← Chapters

အဆုံးသတ်ကောင်း

Vol. 20 Ch. 366

အဆုံးသတ်ကောင်း

Vol. 20 Ch. 366

ကျိုးမိသားစုတွင် ရှာတွေ့ခဲ့သည့် အရိုးစုများမှာ မြို့တော်ထဲရှိ လူများအား တုန်လှုပ်စေခဲ့လေသည်။

နောက်တစ်နေ့၌၊ လူတိုင်းနီးပါး ထိုအကြောင်းကို ပြောကြတော့သည်။

နန်းတော်ထဲမှာတော့၊ မင်းသမီးကြီးလော့ရှူးဟာ ခွင့်လွှတ်မှုကို တောင်းခံရန်အတွက် အိပ်ယာတစ်ခုရှေ့ ဒူးထောက်နေ၏။ သူမရဲ့ အနက်ရောင်ဆံနွယ်များကို ဖြည်ချထားကာ စိတ်ဓာတ်ကျနေလေသည်။

"မင်း– မင်းကို ထပ်ပြီး မမြင်ချင်တော့ဘူး" ကြင်ရာတော်မယ်တော်ကြီးကျန်း၏ အသံမှာ ကွဲအက်လို့နေပေမဲ့ သူမရဲ့ခံ့ညားထည်ဝါးမှုကိုတော့ ခံစားလို့ရနိုင်သေးသည်။

"မယ်တော်.." မင်းသမီးကြီးလော့ရှူးက သူမဆီသို့ အမြန်သွားလိုက်၏ "ကြင်ရာတော်မင်းသားကြီးက သေဒဏ်ချမှတ်ခံပြီးနေပါပြီ။ ဒါပေမဲ့ သမီးရဲ့ ကလေးတွေ…. သူတို့က ဖြူစင်ရိုးသားပြီး သူဘာ

လုပ်ခဲ့လဲဆိုတာ မသိပါဘူး။ ကျေးဇူးပြုပြီး သူတို့ကို ခွင့်လွှတ်ပေးပါ…"

"သူတို့တွေက မသိဘူး၊ ဒါဆို မင်းကရော? အမေတစ်ယောက်အနေနဲ့ မသိဘူးလား?" မယ်တော်ကြီးကျန်းက သူမကို စိတ်ပျက်စွာနှင့် ကြည့်လိုက်သည်။

"သူ သမီးရဲ့ တော်ဝင်အစ်မတော်ကို သတ်ခဲ့တယ်ဆိုတာ မသိပါဘူး။သူက လူသတ်သမားဆိုတာသာ သိခဲ့ရင်၊ သူနဲ့နေရတာ ဘယ်လောက်ပဲ ပျော်ရွှင်နေပါစေ၊ တော်ဝင်အစ်မတော်ရဲ့ ရန်သူကို ကျိန်းသေပေါက် သတ်ပစ်မှာ!" လော့ရှူးက အမြန် ပြောလိုက်၏။

ထိုစကားကိုကြားတော့ ကြင်ရာတော်မယ်တော်ကြီးကျန်းက သူမကို ထူးဆန်းတဲ့ အကြည့်နဲ့ စူးစိုက်ကြည့်လိုက်သည်။

"အတိတ်တုန်းက ငါမင်းကို ချစ်ပေးခဲ့မိတာ မှားသွားတယ်။ မင်းက ရှင်းမော့ထက်တောင်ဆိုးသေးတယ်။ မင်းက အတုအယောင်ပဲ။ အသက်ပေါင်းတစ်ရာကျော် သေဆုံးသွားခဲ့ရတာတောင်မှ မင်းက မသိချင်ယောင်ဆောင်နေသေးတယ်။ရှင်းမော့ အတွက်နဲ့ အပြစ်တင်နေတယ်လို့ ထင်နေတာလား" ကြင်ယာတော်မယ်တော်ကြီးကျန်းက ခေါင်းရမ်းလိုက်သည် " မင်းက တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်လာဖို့ မထိုက်တန်ဘူး"

ဘုရင်မင်းမြတ်ကတော့ ဘာတစ်ခုမှ မပြောခဲ့။

အခု သူဒီစကားတွေကို ကြားလိုက်ရပြီဖြစ်ရာ ဘာလုပ်ရမလဲဆိုတာကို သိသွားလေပြီ။

ဒီနှစ်တွေမှာ လော့ရှူး အတွက်နဲ့ သူ ကျိုးမိသားစုအပေါ် အလွန် သက်ညှာပေးခဲ့သည်။ ကြင်ရာတော်မယ်တော်ကြီးကျန်းသာ လော့ရှူးအတွက် အသနားခံခဲ့ပါက၊ မင်းသမီးကြီးလော့ရှူးနဲ့ သူမရဲ့ သားသမီး

