← Chapters

အသိဉာဏ်မရှိသော

Vol. 20 Ch. 368

အသိဉာဏ်မရှိသော

Vol. 20 Ch. 368

မကောင်းဆိုးဝါးဝိဉာဉ်က အထဲကို ဝင်သွားကာ လျှောက်ပတ်ကြည့်လိုက်ပြီးနောက် စိတ်ဓာတ်ကျနေတဲ့ပုံနဲ့ ပြန်ထွက်လာခဲ့သည်။ "ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။အကုန် မရှိတော့ဘူး။ ငါနဲ့ ငါအမေ့ရဲ့ လက်ဝတ်လက်စားတွေရော၊ အိမ်ထဲမှာရှိတဲ့ဟာတွေရော တစ်ခုမှ မရှိတော့ဘူး"

ရှဲ့ချောင် မနေနိုင်ဘဲ ပြုံးလိုက်၏။

"ဒါတွေ အကုန်လုံးက နင့်အတွက်ဟာကို နင် ပြုံးနေနိုင်သေးတယ်ပေါ့!" မကောင်းဆိုးဝါးဝိဉာဉ်က ခြေဆောင့်လိုက်သည်။

" ဆယ်နှစ်ကျော်ကြာအောင် အဲဒါတွေကို စောင့်ရှောက်မယ့်သူမရှိတော့ ဒါက ဖြစ်သင့်ပါတယ်လေ။နင့်မှာ ရွှေရော ငွေရော မရှိတော့ဘူးဆိုတော့ ထုံးစံအတိုင်းပဲ နင်ငါ့ကို ပြန်ပေးဖို့ တခြားနည်း ရှိမှာပဲ။ ငါ ဘာလို့ မပြုံးရမှာလဲ။"

လူတစ်ယောက်က တခြားသူတွေအပေါ် တင်နေတဲ့ အကြွေးတွေကို ပြန်ဆပ်ရမယ်လို့ မော့လင်းကျစ်က ပြောခဲ့သည်။

ဒီမကောင်းဆိုးဝါးဝိဉာဉ်က သူမကို အကြွေးတင်ခဲ့

သည်။သူမက ရွှေ၊ ငွေတွေနဲ့ ပြန်မဆပ်နိုင်ဘူးဆိုလျှင် ပေးချေဖို့ အတွက် သူမရဲ့ ကံကောင်းခြင်းကို သုံးရလိမ့်မည်။

ဒီကံကောင်းမှုကြောင့် သူမ နောက်ထပ်နှစ်ရက်လောက် ဆက်နေနိုင်ကောင်းနေနိုင်လောက်သည်။

…..

ရှဲ့ချောင် မှာ အလွန်ပျော်ရွှင်နေ၏။ သူမက အိမ်ပြန်ဖို့ကို အလျင်မလိုခဲ့။ အဲဒီအစား၊ လင်းမိသားစု ငှားရမ်းထားတဲ့ ခြံဝန်းဆီ လမ်းလျှောက်သွားခဲ့သည်။

လင်းမိသားစုက ချမ်းသာတဲ့ မိသားစုမဟုတ်ပေ။ အိမ်တော်ထိန်းကခြံဝန်းငှားတဲ့ အခါမှာ ဒီ အချက်ကို ထည့်သွင်းစဉ်းစားခဲ့သည်။ ဘေးပတ်ဝန်းကျင်မှာ သာမန်လူတွေပြည့်နေပြီး အစွန်အဖျားကျတဲ့ နေရာတစ်ခုကို သူ ရွေးချယ်ခဲ့သည်။

ရှဲ့ချောင်က အစာပြေမုန့်နှင့် လက်ဆောင်တချို့ ဝယ်ယူကာ သိပ်မကြာလိုက်ခင်မှာပဲ ရောက်သွားခဲ့သည်။

သူမ လမ်းကြားကို ရောက်တဲ့အချိန်၊ ရှဲ့ဖင်းဟွိုက်က မရေမရာဖြစ်နေသောမျက်နှာထားနဲ့ ရပ်နေတာကို တွေ့လိုက်ရသည်။သူရဲ့ မျက်နှာသွင်ပြင်မှာ ရှုံ့တွလုနီးပါးဖြစ်နေ၏။

