← Chapters

သံမဏိဦးခေါင်းနည်းလမ်း

Vol. 20 Ch. 370

သံမဏိဦးခေါင်းနည်းလမ်း

Vol. 20 Ch. 370

အသံက အတော်လေးမူမမှန်ဘူးဆိုတာကို ရှဲ့ချောင် မရေမရာခံစားမိနေသည်။ အသံက အနည်းငယ်မရှင်းမလင်းဖြစ်နေကာ အလှမ်းဝေးနေသည်။ အစစ်အမှန် မဟုတ်သလိုပင်။

ဆက်တိုက်ကို မြည်နေကာ စိတ်တိုစရာကောင်းသည်။

သူမ ကြည့်ကြည့်ဖို့အတွက် အပြင်ထွက်လိုက်၏။

လမ်းကြားထဲ၌ အိမ်များစွာရှိပြီး အိမ်တိုင်းက အရှေ့တံခါးတွေကို ဖွင့်ထားကြရာ သူမ ဖြတ်ခနဲကြည့်လိုက်ရုံနဲ့ ခြံဝင်းထဲကမြင်ကွင်းကို တွေ့နိုင်သည်။

ဘေးအိမ်က တံခါးတစ်ခုတည်းကသာ တင်းကျပ်စွာ ပိတ်လို့ထားသည်။ အသံတစ်သံမှ မကြားရ သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေသလိုပင်။

"ဘေးအိမ်မှာ ဘာလို့ လူတစ်ယောက်မှမနေတာလဲ" ရှဲ့ချောင်ကာ သာမန်ကာလျှံကာပဲ မေးလိုက်သည်။

"ဘေးအိမ်မှ လူတစ်ယောက်မှမနေဘူးဆိုတာ ဘယ်လိုသိတာလဲ။ အဒေါ်တို့ ဒီကို ပထမဆုံးရောက်လာတုန်းက၊ ဘေးအိမ်မှာ တစ်ယောက်ယောက်နေမယ်လို့ထင်ခဲ့တာ။ လေးစားသမှုကိုပြဖို့အတွက် တံခါးတောင် သွားခေါက်လိုက်သေးတယ်။ ဘယ်သူသိမှာလဲ၊ အဒေါ်တို့ အကြာကြီး တံခါးခေါက်နေတာတောင်၊ တံခါးလာဖွင့်တဲ့ အိမ်နီးချင်းကို မတွေ့ရဘူးလို့။ အဲဒီအိမ်က အလွတ်ကြီးလို့တောင် တစ်ယောက်က ပြောခဲ့သေးတယ်" လင်းယာ့ရှန်းက သိပ်တွေးမနေဘဲ ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။

ရှဲ့ချောင် ရုတ်တရက် စိတ်မသိုးမသန့်ဖြစ်သွားခဲ့၏။

ဘေးအိမ်က သရဲခြောက်တဲ့အိမ်နဲ့တူတယ်။

အိမ်ကို ရှာခဲ့တဲ့ အိမ်တော်ထိန်းက စိတ်မချရဘူးပဲ။ သူက ဒီလိုအရေးကြီးတဲ့ ကိစ္စကိုတောင် မပြောပြထားခဲ့ဘူး။

သူမရဲ့ အိမ်တော်ထိန်းအသစ်က အတော်လေး ရိုးသားသည်။ သူသာ ဘေးအိမ်က အခြေအနေကို သိခဲ့ရင်၊ လင်းမိသားစုကို ဒီမှာနေဖို့ သေချာပေါက် ခေါ်လာခဲ့မှာ မဟုတ်ချေ။

ရှဲ့ချောင် ခဏ စဉ်စားလိုက်ပြီးနောက် သူမနဲ့အတူယူလာခဲ့တဲ့ အဆောင်စာရွက် အနည်းငယ်ကို ထုတ်ယူလိုက်သည်

