← Chapters

ညီမလေးကို ဒေါသမထွက်ပါနဲ့

Vol. 20 Ch. 378

ညီမလေးကို ဒေါသမထွက်ပါနဲ့

Vol. 20 Ch. 378

ပုံသွင်းထွင်းထုခြင်း ပြီးဆုံးသွားတဲ့နောက်၊ ရှဲ့ချောင် ထိုပစ္စည်းတွေကို ကြမ္မာဥယျာဉ်မှာ ထားလိုက်သည်။

နှစ်သစ်ကူးပြီးသွားတဲ့အခါ ရှဲ့မိသားစုက ပျော်ပွဲရွှင်ပွဲတစ်ခုကို ကျင်းပခဲ့ကြသည်။

ရှဲ့ဖင်းကန်းရဲ့ ရာထူးတိုးခြင်းပင်။

လအနည်းငယ်လောက်ကပင် ရှဲ့ဖင်းကန်းဟာ တရားဝင် ရာထူးမရှိသေးတဲ့ လက်တိုလက်တောင်းကောင်လေးတစ်ယောက်သာသာရှိသေးသည်။ အချိန်ခဏလေးအတွင်းမှာ အဆင့်ခြောက်အထိ ရာထူးတိုးခံခဲ့ရပြီးတော့ မှုခင်းကြီးကြပ်သူတစ်ယောက် ဖြစ်လာခဲ့၏။

ဒီရာထူးအဆင့်နဲ့သာဆို, လိုအပ်ရင် အဆင့်ငါး ရာထူးအထက်ကသူတွေကိုတောင် ရှဲ့ဖင်းကန်းက တိုက်ရိုက် စစ်မေးနိုင်တယ်!

ထိုသတင်းက လူပေါင်းများစွာကို တုန်လှုပ်စေခဲ့၏။

အချိန်ကာလတစ်ခုအထိ၊ ရှဲ့မိသားစုရဲ့ တံခါးခုံဟာ ကျိုးကျလုမတက် ဖြစ်ခဲ့၏။

အတိတ်တုန်းက ရှဲ့မိသားစုရဲ့ ဂုဏ်သတင်းဟာ ဆိုးရွားခဲ့ပေမဲ့ အခုတော့ ပြောင်းလဲသွားခဲ့လေပြီ။ ဒါတင်မက အခုလို ထူးချွန်ပြီး အလားအလာကောင်းတဲ့ သခင်လေးတစ်ယောက်တောင် ရှိနေ၍ အရာရှိငယ်မိသားစုများစွာက သူ့ကို အာရုံစိုက်လာကြလေသည်။

သူရဲ့ ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ဆိုတဲ့ ကောလဟာလတွေ အတွက်ကတော့.

ကိစ္စမရှိဘူး။ လက်ထပ်မဲ့ မိန်းကလေး ဘယ်သူဆိုတာ အရေးမဟုတ်။ ဒီရက်စက်ပုံရတဲ့လူ သူ့ဇနီးကို မြတ်နိုးနေတယ်ဆိုရင်ရပြီ။

ရှဲ့ဖင်းကန်းအပြင် ရှဲ့ချောင်အကြောင်းမေးကြတဲ့ အောင်သွယ်တော်များစွာလည်း ရှိ၏။

ရှဲ့မိသားစုမှာက အိမ်တော်သခင်မ မရှိတဲ့အတွက် အောင်သွယ်တော်တွေက ရှဲ့ဖင်းကန်းကိုသာ ရှာကြရသည်။

ရှဲ့ဖင်းကန်းက နည်းနည်းစိတ်မရှည်တတ်တဲ့လူစားမျိုးဖြစ်၏။ သူ အဲဒီ အောင်သွယ်တော်တွေကို တစ်ချိန်တည်းမှာပဲ လာခွင့်ပြုလိုက်သည်။ သူတို့ အားလုံး အခန်းထဲမှာ ထိုင်နေကြ၏။ သူတို့အားလုံး စုံတော့မှ ရှဲ့ဖင်းကန်းပေါ်လာခဲ့သည်။

"ကျွန်တော် စကားများများစားစား ပြောနေမှာ မဟုတ်ဘူး။ ကျွန်တော့် ညီမကို လက်ထပ်ပေးစေချင်တယ်ဆိုရင် သတ်မှတ်ချက်တချို့တော့ရှိတယ်" ရှဲ့ဖင်းကန်းဟာက အလွန်ကို ဖြောင့်မတ်သူဖြစ်၏။

အောင်သွယ်တော်တွေဟာ လန့်ဖျပ်ကုန်တာကြောင့် အပြုံးများပင် ပျောက်ကွယ်ကုန်လေပြီ။

သူတို့ ခပ်တောင့်တောင့်နဲ့သာ ခေါင်းညိတ်လိုက်ကြ၏ "ပြော-ပြောပါ.."

