ဆုလာဘ်
Vol. 20 Ch. 367
မင်းကြီးမှာ တစ်ခဏတော့ နှုတ်ဆိတ်နေခဲ့သည်။
"အိမ်ရှေ့စံက ကောင်းမွန်ယဉ်ကျးပြီးတော့ ဝတ္တရားကျေပွန်တဲ့ သူတစ်ယောက်။ သူက ပြည်တွင်းရေးရာမှာရော စစ်မက်ရေးရာမှာပါ ကျွမ်းကျင်နှံ့စပ်တယ်။ သူ့ရဲ့ အိမ်ရှေ့စံမင်းသား
ရာထူးကို ဖယ်ပစ်လိုက်လို့မရဘူး။သားတော်ဒီမှာ ရှိနေသ၍ တခြားသူတွေ သူ့အပေါ် အထင်မြင်သေး အပြစ်ပြုခွင့် ပေးမှာမဟုတ်ဘူး။ မယ်တော်၊ မစိုးရိမ်ပါနဲ့။ နောက်ဆုံးကျရင် ဒီလောက ကြီးကို ရွှမ်အာပဲ ပိုင်ဆိုင်ရမှာ" မင်းကြီးရဲ့ အသံအနေထားမှာ အနည်းငယ် အေးစက်ခက်ထန်နေကာ ဘာတစ်ခုမှ မေးခွင့်မပြုခဲ့။
ကြင်ရာတော်မယ်တော်ကြီးကျန်းကလည်း တခြားဘာမှ ထပ်မပြောတော့ချေ။
အရည်အချင်းနှင့် စွမ်းဆောင်နိုင်စွမ်းဆိုလျှင် အိမ်ရှေ့စံမင်းသားမှာ အထူးချွန်ဆုံးဖြစ်၏။
မင်းကြီးက "ကျိုးမိသားစုက သားတော်ရဲ့ စတုတ္ထသားကို အမြတ်ထုတ်ချင်နေကြတာ။ ဒီတစ်ကြိမ်၊ သူတို့ အပြစ်ပေးခံလိုက်ရပြီး တခြားသူတွေကိုလည်း သတိပေးလိုက်သလိုဖြစ်သွားတယ်။ အိမ်ရှေ့စံက ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်။သူ အရင်
ကတည်းက ဒီလို အကြင်နာမဲ့တဲ့နှလုံးသား ရှိသင့်တာ"
ကြင်ရာတော်မယ်တော်ကြီးကျန်းမှာ ပင်ပန်းနေပြီဖြစ်ရာ သူမမျက်လုံးနဲ့ မျက်ခုံးတွေဟာ နွမ်းလျမှေးစင်းနေလေပြီ။
မင်းကြီးက ဒါကို မြင်တော့ ပြန်ထွက်သွားကာမယ်တော်ကြီးအား ကောင်းကောင်းအနားယူစေလိုက်သည်။
…..
မင်းသမီးကြီးရှင်းမော့ ရဲ့ ခန္ဓာကိုယ်ကို တူးဖော်ပြီးပြီဆိုပေမဲ့၊ ဝိဉာဉ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာများစွာကိုရရှိခဲ့တာကြောင့် သူမရဲ့ မှတ်ဉာဏ်တွေကို ပြန်မရနိုင်ခဲ့ချေ။ သို့ပေမဲ့၊ သူမရဲ့ မသိစိတ်ကနေပဲ ဆန္ဒတွေ ပြည့်ဝသွားပြီဆိုတာကိုတော့ သိခဲ့သည်။
ရှဲ့ချောင် သူမကို ကြမ္မာဥယျာဉ်ဆီသို့ ခေါ်သွားကာ အမတအရှင်တွေရဲ့ အရှေ့မှာထားပြီး ချင်းမင်ပွဲတော်အတွင်း ပို့ဆောင်ပေးနိုင်ဖို့ စောင့်ဆိုင်းခဲ့သည်။
သို့ပေမဲ့၊ မင်းသမီးရှင်းမော့ရဲ့ ဝိဉာဉ်တင်မဟုတ်ဘဲ ကျိုးမိသားစုကနေ ခေါ်ထုတ်လာခဲ့တဲ့ အခြား အမျိုးသမီးမကောင်းဆိုးဝါးဝိဉာဉ်လည်း ရှိသေးသည်။
ဒီကောင်မလေးက….
နည်းနည်းတော့ စကားများတယ်.