သူမ ရှဲ့ဖင်းဟွိုက်ကိုတိုးတိုးတိတ်တိတ်ခေါ်လိုက်၏။

"မင်းတို့ကလေးတစ်ယောက်စီတိုင်းမှာ ဒီ အဆောင်

စာရွက်တစ်ရွက်စီ ရှိရမယ်။ ဒါကို ယူသွား၊မပျောက်စေနဲ့" ရှဲ့ချောင် သတိပေးလိုက်သည်။

ရှဲ့ဖင်းဟွိုက်က ယူပြီး ကြည့်ကြည့်လိုက်သည်။ ဒီအဆောင်စာရွက်တွေက ခေါက်ထားပြီးတော့ ဟောင်းနွမ်းနေပြီး ကြည့်ရဆိုးနေသည်။ဒီဟာတွေကို ဘာအတွက်သုံးမှာလဲ။

ဒါပေမဲ့လည်း၊ သူ့ရဲ့ အစ်မကြီးက အသက်ရှင်နိုင်ဖို့ ရက်ဘယ်လောက်မှ မကျန်တာကို သိရတော့၊ ရှဲ့ဖင်းဟွိုက် နာခံစွာနှင့်ပဲ ခေါင်းညိတ်လိုက်သည်။ "အဲဒီကလေးတွေက ကျွန်တော့်ကို ကြောက်ကြတယ်။ကျွန်တော် ပြောရင် သူတို့ ဘာမဆို လုပ်မှာ။ စိတ်မပူပါနဲ့၊ ကျွန်တော် သူတို့ကို ဒါတွေစားဆိုရင်တောင် သူတို့ ထွေးထုတ်ရဲမှာ မဟုတ်ဘူး!"

ရှဲ့ချောင် သူ့နဖူးကို လက်ဝါးဖြင့် ဖြန်းခနဲမြည်အောင် ရိုက်ချလိုက်သည်။

"မင်းကို အနိုင်ကျင့်ခွင့်မပြုထားဘူး" ရှဲ့ချောင် သူ့ကို စိုက်ကြည့်လိုက်သည်။

ရှဲ့ဖင်းဟွိုက် သူမကို ပြန်ငြင်းမနေခဲ့။ အဲဒီအစား

"အစ်မရဲ့ လက်က ပေါက်စီနဲ့ လုပ်ထားတာလား။ နူးညံ့ပြီး အားလည်းတစ်စက်မှ မရှိဘူး။ ကျွန်တော်ရဲ့ ခေါင်းက သံမဏိဦးခေါင်း နည်းကို သုံးခဲ့တာ။ အစ်မသာ အားတချို့ မထည့်ခဲ့ရင် ကျွန်တော် နည်းနည်းလေးတောင် နာမှာ မဟုတ်ဘူး!"

ရှဲ့ချောင် သူမကိုယ်သူမ စိတ်ငြိမ်အောင် လုပ်လိုက်သည်။

ဒီကလေကချေကောင်လေးကတော့

"ဒါကို သေချာသိမ်းထား၊ အိမ်မှာတစ်ခုခု ဖြစ်ရင်၊

အစ်မကို လူလွှတ်ပြီး ရှာခိုင်းလိုက်"ရှဲ့ချောင် ထပ်ပြောလိုက်သည်။

အခုက နည်းနည်းနောက်ကျနေပြီဖြစ်ရာ သူမအနေနဲ့ သွားကြည့်လို့ မကောင်းပေ။ဒါပေမဲ့၊ မနက်ဖြန်ကျရင်တော့ မော့ချူးရှန်း လာလိမ့်မည်။

ရက်အနည်းငယ်လောက်ကြာတဲ့ အထိ လင်းမိသားစုဟာ ဘာပြဿနာတစ်ခုမှ မဖြစ်ဘဲ နေခဲ့ရာ၊ အချိန်ကြာတဲ့အထိ ထိုအိမ်က သက်ရောက်မှုထွေထွေထူးထူး မရှိတဲ့ပုံပင်။

