← Chapters

အမှန်အတိုင်းပြော

Vol. 20 Ch. 363

အမှန်အတိုင်းပြော

Vol. 20 Ch. 363

ကျောက်ရွှမ်ကျင်းသည် စိတ်ရှည်တဲ့သူတစ်ယောက်ဖြစ်ကာ ကျိုးဖေးယွမ်ကို တန်းပြီး မကွပ်မျက်ခဲ့ပေ။

ထိုကဲ့သို့သော အောက်တန်းကျသည့် သူတစ်ယောက်အတွက် မမြင်ကွယ်ရာမှာသာ ထားထားသင့်သည်။ သူ့ကို သေခိုင်းလိုက်တာက လွယ်ကူလွန်းသည်။

အိမ်ရှေ့စံမင်းသားရဲ့ အမိန့်ပေးမှုကို ရှဲ့ချောင် ကြားရတဲ့အခါ၊ သူမ လေးလေးနက်နက်ခေါင်းညိတ်လိုက်သည်။

ပြောသွားတာကောင်းတယ်။

များပြားလှတဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။ သူရဲ့ ညံ့ဖျင်းမှုနဲ့ သူရဲဘောကြောင်တာတွေအတွက် ထွက်ပေါက်ရှာခဲ့ရုံပဲ။ သူသာ တကယ်ချစ်ခဲ့တယ်ဆိုရင်၊ ကျိုးသခင်ကြီး အသက်ရှိစဉ်ကတည်းက သူ သွားပြီး ထိပ်တိုက်ရင်ဆိုက်ဖြေရှင်းမှာပေါ့၊ ဟုတ်တယ်မလား?

သူ့ကိုယ်သူ သိက္ခာရှိတဲ့သူဆိုပြီး ပြောနေပေမဲ တကယ်က စိတ်ကြီးဝင်နေတဲ့သူတစ်ယောက်ပဲ။

ရှဲ့ချောင် သက်ပြင်းချလိုက်၏။

တစ်ခဏအကြာတွင်၊ သူမ လျို့ဝှက်အခန်းတစ်ခန်းကို ရှာတွေ့သွားသည်။

ရုပ်အလောင်းများကို ရှင်းလင်းပြီးသွားသည့်နောက်၊ သူမ လူအယောက်တစ်ရာကို ရေတွက်လိုက်သည်။

ဒါပေမဲ့၊ သူတို့အားလုံးက အစေခံတွေ ဖြစ်လောက်တယ်။သူတို့ရဲ့ အဆင့်အတန်းက နိမ့်တော့ သူတို့သေသွားခဲ့တယ်ဆိုရင်တောင်မှ ဖုံးကွယ်ပစ်လိုက်ဖို့က အလွယ်လေး။ ဒါကြောင့်မလို့၊ ဒီ ကြင်ရာတော်မင်းသားကြီးကျိုးက….. အားနည်းတဲ့သူတွေကို အနိုင်ကျင့်ပြီး၊ အင်အားကြီးတဲ့သူတွေကိုတော့ ကြောက်ခဲ့တာပဲ။

မင်းသမီးကြီးလော့ရှူးက ငယ်ငယ်က မလှခဲ့လို့လား။ သူမလည်း အင်မတန်ချောမော လှပတဲ့သူတစ်ယောက်ဖြစ်မှာပဲ။ သူမကျတော့ ဘာလို့မသေခဲ့တာလဲ။

သူက မိသားစုထဲကို လက်ထပ်ဝင်လာပြီးသား ဖြစ်သွားလို့လား။ သူမသာ သေသွားမယ်ဆိုရင်၊ တော်ဝင်မိသားစုက သူမ သေဆုံးရတဲ့ အကြောင်းရင်းကို စစ်ဆေးမှာပဲ၊ဒါကြောင့် သူမကို မသတ်ခဲ့တာလား။

ထိုအချိန် မင်းသမီးကြီးလော့ရှူးကတော့….. တွေဝေမိန်းမောနေသည်။

"အိမ်ရှေ့စံက ယုံကြည်စိတ်ချရတဲ့သူတစ်ယောက်ပါ။ သူ လူတွေသတ်နေတယ်ဆိုတယ် သိပေမဲ့၊ သူ ပထမဆုံးသတ်ခဲ့တဲ့သူက ငါရဲ့တော်ဝင်အစ်မတော် ဖြစ်နေလိမ့်မယ်ဆိုတာ လုံးဝ မသိခဲ့ဘူး" မင်းသမီးကြီးလော့ရှူးမှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။