"ငါနဲ့ ငါ့အမေမှာ စီးပွားရေးလုပ်ငန်းတစ်ခု ရှိခဲ့တယ်၊ အဲဒီနေရာက စွန့်ပစ်ထားတာ နှစ်ပေါင်းများ
စွာ ကြာနေပြီ၊ နင် ငါရဲ့ ဆုတောင်းကို ဖြည့်ပေးမယ်ဆိုရင် ငါ နင့်ကို အဲ့နေရာ ပေးမယ်၊ သွားကြည့်ကြည့်လိုက်"
ထိုမကောင်းဆိုးဝါးဝိဉာဉ်မှာ တော်တော်လေး စဉ်းစားချင့်ချိန်တတ်သည်။
သို့ပေမဲ့၊ ဤမိန်းကလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့က ခက်တယ်လို့ ရှဲ့ချောင်ထင်မိသည်။
"ငါ့မှာက တခြားဆွေမျိုး မရှိဘူး။ အခု… ငါ ဘာလုပ်ရမှန်းမသိတော့ဘူး၊ ဒါပေမဲ့ ငါ မထွက်သွားချင်သေးဘူး။ ငါ့ ဘဝမှာ ဘာတစ်ခုမှတောင် မတွေ့ကြုံမခံစားလိုက်ရဘဲ စိတ်မချမ်းမြေ့စွာနဲ့ သေသွားခဲ့ရတယ်။ ငါက တကယ် သနားစရာကောင်းပါတယ်ဟာ"
မကောင်းဆိုးဝါးဝိဉာဉ်က သနားစဖွယ် ပြောလိုက်သည်။
"အဲဒီတော့" ရှဲ့ချောင်က စိုးရိမ်မနေခဲ့။
" ငါ နည်းနည်းလောက်ပိုပြီး နေချင်သေးတယ်။ ဒီနှစ်တွေမှာ၊ ငါ ကျိုးအိမ်တော်မှာပဲ ပိတ်မိနေခဲ့တာ…ဆယ်ကျော်သက် အရွယ်မိန်းကလေးတစ်ယောက်ကနေ အမျိုးသမီးကြီး တစ်ယောက်ဖြစ်လာတဲ့အထိပဲ" မကောင်းဆိုးဝါးဝိဉာဉ်က ထပ်ပြောလိုက်၏။
ရှဲ့ချောင် မကောင်းဆိုးဝါးဝိဉာဉ်ကို ကြည့်လိုက်ရာ နည်းနည်းတော့ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
သူမရဲ့ ပုံပန်းသဏ္ဍာန်က ဘာပြောင်းလဲမှုမှ ရှိမနေပါဘူး။
"ငါ… နင့်အနားမှာ ဒီအတိုင်းလေးပဲ နေမှာပါ။ နင့်ကို စကားလည်းမပြောဘူး၊ထိလည်း မထိဘူး။ ငါ လုံ
လုံလောက်လောက် တွေ့မြင်ခံစားပြီးသွားတဲ့ အခါကျရင်၊ငါ ထွက်သွားမယ်" မကောင်းဆိုးဝါးဝိဉာဉ်က နောက်ထပ်ပြောလိုက်သည်။
ဒီဝိဉာဉ်က နည်းနည်းတော့ ဒုက္ခပေးလိမ့်မည်ဟု ရှဲ့ချောင်ထင်ခဲ့သည်။ သူမက လက်ထပ်ချင်တာ ဒါမှမဟုတ် တစ်ခုခုကို လုပ်ချင်တာလို့ ထင်ခဲ့ပေမဲ့၊ သူမက ပတ်ကြည့်ချင်ရုံလောက်ပဲလို့တော့ မမျှော်လင့်မိခဲ့ချေ။
"ဟုတ်ပြီ၊ နင် ကြမ္မာဥယျာဉ်မှာ နေနိုင်တယ်။ အခုက နှစ်သစ်ကူးဆိုတော့ မိသားစုတော်တော်များများက အလှူပစ္စည်းတွေ လှူကြလိမ့်မယ်၊ နင် အဲဒါတွေကို စားလို့ရတယ်" ရှဲ့ချောင်ပြောလိုက်၏။
မကောင်းဆိုးဝါးဝိဉာဉ်မှာ အလွန် ကျေနပ်သွားသည်။
အဲဒီနောက်မှတော့ သူမရဲ့ မိသားစု စည်းစိမ်ပိုင်ဆိုင်မှု
တွေကို ရှဲ့ချောင်အား ပြောပြလိုက်သည်။
"အဲဒါက မြို့တော်မှာ ဝယ်ထားတဲ့ အိမ်သစ်တစ်လုံး။ တည်နေရာကလည်း သိပ်ပြီး မဆိုးဘူး၊ အနောက်လမ်းရဲ့ သုံးလမ်း အကျော်လေးမှာတင်ပဲ။ မြေနဲ့ အိမ်ရဲ့ ပိုင်ဆိုင်မှုစာချုပ်တွေနဲ့၊ ငါ့အမေနဲ့ ငါ့မိသားစုရဲ့ စည်းစိမ်ဥစ္စာတွေအကုန်လုံးကို နံရံထဲမှာ ဝှက်ထားတာ။ငါတို့က အဲဒီမှာ ရက်နည်းနည်းလောက်ပဲ နေခဲ့ရတော့…..