တွေကို ကာကွယ်ပေးဖို့က ဖြစ်နိုင်သည်။

ဒါပေမဲ့၊ အခုတော့ သက်သက်ညှာညှာ အပြစ်ပေးစရာ မလိုအပ်တော့ချေ။

ကျိုးမိသားစုရဲ့ ပြစ်မှုဟာ မြန်မြန်ဆန်ဆန်ပဲ စီရင်ချက်ချမှတ်ခံလိုက်ရသည်။ ညတွင်းချင်းမှာပင်၊ တစ်မိသားစုလုံး ဖျက်ဆီးခံလိုက်ရတော့သည်။

မတ်လ၌၊ ကြိုးကိုင်သူ ကျိုးဖေးယွမ်၊ သခင်မကြီးနှင့် ပြစ်မှုအကြောင်းသိတဲ့ တခြားသူများဟာ နောက်နှစ်ရဲ့ ဆောင်းဦးအကုန်တွင် ကွပ်မျက်ခံရမည်ဟု စီရင်ချက်ချခဲ့သည်။ ကျန်တဲ့သူများက ကီလိုမီတာ၅၀၀၀ အဝေးသို့ နှယ်နှင်ဒဏ်စေလွှတ်ခြင်းခံကြရမည်။ မင်းသမီးကြီးလော့ရှူးကတော့ သာမန်ပြည်သူတစ်ယောက်အဖြစ် ရာထူးလျှော့ချခံရကာ သေဆုံးသူတွေရဲ့ ဝိဉာဉ်တွေ လွတ်မြောက်ဖို့ရာ ကူညီနိုင်ဖို့ ဘုရားကျောင်းတွင် အကျဉ်းချခံရမည်ဖြစ်ပြီး သူမ ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ လွတ်မြောက်ခွင့်မရှိတော့!

ကြင်ယာတော်မယ်တော်ကြီးမှာ ရုတ်တရက် အသက်ပိုကြီးသွားသလို ဖြစ်သွားရသည်။

"တကယ်တော့၊ဒီနှစ်တွေမှာ မယ်တော် ဒီအကြောင်းကို တွေးကြည့်ခဲ့သေးတယ်။ ရှင်းမော့သာ အသက်ရှင်နေတုန်းဆိုရင်၊ သူမရဲ့ သတင်းအစအနမရှိဘူးဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူမကို အန္တာရာယ်ပေးရဲလောက်တဲ့အထိ ဘယ်သူကများ သတ္တိတွေ ရှိနေတာလဲဆိုတာပဲ သိချင်ခဲ့တာ" ကြင်ယာတော်မယ်တော်ကြီးရဲ့ အသံဟာ သူမ စိတ်တုန်လှုပ်ခြင်းမရှိခဲ့သလိုမျိူး တည်ငြိမ်နေသည်။

"ကျိုးဖေးယွမ်က သေဖို့ထိုက်တန်တယ်၊ တော်ဝင်မိသားစုကို မျက်နှာပျက်စေတာ ဘယ်လောက်တောင် ရဲတင်းလိုက်လဲ!" မင်းကြီးမှာ အင်မတန် ဒေါသထွက်နေ၏။

" ဒါတွေ အကုန်လုံးက ဒီအမှုကို စုံစမ်းစစ်ဆေးနိုင်ခဲ့တဲ့ ရှဲ့မိသားစုက အကြီးဆုံး သခင်လေးရဲ့ ကျေးဇူးကြောင့်လို့ မယ်တော် အိမ်ရှေ့စံမင်းသားဆီက ကြားတယ်။ သူကို ကောင်းကောင်းဆုချသင့်တယ်" ကြင်ယာတော်မယ်တော်ကြီးက ထပ်ပြောလိုက်သည်။

မင်းကြီးမှာ တာဝန်သိတတ်သော သားတော်တစ်ပါးဖြစ်ရာ၊ ထိုသို့ပြောတာကို ကြားတော့ ၊ချက်ချင်းပဲ " မယ်တော် စိတ်ချပါ,သားတော် သူ့ကို မှုခင်းစီရင်ရေးဌာနရဲ့ မှုခင်းကြီးကြပ်သူအဖြစ် ရာထူးတိုးပေးဖို့ ပြင်ဆင်ထားပြီပါပြီ။ ဒီကောင်လေးက ငယ်ရွယ်ပြီးတော့ ရဲစွမ်းသတ္တိရှိတဲ့ အပြင် လုပ်နိုင်စွမ်းလည်းရှိတယ်။ အိမ်ရှေ့စံမင်းသားက သူ့ကိုတော်တော်လေး ချီးမွမ်းနေတာ၊ သားတော်တို့ သူ့ကို သေချာပေါက် မမျှမတ မဆက်ဆံပါဘူး"

