ကိုယ်စားတဲ့ဟာက ကိုယ့်အတွက်
Vol. 20 Ch. 377
ထိုစဉ်၊ ရှဲ့ဖင်းဟွိုက်ရဲ့မျက်နှာကတော့ ရိုးသားဖြူစင်ပါတယ်ဆိုတဲ့ ပုံနဲ့ပင်။ သူ မသိနားမလည်စွာနဲ့ ပတ်ကြည့်လိုက်ပြီး လောကကြီးက သူ့ကို စွန့်ပစ်ထားသလို ခံစားလိုက်ရသည်။
"အစ်မကြီး၊ ကျွန်တော် မနေ့က အစ်မကို အိပ်မက်မက်တယ်၊ အစ် ကျွန်တော့်ကို စာတွေအခေါက်တစ်ရာတောင် ရွတ်ခိုင်သေးတယ်။အစ်မပြောတာက..အစ်, ကျွန်တော် ရွတ်ပြီးသွားလို့ရှိရင်၊ ကျွန်တော့်ကို ငွေစ ဆယ်စ ဆုချမယ်တဲ့ ၊ အစ်..ဘာလို့ အခုမှ တစ်မျိုးပြောင်းသွားရတာလဲ။ ကျွန်တော်က ငွေစာဆယ်စ အကြွေးတင်နေတာလား,အစ်…" ရှဲ့ဖင်းဟွိုက်က ဂရုတစိုက်နဲ့ ပြောလိုက်သည်။
ရှဲ့ချောင် ပြုံးလိုက်၏။
သူမက ရှဲ့ဖင်းဟွိုက်ကို ညင်ညင်သာသာ ကြည့်လိုက်သည်, အထူးသဖြင့် ညှို့ယူဖမ်းစားနေတဲ့ ပုံမျိုးနဲ့ ကြည့်နေတာပင်။
"တုံးလိုက်တဲ့မောင်လေး၊ မင်းပဲဒါက အိပ်မက်တစ်ခုလို့ မပြောခဲ့ဘူးလား" ရှဲ့ချောင် သူမရဲ့ မျက်ဝန်းတွေကို မှေးကျဉ်းလိုက်ကာ အဒေါ်လင်း ကို ပြောလိုက်သည် "ဒီကောင်လေးကို ကယ်ထုတ်ပြီးပြီဆိုတော့ ပြဿနာမရှိတော့ဘူး။ လက်မောင်းကျိုးသွားတယ်ဆိုပေမဲ့ သူ့မှာ နောက်တစ်ဖက်ရှိနေသေးတာပဲ။ ဒီတော့ သူ အဒေါ်တို့ရဲ့ နေ့စဉ်လုပ်ငန်းတွေကို ကူညီတဲ့နေရာမှာ အဟန့်အတား ဖြစ်မှာ မဟုတ်ပါဘူး။ အဒေါ် သူ့ကို ပြန်ခေါ်သွားလိုက်ပါ။ အို ဟုတ်သားပဲ၊ သူ့ရဲ့ လက်က မရေးနိုင်ပေမဲ့ နှုတ်တိုက်တော့ ရွတ်နိုင်သေးတယ်။ သူ့ကို ကြီးကြပ်ပေးဖို့ ဒေါ်ဒေါ့်ကို ဒုက္ခပေးရဦးမယ်"
လင်းယာ့ရှန်းက စိတ်သက်သာရာရစွာနှင့် သက်ပြင်းချလိုက်၏ "ကောင်းပြီလေ"
ဒီကလေးက ကျီးစယ်တတ်လွန်းတယ်။ သူ့ အပြစ်ပေးခံရသင့်တယ်။
ဒါပေမဲ့…
လင်းယာ့ရှန်းက ရှဲ့ချောင်နဲ့ ရှဲ့ဖင်းကန်းတို့ကို ကြည့်လိုက်သည်၊ ဒီမိသားစုက စိတ်ဆိုးဒေါသထွက်လွယ်တာပဲ၊ သူတို့ ရှဲ့ဖင်းဟွိုက်ကို ကြမ်းကြမ်းရမ်းလုပ်ရင်တောင်, အလုပ်ဖြစ်မှာမဟုတ်၊
အရင်က…
လုသခင်မက သူ့ကို ချစ်မြတ်နိုးတယ်ဆိုပြီး သူမ မပြောခဲ့ဘူးလား။
