← Chapters

ထွေထွေထူးထူးမဟုတ်

Vol. 20 Ch. 364

ထွေထွေထူးထူးမဟုတ်

Vol. 20 Ch. 364

ရှဲ့ဖင်းကန်း "ဟွန်း"ခနဲအသံပြုလိုက်၏။ ဒါက သူပို

ကောင်းတဲ့အရာတွေကို မလုပ်နိုင်ဘူးလို့ ဆိုလိုချင်တာမဟုတ်။

ဒီကလေးမက အသိတရားတစ်စက်မှမရှိ။ အိမ်ရှေ့စံမင်းသားကိုတော့ လျှို့ဝှက်ချက်ကို ပြောပြခဲ့ပြီး သူကိုကျတော့ မပြောပြဘူး။ အိမ်ရှေ့စံမင်းသားက သူထက်ပိုပြီးတောင် ရင်းနှီးပြီး ယုံကြည်စိတ်ချရလို့လား။

ရှဲ့ချောင် အချိန်ဆွဲနေကာ ချီတုံချတုံဖြစ်နေ၏။ ရှဲ့ဖင်းကန်းကလည်း စိုးရိမ်ကြောင့်ကြစွာနှင့် စောင့်ဆိုင်းနေသည်။

" အစ်ကိုကြီး၊ ညီမလေးက ငယ်ငယ်ကတည်းက မသန့်စင်တဲ့အရာတွေကို မြင်နိုင်ခဲ့တာ" ရှဲ့ချောင် စိတ်ပိုင်းဖြတ်ကာ ပြောလိုက်၏။

ရှဲ့ဖင်းကန်း မှင်တက်သွားသည် "ဘာ"

" ညီမလေးက မကောင်းဆိုးဝါးဝိဉာဉ်တွေကို မြင်နိုင်တယ်လို့ပြောတာ။ တချို့တွေက လွင့်မျောနေကြပြီးတော့၊ တချို့ကတော့ သာမန်လူတွေလိုပဲ နေနေကြတယ်။ တချို့က လူတွေကို အန္တရာယ်ပေးတဲ့ အငြိုးကြီးဝိဉာဉ်တွေနဲ့ ရက်စက်တဲ့ ဝိဉာဉ်တွေ။ ညီမလေး သူတို့ အကုန်လုံးကို မြင်နိုင်တယ်။ နောက်ပြီး…. တစ်ခါ ဝင်ပူးတာလည်း ခံခဲ့ရဖူးတယ်။ ဆောင်းရာသီ အဝတ်အထည်ပွဲတုန်းက ဖြစ်သွားပြီးတော့ အိမ်ရှေ့စံမင်းသားက ညီမလေးအပူးခံနေရတာကို တွေ့သွားခဲ့တယ်လေ။ သူ ညီမလေးကို ကူညီပေးခဲ့တာ" ရှဲ့ချောင်ပြောလိုက်၏။

ပြောပြီးသွားတဲ့နောက်၊ သူမ သက်ပြင်းချကာ ကုလားထိုင်တွင် ထိုင်လိုက်သည်။

ရှဲ့ဖင်းကန်းမှာ တစ်ခဏတော့ ကြက်သေသေနေခဲ့သည်။

အဲဒီနောက်မှာတော့ သူက "ငါ မယုံဘူး"

"ဒီကလေးမက မလှိမ့်တပတ်နဲ့ လွတ်အောင်လုပ်ဖို့ လုပ်နေတာပဲ" ရှဲ့ဖင်းကန်း ပြောလိုက်သည်။

"အဲဒါဆို အရင်က အစ်ကိုကြီး စုံစမ်းနေတဲ့အမှုမှာ နစ်နာတဲ့သူကို သတ်တာက အမျိုးသမီးတစ်ယောက်ပါဆိုတာ ညီမလေး ဘယ်လို သိမှာလဲ။ အဲဒါ နစ်နာသူရဲ့ ဝိဉာဉ်ကို တွေ့လိုက်ရလို့ပဲ။ သူက အစ်ကို့နောက်ကို လိုက်နေပြီး နစ်နာသူနဲ့ ပတ်သက်တာတွေ အကုန် ညီမလေးကို ပြောပြခဲ့တယ်။ ဒါကြောင့်မလို့ အစ်ကိုကြီးကို ကူညီနိုင်တာလေ" ရှဲ့ချောင် ရှင်းပြလိုက်သည်။

