အတူလုပ်ဆောင်ခြင်း
Vol. 20 Ch. 365
ရှဲ့ဖင်းကန်းဟာ သတ္တိရှိလွန်းသူတစ်ယောက်ဖြစ်၏။ သူ စကားပြောပြီးသွားတဲ့နောက် ရှဲ့ချောင်ကို မထီမဲ့မြင်ဟန်နှင့် ဖျက်ခနဲကြည့်လိုက်သည် "ကျစ်၊ ငါတို့က အမေတစ်ယောက်တည်းကနေ မွေးလာတဲ့ဟာကို မင်းမှာကျတော့ ဒီလို ကောင်းမွန်တဲ့ မျက်လုံးတွေ ဘယ်လိုလုပ်ပြီး ရှိနေနိုင်တာလဲ။ငါ့မှာသာ ဒီလိုမျက်လုံးတွေရှိရင်၊ ဘယ်လောက်ကောင်းလိုက်မလဲ။ မှုခင်းစီစစ်ရေးဌာနမှာ သေတဲ့သူဖြစ်ဖြစ်၊ အသက်ရှင်နေတဲ့သူဖြစ်ဖြစ် အကုန် စစ်ဆေမေးမြန်းလို့ရတာပေါ့။အဲလိုဆို ငါ မဖြေရှင်းနိုင်တဲ့ အမှုဆိုတာ ရှိမှာတဲ့လား?!
ရှဲ့ဖင်းကန်းမှာ အင်မတန်နောင်တရနေ၏။
ထိုစကားကို ကြားရတဲ့ ရှဲ့ချောင်ကတော့ အံ့ဩလွန်း၍ စကားမပြောနိုင်ဖြစ်သွားရသည်။
"အစ်ကိုကြီး….ညီမလေးက အရမ်းသနားစရာ
ကောင်းတာလေ" ရှဲ့ချောင် ရေရွတ်လိုက်၏။
ထိုသို့ပြောပြီးနောက်၊ သူမ ရုတ်တရက် လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။
ဘာကိစ္စ သူမအစ်ကိုကြီးက မသိရင်သူမကပဲသူ့ကို အမြတ်ထုတ်သွားသလိုမျိုး ပြုမူနေရတာလဲ!
"ဟုတ်ပါပြီ၊ ညီမလေးက သနားဖို့ကောင်းတယ် ၊အရမ်း သနားဖို့ကောင်းတယ်!" ရှဲ့ဖင်းကန်းဟာ သိပ်ပြီး စိတ်ရှည်မနေခဲ့ "ဝိဉာဉ်တွေကို ဖမ်းနိုင်တယ်မလား။ ဒီလောက် ပညာတွေ အများကြီး သင်ပြီးတာတောင်၊ မကောင်းဆိုးဝါးဝိဉာဉ်တွေကို ကြောက်နေတုန်းပဲ။ ညီမလေး နင်…."
ရှဲ့ဖင်းကန်း ပြောခါနီးမှာ သူ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ဘာမှားနေတာလဲ? ဘာမှားနေတာပါလိမ့်?
