ပန်းပဲဖို
Vol. 20 Ch. 372
ရှဲ့ဖင်းဟွိုက် တံခါးကို တွန်းဖွင့်လိုက်ပေမဲ့ တံခါးက ပွင့်မသွားခဲ့ချေ။ သူ ခုန်ပြီး ကန်လိုက်ပြန်တော့လည်း သူသာ ပြန်ကန်ထွက်သွားပြီး မြေကြီးပေါ်ကျသွားသည်။
သူ နာကျင်စွာနဲ့ပဲ မတ်တပ်ပြန်ရပ်လိုက်၏။
ရုတ်တရက် အပေါ်အောက်ရွေ့လျားနေတဲ့ မီးတောက်လိုမျိုး ထူးဆန်းတဲ့ အနီရောင်အလင်းတန်းကို ဝိုးတိုးဝါးတား မြင်လိုက်ရသည်။
"အဲဒါ ဘာလဲ၊ ငါ့အမိန့်ကို နာခံစမ်း!" ရှဲ့ဖင်းဟွိုက်မှာ မသိစိတ်ကနေ အော်ပြောလိုက်လေသည်။
ကလန်! ကလန်! ကလန်!
"ငါ့ကို လာရိုက်! ငါ့ကို လာရိုက်! ရှေ့ကသွား"
ကြီးမားသော ပုဆိန် တစ်လက် သူ့မျက်နှာတည့်တည့်ဆီ ဦးတည်လို့လာသည်။
ရှဲ့ဖင်းဟွိုက်မှာ အလျင်စလို တံတွေးမျိုချလိုက်
မိ၏။
….
ထိုစဉ်၊ အပြင်မှာရှိနေကြတဲ့ ကလေးများမှာ အလွန်ကြောက်လန့်ကြလေပြီ။
"အစ်ကို! အစ်ကိုကို့ကယ်ပါဦး!" ရှဲ့ရှီရဲ့ မျက်နှာဟာ ဖြူဖျော့သွားသည်။ သူမ လင်းအိမ်တော်ဆီသို့ ပြေးကာ အထဲဝင်သွားလိုက်သည်။ သူမက လင်းကန်းစုန့်နှင့် လင်းစိုက်ပေါ် တို့ကို ဆွဲကာ "အိမ်က ပြိုကျသွားပြီ"
လင်းမိသားစုရဲ့ သားမက်နှစ်ယောက်ဟာလည်း အိမ်ပြိုသွားပြီဆိုတာကို သိလိုက်သည်။
ပွက်လောရိုက်သံတွေကို ကြားလိုက်ရပြီး ဖုန်မှုန့်
တစ်လိပ်ကြီးကိုတောင် မြင်လိုက်ရသေးတယ်!
"အစ်ကိုက အထဲမှာ" ရှဲ့ရှီနဲ့ လင်းသာ့လန်တို့မှာ အလွန်စိုးရိမ်နေကြသည်။
ထိုစကားတွေ့ကိုကြားလိုက်ရတဲ့ လင်းမိသားစုတစ်ခုလုံး အထိတ်တလန့်ဖြစ်ကုန်ကြသည်။ အပျက်အစီးတွေရှိရာကို အလျင်စလိုပြေးသွားလိုက်ကြပြီးနောက် သူတို့ ချက်ချင်းဆိုသလို မှင်တက်သွားခဲ့ကြသည်။
ကျောက်နံရံကြီးမှာ ပြိုကျသွားပြီဖြစ်ပြီး မြေပြင်ပေါ်တွင် အကျိုးအပဲ့များဖြင့် ပြည့်နေ၏။ အဒေါ်လင်းနဲ့ ဆူညံသံတွေကို ကြားလိုက်ရတဲ့ အိမ်နီးချင်းတွေက အပေါ်ကိုတက်ဖို့ ကြိုးပမ်းနေကြသည်။ သူတို့ နံရံပေါ်တက်လိုက်တဲ့အခါ အိမ်ထဲမှာ….ကျောက်မီသွေးတွင်းကြီးတစ်ခုလို
ပေါက်ကွဲထနေတာကို မြင်လိုက်ရသည်။
အဲဒီကောင်လေး ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ?