"နောက်ပြီးတော့၊ ဖယောင်းတိုင်အလုပ်ရုံမှာလဲ အငြိုးကြီး ဝိဉာဉ်တစ်ကောင် ရှိတယ်။ ဒါကြောင့် အပြင်ကလူတွေ အထဲကို ဝင်လို့မရသလို အထဲကလူတွေ

လည်း အပြင်ထွက်လို့ မရခဲ့ဘူး။ အဲဒီ အငြိုးကြီး ဝိဉာဉ်ကို ညီမလေး နှိမ်နင်းပြီးသွားတဲ့နောက်မှာတော့၊ အရာအာလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။" သူမ ထပ်ပြီး ပြောလိုက်သည်။

ရှဲ့ဖင်းကန်းလည်း ထိုင်ချလိုက်၏။

သူ လက်ဖက်ရည်တော်တော်များများကို အလျင်စလို မျိုချလိုက်သည်။

လက်ဖက်ရည်တစ်အိုးလုံး သောက်ပြီးသွားတဲ့နောက်မှာတော့၊ သူ တည်ငြိမ်သွားတဲ့ပုံပင်။ "မော့လင်းကျစ်က အသိဉာဏ်ကြွယ်ဝတဲ့သူတစ်ယောက်ဆိုပြီး ညီမလေး စာရေးခဲ့တယ်မဟုတ်လား၊သူ ဒီပြဿနာကို မကုသပေးနိုင်ဘူးလား"

"ညီမလေးက ဒီလိုအရာနဲ့ မွေးလာခဲ့တာ၊ သူ မကုသ

ပေးနိုင်ဘူး" ရှဲ့ချောင် ခေါင်းရမ်းကာ သူမရဲ့ ကံတရားကိုသာ လက်ခံလိုက်သည်။

"ညီမလေးက သူတို့ကို မြင်နေရတော့ အကျိုးတော့ရှိတယ်။ သူတို့က ညီမလေးကို အကူညီတောင်းပြီးတော့ လုပ်ခိုင်းတာတွေရှိတယ်။ ဒီတစ်ခါက၊ မင်းသမီးကြီးရှင်းမော့က သူမကို အိမ်ပြန်ခေါ်သွားပေးဖို့ တောင်းဆိုခဲ့တာ။ ဒါကြောင့်မလို့ပဲ ကျိုးအိမ်တော်မှာ အရိုးဆွေးတွေကို ရှာတွေ့ခဲ့တာ…."

"မကောင်းဆိုးဝါးဝိဉာဉ်တွေကြောင့် ညီမလေးရဲ့ခန္ဓာကိုယ်က အားနည်းတယ်။ ညီမလေး အခုချိန်ထိ အသက်ရှင်နေနိုင်တာလည်း မကောင်းဆိုးဝါးဝိဉာဉ်တွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" ရှဲ့ချောင် ထပ်ပြောလိုက်၏။

သူမက တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူမရဲ့ ကံကြမ္မာကို လက်ခံထားပြီး ဖြစ်သည်။

သူမ ပြန်ဝင်စားလာတဲ့ ပထမဆုံးနှစ်တွေလုပ်တုန်း

က၊သူမ အနည်းငယ် ဆန္ဒမရှိခဲ့တာကြောင့် သူမရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ မော့လင်းကျစ်အား တောင်းဆိုခဲ့ဖူးသည်။

ကံဆိုးစွာဖြင့်၊ သူမ မပြောင်းလဲနိုင်ခဲ့ချေ။

ဒီဘဝမှာတော့၊ သူမ နောက်ဆုံးထွက်သက်ထိ အသက်ရှင်နိုင်သလို ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာမျိုးလည်းဖြစ်နိုင်သည်။

သူမကတော့ ပထမတစ်ခုကိုသာ ရွေးမည်။ ကွဲပြားမှုတစ်ခုကို ပြုလုပ်နိုင်ရန် သူမ နောက်ဆုံးအချိန်ထိ အသက်ရှင်သွားချင်သည်။

ဒါတင်မက၊ တစ်ခါတစ်ရံမှာ မကောင်းဆိုးဝါးဝိဉာဉ်

တွေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရတာက အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်။

အဲဒီ မကောင်းဆိုးဝါးဝိဉာဉ်တွေ သူမဆီ ပြေးလာပြီး မခြောက်ရင် ပိုတောင်ကောင်းသေးတယ်!