လင်းယားရှန်တွေးကြည့်လိုက်၏။ ဒီကလေးက စိတ်ထားနူးညံ့တယ်။ အခု သူလက်ကထိခိုက်ထားတာဆိုတော့ သူမအနေနဲ့ ဒီအခွင့်အရေးကို
အသုံးချပြီး သူနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့လုပ်ရမယ်။ ဒါဆိုရင် အနာဂတ်မှာ သူ့ကို သင်ပြပေးဖို့က ပိုအဆင်ပြေသွားမယ်။
ဒီအကြောင်းကို တွေးမိလိုက်တဲ့အခါ လင်းယာ့ရှန်းက ရှဲ့ဖင်းဟွိုက်ကို ပိုပြီး ကြင်နာတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။
အရာရှိနဲ့ စစ်သည်တွေ ထွက်ခွာသွားပြီးတဲ့နောက်၊ လင်းယာ့ရှန်းက လျှောက်သွားလိုက်ကာ နူးညံ့စွာနဲ့ "ကလေး၊ မင်းက အဒေါ်တို့ကို သေလောက်အောင် စိတ်ပူစေတာပဲ။ မင်းသာ တစ်ခုခုဖြစ်သွားလို့ကတော့ အဒေါ်ဆက်ပြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး၊ အဒေါ်မင်းနဲ့အတူသွားပြီး၊ မင်းအမေကို အတူတူသွားတွေ့မယ်…."
ရှဲ့ဖင်းဟွိုက်မှာ ပါးစပ်အဟောင်းသာဖြစ်ကာ ပြောစရာစကား ပျောက်ဆုံးသွားခဲ့သည်။
ဒီလောက်ကြီး အတည်ပေါက်မဖြစ်သင့်ဘူးလေ။ သူ သူ့အဒေါ်နဲ့ အဲ့လောက်လည်း မရင်းနှီးဘဲနဲ့…
ဒါပေမဲ့ သူမကညင်သာသိမ်မွေ့နေတာကြောင့် သူမကို သူ ပြန်မငေါက်ခဲ့၊ "ဒါ စိုးရိမ်စရာ တော့ မဟုတ်ပါဘူး။ လက်မောင်းလေးပဲဟာ၊ အစ်, နည်းနည်းမှတောင် မနာဘူး!"
" တုံးလိုက်တဲ့ကလေး၊ ကိုယ့်အဒေါ်ရှေ့မှာ သည်းခံပြနေဖို့ မလိုပါဘူး။အဒေါ်မင်းကို အိမ်ခေါ်သွားမယ်၊ မင်း ဘာစားချင်လဲပြော" လင်းယာ့ရှန်းရဲ့ အသံက ညင်သာနေကာ "ကိုယ်စားတဲ့ဟာက ကိုယ့်ခန္ဓာကိုယ်အတွက်ပဲ၊ အဒေါ် မင်းအတွက် အရိုးစွပ်ပြုတ်လုပ်ပေးမယ်၊ ဟုတ်ပြီလား""
"... ဟုတ်" ရှဲ့ဖင်းဟွိုက် တွေဝေစွာနဲ့သာ ပြန်ဖြေ
လိုက်သည်။
ဒီရက်တွေ အတွင်း သူ့ရဲ့ အမေနဲ့ အဒေါ်တို့ဟာ အလွန်ကို ဆင်တူကြတယ်ဆိုပြီး ဖိုးဖိုးလင်းက သူ့ကို ပြောပြခဲ့သည်။
တစ်ခုရှိတာက သူအမေရဲ့ ပင်ကိုယ်စရိုက်က ညင်သာသိမ်မွေ့ပြီး သူ့အဒေါ်က နည်းနည်းပို ခက်ထန်ရုံသာ။
လင်းယာ့ရှန်းက ရှဲ့ဖင်းဟွိုက်ကို ခေါ်ထုတ်သွားလိုက်၏။ရှဲ့ဖင်းကန်းက မျက်မှောင်ကြီးကြုတ်နေသည်။
လုသလင်မကတော့ ထွက်သွားပြီ။ ဒီလင်းမိသားစုက အမျိုးသမီးကတော့ လုသခင်လို မဟုတ်
