ခေါင်းစဥ်မဲ့
Vol. 20 Ch. 374
ရှဲ့ဖင်းဟွိုက် ထပ်ခါတလဲလဲ ရွတ်ဆိုလို့နေသသည်။
ထိုစဉ် ရှဲ့ချောင်ကတော့ အငြိုးကြီး ဝိဉာဉ်ကို ဖြေရှင်းရန်တွင်သာ အလုံးစုံအာရုံစိုက်ထားသည်။
ဒါပေမဲ့၊ တစ်ခုခုလွဲနေပုံပင်။ အစက သူမ တစ်ပြိုင်နက်တည်း နှစ်ခုလုပ် ရမယ်လို့ထင်ခဲ့ပေမဲ့ ၊ထို ဝိဉာဉ်က သူမကို မတိုက်ခိုက်ဘဲ နေလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့။ သူက ဆက်တိုက် ထုရိုက်နေဆဲသာ။
ကောင်းကင်မှာ တဖြည်းဖြည်းနဲ့ ပိုပိုပြီး မှောင်လို့လာသည်။ လူများက ကျောက်နံရံရဲ့ အပြင်ဘက်မှာ ရှိနေရာ၊ ရှဲ့ချောင်အား မမြင်နိုင်ခဲ့ချေ။
ရှဲ့ချောင်က ချုပ်ထိန်းသည့် အဆောင်နဲ့ မက်မွန်သစ်သားဓားလေးကို ထုတ်ယူလိုက်ကာ အငြိုးကြီး ဝိဉာဉ်ကို ရိုက်ချလိုက်၏။
ဝုန်းခနဲမြည်သံနဲ့အတူ၊ အငြိုးကြီးဝိဉာဉ်ရဲ့ ကိုယ်ကို ထိမှန်သွားပြီး အပေါက်ကြီးတစ်ပေါက်အဖြစ်
လောင်ကျွမ်းသွားသည်။
အငြိုးကြီးဝိဉာဉ်က ခေါင်းငုံ့ကာ ထိုအပေါက်ကိုကြည့်လိုက်ပြီးနောက် သူမကို ကြည့်လာခဲ့သည်။
တစ်ဆက်တည်းမှာပင်၊ ၎င်းက တူကြီးတစ်လက်ကို ကောက်ယူလိုက်၏။ ကလန်!
ချက်ချင်းဆိုသလို၊ ရှဲ့ချောင် မှာ သူမရဲ့ ခေါင်းပေါက်တော့မလို ခံစားလိုက်ရသည်။
"ရှင် ပန်းပဲထုနေတာကို နှောက်ယှက်တာက အဲ့ကောင်လေးရဲ့အမှားပဲ၊ ရှင် သူ့ကို လွှတ်ပေးရင်၊ ကျွန်မရှင့်အတွက် ပိုက်ဆံတွေပိုပြီး မီးရှို့ပေးမယ်၊ ဟုတ်ပြီလား" ရှဲ့ချောင် အသံတိုးတိုးနဲ့ ပြောလိုက်သည်။
"ထု၊ထု၊ထု…" သူက ဆက်ပြီး ထုရိုက်နေသည်။။
ရှဲ့ချောင် ဒေါသထွက်သွား၏။
သူမခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ အဲဒီနောက် မက်မွန်သစ်သားဓားနဲ့ ခုနစ်စင်ကြယ် အဆောင်ရှိရာဆီကို လျှောက်သွားလိုက်သည်။
"ကောင်းကင်ရဲ့ လျှို့ဝှက်ချက်၊ Merak, Mizar …. ညာဘက်မှာ တောင်အရပ် dipper နဲ့ ဘယ်ဘက်မှာ ခုနှစ်စင်ကြယ်ကို ကြည့်ပါ၊ရှင်းလင်းလို့နေတယ်၊ ကောင်းကင်နဲ့မြေကြီးတို့ရဲ့ ဖရိုဖရဲဖြစ်မှုတွေရဲ့ မူလအစ ငါရဲ့ နှလုံးသား၊ငါ့အမိန့်ကို ကြားစေ!"
