ထွက်လာခဲ့စမ်း
Vol. 20 Ch. 371
ထိုကောင်လေးရဲ့စကားကို ကြားတော့ ရှဲ့ဖင်းဟွို
က် ဒေါသ တထောင်းထောင်းထွက်သွားသည်။ သူက ခေါင်းမော့ကာ "အရူးမော့ ဆိုတာ ဘယ်သူလဲ။ငါသွားချင်ရင် သွားမယ်။ သူ ငါ့ကို ရိုက်ရဲတယ်လို့ လာမပြောနဲ့"
တခြားကလေးတွေက သူပြောတာကြားပြီး၊ သူတို့ထဲက တစ်ယောက်က အော်ရယ်လိုက်သည်။ "အရူးမော့ဆိုတာသေပြီ၊ သူ အသက်ရှင်တုန်းကတော့ မင်းတို့အိမ်ဘေးမှာ နေခဲ့တာလေ။ မင်းတို့ အိမ်ထဲကနေဆိုရင် ခဏခဏ အသံမျိုးစုံကို ကြားရတတ်တယ်ဆိုပြီး ငါ့အမေပြောတယ်။ အဲဒါ အရူးမော့က မင်းတို့ကို ရှာနေတာ ဖြစ်ရင်ဖြစ်မှာပေါ့!"
တခြားကလေးတွေ ထိုကောင်လေးရဲ့ အင်္ကျီကို ဆောင့်ဆွဲလိုက်ကြသည်။
ထိုသို့ပြောလိုက်တဲ့ ကောင်လေးကလည်း ခဏ
တော့ ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏ "ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းတို့တွေ သွားရဲမှာမဟုတ်ပါဘူးကွာ။ သူရဲ့ အိမ်က ထူးဆန်းတယ်၊ အဲဒီမှာ ညစ်ညမ်းတဲ့ အရာတွေ ရှိလောက်တယ်!"
ဒါပေမဲ့၊ ရှဲ့ဖင်းဟွိုက်က ဘယ်သူ့ကိုများ ကြောက်တတ်လို့လဲ?
သူက ခေါင်းလှည့်ကာ အိမ်ရဲ့ ပိတ်ထားတဲ့ တံခါးကို စိုက်ကြည့်လိုက်သည်
ကြည့်လိုက်တော့လည်း၊ ဘာမှ ထူးထူးခြားခြားရှိမနေဘဲနဲ့။
"ကောင်းပြီ၊ မင်းတို့တွေ ငါ့ကို စောင့်နေလိုက်!"
ရှဲ့ဖင်းဟွိုက်က ထေ့ငေါ့လိုက်ကာ ဘေးအိမ်တံခါး
ဆီကို တွေဝေခြင်းမရှိ ပြေးသွားလိုက်သည်။ သူ ခြေထုတ်မြှောက်ကာ ကန်ဖွင့်လိုက်ချိန် ဒုန်းခနဲမြည်သံနှင့်အတူ ဖုန့်မှုန့်တလိပ်ကြီး ပေါ်လာခဲ့သည်။
ရှဲ့ဖင်းဟွိုက်က ဂုဏ်ယူစွာနှင့် လှည့်ကြည့်လိုက်ပေမဲ့လည်း ထိုကလေးတွေ ထွက်ပြေးသွားပြီဆိုတာ တွေ့လိုက်ရသည်။
သူက အထင်သေးစွာနဲ့ "သူရဲဘောကြောင်လိုက်တဲ့သူတွေ၊ ကိုယ့်ကတိကိုယ် မတည်ကြဘူး။ ဒါက ဟောင်းနွမ်းနေတဲ့ အိမ်လေးပဲ မဟုတ်ဘူးလား? တစ်ယောက်ယောက် သေထားတယ်ဆိုရင်တောင် ထွေထွေထူးထူးမှ မဟုတ်ဘဲ။ သူတို့အိမ်မှာရော လူမသေဖူးလို့လား။သူတို့ရဲ့ ဘိုးဘွားတွေက အခုထိ အသက်ရှိနေလို့လား?"
ပြောပြီးသွားတဲ့နောက်၊ ရှဲ့ဖင်းဟွိုက် ခေါင်းဆန့်
ကာ သူ့ရှေ့က ခြံဝင်းကို ကြည့်လိုက်သည်။
ဒါက…. သာမန်ပါပဲ.
ဒါပေမဲ့ ဖုန်တက်နေတဲ့ ပန်းပဲဖိုတစ်ခုနဲ့တော့ တူတယ်.
