အခါတစ်ရာရွတ်
Vol. 20 Ch. 373
"ထု၊ ထု …. ပြင်းပြင်းထု"
ရှဲ့ချောင် အသံကို ကြားနေရသည်။
သူမ တစ်ခါမှ ဒီလောက် အငြိုးကြီးရက်စက်တဲ့ ဝိဉာဉ်မျိုး မတွေ့ဖူးခဲ့။
သူ့ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေနဲ့အရွတ်တွေဟာ တူတစ်ချက်တည်းနဲ့ လူတစ်ယောက်ကို သတ်နိုင်စွမ်းရှိသည့်ပုံမျိုးပင်။ သူရဲ့လက်တွေဟာ အလွန်ကို ပူလောင်နေသည့်ပုံရကာ လက်ထဲမှာ သံချောင်းရှည်ကြီးတစ်ချောင်းကိုင်ထားသည်။ ထိုအရာကို ဆက်တိုက်ထုရိုက်နေတာကြောင့် အနီရောင် အလင်းရောင်များ ထွက်ပေါ်နေသည်။
" ခြတွေ ပျောက်သွားတဲ့အချိန်ကြရင် အစ်ကိုကြီးရဲ့ညီရဲ့ …. ဝိဉာဉ်က ထင်းမီးအနေနဲ့ မီးဖိုထဲ ထည့်ခံရလိမ့်မယ်" ရှဲ့ချောင် ကရုတ်တရက် ပြောလိုက်၏။
ထိုစကားကိုကြားတော့ ရှဲ့ဖင်းကန်း သူမကို ခေါင်းငုံ့ကြည့်လိုက်သည်။ "အဲဒီမှာ…. အဲဒါရှိနေတာလား"
" ဟုတ်တယ်.. ပန်းပဲသမား၊ အတော်လေး ရက်စက်တယ်" ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဆရာ မော့ကို သွားခေါ်လိုက်လေ" ရှဲ့ဖင်းကန်းက အမြန်ပြောလိုက်၏။
ရှဲ့ချောင် ခေါင်းရမ်းကာ "အချိန်မရှိဘူး"
ဆရာမော့က ဒီမှာပဲဟာ၊ သွားလိုက်ပြန်လိုက် လုပ်နေရင်အချိန်ဖြုန်းရာရောက်လိမ့်မယ်။
ရှဲ့ဖင်းကန်းရဲ့ မျက်နှာထားတင်းသွားသည်။သူ အသက်ရှူထုတ်လိုက်ပြီး "ဒါဆို မင်းရော၊ လုပ်နိုင်ရဲ့လား။ ဒီလောက်နှစ်တွေ ကြာတာနေတောင်မော့လင်းကျစ်မပါဘဲနဲ့ ဒီလို အသေးအဖွဲကိစ္စလေးကို မကိုင်တွယ်နိုင်ဘူးလို့တော့ မပြောနဲ့"
"ညီမလေး လုပ်နိုင်မယ်လို့တော့ထင်တယ်၊ သေတော့ မသေချာဘူး" ရှဲ့ချောင် ကြောက်နေ၏။
သူမသာ မော့ချူးရှန်းအနေနဲ့ဆိုလျှင် အပိုစကားပြောမနေဘဲသေချာပေါက် ခေါင်းညိတ်သဘောတူလိုက်လိမ့်မည်။
ဒါပေမဲ့၊ သူမရဲ့ အစ်ကိုကြီးရှေ့မှာ သူမ တကယ်ယုံကြည်မှုမရှိနိုင်ခဲ့ချေ။
ရှဲ့ဖင်းကန်းမှာ နည်းနည်း စိတ်ပျက်သွားသည်။
"အဲဒီကောင်စုတ်လေးကတော့ သူကိုအဲ့မှာပဲ သေခိုင်းလိုက်ရင်ရော?" သူဟာ ရက်စက်နေ၏။
" မင်းရာနှုန်းပြည့် မသေချာဘူးဆိုရင်၊ ကြိုးစားမနေနဲ့။ သူက အောက်မှာရောက်နေတာ။ မင်း လည်းတစ်ခုခုဖြစ်သွားမယ်ဆိုရင်၊ ငါတို့ နောက်ထပ်မိသားစုဝင်တစ်ယောက် ဆုံးရှုံးနေရလိမ့်မယ်"
ရှဲ့ချောင်က ခေါင်းငုံ့ကာ သူမရဲ့ အဝတ်အိတ်ငယ်လေးထဲကို မွှေနှောက် ရှာဖွေနေသည်။
သူမ ပစ္စည်းအနည်းငယ်ထုတ်ယူလိုက်ကာ သတ်မှတ်နေရာတစ်ချို့တွင် မြှုပ်လိုက်သည်။
…
ထိုအချိန်၊ ရှဲ့ဖင်းဟွိုက်မှာ သူသေရတော့မယ်လို့ ထင်လိုက်မိသည်။
" ထု၊ မင်း ဘယ်လိုလုပ်ရမလဲသိလား၊ လာ၊ ငါ့နောက်လိုက်ခဲ့။မြန်မြန်လုပ်စမ်း!" အသံမှာ ကြမ်းကြုတ်နေ၏။
" အော်မနေနဲ့တော့၊ ငါ လုပ်မယ်!" ရှဲ့ဖင်းဟွိုက်က ဒေါသတကြီးပြောဆိုရင်း တူကို ဆုပ်ကိုင်ကာ ထုရိုက်တော့သည်။
ဆယ်ကြိမ်လောက်နီးပါး ထုရိုက်ပြီးသွားတဲ့အချိန်၊ အဖြူရောင်အလင်းလေးတစ်ခုကို ရှဲ့ဖင်းဟွိုက်တွေ့လိုက်ရ၏။