( T/N Big dipper ဆိုတာက ကြယ်ခုနှစ်လုံးပါတဲ့
ဟာကို ပြောတာဖြစ်ပြီးတော့ Mizar, Merak, ဆိုတာက ကြယ်နာမည်လို့သိရပါတယ်၊ သိပ်တော့ နားမလည်)
ရှဲ့ချောင် လက်ထဲမှ မက်မွန်သစ်သားဓားဟာ ထောင်ချီသောကြယ်များအသွင်ပြောင်းသွားပြီး အငြိုးကြီး ဝိဉာဉ်ဆီကို တချွတ်ချွတ်နဲ့ ဝင်တိုးသွားသည်။
၎င်းက သူရဲ့ မီးပြင်းဖိုကို အပိုင်းပိုင်း အစိတ်စိတ် ချေမွပစ်လိုက်သည်။။
အငြိုးကြီး ဝိဉာဉ်ရဲ့ကိုယ်ဟာလည်း ကြိမ်ဖန်များစွာ ထိုးနှက်ခြင်းခံရကာ ဒဏ်ရာများဖြင့် ဆန်ကာပေါက်သဖွယ်ဖြစ်သွားခဲ့သည်။ ရှဲ့ချောင်က တိုက်ပွဲကြီးကြီးမားမားတစ်ခုကို တိုက်ခိုက်ရတော့မည်ဟန်ဖြစ်နေသည်။
"ကွဲသွားပြီ… ကျွန်တော်ဆက်ထုလို့မရတော့ဘူး, ကွဲသွားပြီ… အမေ၊ မီးဖိုက ကွဲထွက်သွားပြီ" အငြိုးကြီး ဝိဉာဉ်မှာ တကယ်ကြီး ငိုချင်းချနေ၏။
ရှဲ့ချောင် သူ့ကို မသင်္ကာစွာနဲ့ ကြည့်လိုက်သည်။
အငြိုးကြီးဝိဉာဉ်ရဲ့ မျက်နှာဟာ ပုံပျက်နေပြီဆိုပေမဲ့၊ သူ စငိုတဲ့အချိန်မှာ သူရဲ့ အရိုးဖွဲ့စည်းပုံက တစ်ခုခုလွဲနေတယ်ဆိုတာ ရှဲ့ချောင် သတိထားမိလိုက်သည်။
ဒါက…. ဉာဏ်ချို့ယွင်းနေတဲ့ အငြိုးကြီးဝိဉာဉ်လား?
ထိုအခိုက်အတန့်တွင်၊ ရှဲ့ချောင် နည်းနည်း
အကြပ်ရိုက်သွားသည်။
စောစောက ဂါထာက အလွန်အားကောင်းသော်လည်း သူမကြောက်နေမိသည်။ ဒီလို အငြိုးကြီးဝိဉာဉ်တွေက ပိုပြီး ကြောက်စရာကောင်းတယ်။
" အမေ၊ မီးဖိုက ကွဲထွက်သွားပြီ…မီးဖိုက ကွဲထွက်သွားပြီ…ကျွန်တော် ထပ်ပြီး ပန်းပဲထုလို့ မရတော့ဘူး" အငြိုးကြီးဝိဉာဉ်က ဆက်ပြီး ငိုနေခုဲ့ည်။
ရှဲ့ချောင် ခဏ စဉ်းစားကြည့်လိုက်သည် "ကျွန်မ.. တစ်ခု အစားပြန်ပေးမယ်ဆိုရင်ရော, ဒီလိုဆိုရင်ရော၊ ရှင်ကျွန်မနဲ့ လိုက်ခဲ့၊ ကျွန်မရှင့်ကို အဝေးမှာ ထားလိုက်မယ်။ ကျွန်မတို့ ပြန်လာတဲ့ အခါကျရင်၊ ကျွန်မရှင့်အတွက် မီးဖိုတစ်ခုပြန်လုပ်ပေးမယ်"
" ငါ မီးဖိုကို လိုတယ်၊ ငါ အလုပ်လုပ်ရမယ် ငါ အလုပ်လုပ်ရမယ်" အငြိုးကြီးဝိဉာဉ်က ထပ်ခါထပ်ခါ ပြောနေသည်။
"ဒါပြီးသွားပြီ၊ ပြီးသွားပြီ" ရှဲ့ချောင် စိတ်သက်သာရရာစွာနဲ့ သက်ပြင်းချလိုက်၏
အငြိုးကြီးဝိဉာဉ်က ထိုစကားကိုကြားတော့ ပိုပြီးနာခံလာက ထပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ပုံမပေါ်တော့ပေ။
ရှဲ့ချောင်မှာ ချီးကျူးဖွယ်ရာပင်၊ သူမက အငြိုးကြီးဝိဉာဉ်ကို စုဆောင်းဖို့အတွက် အဝါရောင် အဆောင်စာရွက်ကို ထုတ်လိုက်ပြီး ဂါထာမန္တာန်ရွတ်လိုက်သည်။ သူမ အငြိုးကြီးဝိဉာဉ်ကို ချက်ချင်း ဖမ်းနိုင်လိုက်လေပြီ!