"သူက ရဲရင့်တဲ့သူဖြစ်ရမယ်၊ ကြောက်တတ်ပြီးတော့ မြွေ၊ အင်းဆက်၊ ကြွက် ဒါမှမဟုတ် ပုရွက်ဆိတ်မြင်ရုံနဲ့တောင် လန့်နေတဲ့သူဆိုရင်တော့ မေ့လိုက်တော့" ရှဲ့ဖင်းကန်းက သူ့အသံက်ု မြှင့်လိုက်၏ "ဒါက ပထမအချက်၊ ဒုတိယတစ်ချက်ကတော့ စရိုက်လက္ခဏာပဲ။ ကိုယ်လုပ်တော်ထားတာက ကိစ္စမရှိဘူး, ဒါပေမဲ့ တစ်ခုရှိတာကသူမ သေသွားရင်တော့ သူ့ကတိကို တည်ရမယ်"

အောင်သွယ်တော်တွေခမျာ သူတို့ နားကြားမှားတာလို့တောင် ထင်လိုက်ကြသည်။

သခင်မလေး သေသွားရင်??

ဟုတ်တယ်၊ သူတို့ ရှဲ့မိသားစုရဲ့ သခင်မလေးက သက်တမ်းတိုတယ်လို့တော့ သူတို့ တကယ်ကြားဖူးတယ်။

ဒါပေမဲ့လည်း၊ ဘယ်လောက် သက်တမ်းတိုတဲ့သူတစ်ယောက်ဖြစ်နေပါစေ၊သူမ အခုချိန်ထိတောင် အသက်ရှင်နေပြီးပြီလေ၊ တကယ်လို့ ဒီသခင်မလေးက အသက်ရှည်ပြီးတော့ ကလေးတစ်ယောက်မှ မမွေးပေးနိုင်ခဲ့ရင်ရော? ဒါက သူမမှာ နောက်မျိုးဆက်မရှိနိုင်ဘူးလို့ ဆိုလိုနေတာ မဟုတ်ဘူးလား။

" ကျွန်တော်တို့မိသားစုရဲ့ လိုအပ်ချက်တွေကတော့… မမြင့်ပါဘူး၊မိသားစုနောက်ခံက အရေးမကြီးဘူး,ပညာရေးဆိုတာလည်း… ကိစ္စမရှိဘူး။သူက ကျန်းမာရေးကောင်းပြီး သားသမီးရနိုင်တယ်ဆိုရင်ကို လုံလောက်ပြီ"

ရှဲ့ဖင်းကန်းက သူ့ညီမနစ်နာတယ်လို့ တွေးနေဆဲ

ဖြစ်၏။

ယခုချိန်၌၊ အောင်သွယ်တော်များမှာ မပြုံးနိုင်တော့။

မိသားစုတွေ အနေနဲ့ သူတို့ရဲ့ သမီးမိန်းကလေးတွေကို လက်ထပ်ပေးစားတဲ့အခါ တောင်းဆိုချက်တွေရှိတာက ပုံမှန်ဖြစ်စဉ်တစ်ခုသာ။

ရှဲ့မိသားစုရဲ့ သတ်မှတ်ချက်တွေက မြင့်မနေပေမဲ့လည်း၊ ဒီစကားတွေက ရှဲ့ သခင်လေးရဲ့ နှုတ်ကနေထွက်လာတဲ့အခါမှာတော့ ကွာခြားသွားသလိုပင်။

အောင်သွယ်တော်များဟာ သုတ်သုတ်လာပြီး သုတ်သုတ်ပြန်သွားခဲ့ကြသည်။

ရှဲ့ဖင်းကန်း တော်တော် ဒေါသထွက်နေ၏။

သူ ရှဲ့ချောင်ရဲ့ ခြံဝင်းဆီပြေးသွားလိုက်တော့ သူမလက်ထဲ သစ်သားတွေနဲ့ဆော့နေတာကို တွေ့လိုက်ရသည်။ သူမဟာ တကယ်ကြီး သေးငယ်တဲ့ သစ်သားရုပ်လေးကို ထွင်းထုတဲ့နေရာမှာ ဈာန်ဝင်နေ၏။ ရှဲ့ဖင်းကန်း သက်ပြင်းချလိုက်ကာ "မင်း ဘာလို့ ပိုပြီး လက်ဦးမှုမရယူနိုင်ရတာလဲ။ ဖန်း၊ ဖုန်း၊ မုန့် မိသားစုကနေ ဖိတ်စာတွေ မပို့ခဲ့ဘူးလား။ ညီမလေးသာ အပြင်ထွက်ပြီး လူတွေနဲ့ မကြာမကြာတွေ့နေမယ်ဆိုရင် သူတို့မိသားစုထဲက သင့်တော်တဲ့ ယောကျာ်းတစ်ယောက်တော့ တွေ့မှာပဲ။ ညီမလေး အဲလိုမထင်ဘူးလား"