ထနောင်း ပင်ကြီးသည်လည်း လဲကျသွားပြီဖြစ်ကာ ပြိုကျနေတဲ့ အိမ်ပေါ်ကို ဖိမိနေသည်။ အိမ်ပေါ်မှာ တန်းတွေ သစ်ပင်တွေ ရှိနေတာကြောင့် သူတို့ လွယ်လွယ်နဲ့ မဖယ်ရဲ ကြချေ။
"မြန်မြန်၊ အာဏာပိုင်တွေကို မြန်မြန် သတင်းသွားပို့"
အဒေါ်လင်းရဲ့ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူမဟာ ဒယ်အိုးပူထဲက ပုရွက်ဆိတ်တစ်ကောင်လိုမျိုး စိုးရိမ်ကြောင့်ကြနေပေမဲ့ သူမ လုပ်လို့ရတာ တစ်ခုမှ ရှိမနေခဲ့။
အဲ့ကောင်လေး အသက်ရှင်နေဆဲဆို ဘယ်လိုလုပ်မလဲ။ အပေါ်ကပိနေတဲ့ဟာတွေကို ဖယ်လိုက်မှ ကလေးကို မတော်တဆ ဖိမိသွားရင်ရော? သူမ ဘာလုပ်သင့်လဲ?!
"ရှဲ့ဖင်းဟွိုက်၊ ကောင်စုတ်လေး၊ အဒေါ်ခေါ်တာကြားရင်း ပြန်ထူးစမ်း" လင်းယာ့ရှန်း အော်ပြောလိုက်သည်။
အောက်မှာ တွင်းတစ်ခုရှိနေကာ ၎င်းဟာ မည်းမှောင်ပြီး ညစ်ပတ်နေသည်။ အထဲကလူ ဘယ်မှာပိနေသလဲဆိုတာ ဘယ်သူမှ မမြင်နိုင်ချေ။
လှုပ်ရှားမှုတစ်ခုမှ မရှိခဲ့။
လင်းယာ့ရှန်းရဲ့ နှလုံးသားမှာ အေးခဲသွားရသည်။
တစ်စုံတစ်ယောက်က ဖြစ်စဉ်ကို သတင်းပို့ဖို့ ချက်ချင်းထွက်သွားခဲ့သည်။
" အစ်မကြီးကို ဒီကို ခေါ်လာပေးပါ" ရှဲ့ရှီက နာကြည်းနေသော မျက်နှာဖြင့် လင်းစိုက်ပေါ်ကို ဆွဲခေါ်လိုက်သည်။ သူမ အလွန်ဇွဲကောင်းနေသည်။
လင်းစိုက်ပေါ်ဟာလည်း ကူကယ်ရာမဲ့နေ၏။ ဒီလို ကိစ္စကြီးတစ်ရပ်ကို ရှဲ့မိသားစုဆီ အသိပေးသင့်တာကြောင့် သူရှဲ့အိမ်တော်ဆီကို ပြေးသွားလိုက်လေသည်။
အိမ်တော်ထိန်းရှာပေးခဲ့သော အိမ်မှာ ရှဲ့အိမ်တော်နဲ့ သိပ်ပြီးမဝေး။ မိသားစုနှစ်စုလုံးအတွက်လည်း အဆင်ပြေသည်။
ချင်ယွမ်ပြည်ထောင်တွင် ညမထွက်ရ အမိန့်ရှိပေမဲ့ အခုက အဲဒီ အချိန်ကိုတော့ မရောက်သေး၊လမ်းပေါ်မှာ လူအနည်းစုရှိနေသေးကာ သွားလာနေကြဆဲပင်။
သူ ရှဲ့အိမ်တော်တံခါးကို ခေါက်လိုက်သည်။