ချောမွေ့နေတာပဲ!
အငြိုးကြီးဝိဉာဉ်ကို ဖမ်းဆီးလိုက်က်ပြီးတာနဲ့ ကျန်တာကို လူတွေ ဆက်လုပ်ရလိမ့်မည်။ ခြတွေကို မျိုးမဖြုတ်မိခင် ရှဲ့ဖင်းကန်းကို အကြောင်းကြားဖို့ ရှဲ့ချောင် အပြင်ကို ထွက်လာလိုက်သည်။
" အစ်ကိုကြီး၊ ဒီမှာနေနေတဲ့တစ်ယောက်က မိုက်မဲတဲ့ အငြိုးကြီးဝိဉာဉ်တစ်ကောင်ပဲ၊ တော်တော်တော့ သနားဖို့ကောင်းတယ် ညီမလေးသူ့ကို ဖမ်းဖို့ အားသိပ်မသုံးခဲ့ရဘူး"
ရှဲ့ဖင်းကန်း ခေါင်းညိတ်လိုက်၏။ "ငါ စောနက ပတ်မေးကြည့်လိုက်သေးတယ်၊ အထဲကသူက… အရူးမော့လို့ခေါ်တဲ့သူပဲ။ သူငယ်ငယ်ကတည်းက ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်ဘူး။
သူ ကြီးလာတော့လည်း အနိုင်ကျင့်ခံခဲ့ရတယ် သူမိဘတွေက သူ အစာရေစာငတ်ပြီး သေသွားမှာကို စိုးရိမ်တော့၊ သံကို ဘယ်လိုပန်းပဲထုရမလိုဆိုတာ သင်ဖို့ ခေါ်သွားခဲ့ကြတယ်၊ သူ လေ့ကျင်လို့ရအောင်ဆိုပြီး မီးပြင်းဖိုကြီးတစ်ဖိုကို ဆောက်ခဲ့ကြတာ။ သူက ဘယ်လို ထုရိုက်ရမလဲဆိုတာပဲ သိပြီးတော့ ဘယ်လိုပုံသွင်းရမလဲဆိုတာ မသိဘူး။ သူမိဘတွေက သူ့ကို ဆူပူကြိမ်းမောင်းခဲ့ကြတယ်။ အကြောင်းတချို့ကြောင့် သံပူက သူမျက်နှာကို ထိမှန်သွားပြီး သေသွားခဲ့တယ်။ သူသေသွားတော့ သူမိဘတွေလည်း လိပ်ပြာမလုံသလိုဖြစ်ပြီး၊ စိတ်မချမ်းမသာဖြစ်ကြတော့ ဒီထနောင်း ပင်ကြီးမှာပဲ အဆုံးစီရင်သွားကြတာ" ရှဲ့ဖင်းကန်းက ရှင်းပြလိုက်သည်။
ရှဲ့ချောင် ခဏတာ ငြိမ်ကျသွားခဲ့သည်။
"သူ ထုမဲ့ အကြောင်းကိုဘဲပြောနေတာ အံ့ဩစရာမရှိတော့ပါဘူး" ရှဲ့ချောင် သက်ပြင်းချလိုက်
သည်။
သူက သနားစရာကောင်းတဲ့သူပဲ။
အကျိုးသင့် အကြောင်းသင့် ပြောမယ်ရမယ်ဆိုလျှင်၊ ဒီလိုမျိုး ဉာဏ်နည်းတဲ့ သူတစ်ယောက်က အငြိုးကြီးဝိဉာဉ်ဖြစ်မလာနိုင်။
နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ သူက ဉာဏ်နည်းပေမဲ့ သူနားလည်နိုင်တာကြောင့်တော့ ဖြစ်နိုင်သည်။ လူတိုင်းက သူ့ကို ဖယ်ကြဉ်ပြီး မုန်းတီးနေကြတာကြောင့် အမှုမဲ့ အမှတ်မဲ့နှင့်ပင် သူ့နှလုံးသားထဲမှာ အရိပ်တစ်ခုလိုမျိုး ကျန်ရစ်နေခဲ့တာ ဖြစ်လောက်သည်။
သေဆုံးပြီးတဲ့နောက်မှာ၊ သူ ပြန်မဝင်စားနိုင်တဲ့ အပြင်၊ ထိုအကြောင်းတချို့ကြောင့် အငြိုးကြီး ဝိ
ဉာဉ်ပင် ဖြစ်လာခဲ့ရသည်။
•••••