သို့ပေမဲ့လည်း မတော်တဆဖြစ်မှုများကို ရှောင်းရှားဖို့ အတွက် တတ်နိုင်သမျှစောစောစီးစီး ဖြေရှင်းထားတာက ပို ကောင်းသည်။

ရှဲ့ချောင် စောစောပြန်ခဲ့သည်။

ရှဲ့ဖင်းဟွိုက်ကလည်း ပြောစကားနားထောင်ကာ ရှဲ့ရှီ အပါအဝင် ကလေး လေးယောက်အား တန်းစီ ရပ်ခိုင်းလိုက်သည်။

"ဒါကို ယူထား၊ နောက်တစ်ကြိမ် အစ်မကြီး လာလို့ မင်းဆို့ဆီမှာ ဒီဟာ ရှိသေးတယ်ဆိုရင် ပုရစ်တွေ ကြည့်ဖို့ ခေါ်သွားပေးမယ်!" ပြောပြီးသွားတဲ့နောက် ရှဲ့ဖင်းဟွိုက်က အထူးတလည်နဲ့ ရှဲ့ရှီကို ကြည့်လိုက်သည်။ "မင်းမှာ ရှိနေသေးရင်၊ ငွေသားပေးမယ်"

အရင်တုန်းကဆိုလျှင် သူဟာ အင်မတန် ရက်ရောခဲ့သည်။

အခုတော့၊ သူ ဒီငွေ နည်းနည်းလေးကိုသာ တတ်နိုင်တော့သည်။

အငယ်လေးယောက်က သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကြသည်။တစ်ယောက်ချင်းစီရဲ့ လက်ထဲတွင် အဝါရောင် အဆောင်စာရွက်တစ်ရွက်စီ ရှိနေကာထိုစာရွက်ကို ရင်ဘတ်ထဲ ထည့်သိမ်းထားလိုက်ကြသည်။

ရှဲ့ဖင်းဟွိုက်မှာ အတော်လေး ဂုဏ်ယူနေမိသည်။

အဒေါ်လင်းက ရက်စက်ပေမဲ့ သူရဲ့ ဝမ်းကွဲတွေကတော့ မဆိုးပါဘူး။၊သူတို့က အနိုင်ကျင့်ဖို့ လွယ်ကူလွန်းပြီး ဘာမှသိပ်ပြီး မသိကြဘူး။ သူ သူတို့ကို အများကြီး သင်ပေးရမယ်!

အဆောင်စာရွက်များကို ဝေလိုက်ပြီးနောက် ရှဲ့ဖင်းဟွိုက်က သူတို့ကို လမ်းကြားထဲမှာ ပြေးဖို့ အတွက် ခေါ်သွားခဲ့သည်။ အဲဒီနောက်မှာတော့ လက်ဝှေ့ထိုးခြင်းနဲ့ ကျွမ်းထိုးခြင်းတို့ကို တစ်လှည့်စီသင်ကြားပေးခဲ့သည်။

ရှဲ့ဖင်းဟွိုက်မှာ အလွန်ကို အင်အားကြီးသည်။ သူဒီကို ရောက်တာ ရက်နည်းနည်းလောက်ပဲ ရှိသေးပေမဲ့ လက်အောက်ငယ်သားတချို့တောင်စုဆောင်းပြီးနေလေပြီ။

အသက်ကြီးတဲ့ကလေး အနည်းစုကတော့ သိပ်ပျော်ကြသည့် ပုံမပေါ်။ "မင်းက အင်အားကြီးလွန်းတာပဲ။ တကယ်လို့ မင်းမှာ စွမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုရင်၊ အရူးမော့ရဲ့ အိမ်မှာ တစ်ညလောက် သွားနေလိုက်လေ။ မင်း လုပ်ရဲလို့ကတော့ မနက်ဖြန်ကျရင် ငါတို့ မင်းကို ခေါင်းဆောင် လို့ခေါ်မယ်"

•••••

All Chapters