"အရူး၊ ငါ့နောက်ကလိုက်ပြော" ရှဲ့ချောင်က ခြံဝင်းထဲမှာ ရပ်နေသည်။
ရှဲ့ဖင်းကန်းက လူတွေကို မောင်းထုတ်ဖို့အတွက် အရာရှိတွေကို တောင်းဆိုခဲ့သည်။ လင်းမိသားစုမှာတော့ ထွက်သွားဖို့ ငြင်းဆိုနေသည့် လင်းယာ့ရှန်းသာ ကျန်နေခဲ့သည်။
"အစ်မကြီး ဘယ်မှာလဲ၊ ဒီမှာ ကျွန်တော်ကို တစ်ခုခုကို ထုရိုက်ခိုင်းနေတဲ့ ရက်စက်တဲ့အရူးတစ်ယောက်ရှိတယ်" ရှဲ့ဖင်းဟွိုက် အော်ပြောလိုက်သည်။
ရှဲ့ချောင်မှာ လူတစ်ယောက်ရဲ့ အိပ်မက်ထဲကို ဝင်ရောက်နိုင်စွမ်းမရှိ။ ထိုအဆောင်မှာ ဝိဉာဉ်အတွက်ဖြစ်သည်။
ထိုစဉ် ရှဲ့ဖင်းဟွိုက်ကတော့ ကြားနေရ၏၊ ဆိုလိုတာက သူရဲ့ ဝိဉာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်နေပြီဆိုတာပင်၊ ဝိဉာဉ်တစ်ခုလုံးထွက်သွားခဲ့ရင် သူရဲ့အသက်ကို ဆုံးရှုံးသွားလိမ့်မည်။
"ပေါက်တတ်ကရတွေပြောမနေနဲ့တော့၊ ငါ့နောက်က လိုက်ပြော!' ရှဲ့ချောင် ရေရွတ်လိုက်ကာ " ကောင်းကင်နဲ့မြေကြီး၊ ချီအားလုံးတို့၏ ဇစ်မြစ်၊ ငါရဲ့ ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းက ငါ့ကို ဖုံးလွှမ်း…"
"ကောင်းပြီ" ရှဲ့ဖင်းဟွိုက် နာခံလိုက်သည် "ကောင်းကင်နဲ့ မြေကြီး…."
" မမြင်နိုင်တဲ့မျက်လုံး၊ မကြားနိုင်တဲ့နားတွေအဖြစ်ပြောင်းလဲစေ! အရှေ့အရပ်ကနေထွက်လာ
တဲ့နေ၊ မသိရတဲ့အရာကို ဆွဲထုတ်ပစ်။ နတ်ဆိုးက ကြောက်စရာကောင်းကာ ဝိဉာဉ်က သေသွားခဲ့သည်၊ လျှပ်စီးကြောင်းတစ်ခုရှိကာ၊ မိုးကြိုးနတ်ဘုရားက ပုန်းကွယ်နေ…."
ရှဲ့ဖင်းဟွိုက် မှာ လိုက်ပြောရန်စိတ်အားထက်သန်နေပေမဲ့၊ စာကြောင်းတွေက ရှည်လွန်းတာကြောင့် သူ မမှတ်မိနိုင်ခဲ့ချေ။
သို့ပေမဲ့၊ ရှဲ့ချောင် ပြောပြီးသွားတဲ့ အချိန်ကျရင်၊ ထိုစကားလုံးတွေကို သူရဲ့ စိတ်ထဲမှာ အဆုံးမရှိ၊ ပဲ့တင်သံထပ်နေရာ သူ မသိစိတ်ကနေ အလိုလို ပြောထွက်လာသည်။
သူ တစ်ကြောင်းပြီး တစ်ကြောင်း ရွတ်ဆိုနေလိုက်သည်။။
ရှဲ့ဖင်းဟွိုက်မှာ အနည်းငယ် ပင်ပန်းနေကာ ငြီးငွေ့နေပြီဖြစ်၏။
ဒါပေမဲ့၊ သူရဲ့ သက်တမ်းတိုတဲ့ အစ်မကြီးကို တွေးမိလိုက်ရင်၊ သူ မလိုက်နာဘဲ မနေရဲတော့။
သူ ရွတ်ဆိုနေစဉ်မှာ သူ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်နေသလိုပင်။ ၎င်းဟာ အလွန် သက်တောင့်သက်သာရှိကာ သူအနားက ကျယ်လောင်တဲ့ ဆူညံသံတွေ ကြားနေရတာလဲ ရပ်သွားခဲ့သည်။
သူ ပိုပြီး နေလို့ကောင်းလာတာကြောင့် ပိုပိုပြီး နာခံလာသည်။
အကြိမ်အနည်းငယ်လောက် ရွတ်ဆိုပြီးသွားတဲ့နောက် ရှဲ့ချောင် ရုတ်တရက် ပြောလိုက်၏
"အလွတ်ရသွားပြီလား၊ ရသွားပြီဆိုရင် ကိုယ့်ဟာကိုယ် ဆိုတော့ ၊ အဲဒါကို အကြိမ်တစ်ရာလောက်ရွတ်လိုက်။ အကြိမ်တစ်ရာ ပြီးသွားရင် ငါ့ကို ငွေဆယ်စ ပေးရမယ်!"
" ပြီးမှ ငါနင့်ကို ဆယ်ခါရိုက်ပစ်ဦးမယ်" ရှဲ့ချောင် သူမကိုယ်သူမ တိတ်တဆိတ်စဉ်းစားလိုက်သည်။
•••••