" ဘာလို့ ရပ်နေတာလဲ" ရှဲ့ချောင် အရှေ့သို့ လျှောက်လာကာ မေးလိုက်သည်။

"အကြီးဆုံးအစ်မ၊ ကျွန်တော် အိမ်ပြန်လို့ရမလား၊ ဒီနေရာမှာ မနေချင်ဘူး" ရှဲ့ဖင်းဟွိုက်က သနားစဖွယ်ပြောလိုက်၏။

ရှဲ့ချောင်က ရှဲ့ဖင်းကန်းကြည့်နေတဲ့ဘက်ကို ကြည့်လိုက်၏။

သို့သော်၊ ဖိုးဖိုးလင်းက တခြားတစ်ယောက်ရဲ့ ခြံဝင်းထဲမှာ ရှိနေတာကို တွေ့လိုက်ရသည်။ သူက မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်ကာ တစ်စုံတစ်ယောက်ရဲ့ ပါးစပ်ထဲက အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်ဖို့ ကူညီနေသည်။ သူရဲ့ လက်တွေနဲ့ ခန္ဓာကိုယ်ဟာ ညစ်ပတ်နေလေသည်။

"ဖိုးဖိုးလင်းက တစ်ယောက်ယောက်ကို ကယ်နေတာလား" ရှဲ့ချောင် နည်းနည်းအံ့ဩသွားသည်။

"ဟုတ်တယ်၊ သူက လူတစ်ယောက် အော်ဟစ်တာကို ကြားသွားတယ်။ သူ ထွက်လာတော့ မြေကြီးပေါ်မှာလဲနေပြီး တသိမ့်သိမ့်တုန်နေတဲ့ အဲဒီလူကို တွေ့သွားတယ်။ သူက မနှစ်မြိုစရာကောင်းတဲ့ အရာတွေကိုတောင် အန်နေတာ…." ရှဲ့ဖင်းဟွိုက်က ပြောပြီးသွား

သည်နှင့် သူရဲ့ အထင်သေးတဲ့မျက်နှာထားကို ဆက်ပြီး ထိန်းချုပ်မထားနိုင်တော့။ "အဲဒါကြီးက မနှစ်မြို့စရာကောင်းလွန်းတယ်။ အစ်မကြီး၊ အဲဟာက မြင်းရဲ့ မစင်ထက်တောင် ပိုပြီး ရွံစရာကောင်းသေးတယ်"

ရှဲ့ဖင်းဟွိုက်ရဲ့စကားဆုံးသည်နှင့် အထဲမှာ ရှိနေတဲ့ ဖိုးဖိုးလင်းပြောတာကို ကြားလိုက်ရသည် "ဒီ အညစ်အကြေးတွေကို ရှင်းပြီးသွားတော့ တက်တဲ့ အခြေအနေက တည်ငြိမ်သွားပြီ။ ဒါပေမဲ့၊ မင်းအနေနဲ့ သမားတော်တစ်ယောက်နဲ့ ပြဖို့လိုတယ်။ ငါက လှည့်လည်သွားလာနေတဲ့ သမားတော်တစ်ယောက်သာသာပဲ။ မင်း စိတ်ပူနေတုန်းပဲ ဆိုရင်တော့၊ ဆေးဆိုင်ကိုသွားပြီး စစ်ဆေးကြည့်လိုက်တာ ပိုကောင်းတယ်"

သူ ဖော်ဖော်ရွေရွေနဲ့ပဲ ထရပ်လိုက်က သူရဲ့ လက်တွေကို သုတ်လိုက်ပြီး၊ ပြုံးပြလိုက်သည်။သူ ထိုလူရဲ့ အိမ်ကနေ ထွက်လာခဲ့သည်။

ရှဲ့ဖင်းဟွိုက်က မြန်မြန်ဆန်ဆန်ပဲ ဘေးကို လှည့်ကာ သူ့ကိုယ်သူ ဖိုးဖိုးလင်းနဲ့ ခပ်ခွာခွာနေလိုက်၏။