ကြင်ယာတော်မယ်တော်ကြီးခေါင်းညိတ်လိုက်သည်။

သူက သူမသမီးတော်ရဲ့ အရိုးတွေကို ရှာတွေ့ခဲ့တာ။

အခု သူ့ကို အဆင့်ခြောက်အထိ တိုးပေးလိုက်တယ်ဆိုပေမဲ့ တကယ်တမ်းက နိမ့်နေဆဲပင်။

ဒါပေမဲ့လည်း၊ သူက ငယ်သေးတော့ အရမ်းကြီး မြန်မြန်နဲ့ ရာထူးတိုးပေးလိုက်လို့ကလည်း မကောင်းချေ။

" မယ်တော်၊ မစိုးရိမ်ပါနဲ့၊ အခု ညီမတော်ရဲ့ အရိုးတွေကို ရှာတွေ့သွားပြီဆိုတော့ သူမ နာကြည်းချက်တွေကို ခံစားရမှာမဟုတ်တော့ပါဘူး" မင်းကြီးက ပြောလိုက်သည်။

သူတို့ အပြင်ကို မင်းသမီးကြီးနတ်ရွာစံသွားပြီဆိုတဲ့ သတင်း ကြေညာထားပြီးဖြစ်ကာ သင်္ချိုင်းဂူတစ်ခုတောင် ရှိသေးသည်။ သို့သော် ယခင်က ထိုသင်္ချိုင်းဂူဟာ အလွတ်ကြီးဖြစ်နေရာ၊အခု သူမကို ပြန်ပြီး မြှုပ်နှံကြရပေမည်။

မယ်တော်ကြီးက ပင်ပန်းစွာနှင့်ပဲ ခေါင်းညိတ်လိုက်

သည်။

"ဒီနစ်တွေမှာ မယ်တော် တိုင်းရေးပြည်ရေးမှာ ဝင်မပါခဲ့ပေမဲ့၊ အပြင်လူတွေ အိမ်ရှေ့စံမင်းသားကို မကျေမနပ်ဖြစ်နေကြတာကိုတော့ အနည်းနဲ့ အများ ကြားခဲ့ရတယ်။ သူက မွေးလာကတည်းက အိမ်ရှေ့စံမင်းသားဖြစ်လာခဲ့တာ။သူသာ နောင်တစ်ချိန်မှာ နန်းမတက်နိုင်ဘူးဆိုရင်…. မင်းကြီး အနေနဲ့ သူ့အတွက် တတ်နိုင်သမျှ စောစောစီးစီး လမ်းကြောင်းရှာပြင်ဆင်ပေးထားတာပိုကောင်းတယ်၊ ဒါမှ သူ့ရဲ့ အဆုံးသတ်က မဆိုးမှာ" ကြင်ရာတော်မယ်တော်ကြီးကျန်းက ပြောလိုက်၏။

ကြင်ရာတော်မယ်တော်ကြီးကျန်းရဲ့ ဆိုလိုရင်းမှာ သိသာသည်။

သူသာ နောင်ထပ်နန်းတက်မယ့်ဘုရင်ဖြစ်မလာနိုင်ဘူးဆိုရင်၊ စောစောစီးစီး အိမ်ရှေ့စံရာထူးကို ရုပ်သိမ်းလိုက်သင့်သည်။ သူ့ကို မင်းသားဂုဏ်ပုဒ်

ပေးအပ်လိုက်ပြီး သူရဲ့ နယ်မြေအတွင်းမှာ ရိုးရိုးသားသားနေသွားလို့ရသည်။

နှစ်အနည်းငယ်လောက် တိတ်တိတ်ဆိတ်ဆိတ်နေပြီးသွားရင် နောင်တစ်ချိန် ဘုရင်အသစ်တစ်ပါး ရှိလာခဲ့မယ်ဆိုရင်တောင် အိမ်ရှေ့စံမင်းသားရဲ့ ကျော်ကြားမှုတွေကို သူ မေ့ပျောက်လို့ ရနိုင်လောက်သည်။

••••••

All Chapters