ရှဲ့ဖင်းကန်းတစ်ယောက် မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားကြည့်လိုက်သည်။
ခဏကြာတော့၊ သူ သူမကို လှည့်ကြည့်ကာ "နေပါဦး ဖယောင်းတိုင်အလုပ်ရုံမှာ ဖြစ်သွားတဲ့ ဖြစ်ရပ်က…..ညီမလေးနဲ့ ဆိုင်လို့လား"
"အာ….ဆိုင်တယ်လေ" ရှဲ့ချောင် သတိလက်လွတ် ဖြေမိလိုက်ခါနီးမှ သူမ ဖော်ထုတ်ခံလိုက်ရတယ်ဆိုတာ သဘောပေါက်သွားသည်။ သူမ ရင်တုန်သွားခဲ့သည်"နည်း-နည်းပါးပါးပါ"
"မဟုတ်သေးပါဘူး၊ အငြိုးကြီးတဲ့ ဝိဉာဉ်ကို မင်းဖမ်းခဲ့တာလို့ ပြောခဲ့တာလေ၊ ဒါပေမဲ့ အဲဒါကို ဖမ်းခဲ့တာက ဟိုသူတော်စင်ဆရာ ဆိုတာ အသိသာကြီးကို"
အရေးကြီးတဲ့အချက်ကို ရှဲ့ဖင်းကန်း ဖမ်းဆုပ်နိုင်လိုက်သည်။
ရှဲ့ချောင် ချက်ချင်းဆိုသလို တည်ကြည်သောမျက်နှာထားနှင့် မတ်မတ်ထိုင်လိုက်ကာ သူမ မသိစိတ်ကနေ စိုးရိမ်နေမိသည်။ "ဒါက ဒီလိုရှိတယ်၊ တကယ်တော့ အဲဒီတုန်းက ညီမလေးက ဆရာနဲ့အတူသွားခဲ့တာ။ဆရာက အထဲမှာ ရှိနေပြီးတော့ ညီမလေးက အပြင်မှာရှိနေတာလေ။အစ်ကိုကြီးကို ဒါတွေ မပြောမိလိုက် ဘူးလား။ အဲဒီ ဆရာ မော့ချူးရှန်းဆိုတာက ညီမလေးရဲ့ဆရာကြီး မော့လင်းကျစ်ရဲ့ ဆရာတူညီမလည်းဖြစ်သလို ညီမရဲ့ ဆရာတူ ဒေါ်လေးဆိုလည်းဟုတ်တယ်။ အဲဒါကြောင့်… ညီမလေး သူမဆီကနေ တိတ်တိတ်လေး သင်ယူနေခဲ့တာ"
သူမရဲ့ မော့ချူးရှန်းဆိုတဲ့ သရုပ်သာ ပေါ်သွားခဲ့ရင်၊ နောင်တစ်ချိန် အလုပ်တွေလုပ်ဖို့အတွက် အဲဒီသရုပ်ကို သုံးတဲ့အခါ ကြောက်ရွံ့ပြီး တွန့်ဆုတ်နေမိနိုင်သည်။သူမလုပ်လို့မရတဲ့ အရာများစွာ ရှိ၏။
ရှဲ့ဖင်းကန်းမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားတော့သည်။
"ညီမလေးမှာ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သိပေမဲ့၊ အဲဒီတာအိုဆရာရဲ့ လုပ်ဆောင်မှုကိုဝင်ပြီးအမှတ်ယူရဲလောက်အောင် ဝင့်ကြွားနေလိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး" ရှဲ့ဖင်းကန်း သူမကို မျက်လုံးလှိမ့်ပြလိုက်၏။
ရှဲ့ချောင် ခြောက်ခြောက်ကပ်ကပ်နှင့် ရယ်လိုက်၏ "
ဆရာတူဒေါ်လေးမော့နဲ့ညီမလေးနဲ့က အတူတူလုပ်ခဲ့ကြတာလေ…"
"ဟမ်း၊ အဲဒီအချိန်တုန်းက မင်းတို့အားလုံးရဲ့ ကျေးဇူးကြောင့်မလို့ပေါ့၊ မဟုတ်ရင်၊ အိမ်ရှေ့စံမင်းသားက အထဲမှာ အသက်ဆုံးရှူံးသွားလောက်တယ်" ရှဲ့ဖင်းကန်း ခေါင်းညိတ်လိုက်သည်။