အိမ်တော်ထိန်းက သူစကားကိုကြားတော့ ချက်ချင်းပဲ ရှဲ့ဖင်းကန်းနဲ့ ရှဲ့ချောင်ကို တင်ပြလိုက်သည်။
ရှဲ့ဖင်းကန်းရဲ့ မျက်နှာထားမှာခက်ထန်သွားခဲ့သည်။ သူအဝတ်အစားကောက်ဝတ်လိုက်ပြီး၊ မြင်းပေါ်တက်ကာ ရှဲ့ချောင်ကို ထားခဲ့လိုက်သည်။
ရှဲ့ချောင်….. မြင်းတော့ မစီးရဲပေ။
အဲ့ကောင်လေးက ဘေးက သရဲခြောက်တဲ့အိမ်ကို သွားခဲ့သည်။ သူမလည်း ထိုအိမ်ထဲမှာ ဘာရှိမှန်းမသိ။ ဖြေရှင်းဖို့ ခက်တဲ့ဟာမျိုးဖြစ်နေမယ်ဆိုရင် မြင်းစီးလိုက်တာက သူမရဲ့အင်အားတွေ တော်တော်များကုန်သွားလိမ့်မည်ဖြစ်ရာ အိမ်တော်ထိန်းကိုပဲ မြင်းလှည်းပြင်ခွင့်ပြုလိုက်ကာ ဒယီးဒယိုင်နှင့် လျှောက်သွားလိုက်သည်။။
ရှဲ့ချောင် ရောက်သွားတဲ့အချိန်၊ ရှဲ့ဖင်းကန်းအပါအဝင် လူပေါင်းများစွာက အပြင်မှာ ရပ်နေကြသည်။
" အထဲမှာ ခြအုံတွေ အများကြီးတွေ့တယ်။အုပ်ချုပ်ရေးရုံးကလူတွေ အခုပဲ ရောက်လာကြတာ။ သူတို့ သူ့ကို မကယ်ခင် အဲ့ခြတွေကို သတ်
နိုင်ဖို့ ဓာတ်ပစ္စည်းတစ်မျိုး ရှာရလိမ့်မယ်" ရှဲ့ဖင်းကန်းမှာ အေးအေးလူလူပင်။
အဒေါ်လင်းကတော့ အလေးအနက်ဖြစ်နေပုံရသည်။သူမ ထိုသို့ဖြစ်နေတာက ငိုနေချိန်ထက်ပင် ပိုပြီး ကြောက်စရာကောင်းသည်။
"အဲဒီအိမ်က လူမနေတာကြာလှနေပြီ၊ အဲ့ကောင်က ကန်ဖွင့်လိုက်လို့ ပြိုကျသွားလေ ခံပေါ့" ရှဲ့ဖင်းကန်းကတော့ ရက်စက်နေဆဲပင် "စိတ်ပူမနေနဲ့၊ သူက ခံနိုင်ရည်ရှိတယ်"
ရှဲ့ချောင်က စိုးရိမ်နေတာမဟုတ်။ စိုးရိမ်နေလို့လည်း အသုံးမဝင်ဘူးဆိုတာ သူမ နားလည်သည်။
ထိုအချိန်၊ ရှဲ့ချောင် ကြည့်ကြည့်လိုက်၏။
မြေတွင်းထဲတွင် အနက်ရောင်စွမ်းကြီးရှိနေကာ အင်မတန် သိပ်သည်းနေသည်။
ဒါတင်မက၊ ပြိုကျသွားသောနေရာတွင် အငြိုးကြီးဝိဉာဉ်တစ်ကောင်ရှိနေသည်။ ၎င်းက ရင်ဘတ်ဗလာနှင့် မျက်နှာပေါ်မှာ နှာခေါင်းနဲ့မျက်လုံးလည်း မရှိချေ။ သို့သော်၊ ၎င်းက
သံကို … အဆက်မပြတ် ထုရိုက်နေလေသည်။
•••••