အခန်း (၃၇၆)
Vol. 20 Ch. 376
လူတိုင်း အားထည့်ကာ ဂရုတစိုက်နဲ့ ရှဲ့ဖင်းဟွိုက်ကို ဆွဲထုတ်လိုက်ကြသည်။
ဖိုးဖိုးလင်းက သမားတော်တစ်ယောက်ဖြစ်တာကြောင့် စစ်ဆေးကြည့်ဖို့အတွက် ရှေ့ကိုသွားလိုက်သည်။
ရှဲ့ဖင်းဟွိုက်မှာ သတိလစ်နေလေပြီ။ သူရဲ့ မျက်နှာလေးမှာ ဖြူဖျော့ကာ အသက်မဲ့နေတဲ့ပုံပေါ်ပေမဲ့ သူဘာတွေ ရေရွတ်နေလဲဆိုတာတော့ ဘယ်သူမှ မသိခဲ့ကြပေ။
ဒီကလေးက အိမ်မက်မက်နေပြီး အိမ်မက်ထဲမှာ စကားတွေ ပြောနေတယ်ဆိုတာသိသာတယ်။
" သူရဲ့ခေါင်းကတော့ မထိခိုက်သွားဘူး။ သူ-သူ့လက်တွေကတော့ နည်းနည်းလေး ကျိုးသွားတဲ့ပုံပဲ။ အဆင်တော့ ပြေပါတယ်။ပြန် အားဖြည့်ဖို့ လိုရုံလောက်ပဲ။ သူရဲ့ ခြေထောက်တွေလည်း
အဆင်ပြေပါတယ်" ဖိုးဖိုးလင်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
သူ့စကားဆုံးတာနဲ့၊ ရှဲ့ဖင်းကန်းက ရှေ့ကို ခြေလှမ်းကျဲကြီးနဲ့ လျှောက်လာကာ ရှဲ့ဖင်းဟွိုက်ရဲ့ မျက်နှာကို တစ်ချက်ရိုက်ချလိုက်သည်။
ဖိုးဖိုးလင်းမှာ ကြောက်လန့်သွားတာကြောင့်ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။
သူသတိပြုမိလိုက်တဲ့အရာကတော့..
ဓားပြရှဲ့ရဲ့သားအကြီးဆုံး ဆိုတာပဲ။
တစ်ချက်ကြည့်လိုက်ရုံနဲ့တင်၊ သူရဲ့ အိုမင်းနေပြီ
ဖြစ်တဲ့ ခြေလက်အစုံတို့ဟာ အနည်းငယ် ပျော့ခွေအားနည်းလာလေသည်။
ထိုစဉ်၊ လင်းယာ့ရှန်းဟာလည်း မျက်မှောင်ကြုတ်လိုက်မိလိုက်ကာ ထိတ်လန့်သွားခဲ့သည်။ သို့ပေမဲ့၊ သူမ လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ကာ ဖိုးဖိုးလင်းဆီကိုသွားကူပေးလိုက်၏။ ဒါမှသာ ဓားပြရှဲ့ရဲ့သား ပတ်ရမ်းတာ မခံရမှာဖြစ်သည်။
" မမြင်ရတဲ့ မျက်လုံး၊ မကြားရတဲ့ နားအဖြစ်ကို ပြောင်းလဲ…."
သူ ရေရွတ်နေဆဲမှာပင်, ရုတ်တရက် ရိုက်ခံလိုက်ရမှုကြောင့် နိုးလာခဲ့သည်။ သူ ထခုန်တော့မလိုပင် "ဘယ်သူ ငါ့ကို ရိုက်တာလဲကွ! အ-အစ်ကိုကြီး…"
သူ ရှဲ့ဖင်းကန်းကို အနည်းငယ်နာကျင်နေသည့်
မျက်လုံးများဖြင့် ကြည့်လိုက်ကာ ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းငုံ့ထားလိုက်သည်။
"မင်းက အသက်ရှင်နေတုန်းပဲလား?" ရှဲ့ဖင်းကန်း သရော်လိုက်သည် "မင်းက သတ္တိတွေ သိပ်ရှိနေတယ်ပေါ့၊ အိပ်ယာကောင်းမှာမအိပ်ပဲနဲ့ အခေါင်းထဲမှာ အိပ်ရတာကို ကြိုက်နေတာလား။ ဒါဆို ငါဘာလို့မင်းအခန်းထဲက အိပ်ယာကို မပြောင်းပေးပဲနေရမှာလဲ။ ငါ မင်းဆင်းပြီးနေဖို့အတွက် မြေကျင်း ခပ်ကြီးကြီးတစ်ခု တူးပေးရမလား။ သတိရရင်တော့ ခေါင်းထွက်လာပြီး ငါ့ကိုရှာလေ"
ရှဲ့ချောင်မှာ ကြောက်သွားတာကြောင့် အကြိမ်ရေနည်းနည်းလောက် ချောင်းဆိုးလိုက်သည်။
သူမ ဂရုတစိုက်နဲ့ ခြေနှစ်လှမ်းဆုတ်လိုက်၏။
ရန်လိုစိတ်က ပြင်းလွန်းနေတဲ့အတွက် သူနဲ့ ပြောဆိုဆက်ဆံဖို့က အဆင်မပြေသေးချေ။
"ငါသာ ဒီမှာမရှိရင်၊ မင်း အသက်ရှင်မှာ မဟုတ်တော့ဘူး" ရှဲ့ဖင်းကန်း ထိုကောင်စုတ်လေးကို တကယ်သေလောက်အောင် ကန်ပစ်ချင်နေသည်။ "မင်းရဲ့ မိုက်မဲတဲ့ မျက်လုံးကို ဖွင့်ပြီး ကြည့်ကြည့်လိုက်စမ်း။ဒီမှာရှိနေတဲ့သူတွေ မင်းကို ကယ်ဖို့အတွက်နဲ့ တစ်ညလုံးမအိပ်ခဲ့ရဘူး။ မင်းအစ်မရဲ့ ကျန်းမာရေး အခြေနေကို မသိဘူးလား။ သူမသာ တစ်ခုခုဖြစ်သွားလို့ကတော့ မင်းကို ခုတ်ထစ်ပစ်မယ်"
ရှဲ့ဖင်းဟွိုက်လည်း လန့်ပြီး ကြို့ထိုးတော့သည်။
သူရဲ့ မျက်လုံးလေးနဲ့ တိတ်တိတ်ကလေး ဝေ့ဝဲကြည့်လိုက်သည်။
အဲဒီနောက်မှာတော့, သူ ကြက်သေသေသွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ?!