ဖိုးဖိုးလင်းက ခဏတော့ မှင်တက်သွားခဲ့သည်။ ထို့နောက် "ဒါတွေက ညစ်ပတ်တယ်မလား။ ဖိုးဖိုး ပြန်သွားပြီး ဆေးကြောလိုက်မယ်။ စောစောက ဖိုးဖိုးရဲ့ လက်တွေကိုသာ မသုံးခဲ့ရင် အဲဒီလူက အန်ရင်းနဲ့ အသက်ရှူကျပ်ပြီး သေသွားလောက်တယ်။ ကြည့်ပါဦး၊ ဒါက အသက်တစ်ချောင်းနဲ့ အလဲအလှယ်လုပ်ခဲ့တဲ့ မစိုစလောက် အဖိုးအခလေးပဲ။ ဒါက မထိုက်တန်ပေဘူးလား"

ဖိုးဖိုးလင်း စကားပြောနေစဉ် သူရဲ့ ခြေလှမ်းတွေဟာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ သူရဲ့ ဆေးသတ္တောလေးကို သူ့ရဲ့ ခြံဝင်းငယ်လေးဆီ ပြန်သယ်သွားလိုက်သည်။

" အစ်မကြီး၊ လင်းမိသားစုဝင်တွေ အားလုံးက

အသိဉာဏ်မရှိကြတာပဲ" ရှဲ့ဖင်းဟွိုက်မှာ အထောက်အပံ့ပေးမယ့်သူကို တွေ့သွားတဲ့ပုံပင်၊သူ ရှဲ့ချောင်အား တရပ်စပ်ကို ပြောတော့သည်။

"သူတို့မိသားစုက အလုပ်ရှုပ်လွန်းတယ်၊ ဒီအိမ်ကို တစ်လစာပဲ ငှားထားတဲ့ဟာကို သူတိုက ဆေးဆိုင်တောင် ဖွင့်လိုက်သေးတယ်။ သူတို့က တစ်နေကုန် ဆေးဖက်ဝင်ပါဝင်ပစ္စည်းတွေထုတ်နေကြတော့ တစ်အိမ်လုံး ဆေးနံ့တွေနဲ့ မွှန်နေတာပဲ။ကျွန်တော် ဒီ၂ရက်မှာ ကောင်းကောင်း မအိပ်ရသေးဘူး!"

"အဲဒီ အဒေါ်ကလည်း ညလယ်ကြီးကျမှ တစ်စုံတစ်ယောက်အတွက် ကလေးကို သွားမွေးပေးလိုက်သေးတယ်။ သူ့က ကျွန်တော်ကိုတောင် ဆက်တိုက် တရွတ်ဆွဲခေါ်နေပြီး ပစ္စည်းတွေ သယ်ဖို့ ပြောတယ်။ ကျွန်တော် အပြင်မှာ စောင့်နေတုန်း အထဲကမိန်းမကြီးရဲ့ အဆက်မပြတ်အော်နေတာကို ကြားလိုက်ရတယ်။ တကယ် ကြောက်ဖို့ကောင်းတာပဲ" ရှဲ့ဖင်းဟွိုက်ရဲ့ မျက်လုံးထဲ၌ ထိတ်လန့်ခြောက်ခြားမှုတွေ ရှိနေသည်။

ရှဲ့ချောင် ထိုစကားတွေကိုကြားတော့၊ သူမရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွားကာ ပြောလိုက်၏။

မဆိုးပါဘူး၊ သူ နှိပ်စက်ခံရသင့်တယ်။

ရှဲ့ချောင် ခြံဝင်းထဲ ဝင်လိုက်တဲ့အခါမှာ မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး အနက်ရောင် ခွေးတစ်ကောင်နဲ့ ကစားနေတဲ့ ရှဲ့ရှီကို တွေ့လိုက်ရသည်။

"မနေ့က ရောင်းတဲ့သူဖြတ်သွားတော့ ရှီအာက အနက်ရောင်ခွေးလေးကို ငေးကြည့်နေတာ။အဒေါ်လည်း သူကစားလို့ရအောင်ဆိုပြီး ဝယ်ပေးလိုက်တာ" လင်းယာ့ရှန်းက သူမရဲ့ လက်တွေကို ပွတ်လိုက်၏။ "ချမ်းသာတဲ့မိသားစုက သခင်မလေးတစ်ယောက်က ဒီလိုဟာတွေကိုထိနိုင်ပါ့မလားဆိုတာတော့ ဒေါ်လေးလည်း မသိဘူး၊ ဒါပေမဲ့ အဲဒါက ညစ်ပတ်နေတာတော့ မဟုတ်ပါဘူး"

•••••

All Chapters