← Chapters

သူရဲဘောကြောင်သော

Vol. 20 Ch. 362

သူရဲဘောကြောင်သော

Vol. 20 Ch. 362

ကျိုးမိသားစုဟာ ဂုဏ်သရေရှိမိသားစုတစ်ခုဖြစ်၏။ ယခင်က ကျိုးဖေးယွမ်ရဲ့ အဖိုးဖြစ်သူ သခင်ကြီးဟာလည်း ရှိနေဆဲဖြစ်သည်။။

သခင်ကြီးမှာ ဘုရင်မင်းမြတ်နှစ်ပါးဆက်တိုက်ကို သင်ကြားပြသပေးနိုင်ခဲ့သူဖြစ်ကာ လောကတစ်ခွင် ထင်ပေါ်ကျော်ကြား၏။

ဒါပေမဲ့၊ သူ့မြေးက နို့ထိန်းတစ်ယောက်ရဲ့ သမီးနဲ့ လက်ထပ်ချင်တယ်တဲ့လား။ ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ?

သို့ပေမဲ့၊ ထိုစဉ်က ကျိုးဖေးယွမ်ဟာလည်း ခေါင်းမာပြီး ဆုံးဖြတ်ချက်ပြတ်သားသောသူတစ်ယောက်ဖြစ်ခဲ့သည်။ သူ တစ်ရက်လုံး သူ့မိဘတွေကို မျက်နှာလိုမျက်နှာရနှင့် ဟန်လုပ်ကာ ဆွေးနွေးခဲ့ရာ အဆုံးမှာတော့ ကျိုးမိသားစု မင်္ဂလာပွဲကို သဘောတူ

အောင် လုပ်နိုင်ခဲ့သည်။

"အဲဒီအချိန်တုန်းက၊အဖိုးက ငါ စာမေးပွဲအောင်ပြီး နန်းတွင်းရုံးတော်ကို ဝင်နိုင်ရင် ဆုံးဖြတ်ချက်ကို ငါကိုယ်တိုင်ချလို့ရတယ်ဆိုပြီး ပြောခဲ့တယ်။ ဒါပေမဲ့၊ ပထမမင်းသမီးကြီးရှင်းမော့က ခင်ပွန်းတစ်ယောက်ရွေးချယ်ချင်နေတာကို အဖိုး သိခဲ့ရတယ်"

"သူမက ခင်ပွန်းတစ်ယောက်ရွေးချယ်ချင်တော့ မြို့တော်မှာရှိတဲ့ ရုံးတော်ရဲ့ထောက်ပံ့မှုကို လိုချင်တဲ့ အမျိုးသားတွေ အကုန်လုံးက သူမရွေးချယ်ဖို့ အတွက် ကာကွယ်စောင့်ရှောက်ပေးကြတာ! နတ်ရွာစံ မင်းကြီးက အဖိုးကို ခေါ်ပြီး ရှင်းမော့နဲ့ ငါ့ကို လက်ထပ်ဖို့ အတွက်ပြောခဲ့တယ်။ အဖိုးကလည်း သဘောတူခဲ့တယ်။ "

"ထင်းနျန်က ရေနစ်သေသွားခဲ့ရတယ်"

" ငါ အိမ်မပြန်ခဲ့ဘူး၊ လမ်းမတွေပေါ်မှာ လျှောက်ပတ်သွားနေခဲ့တာ။ ဒါပေမဲ့၊ နန်းတွင်းသူ ဝတ်စုံကို ဝတ်ထားပြီး ပျော်ပါးနေတဲ့ မင်းသမီးကို တွေ့လိုက်ရတယ်လေ။ လောကကြီးထဲမှာ သူမကြောင့် ဒဏ်ရာရပြီး သေသွားခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်ဆိုတာ သူမ မသိဘူး! ငါ သူမနောက်ကိုအနီးကပ်လိုက်ပြီးတော့ မြင်းလှည်းထဲကို ဝင်လို့ရအောင် လှည့်စားခဲ့တယ်။ မြင်းလှည်းထဲမှာပဲ ငါ သူ့ကို လည်ပင်းညစ်ပစ်လိုက်တာ။ ပြီးတော့ သူမကို ညင်းပန်းနှိပ်စက်ဖို့ အိမ်ကို ပြန်ဆွဲခေါ်သွားပြီး သံကြိုးတွေနဲ့ ချည်ထားလိုက်တယ်။ ဒါပေမဲ့ သူမက သေသွားပြီး ထင်းနျန်ရေနစ်သွားသလို နာကျင်မှုကို မခံစားလိုက်ရဘူး!"