"ဘယ်လိုလုပ်ပြီး… ပြိုကျသွားရတာလဲ…" သူရဲ့ အသံက အင်မတန်ကို တိုးနေသည်။ "မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး…အစ်!,ကျွန်တော် ကန်ခဲ့တာ၊ ဟုတ်တယ်..ဒါပေမဲ့ ကျွန်တော်မှတ်မိတာက…မှတ်မိတာက..အစ်.."
သူ ခဏ စဉ်းစားကြည့်လိုက်သည်။
ရုတ်တရက်၊ သူ လက်တွေ့နဲ့ အိပ်မက်ကြားက ကွာခြားချက်ကို သူမပြောနိုင်တော့။
သူမှတ်မိတာက သူတံခါးကို ကန်ဖွင့်လိုက်ပေမဲ့၊ ပြိုကျမသွားခဲ့ဘူး။ ဒါပေမဲ့ သူ မှောင်မည်းနေတဲ့ နေရာတစ်ခုကို သွားခဲ့တယ်။နောက်တော့ သံထုနေတဲ့ အရူးတစ်ယောက်ရှိပြီးတော့ သူ့ကိုတောင် လုပ်ခိုင်းလိုက်သေးတယ်။ အဲဒီ တူကြီးက လေးလွန်းလို့ သူ့လက်မောင်းတွေတောင် ကျိုးတော့မလိုဘဲ..
သူ့လက်မောင်းတွေ…
"ကျစ်.. နာလိုက်တာ! ကျွန်တော် အရမ်းနာနေတာ၊ သေတော့မှာလားဟင်?!" ရှဲ့ဖင်းဟွိုက်က သူရဲ့ ညာဘက်လက်ကို ဘယ်လက်နဲ့ အုပ်လိုက်သည်။ သူ အခုမှသာ ပြန်တုံ့ပြန်ခဲ့လေသည်။
လူတိုင်း ဆွံ့အသွားရသည်။
သူ အကြာကြီး အဖိခံထားခံရပြီး တစ်ချိန်လုံး သတိမရှိဘူး မဟုတ်ဘူးလား။
အခုမှ ပြန်တုံ့ပြန်တာက နည်းနည်း နှေးမနေဘူးလား။
ဒါပေမဲ့ အခုချိန်မှာ ဒီကလေး အသက်ရှင်နေနိင်သေးတာ တကယ်ကို ကံကောင်းတယ်။
ရှဲ့ချောင်သာ တခြားသူတွေ ဘာတွေးနေလဲဆိုတာကို သိလျှင် သူမ တစ်ခုခုတော့ ပြောလောက်သည်
သူမရဲ့ မိုက်ရူးရဲဆန်တဲ့ မောင်က ဘယ်လိုလုပ်ပြီး ကံကောင်းနိုင်မှာလဲ။သူက အငြိုးကြီးဝိဉာဉ်ကိုမှ သွားပြီးစော်ကားတာ။ အငြိုးကြီး ဝိဉာဉ်အနေနဲ့ သူ့အသက်ကိုယူလိုက်ဖို့က အလွယ်လေး။ သူ အသက်ရှင်နေတာ မနေ့က အဆောင်တွေကြောင့်
ပဲ!
" မောင်လေး၊ မင်း အစ်မကို ငွေဆယ်စ အကြွေးတင်သွားပြီနော်" ရှဲ့ချောင် က ရုတ်တရက် ပြောလိုက်၏။
သူမက ညလယ်ကြီးမှထပြီး ဒီကိုလာခဲ့ရတာကြောင့် အဖိုးအခက အလိုလို ပိုဈေးကြီးသွား၏။
•••••