← Chapters

သူထွက်လာပြီ

Vol. 20 Ch. 375

သူထွက်လာပြီ

Vol. 20 Ch. 375

ရှဲ့ချောင်အနေနဲ့ မကောင်းဆိုးဝါးဝိဉာဉ်ပေါင်းများစွာ ကြုံ့တွေ့ခဲ့ဖူးပေမဲ့၊ ဒီလို ဉာဏ်နည်းသည့် အငြိုးကြီး ဝိဉာဉ်ကတော့ ပထမဆုံးဖြစ်၏။ ဒါတင်မက၊ သူက အငြိုးကြီး ဝိဉာဉ်ဖြစ်လာပြီးတာတောင်၊ ဒီခြံဝင်းကို နာနာခံခံနှင့် စောင့်ကြပ်ပေးနေသေးသည်။ သူသိတာဆိုလို့ ပန်းပဲ လုပ်တာတစ်ခုသာ ရှိသည်။

သူမရဲ့ ဒီ မိုက်ရူးရဲဆန်တဲ့မောင်လေးက အရူးမော့ကို စိတ်မချမ်းမသာ ဖြစ်အောင် ဘာသွားလုပ်လိုက်လဲဆိုတာ သူမ မသိတော့။

တခြားကြောက်တတ်ပြီး သနားစရာကောင်းတဲ့ကလေးတစ်ယောက်အတင်းဝင်ရောက်ခဲ့မယ်ဆိုရင်တောင် ဒီလို အိမ်ပြိုကျရောက်လောက်တဲ့ အခြေအနေထိ ဖြစ်မှာ မဟုတ်လို့ သူမ ထင်မိသည်။

အခု၊ ထို ခြကောင်တွေ တခြားနေရာတွေကို ပြန့်မသွားအောင်အတွက် သူမရှင်းထုတ်ပစ်ရလိမ့်မည်။

လင်းမိသားစုတစ်စုလုံးဟာလည်း ပူပန်သောကရောက်နေကြတာကြောင့် ငြိမ်ငြိမ်ထိုင်မနေနိုင်ခဲ့ကြ။

သူတို့ အိပ်မပျော်နိုင်ကြပဲ သူတို့ရဲကိုယ်ပိုင် ခြံဝင်းလေးထဲတွင်သာ ငုတ်တုတ်ထိုင်ပြီး စောင့်နေကြသည်

ရှဲ့ချောင် ပြိုပျက်နေတဲ့ ခြံဝင်းထဲက ထွက်လာတဲ့အခါ၊ သူတို့ စိတ်လှုပ်ရှားနေတာကို တွေ့လိုက်ရသဖြင့် သူမ သူတို့ကို နှစ်သိမ့်ပေးလိုက်ကာ " အဲ့ကလေးက အရေထူပြီး အကြမ်းပတမ်းခံနိုင်တယ်၊ စောစောက သူအထဲကနေ အော်နေတာကြားလိုက်ရတယ်၊ အဆင်ပြေမှာပါ၊ သူ မနက်နေထွက်တာနဲ့ ထွက်လာလောက်မယ်လို့ သမီးထင်တယ်"

" သမီး သူ့အသံ တကယ်ကြားခဲ့တာလား" ဖိုးဖိုးလင်းမှာ စိတ်လှုပ်ရှားနေ၏။

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည် "သမီး ဖိုးဖိုးကို မလိမ်ပါဘူး"

အခုချိန်၌၊ ဖိုးဖိုးလင်းရဲ့ စိတ်နေသဘောထားမှာ

ပြောင်းလဲသွားသည်။ " အရင်က ၊ဖိုးဖိုး အမြဲတမ်း သူတို့ကို ဆွေမျိုးသားချင်းတွေအဖြစ်နဲ့ အသိအမှတ်ပြုလက်ခံချင်ခဲ့တာ။ အခု သူတို့ကို တကယ်လက်ခံလိုက်ပြီးကာမှ နှစ်ရက်ပဲ စောင့်ရှောက်ရသေးတယ် ၊အခုလို ကိစ္စကြီး ဖြစ်သွားရတယ်။ သူတို့သာ တစ်ခုခုဖြစ်သွားခဲ့ရင်၊ ဖိုးဖိုးရဲ့ ကွယ်လွန်သွားတဲ့ သမီးကို ဘယ်လို မျက်နှာချင်း ဆိုင်ရမလဲ သိမှာ မဟုတ်တော့ဘူး"