ကြင်ရာတော်မင်းသားကြီးကျိုးရဲ့ မူလ ကြင်နာတတ်သော မျက်နှာသည် ရုတ်ချည်း ကြမ်းကြုတ်ခက်ထန်သွားခဲ့သည်။

ရှဲ့ချောင်က ဝေးနေတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရ။

စောစောက၊ အိမ်ထဲမှာ ကြင်ရာတော်မင်းသားကြီးကို သူမ လစ်လျူတောင်ရှုထားလိုက်သေးသည်။

သူက တိတ်ဆိတ်လွန်းပြီးတော့ တည်ရှိမနေတဲ့သူတစ်ယောက်လို အမြဲတမ်းပြုမူခဲ့တယ်။သူ ဒီလောက်ထိ ရက်စက်တတ်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲချေ။

" ငါ ကိုယ်တိုင် အဖိုးကို ငါသူမကိုသတ်လိုက်တာကို လာကြည့်ဖို့ ဖိတ်ခဲ့တယ်။ ရယ်စရာကောင်းတာက ဘာလဲဆိုတော့ အဖိုးက သူက သစ္စာရှိတဲ့သူဆိုပြီးအခိုင်အမာပြောဆိုနေပြီးတော့ အဲ့ဒီ အချိန်က ကြောက်နေခဲ့တာလေ။အခေါင်းတစ်ခုဝယ်ပြီးတော့ သူမကို ရေထဲပစ်လိုက်ဖို့ သူပဲ လိုက်လျောခဲ့တာ။ ခန္ဓာကိုယ်ကို သံကြိုးတွေနဲ့ရစ်ပတ်ထားပြီးတော့ ခေါင်းတလားပေါ်ကနေ ကျောက်တုံးကြီးတစ်တုံးဖိထားခဲ့တာ!"

ထိုစကားတွေကို ပြောနေချိန် ကြင်ရာတော်မင်းသားကြီးကျိုးမှာ ပိုပြီးနေသာထိုင်သာ ရှိသွားပုံရသည်။

ဒါပေမဲ့၊ သူနှလုံးသားကတော့ ဗလာကျင်းနေဆဲပင်

ရှင်းမော့ သေဆုံးသွားပြီးနောက်၊ ထင်းနျန်ရဲ့ သွင်ပြင်သဏ္ဍာန်ကို ရုတ်တရက်မေ့သွားခဲ့တယ်။ သူ ဘယ်လောက်ပဲကြိုးစားပါစေ၊ မမှတ်မိနိုင်ခဲ့ဘူး!

တကယ်တော့၊ သူထင်းနျန်အကြောင်းကိုတွေးလိုက်တိုင်း ပထမမင်းသမီးကြီးရှင်းမော့ မသေခင်၊ သူ့ကိုကြည့်သွားတဲ့ မျက်နှာအမူအရာတွေကိုပဲ သူမှတ်မိတယ်!

ဒါက သူ့ကို စိတ်ဖောက်ပြီး ဒေါသထွက်အောင် လုပ်တာ!

သူ ထင်းနျန်နဲ့ပတ်သက်တဲ့ မှတ်ဉာဉ်တွေကို ဆက်ပြီး ရှာဖွေခဲ့တယ်။ သူ လှပတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့တိုင်း သူမရဲ့ မျက်နှာမှာ ထင်းနျန်နဲ့တူတာ တစ်ခုခုများ ရှိမလားဆိုပြီး သူသိချင်ခဲ့တယ်။

သူမပုံကို ဆွဲ!

သူမပုံကို ဆွဲရမယ်!

သူ မလျှော့တမ်း ဆက်လုပ်နေခဲ့တယ်။ သူဆွဲလိုက်တဲ့ လူတွေက ထင်းနျန်နဲ့ တူပြီးတော့ အဲဒီ အမျိုးသမီးတွေကို ရေထဲတွန်းချလိုက်တဲ့ အခါကျပထမကြီးမင်းသမီး ရှင်းမော့နဲ့တူသွားတယ်!