သူမသာ ကျန်းမာသွားပြီး ပြေးလွှားခုန်ပေါက်နိုင်ခဲ့မယ်ဆိုရင် ပိုတောင် ပြီးပြည့်စုံသွားလိမ့်မည်။

ရှဲ့ဖင်းကန်းရဲ့ မျက်နှာအမူအရာမှာ အလေးအနက်ဖြစ်နေသည်။

အရင်က ရှဲ့ချောင်ကကျိုးမိသားစုနဲ့ အဆက်အဆံရှိထားတာကြောင့် တချို့ကိစ္စတွေကို သိထားတာဖြစ်နိုင်တယ်လို့ သူတွေးခဲ့တာ။ ဒါကြီးက အမှန်တရားဖြစ်နေလိမ့်မယ်လို့တော့ သူ မထင်ထားဘူး!

အခု သူမပြောလိုက်တော့မှ…..

ရှဲ့ဖင်းကန်း သတိရသွားသည်။

သူ့ညီမလေးက ပုံမှန်ဆိုရင် လူတွေကို မျက်လုံးပင့်ပြီး မကြည့်တတ်ဘူး။

သူမက ငေးတိငေးမောဖြစ်နေတတ်သလို ရံဖန်ရံခါ ကြောက်လန့်နေတတ်သေးသည်။ဒါက… သူမ မကောင်းဆိုးဝါးဝိဉာဉ်နဲ့ ဆုံလိုက်ရတယ်လို့ ဆိုလိုတာလား?!

ရှဲ့ဖင်းကန်းဟာ မကောင်းဆိုးဝါးဝိဉာဉ်များကို ကြောက်တတ်တဲ့သူမဟုတ်။

သူက အသက်ရှိနေတဲ့လူတွေကိုတောင်မကြောက်တာ၊ ဘာကိစ္စ သေပြီးသားလူတွေကို ကြောက်ရမှာလဲ?!

ထိုအချိန်၊ သူရဲ့ ညီမလေးဟာ သနားစရာကောင်း

တယ်လို့ တွေးလိုက်မိပေမဲ့ သူမကို သနားနေလို့လည်း ဘာမှအသုံးမဝင်ချေ။

"မကောင်းဆိုးဝါးဝိဉာဉ်တွေကို မြင်နိုင်ရုံလေးပဲမလား။ထွေထွေထူးထူးမှ မဟုတ်ပဲ။အသက်ရှင်နေတဲ့သူနဲ့ သေသွားတဲ့လူတွေက အတူတူပဲ။ မြင်နိုင်တာနဲ့ပဲ မကောင်းဆိုးဝါးတစ်ကောင်လိုမျိုးဖြစ်သွားမှာ မို့လို့လား။ အကိုကြီးပြောပြမယ် ညီမလေးက စစ်မြေပြင်ကိုတစ်ခါမှ မရောက်ဖူးသလို၊ စစ်မြေပြင်က လူသေတွေက ဘယ်လိုမျိုးလဲဆိုတာ မမြင်ဖူးလို့။ အဲဒါတွေက မကောင်းဆိုးဝါးဝိဉာဉ်တွေထက်တောင် ပိုကြောက်စရာကောင်းပြီး၊ မနှစ်မြို့စရာကောင်းသေးတယ်။နောက်နေ့မှ အဲဒါကို ပုံကြမ်းဆွဲပေးဖို့ လူတစ်ယောက်ရှာလိုက်မယ်။ ညီမလေး ကြည့်ကြည့်သင့်တယ်။ ဒါက ဘာမှမဟုတ်ဘူး!

•••••

All Chapters