နင် ငါ့အတွက် လက်စားချေပေးပြီးသွားရင် အဲ့ပစ္စည်းတွေ အကုန် ယူလိုက်လို့ရတယ်"
စကားဆုံသည်နှင့် မကောင်းဆိုးဝါးဝိဉာဉ်က ရှဲ့ချောင်အား ကြည့်ကြည့်ဖို့အတွက် ခေါ်သွားတော့သည်။
ဒါပေါ့၊ ရှဲ့ချောင်ကလည်း ကမ်းလှမ်းမှုကို မငြင်းဆိုခဲ့ချေ။
သူတို့မြင်းလှည်းနှင့် သွားလိုက်ကြသည်။
သို့ပေမဲ့၊ သူတို့ အိမ်ကို မြင်လိုက်ကြရဲ့အခါမှာတော့….
ရှဲ့ချောင် တုန်လှုပ်သွားခဲ့ရသည်။
"ဘာလို့ ဒီလောက်တောင် ကြီးရတာလဲ" ရှဲ့ချောင် မေးလိုက်၏။
"ဒါက မကြီးဘူး မဟုတ်လား။ ကျိုးအိမ်တော်လောက်တောင် မခမ်းနားဘူး"
မကောင်းဆိုးဝါးဝိဉာဉ်က လှောင်ပြုံးပြုံးလိုက်၏။
"ငါ အသက်ရှိစဉ်တုန်းက အဖေက စီးပွားရေးလုပ်ခဲ့
တယ်။ ကျိုးမိသားစုက ငါတို့ကို သူတို့နဲ့ နေခွင့်ပြုဖို့ ဆန္ဒရှိခဲ့တဲ့ အကြောင်းက၊ အဖေ သက်ရှိထင်ရှားရှိနေတုန်းက မိသားစုကို ငွေကြေးနဲ့ အကျိုးအမြတ်တွေ အမြောက်အမြားပေးလို့ပဲ။ အဖေဆုံးသွားပြီးတဲ့နောက်မှာတော့ ငါနဲ့ ငါ့အမေက စီးပွားရေးကို စီမံခန့်ခွဲနိုင်ခြင်းမရှိတော့ တဖြည်းဖြည်းနဲ့ ကျဆင်းသွားခဲ့တယ်။ ဒါပေမဲ့ ငါတို့မှာက မိသားစု ပိုင်ဆိုင်မှုတချို့ ရှိနေတုန်းပဲလေ"
ရှဲ့ချောင် တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။
၎င်းဟာ ယိုယွင်းပျက်စီးနေသော နေရာတစ်ခုဖြစ်ကာ ခြံဝန်းထဲတွင် ပေါင်းပင်များ၊ သစ်ရွက်ကြွေများဖြင့် ပြည့်နေသည်။ အင်မတန် တိတ်ဆိတ်ခြောက်ကပ်လှသည်။
ဒါတင်မက….
အိမ်ရဲ့ အစိတ်အပိုင်းတော်တော်များများက ပြိုလဲနေရုံတင်မကဘဲ ၊ မီးလောင်ထားပုံရတဲ့ ….နေရာတစ်ခုတောင် ရှိသည်။
ထို အိမ်ထဲတွင် သူဖုန်းစားတွေတောင်စုဝေးနေကြသည်။ ရှဲ့ချောင် ထိတ်လန့်သွားက ချက်ချင်းနောက်ဆုတ်လိုက်သည်။
•••••