မှတ်ဉာဏ်တွေ, လက်စားချေခြင်း၊ သာယာမှု!

……

"အကုန်လုံးကို မှတ်တမ်းတင်ထားလား" အိမ်ရှေ့စံမင်းသားက မေးလိုက်၏။

အစောင့်က အမြန်ခေါင်းညိတ်လိုက်၏။

ဒါတွေအားလုံးက ဝန်ခံချက်တွေ ဖြစ်သည်။

ကြင်ရာတော်မင်းသားကြီးကျိုးရဲ့ စကားတွေက… ဟက်၊ သူမနဲ့ နက်နက်ရှိုင်းရှိုင်းကို ချစ်ကျွမ်းဝင်ခဲ့တဲ့ပုံနဲ့၊ ဒါပေမဲ့ အဲဒါတွေက ပထမမင်းသမီးကြီးရှင်းမော့နဲ့ ဘာဆိုင်လို့လဲ??

အဲဒီ နှစ်တုန်းက၊ ပထမမင်းသမီးကြီးက ၁၆, ၁၇လောက်ပဲရှိသေးတာ။ နတ်ရွာစံမင်းကြီးက ကျိုးဖေးယွမ်ကို ကြင်ရာတော်မင်းသားအနေနဲ့ သဘောကျခဲ့တယ်ဆိုပေမဲ့၊ သူ့ကို အတင်းတွန်းအားပေးခဲ့တာ မဟုတ်ဘူး။!

သူသာ သူ့ကို တွန်းအားပေးခဲ့ရင်၊ တော်ဝင် အမိန့်တော်တစ်ခု ထုတ်ပြန်ခဲ့မှာပေါ့။ဘာလို့ ကျိုးသခင်ကြီးကို သူ့ရဲ့အမြင် မေးနေမှာလဲ?

နောက်ပြီး၊ သူသာ ကျိုးဖေးယွမ်ကို တကယ်ရွေးခဲ့တယ်ဆိုရင်၊ သူ့ကို မင်းသမီးကြီးလော့ရှူးရဲ့ ခင်ပွန်းအနေနဲ့ ထပ်ရွေးချယ်ခဲ့မှာလည်း မဟုတ်ဘူး!

ဧကရာဇ်ဟောင်းက ကျိုးမိသားစုကို မြှင့်တင်ပေးချင်ပြီး အခွင့်အရေးတစ်ခု ပေးချင်ခဲ့တာလို့ ဆိုလို့ရတယ်။ကျိူးသခင်ကြီးက သူကိုယ်တိုင် သဘောတူ

လိုက်ရုံသာ။ မင်းသမီးကြီးရှင်းမော့နဲ့က ဘာဆိုင်လို့လဲ?!

ဒါတင်မက၊ မင်းသမီးကြီးလော့ရှူးက အခုချိန်ထိ နှစ်နှစ်ဆယ်ကျော်ကြာ ကျိုးမိသားစုကို စောင့်ရှောက်လာခဲ့တာကိုကြည့်။ ကျိုးမိသားစု ကျရှုံးမယ့်လက္ခဏာ လုံးဝ မပြသေးဘူး။

အကျိုးအမြတ်တွေက မသိသာလို့လား?!

အိမ်ရှေ့စံမင်းသား ကျိုးဖေးယွမ်ကို အေးတိအေးစက်နှင့် လှောင်ပြုံးပြုံးလိုက်ကာ စက်ဆုပ်ရွံရှာစွာဖြင့် အဖက်မတန်သလို ကြည့်နေခဲ့သည်။

"သူရဲဘောကြောင်တဲ့လူရဲ့လုပ်ရပ်ပဲ" သူ ထိုစကားကို တွေဝေစွာနဲ့သာ ပြောလိုက်ပြီး ထိုလူကိုချက်ချင်းဆိုသလို သံကြိုးနဲ့ ချုပ်နှောင်ခိုင်းလိုက်ကာ "သူ့ကို ဆွဲခေါ်သွားပြီး ထောင်ထဲထည့်လိုက်။"

•••••

All Chapters