ခြံဝင်းမှာ လင်းအိမ်တော်ထက် နည်းနည်းပိုပြီး သေးသည်။ အခန်း နှစ်ခန်း၊ သုံးခန်းလောက်သာ ရှိပြီး၊ခြံဝင်းထဲတွင် ထနောင်းပင်ကြီးတစ်ပင်ရှိ၏။
လူအနည်းစုလောက်ကသာ ထိုသို့သော အပင်မျိူးကို ခြံဝင်းထဲမှာ စိုက်ကြတာကြောင့် အတော်တော့ ထူးဆန်းသည်။
"ဒီသစ်ပင်က တော်တော်မြင့်တယ်၊ ငါတို့ အထဲဝင်
ပြီး ကြည့်ကြည့်ကြမလား" ရှဲ့ဖင်းဟွိုက်က လင်းသာ့လန်ကို လှည့်မေးလိုက်သည်။
လင်းသာ့လန်ဟာ ခုနစ်နှစ်သာ ရှိသေးသည်။ သူဟာ ယဉ်ကျေးသိမ်မွေ့တဲ့ ဒုတိယသားတစ်ယောက်ဖြစ်၏။ သူ အသက် သုံးနှစ်၊ ငါးနှစ်လောက်ရောက်ချိန်၌ ဖိုးဖိုးလင်းနဲ့အတူ (Tangtou Gejue)ကို နှုတ်တိုက် ရွတ်ဆိုနေနိုင်ပြီဖြစ်သည်။
(T/N -Tangtou Gejue ဆိုတာက တရုတ်ဆေးနည်းတွေကို ကာရံနဲ့ ရေးထားတဲ့ စာအုပ်ပါ)
"ဝမ်းကွဲ၊ ဒါ မကောင်းဘူးနော်၊ နောက်ပြီးတော့ တခြားသူရဲ့ အိမ်လေ၊ ငါတို့ ဇွတ်မဝင်သင့်ဘူး" လင်းသာ့လန် ခေါင်းရမ်းလိုက်သည်။
"အိမ်ထဲမှာ ဘယ်သူမှ မရှိတဲ့ဟာကို ဘာကြောက်နေစရာလိုလဲ" ရှဲ့ဖင်းဟွိုက်ကတော့ လုံးဝ ဂရုစိုက်မနေခဲ့ချေ။
ဒီကမ္ဘာပေါ််မှာ သူ့အဖေနဲ့ အစ်ကိုကြီးက လွဲရင်၊ သူ့အဖေထက် ရာထူးမြင့်တဲ့သူတွေကိုပဲ ကြောက်ရမယ်လို့ အဒေါ်လုက ပြောဖူးသည်။ တခြားသူတွေက ပြဿနာမရှိ။ တကယ်လို့ သူတစ်ယောက်ယောက်ကို စော်ကားခဲ့မိရင်တောင် မိသားစုက ဖြေရှင်းနိုင်သည်။
ထိုစဉ်…
ဒါက သာမန်အိမ်လေးတစ်အိမ်ပဲ။ ပစ္စည်းခိုးဖို့ ဝင်သွားမှာလဲ မဟုတ်။ လျှောက်ပတ်ကြည့်ပြီးရင်၊ ချက်ချင်း ပြန်ထွက်လာမှာလေ!
ရှဲ့ဖင်းဟွိုက် အထဲဝင်သွားခဲ့သည်။
ကလန်! ကလန်! ကလန်!
"အရမ်းကျယ်တာပဲ" ရှဲ့ဖင်းဟွိုက် သူရဲ့နားကို အုပ်လိုက်သည်။ အဲဒီ ဆူညံသံက ဒီနေရာမှာ ရှင်းရှင်းလင်းလင်းကြီး ကြားရတာပဲ!
ဆူညံသံက အိမ်ထံကနေ လာတာလို့ သူခံစားမိသည်။
ရှဲ့ဖင်းဟွိုက်က တုံ့ဆိုင်းမနေဘဲ လျှောက်သွားလိုက်၏
တစ်လှမ်း၊ နှစ်လှမ်း.
သူရဲ့ ခြေထောက်အောက်ကနေ တရှဲရှဲမြည်သံ ထွက်နေပုံပင်။ သူ တစ်ဖက်လှည့်ကြည့်လိုက်ကာ သရော်လိုက်သည်။
ခြံဝင်းက လူမနေတာကြာပြီဖြစ်ရာ တော်တော်လေး တိတ်ဆိတ်နေ၏။ ဝင်လာပြီးတဲ့နောက်မှာ၊ သူ့ရဲ့ ခြေလှမ်းသံတွေက ပိုပြီး ပြတ်သားလားတော့ ကြောက်စရာ ကောင်းလာသည်။ အိမ်နီးနားချင်းက ကောင်စုတ်လေးတွေက ဒီအသံတွေကို ကြားဖူးတာမလို့ ဒီနေရာကို အန္တရာယ်ရှိတယ်လို့ ထင်နေကြတာပဲ။
အိမ်ထဲက ထုရိုက်နေတဲ့အသံတွေကတော့….
"အထဲမှာ ဘယ်သူ ပုန်းနေတာလဲ၊ ထွက်လာခဲ့စမ်း!"
သူ တံခါးရှေ့မှာ ရပ်ပြီး အကျယ်ကြီး အော်လိုက်သည်။ "မင်းထွက်မလာဘူးဆိုရင် ငါဝင်လာမယ်။မိလို့ကတော့၊ မင်းကို ကြိုးတုတ်ပြီး၊ တစ်ညလုံး မင်းရဲ့ နားနားမှာ မောင်းတီးပစ်မယ်"
ပြန်တုံ့ပြန်တဲ့သူတစ်ယောက်မှ မရှိသလို၊ ဆူညံသံတွေ ရှိနေဆဲပင်။
"မင်းက လူတွေကို ခြောက်တဲ့နေရာမှာ သိပ်တော်တာပဲ" ရှဲ့ဖင်းဟွိုက် လှောင်ပြုံး ပြုံးလိုက်သည်။
သူတံခါးကို တွန်းဖွင့်လိုက်ကာ ခြေနှစ်ဖက်စလုံးနဲ့ ဝင်သွားလိုက်သည်။
သို့သော်၊ ချက်ချင်းဆိုသလို ဝှစ်ခနဲ မြည်သံနဲ့အတူ အပြင်ဘက်က ထူးဆန်းတဲ့ လေတစ်ချက်
က တံခါးကို ပိတ်ပစ်လိုက်သည်။
ရှဲ့ဖင်းဟွိုက်မှာ တုန်ယင်သွားရသည်။ သူ ပတ်ကြည့်လိုက်တော့၊ အိမ်က မှောင်မည်းနေတာကို တွေ့လိုက်ရ၏….
•••••