ဖိုးဖိုးလင်းရဲ့ အတွေးများကို ရှဲ့ချောင် နားလည်ပေးနိုင်သည်။

အစက သူတို့ကို သူကိုယ်တိုင်သင်ကြားပြသဖို့ အိမ်ခေါ်သွားချင်ခဲ့ပေမဲ့၊ နောက်ဆုံးကျတော့ ထိုကလေးက အသက်ဆုံးရှုံး ရမလိုတောင်ဖြစ်ခဲ့ရသည်။

သူနှလုံးသားထဲ ဘယ်လောက်တောင် အပြစ်ရှိ

စိတ်ခံစားနေရမလဲ။

"ဒီလိုတော့ မပြောပါနဲ့၊ သူ ဖိုးဖိုးတို့နဲ့ နေတဲ့ဒီရက်လေးအတွင်းမှာ သမီးစောင့်ကြည့်ခဲ့တယ်။သူ အရင်ကနဲ့ယှဉ်ရင် တကယ်ကို တိုးတက်လာတာပါ။ အနာဂတ်မှာ ဖိုးဖိုး သူ့ကို မသင်ပြပေးရဲတော့ဘူးဆိုရင်၊ သူတွင်းအောက်မှာပဲ လှဲနေပြီး ထွက်လာမှာ မဟုတ်လောက်ဘူး" ရှဲ့ချောင်ရဲ့ စကားတွေဟာ အနည်းငယ် ရက်စက်နေသည်။

အဖိုးအိုက ထိုစကားကို ကြားတော့ မျက်မှောင်ကြုတ်ပြီး သူမကို ကြည့်လိုက်သည်

" သမီး မြို့တော်ကို ရောက်လာတာ လနည်းနည်းပဲရှိသေးတယ်။ အိမ်ရောက်တော့၊ ဒီကလေးက မသိနားမလည်ပြီး အရည်အချင်း မရှိတာကို တွေ့လိုက်ရတယ်။ သူ ဆယ်နှစ်အရွယ်တုန်းက ဆောင်းကြာမြိုင်ကိုတောင် သွားလို့ ပွဲစား တွန်း

ထုတ်တာတောင် ခံခဲ့ရသေးတာ။ မြို့တော်ထဲက သူနဲ့ သက်တူရွယ်တူ ကလေးတွေဆိုရင် ဂုဏ်သတင်းကောင်းတစ်ခုရှိနေပြီးတော့ အခြေခံ ပညာတော်သင် စာမေးပွဲကိုတောင် ဖြေကြတော့မယ်။ သူကတော့ အခြေခံစာလုံးတွေကိုတောင် မသိသေးဘူး။သမီးသူ့အတွက် ဆရာတစ်ယောက်လည်း ရှာပေးခဲ့ပါသေးတယ်၊ အပေါ်ယံကြည့်တော့ နာခံမလိုလိုနဲ့၊ သူက အဲ့ဒီဆရာကို မကြာခဏဆိုသလို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုနေတာလေ။ အခုထဲက ဖြောင့်မတ်အောင် မလုပ်ပေးထားရင် အတောင်စုံပြီး အရွယ်ရောက်လာတဲ့အခါကျ ထိန်းချုပ်ဖို့ ခက်သွားလိမ့်မယ်။ နောင်တစ်ချိန် သူသာ ပြဿနာကို လက်ယက်ခေါ်နေတဲ့သူဖြစ်လာရင် အခုလို အောက်မှာပိနေသလို သေသွားလိမ့်မယ်" ရှဲ့ချောင်က လေးလေးနက်နက်ပြောလိုက်သည်။

ဆောင်းကြာမြိုင်?!