သူမရဲ့ မွေးမိခင်မှာ အဆင့်အတန်းနိမ့်သူတစ်ယောက်ဖြစ်ကာ စောစီးစွာ သေဆုံးသွားခဲ့သည်။ သူမကို ကြင်ရာတော်မယ်တော်ကြီးကျန်းက ပျိုးထောင်ခဲ့ကာ တရားဝင်မင်းသမီးကြီးရှင်းမော့က စောင့်ရှောက်ပေးခဲ့သည်။

သူမရဲ့ တော်ဝင်အစ်မတော်က ခင်ပွန်းရွေးချယ်တဲ့အခါ၊ နတ်ရွာစံမင်းကြီးက သူမကို ရွေးချယ်စရာလူများစွာကို ပေးခဲ့ကာ ကျိုးဖေးယွမ်မှာ ရွေးချယ်ဖို့

အကောင်းဆုံးသူတစ်ယောက်ဖြစ်ခဲ့သည်။

သူမသည်လည်း ကျိုးသခင်လေးကို လေးစားသဘောကျခဲ့၏။ နောက်တော့ သူမသတ္တိမွေးပြီး တော်ဝင်အစ်မတော်ကို ပြောပြခဲ့သည်။

သူမရဲ့ တော်ဝင်အစ်မတော်က ကြည့်ကြည့်ဖို့ရာအတွက် နန်းပြင်ထွက်ချင်သည်ဟု ပြောခဲ့သည်။ သူမ လူယုံတော်တစ်ယောက် ရှာတွေ့ကောင်းတွေ့နိုင်သလို ကျိုးဖေးယွမ်က သူမ စိတ်ချလို့ရမယ့်သူတစ်ယောက်ဆိုတာ မြင်ကောင်းမြင်နိုင်တာကြောင့်ပင်။

သူမသာ သူ့ကို စိတ်ချတယ်ဆိုလျှင်၊ နန်းတော်ကို ပြန်ရောက်တဲ့ အခါ ကျိုးဖေးယွမ်ကို မင်းသမီးလော့ရှူးရဲ့ ကြင်ရာတော်မင်းသားဖြစ်စေဖို့အတွက် သူမ ခမည်းတော်ကို ပြောပြမည်ဖြစ်သည်။

သူမ စိတ်လှုပ်ရှားနေကာ စိတ်အားထက်သန်စွာနဲ့

စောင့်ဆိုင်းနေခဲ့သည်။

သို့ပေမဲ့၊ သူမကတော့ လုံးဝ ပြန်ရောက်မလာခဲ့တော့။

သူမရဲ့ တော်ဝင်အစ်မတော်က လူယုံတော်တစ်ရောက်နဲ့ ဆုံတွေ့ခဲ့ပြီး အနှောင်အဖွဲ့ကင်းစွာဖြင့် လောကတစ်ခွင် လှည့်လည်သွားနေလောက်ပြီဟု သူမ တစ်ခါတစ်ရံတွေးမိခဲ့သည်။

ကျိုးဖေးယွမ်ကြောင့် ထိခိုက်နစ်နာသွားခဲ့လိမ့်မယ်လို့တော့….. သူမတစ်ခါမှ မတွေးကြည့်ခဲ့ဖူးဘူး!

" တော်ဝင်ဒေါ်လေးရဲ့ ထင်မြင်ချက်ကို တုံ့ပြန်ရမယ်ဆိုရင်၊ ကျွန်တော်က ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာက အရေးမကြီးပါဘူး ကျွန်တော်ဆုံးဖြတ်ချက်မချခင်မှာ ကြင်ရာတော်မယ်တော်ကြီးကို ဒီကိစ္စတင်ပြရမှာပါပဲ" အိမ်ရှေ့စံမင်းသားမှာ သွေးအေးကာ နှလုံးသားမဲ့

တဲ့သူတစ်ယောက် ဖြစ်၏။

မင်းသမီးကြီးလော့ရှူးမှာ ဖော်မပြနိုင်လောက်အောင်ကို နာကျင်ခံစားနေရသည်။

သူမရဲ့ ခင်ပွန်းနဲ့ ကလေးတွေ အကုန် ဖမ်းဆီးခံလိုက်ရပြီးတော့ ဘာဖြစ်ခဲ့တာလဲဆိုတဲ့ အမှန်တရားက ထိတ်လန့်ဖို့ကောင်းတယ်!

