်သည်။ "ဒီလူတွေကို ဘယ်သူသတ်ခဲ့တာလဲ၊ဟမ် သူတို့ အပေါ် တာဝန်ယူမှုတောင် မရှိဘူး၊ဒါ လူ့အသက်တွေလေ!"
ကြင်ရာတော်မင်းသားကြီးကျိုးက နှုတ်ခမ်းထောင့်ကို လျှာနဲ့ သပ်လိုက်ကာ မင်းသမီးကြီးလော့ရှူးနှင့် အကြည့်ခြင်းဆုံလိုက်သည်။ မင်းသမီးကြီးရဲ့ မျက်ဝန်းတွေထဲမှာ မယုံနိုင်ဟန် တောင်းပန်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေလေ၏။
" ကြင်ရာတော်မင်းသားကြီးကျိုး , ဒီ ခေါင်းတလားထဲကလူက ကိုယ်တော့်ရဲ့ တော်ဝင်ဒေါ်လေး၊ ပထမမင်းသမီးကြီး ရှင်းမော့၊ ဟုတ်တယ်မလား" အိမ်ရှေ့စံမင်းသားကတန်းပြီးမေးလိုက်၏။
ထိုစကားကို ကြားတော့ မင်းသမီးကြီးလော့ရှူးမှာ အထိတ်တလန့်နှင့် လှည့်ကြည့်လာခဲ့သည် "ဒါ ဘ-ဘယ်သူလို့ မင်းပြောလိုက်တာ!"
"အမှန်ပဲ!" ကြင်ရာတော်မင်းသားကြီးကျိုးက တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြန်ဖြေလိုက်သည်။
ချက်ချင်းဆိုသလို၊ ကြင်ရာတော်မင်းသားကြီးအား စိုက်ကြည့်နေသည့် သူမ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
"တစ်ချိန်က၊ ကိုယ်တော့်ရဲ့ တော်ဝင်ဒေါ်လေးက နန်းတွင်းသူအယောင်ဆောင်ပြီးတော့ သူမရဲ့ ဆွေမျိူးတွေဆီသွားလည်တဲ့ မင်းသမီးကြီးနဲ့ အတူ နန်းပြင်ထွက်ခဲ့တယ်။ နောက်ပိုင်းမှာ သူမရဲ့ သတင်းကို မကြားရတော့ဘူး၊ တစ်ကယ်တော့ သူမကို ခင်ဗျားသတ်လိုက်တာ" အိမ်ရှေ့စံမင်းသားက ဆက်ပြောလိုက်သည်။
ကြင်ရာတော်မင်းသားကြီးကျိုးမှာ တခဏတော့ နှုတ်ဆိတ်နေလေသည်။
သူ မလွတ်မြောက်နိုင်တော့ဘူးဆိုတာသိသည်။ အိမ်ရှေ့စံက အရာအားလုံးကို သိထားပြီးတာကြောင့် အလွန်ယုံကြည်ချက်ရှိနေတာပင်။
သို့ဖြစ်ရာ၊ ခဏအကြာတွင် ၊သူ တည်ငြိမ်စွာနှင့်ပင် ခေါင်းညိတ်ပြလိုက်သည် "ဟုတ်တယ်"
အိမ်ရှေ့စံ မေးလိုက်၏ "ဘာလို့လဲ"
မင်းသမီးကြီးလော့ရှူးမှာ တစ်ကိုယ်လုံး တုန်ယင်နေကာ မျက်လုံးတွေလည်း နီရဲနေ၏။
အထူးသဖြင့် သူမ ကြင်ရာတော်မင်းသားကြီးရဲ့ ခေါင်းညိတ်ပြတာကို မြင်လိုက်ရတဲ့ အခိုက်တန့်မှာ၊ သူမရဲ့ ထောက်ပံ့ပေးခဲ့မှုတွေက သဲလွန်စတောင်မကျန် ကွယ်ပျောက်သွားရသလို သူမရဲ့ နှလုံးသားမှာ အင်မတန်နာကျင်သွားရသည်။
"မင်းသမီးကြီးရှင်းမော့က…. လှပတင့်တယ်တဲ့သူတစ်ယောက်။ ဒီကမ္ဘာပေါ်က ယောကျာ်းတိုင်း…." ကြင်ရာတော်မင်းသားကြီးကျိုးရဲ့ မျက်လုံးထဲတွင် မတည်မငြိမ် ပြောင်းလဲမှုတချို့ရှိနေသည် "ဒီကမ္ဘာပေါ်က ယောကျာ်းတွေက သူမ အပေါ် မေတ္တာသက်ဝင်ကြလောက်မယ်ဆိုပေမဲ့၊ ငါတော့ မပါဘူး"
" ငါရဲ့ အနားမှာ ကလေးဘဝက ချစ်ကျွမ်းဝင်ခဲ့ရတဲ့သူတစ်ယောက်ရှိခဲ့တယ်။ သူမက နို့ထိန်း တစ်ယောက်ရဲ့ သမီး၊ သူမရဲ့ အဆင့်အတန်းက မမြင့်ပေမဲ့… သိမ့်မွေ့ပြီး မွန်မြတ်တယ်။ ငယ်ငယ်ကတည်းက ငါနဲ့ အတူ ကြီးပြင်းလာပြီးတော့ သူမကို လက်ထပ်ဖို့ သန္နိဌာန်ချခဲ့တာ!" ထိုစကားတွေကို ပြောနေချိန် ကြင်ရာတော်မင်းသားကြီးကျိုးရဲ့ မျက်လုံးတွေထဲမှာ ပြင်းထန်တဲ့ မကျေမချမ်းမှုတွေ ထင်ဟပ်နေခဲ့၏။
••••••