ဖိုးဖိုးလင်းမှာ တုန်လှုပ်သွားရသည်။

ရှဲ့ချောင်က စကားပြောပြီးသွားတဲ့နောက် တံခါးမှာ မှီနေလိုက်သည်။

သူမရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို မြင်တော့၊ ဒီသခင်မလေးရဲ့ စကားလုံးတွေက ကြမ်းတမ်းတယ်ဆိုပေမဲ့ သူမက ဒီကလေးကို စိတ်ပူနေတာပဲဟု ဖိုးဖိုးလင်းတွေးမိလိုက်သည်။

"မင်းရဲ့ ခန္ဓာကိုယ်ကအားနည်းတော့ လုပ်နိုင်မှာ မဟုတ်ဘူး" ဖိုးဖိုးလင်းက အမြန်ပြောလိုက်သည်။

" သူတို့သူကို တကယ်ဆွဲထုတ်လာပြီးပြီဆိုရင်၊ ဖိုးဖိုး သူ့ကို သင်ပြပေးမယ်၊ သေချာပေါက် ကြိုးစားပမ်းစားကို သင်ပေးမယ်"

ဆောင်းကြာမြိုင်ကို သွားတယ်တဲ့လား…

အနာဂတ်မှာ သူ ဘယ်လိုလုပ်ပြီး ဇနီးမယားတစ်ယောက် ယူနိုင်တော့မှာလဲ?

" သူအောင်မြင်ဖို့ကိုတော့ အစ်ကိုကြီးနဲ့ သမီးနဲ့ မမျှော်လင့်ထားပါဘူး။အဖေက ပညာရေးမှာ ထူးချွန်နေတဲ့ သူတစ်ယောက်မဟုတ်တော့ သူကောင်းကောင်းလုပ်နိုင်ဖို့ကို မျှော်လင့်တာက မဖြစ်နိုင်တဲ့အရာကြီးပါ။ အနာဂတ်မှာ၊ သမီးတို့ရဲ့ မိသားစုဝင်တော်တော်များများက စစ်ရေးအရာရှိ လမ်းကြောင်းကိုပဲ လိုက်ကြရမှာ။ သမီးတို့သူ့ကို အမှားအမှန်ခွဲခြားတတ်ပြီး စစ်မက်ရေးရာစာအုပ်တချို့ကို နားလည်စေဖို့ပဲ…."

ရှဲ့ချောင် ထပ်ပြီးပြောလိုက်သည်။

တကယ်က၊ လိုအပ်ချက်တွေကို နည်းနည်း

လောက်ထပ်လျှော့လိုက်လို့ရသည်။

သူ သူ့မိသားစုဆီကို ပြဿနာတွေ မသယ်လာသ၍ အဆင်ပြေသည်။

ယခင်က ရှဲ့မိသားစုဟာ ကျော်ကြားမှုမရှိခဲ့သလို ရှဲ့ဖင်းဟွိုက်သည်လည်း ကျောင်းတော်မှာ သူငယ်ချင်းများများစားစားမရှိခဲ့။

ဒီအချက်ကြောင့်ပဲ သူလုပ်ချင်ရင်တောင်မှ ရန်သူတွေကို ပြန်မတိုက်ခိုက်ခဲ့တာပင်။

ဖိုးဖိုးလင်းကတော့ အနာဂတ်မှာ ဒီကလေးကို ဘယ်လို သင်ပေးရမလဲဆိုတာကို စဉ်းစားနေလေပြီ။

သူက ကျောင်းသွားမှာဖြစ်လို့ ဒီတစ်လမှာ သူ့ကို သိပ်ပြီး တွေ့ရမှာမဟုတ်။ သူအနေနဲ့ ဒီအချိန်ကို ကောင်းကောင်း အသုံးချရမည်။

ဖိုးဖိုးလင်း စိုးရိမ်သောကရောက်နေတဲ့ အချိန်မှာပဲ၊ နေရဲ့ ပထမဆုံးရောင်ခြည်တန်းက ဖြာကျလာခဲ့ရာ၊ ကံဆိုးမှုတွေကို မောင်းထုတ်ပစ်လိုက်သလိုပင်။ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က အော်လိုက်၏

"သူထွက်လာပြီ၊ သူထွက်လာပြီ!"

•••••

All Chapters