ရှဲ့ချောင် ခေါင်းငုံ့ကာ သစ်သားပေါ်က အမှုန်အစတွေကို မှုတ်ထုတ်လိုက်၏။ "အစ်ကိုကြီးလည်း တူတူပဲ မဟုတ်လား"

" ငါက ဆယ်စုနှစ်နည်းနည်းလောက်ထိနေနိုင်တယ်၊ မင်းကရော?" ရှဲ့ဖင်းကန်း အသံကိုမြှင့်လိုက်သည်။

ရှဲ့ချောင်က နှုတ်ခမ်းစူကာ ဖြည်းဖြည်းချင်းပြောလိုက်၏ " အစ်ကိုကြီး ညီမလေးကို ဒေါသမထွက်ပါနဲ့"

ရှဲ့ဖင်းကန်း သူမကို စိုက်ကြည့်လိုက်၏။ သူ သူမကို ဒေါသထွက်မိလို့လား?

သူ စကားလုံးကြမ်းတွေကိုတောင် စမပြောရသေးဘူးလေ။

"အစ်ကိုကြီး သုန့်ရှီးယွင်ရဲ့ ညီမလေးကို သိလား၊သုန့်မိသားစုက ဒုတိယသမီးလေ။သူက ညီမလေး

ထက်ငယ်ပြီးတော့ အတော်လေးလည်း လှတယ်။ သူမမှာ ချိုသာတဲ့ အပြုံးလေးတောင်ရှိသေးတယ်" ရှဲ့ချောင် ထိုအကြောင်းကို တွေးမိလိုက်ပြီးနောက် ခေါင်းမော့ပြီး မေးလိုက်သည်။

"မသိဘူး" ရှဲ့ဖင်းကန်းက စဉ်းတောင်မစဉ်းစားကြည့်ခဲ့။

"သေချာ စဉ်းစားကြည့်ပါဦး အစ်ကိုကြီး သူနဲ့ စကားပြောခဲ့ဖူးလား။ သုန့်ရှီးယွင် စွပ်စွဲတာ မခံရခင်အချိန်လောက်ကလေ" ရှဲ့ချောင်ရဲ့ မျက်နှာက အလေးအနက်ဖြစ်နေ၏။

ရှဲ့ဖင်းကန်းက မျက်ခုံးတွေကို တွန့်ကွေးထားကာ အချိန်တော်တော်ကြာ နှုတ်ဆိတ်နေခဲ့သည်။

" သူမရဲ့ မျိူရိုးနာမည်က သုန့် ဆိုပြီး တစ်ယောက်ယောက်ပြောခဲ့ဖူးသလိုပဲ… အစ်ကိုကြီးအထင်.. အပြင်မှာတုန်းက , လူလိမ် တစ်ယောက်ကို ကန်ခဲ့ဖူးတယ်။ ဖြစ်ချင်တော့ အဲဒီ လူလိမ်က အမျိုးသမီးတွေကို ပြစ်မှတ်ထားနေတာ..အဲ့တုန်းက ကယ်လိုက်တဲ့ အမျိုးသမီးက မ ထွက်သွားစေချင်ခဲ့တဲ့ပုံနဲ့ ငါရဲ့ အင်္ကျီလက်ကိုဖမ်းဆုပ်ထားပြီး လွှတ်လိုက်ဖို့ကို ငြင်းဆိုနေခဲ့တာ။ သူမက ဘယ်မိသားစုကပါ ဆိုတာကိုပဲ ပြောနေခဲ့တော့ အစ်ကိုကြီးထင်တာက..သူမက အိမ်ပြန်လိုက်ပို့ပေးစေချင်နေတယ်ပေါ့..ဒါက တကယ်ကို ပြဿနာပဲလေ ဒါကြောင့် အစ်ကိုကြီး သူ့ကို စိတ်ထဲထားမနေခဲ့တာ"

•••••

All Chapters