ရှဲ့ချောင်လည်း တောင့်တင်းနေသော မျက်နှာနဲ့ ခေါင်းညိတ်လိုက်၏။
ရှဲ့ဖင်းကန်း သက်ပြင်းချလိုက်သည်။
" ညီမလေးရဲ့ ခန္ဓာကိုယ်အနေထားနဲ့က၊ သမားတော်တွေလည်း ဒီကိစ္စကို ဘာတစ်ခုမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့၊ ညီမလေး စောစောက ပြောသွားတာ မှန်တယ်။ အာဟာရဓာတ်တွေ များများရနေတာ ကောင်းတယ်။ဒီတစ်ခါ အဖေ စစ်သည်တွေ ခေါ်သွားတာကနေ အကျိုးအမြတ်တွေ ရလာမှာပဲ။ အဲဒီအချိန်ကျရင်၊ ညီမလေးရဲ့ ဖြည့်စွက်အစားအစာနဲ့အားဆေးတွေကို ပိုပြီးတိုးပေးမယ်။" တကယ်တော့ ရှဲ့ဖင်းကန်းမှာ စိတ်ပူနေသည်။
သူမရဲ့ ဘဝသက်တမ်းမှာ တိုရုံမျှမက၊ သူမရဲ့ မျက်လုံးတွေဟာလည်း သာမန်လူတွေရဲ့ မျက်လုံးနဲ့
ကွဲပြားနေသေးသည်။
ခင်ပွန်းနဲ့ ဇနီးသည်ကြားမှာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့ ဆိုတာက မ လွယ်ကူနိုင်။ သူ့နားမှာ ရှိတဲ့ ယောကျာ်းတွေကလည်း သူ့လိုမျိုး ရဲရင့်ကြတာ မဟုတ်။ သူမ သူ့ကို လက်ထပ်ပြီးခါစရှိသေး၊ ခင်ပွန်းလုပ်တဲ့သူကို သေစေတဲ့အထိ ကြောက်သွားစေခဲ့ရင် သူမ ကလေးတစ်ယောက် မမွေးနိုင်ရုံတင်မဟုတ်ဘဲ သူမခင်ပွန်းဆီ ဘေးဒုက္ခတွေ ယူဆောင်လာမိလိမ့်မည်။
သူ့ယောက်ဖကို ရွေးဖို့ စံသတ်မှတ်ချက်တွေကို ဒီထက်ပိုပြီး မြှင့်သင့်တယ်။
ရဲရင့်ရမယ်။
သရဲတစ္ဆေတွေကို ကြောက်တတ်တဲ့သူ မဖြစ်ရဘူး။
ဒါပေမဲ့၊ ဒီလို အခြေအနေတွေဆိုရင်က၊ ပညာသင်ကျောင်းသားတွေ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။
စစ်တပ်အရာရှိတစ်ယောက်ကိုရှာတာက ပိုကောင်းတယ်။
ရှဲ့ဖင်းကန်းမှာ ထိုအကြောင်းကို စဉ်းစားလေလေ၊ ပိုပြီး ခေါင်းကိုက်ရလေဖြစ်နေ၏။ ညီမတစ်ယောက်ကို ပျိုးထောင်ရတာ တကယ်လွယ်ကူမနေဘူး။
ရှဲ့ချောင်မှာ များများစားစားမပြောရဲ၊ သူမ ကျိုးကျိုးနွံနွံနဲ့သာ ထိုင်နေသည်။ ရှဲ့ဖင်းကန်းက သူမကို သွားခွင့်ပြုလိုက်တဲ့အခါ၊ သူမ တည်ငြိမ်စွာနှင့် မတ်တပ်ထရပ်ကာ သိမ်မွေ့စွာဖြင့် လျှောက်သွားလိုက်သည်။
ရှဲ့မိသားစုအတွက် ငြိမ်းချမ်းတဲ့ ညလေးတစ်ညပင် ။
သို့သော် ၊အပြင်မှာတော့ ထိုသို့မဟုတ်ခဲ့ချေ။
ယနေ့ ကျိုးမိသားစုရဲ့ ဂုဏ်ပြုစားသောက်ပွဲကို တက်ရောက်ခဲ့ကြတဲ့လူများကတော့ အိမ်မက်ဆိုးများ မက်ခဲ့ကြရသည်။
သူတို့ မျက်လုံး မှိတ်လိုက်တိုင်း၊ အဲဒီ ကြောက်စရာကောင်းတဲ့ အရိုးစုတွေကိုပဲ မြင်နေရတယ်!
••••••