ကျိုးမိသားစုကို စုံစမ်းစစ်ဆေးသည့်အရေးမှာ အချိန်တော်တော်ကြာမြင့်ခဲ့သည်။

သို့ပေမဲ့၊ ကောင်းကင်ထက်မှာ မှောင်မဲလာချိန်တွင်တော့ ရှဲ့ဖင်းကန်းက ရှဲ့ချောင်ကို ခေါ်ကာ ပြန်လာခဲ့သည်။

ထိုအရိုးများကို မှုခင်းစီစစ်ရေး ဌာနသို့ ပို့ထားပြီးဖြစ်ကာ သူတို့ရဲ့ အထောက်အထားလက္ခဏာတွေကို ဆုံးဖြတ်နိုင်ဖို့နဲ့ စနစ်တကျ စွန့်ပစ်နိုင်ဖို့အတွက် စောင့်ဆိုင်းရမည်။

အမှုဟာ ရှင်းလင်းသွားဖြစ်ကာ ကျိုးမိသားစုနဲ့ ဖြေရှင်းဖို့ ကိစ္စသာ ကျန်တော့တာကြောင့် ရှဲ့ဖင်းကန်းနှင့်မဆိုင်တော့။

ရှဲ့အိမ်တော်သို့ ပြန်ရောက်သည်နှင့် သူ တုတ်တစ်ချောင်းကိုင်ကာ အပြုံးတစ်ခုနှင့် ရှဲ့ချောင်ဘေးတွင် ရပ်လိုက်သည်။

ဧည့်ခန်းထဲသို့ ရောက်တဲ့အချိန်၊ ရှဲ့ဖင်းကန်းက ခက်ထန်စွာနှင့် ပြောလိုက်၏။ " ငါ့ကို အမှန်အတိုင်းပြော၊ ရာဇဝတ်သားတွေကို ကိုင်တွယ်တဲ့နည်းကိုသာ သုံးရင် မင်းအသက်အန္တာရယ်ရှိသွားလိမ့်မယ်!"

ရှဲ့ချောင် သူ့ကို မျက်လုံးလှိမ့်ပြလိုက်ကာ သူမ လက်ကိုဆန့်ထုတ်လိုက်သည် "အစ်ကိုကြီး၊ ညီမလေးကို သေအောင်သာ ရိုက်လိုက်ပါတော့။ အစ်ကိုကြီးက အရမ်းရက်စက်တာပဲ၊ ညီမလေး ဒီ့ထက်ပိုပြီး အသက်မရှင်ချင်တော့ဘူး"

ရှဲ့ဖင်းကန်းမှာ မတရားသလို ခံစားလိုက်ရသည်။

" အစ်ကိုကြီးကို ပြောစမ်း၊ ကျိုးမိသားစုနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်ဆိုတာ ညီမလေး ဘယ်လိုသိခဲ့တာလဲ။ လျှို့ဝှက်အခန်းထဲမှာ အလောင်းဘယ်နှလောင်းရှိနေလဲဆိုတာတောင် သိနေတယ်။ အကြားအမြင်ရနေတဲ့ မျက်လုံးတွေနဲ့ နားတွေရှိနေတာလား" ရှဲ့ဖင်းကန်းဟာ စိတ်အလိုမကျလည်း ဖြစ်နေသလို ပိုပြီးလည်း သိချင်နေခဲ့သည်။

သူမရဲ့ စွမ်းဆောင်ရည်က ကောင်းလွန်းတယ်။ မှုခင်းစီစစ်ရေးဌာနမှာသာ ဆိုရင် သူမ မဖြေရှင်းနိုင်တဲ့

အမှုဆိုတာ ရှိပါ့မလား။!

" ညီမလေးသာ အမှန်တိုင်းပြောရင် အစ်ကိုကြီး ညီမလေးကို…..မီးတော့ မရှို့ပစ်လောက်ပါဘူးနော်၊ ဟုတ်တယ်မလား။ ညီမလေးတို့က အမေတစ်ယောက်ထဲကနေမွေးလာတဲ့ မောင်နှမတွေပဲဟာ" ရှဲ့ချောင် အသံတိုးတိုးနှင့်မေးလိုက်၏။

"ဘာတွေစောင့်နေတာလဲ၊။ ပြောစရာရှိတယ်ဆိုရင် မြန်မြန်ပြော။ ငါက မိသားစုကိုဂရုမစိုက်တဲ့သူမျိုးမလို့လား။ ညီမလေးကိုသာ ဂရုမစိုက်ဘူးဆိုရင်၊ ဘာကိစ္စနဲ့ ညီမလေးအတွက် ယောကျာ်းတွေရဲ့ ပုံစံတူပန်းချီတွေ အများကြီး အိမ်ကို ယူလာပြမှာလဲ"

•••••

All Chapters