လောက်ပါဘူး။
"အစ်ကိုကြီး စိတ်မပူပါနဲ့၊ အဒေါ်လင်းကလူကောင်းတစ်ယောက်ပါ" ရှဲ့ဖင်းကန်းတစ်ယောက်ဖြစ်ပျက်နေတဲ့ပုံကို မြင်ပြီး ရှဲ့ချောင်က တီးတိုးပြောလိုက်သည်။
"ညီမလေးက ကောင်းတယ်လို့ပြောရင်တော့ သူမက ကျိန်းသေပေါက်ကောင်းမှာပါ" ရှဲ့ဖင်းကန်းက ခဏစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ စိတ်ပူမနေတော့ဘဲ ထွက်သွားတော့သည်။
လုသခင်မရှိစဉ်တုန်းကဆိုလျှင် ရှဲ့ချောင်က သူမနဲ့ ညှိနှိုင်းဖြေရှင်းဖို့တောင်မစသလို ချီးမွမ်းတာမျိုးလည်း မရှိခဲ့။ သူမက သေခြင်း ရှင်ခြင်းကို အင်မတန် တိတိကျကျမြင်နိုင်သည်။
ရှဲ့ချောင် သူမရဲ့ အိမ်တော်ဆီပြန်သွားခဲ့သည်။
ယခုချိန်က နှစ်သစ်ကူးကာလဖြစ်တာကြောင့် ရှဲ့ဖင်းကန်းဟာ အိမ်မှာ အနားယူနေသည်။
ရှဲ့အိမ်တော်၌ အလွန် သက်ဝင်တက်ကြွခြင်းမျိုးမရှိခဲ့။ ရှဲ့ဖင်းကန်းက ခြံဝင်းထဲမှာ သူရဲ့ လက်နက်တွေနဲ့သာ လေ့ကျင့်နေသည်။ အကောင်းဆုံးလက်နက်တွေကတော့ ရောင်းထွက်သွားပြီဖြစ်၏။ အခု သူဟာ ကြီးမားတဲ့ ဓားရှည်တစ်လက်ကို ထီမထင်ဟန်နှင့် လွှဲယမ်းနေသည်။ သတ္တိရှိတဲ့ အစေခံတစ်ယောက်သာ သူ့ကို ခစားဖို့ ကျန်ရစ်နေခဲ့ပြီး တခြားသူတွေကတော့ သူ့ကို ရှောင်သွားကြသည်။
ရှဲ့ချောင်ဆီမှာတော့ ပိုပြီး တိတ်ဆိတ်နေသည်။
သူမ ကိုယ့်စကားကိုယ် တည်ခဲ့သည်။သူမ ကောင်းမွန်တဲ့ သစ်သားအစိတ်အပိုင်းတစ်ခုကို ရှာတွေ့ခဲ့ပြီးသူမရဲ့ ကိရိယာတန်ဆာပလာတွေကို ယူလိုက်ကာ ဂရုတစိုက်စတင်ထွင်းထုတော့သည်။
ကြီးမားသော မီးပြင်းဖို တစ်ဖိုနှင့် ကြီးမားသော တူတစ်လက်.
သူမ အငြိုးကြီးဝိဉာဉ်ကို သတိရသွားပြီး သူဟာ သနားစရာကောင်းတယ်လို့ထင်လိုက်မိသည်။ သူမ တွေးဆလိုက်ပြီးနောက် တူပေါ်မှာ အသက်ဝင်တဲ့အဆင်ပုံစံများစွာ ဂရုတစိုက် ထွင်းထုလိုက်ရာ ပိုလို့တောင် ခမ်းနားသွားလေသည်။
ပစ္စည်းတွေကို မီးရှို့ပေးဖို့ သူမ အလျင်လိုမနေခဲ့။ အငြိုးကြီးဝိဥာဉ်ကို ဖမ်းထားပြီးတဲ့နောက် သူမ
အနေနဲ့ သူ့ကို လွယ်လွယ် ပြန်မလွှတ်လိုက်ရဲပေ။ သူရဲ့ အငြိုးကြီးမှုကို အရင်ဆုံး ဖယ်ရှားပစ်ရမည်။
•••••