လျှို့ဝှက်ချက်တွေပြောခြင်း
Vol. 20 Ch. 379
ဒီကိစ္စကို ပြန်ပြောတဲ့အခါ ရှဲ့ဖင်းကန်းရဲ့မျက်နှာအမူအရာဟာ အခက်တွေ့သလို ဖြစ်နေဆဲပင်။
ရှဲ့ချောင် ထိုစကားကိုကြားတော့ သူမ အစ်ကိုကြီးရဲ့ ခေါင်းကို ထိုးပစ်လိုက်ချင်နေလေသည်။
မတွေးတတ်လိုက်တာ!
မိန်းကလေးက သူ့ကို အိမ်ပြန်လိုက်ပို့စေချင်တယ်ဆိုရင် တိုက်ရိုက်ပြောနေလောက်ပြီလေ!
သူမ ဘယ်သူလဲဆိုတာကိုပဲ ဆက်တိုက်ပြောနေတဲ့ဟာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး သိကျွမ်းချင်ပြီး အနာဂတ်မှာ ပိုပြီး ဆက်ဆံပြောဆိုချင်တယ်ဆိုတာ အသိသာကြီးလေ….
"အစ်ကိုကြီး အဲ့ဒီမိန်းကလေးက.. အစ်ကိုနဲ့ မိတ်ဆွေဖြစ်ချင်ပြီးတော့သူမအသက်ကယ်ခဲ့တာ
ကို ကျေးဇူးတင်ချင်တာ ဖြစ်နိုင်တယ်လေ" ရှဲ့ချောင်ရဲ့ မျက်နှာက အလေးအနက်ဖြစ်နေပေမဲ့လည်း သူမလုပ်နိုင်တာတစ်ခုမှ ရှိမနေခဲ့။
"သူမက မိန်းကလေးငယ်တစ်ယောက်လေ၊ ငါက ဘာလို့ သူနဲ့ မိတ်ဆွေဖြစ်ရမှာလဲ။ သူမက ငါနဲ့ မြင်းစီးဖို့နဲ့ ဓားရေးကစားဖို့က အဖော်ပြုပေးနိုင်တယ်လို့တော့ မပြောနဲ့" ရှဲ့ဖင်းကန်းရဲ့ မနှစ်မြို့ဟန်ဖြစ်နေတဲ့ မျက်နှာဟာ အလွန် သိသာနေလေသည်။
ရှဲ့ချောင် ပြောစရာမရှိတော့
သူက မိုက်မဲတဲ့သူတစ်ယောက်ပဲ!
သူ့ဘဝမှာ ဘယ်တော့မှ ဇနီးတစ်ယောက်
လက်ထပ်နိုင်မှာမဟုတ်ဘူး။
အနာဂတ်မှာ၊ သူက အလုပ်တွေ ကြိုးစားပြီးလုပ် သူသေသွားတဲ့ အချိန်ကျရင် သမိုင်းစာအုပ်တွေမှာ - ဝက်ဝံတစ်ကောင်နဲ့တူကာ ကျားတစ်ကောင်လိုအသံ၊ ကြေးခေါင်းလောင်းတွေလို မျက်လုံးတွေရှိတဲ့ အရာရှိတစ်ယောက်ရှိ၏။ သူဟာ အင်မတန်ရုပ်ဆိုးလှသည်။ အမျိုးသမီးတွေက သူ့ကို မြင်တိုင်း ထွက်ပြေးသွားကြ၏။ ၊ ထူးဆန်းသော လူတစ်ယောက်ဖြစ်သည်– ဆိုပြီး ရေးမှတ်ထားလောက်တယ်။
ထိုအကြောင်းကို စဉ်းစားမိပြီးရှဲ့ချောင်က ရှဲ့ဖင်းကန်းရဲ့ ကံအကောင်းအကြောင်းမလှသည့် အဖြစ်ကို ကျေနပ်နေကာ ပြုံးဖြဲဖြဲရယ်ပြလိုက်သည်။ သူမရဲ့ အပြုံးက ပန်းတစ်ပွင့်လိုပင်။
"ပထမသခင်လေး အရှင့်သား.. အိမ်ရှေ့စံ
မင်းသား ရောက်နေပါတယ်။ သူ-သူ အနောက်ဘက်ခြံဝင်းထဲမှာပါ" အိမ်တော်ထိန်း အထိတ်တလန့်နဲ့ ပြေးလာတဲ့အချိန် ရှဲ့ချောင်က တွေးတောလို့နေ၏။
ရှဲ့ဖင်းကန်းက ချက်ချင်းထရပ်ကာ "ငါ အရှင့်သားကို သွားနှုတ်ဆက်လိုက်မယ် မင်း..ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ထား"
…. ပြန်သုံးသပ်ရမယ်?
သူမ ဘာအမှားလုပ်မိလို့လဲ?!
ရှဲ့ချောင်က 'ဟွန်းခနဲ" လုပ်လိုက်၏ "ညီမလေးလည်း သွားချင်တယ်"
" အရှင့်သားက ယောကျာ်းသားတစ်ယောက်၊ မင်းက ဘာသွားလုပ်မလို့လဲ" ရှဲ့ဖင်းကန်းက သူမကို မျက်မှောင်ကြုံ့ပြီး ကြည့်လိုက်၏။
"အရှင့်သားက ကြည့်ကောင်းတယ်လေ၊ ညီမလေး သူ့ကို့ခဏလောက်ပဲ ကြည့်မှာပါ။ ညီမလေး သေသွားရင်တောင် ကျေနပ်ပြီ" ရှဲ့ချောင်က သာမန်ကာလျှံကာနဲ့သာ ပြောလိုက်ပြီး သစ်သားရုပ်လေးကို သေတ္တာထဲ ပြန်ထည့်လိုက်သည်။အဲဒီနောက် သူမက ပြုံးကာ "အရှင့်သား စောင့်နေရတာ ကြာနေဦးမယ်။ အစ်ကိုကြီး သွားမှာလား၊ အစ်ကိုကြီး မသွားဘူးဆိုရင် ညီမလေး သွားမယ်။"
"ဆုတောင်းလေ" ရှဲ့ဖင်းကန်း အင်မတန် စိတ်ပျက်နေ၏။
ဒီကောင်မလေးက အိမ်ရှေ့စံမင်းသားနဲ့ ထပ်ပြီး
လျှို့ဝှက်ချက်တွေကို ပြောချင်နေတာ မဟုတ်ဘူးလား?
ဒီ အိမ်ရှေ့စံမင်းသားက …. ယောကျာ်းပီသတဲ့သူဆိုတာ မှန်ပေမဲ့ သူမသူနဲ့ လက်ထပ်လို့မရသလို ကလေးမွေးလို့လဲမရဘူး၊ ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်မှာပဲ!
ရှဲ့ချောင် အပြင်ကို လမ်းလျှောက်ထွက်လိုက်၏။ အပြင်မှာ နှင်းတွေစပြီး ကျနေလေပြီ။
နှင်းတွေကျနေပြီး အေးလွန်းတာကြောင့် သူမ တစ်ကိုယ်လုံး တုန်ယင်နေသည်။
သူမ အိမ်ရှေ့စံမင်းသားကို တစ်ခါနှစ်ခါကြည့်ရုံလောက် သွားတာ မဟုတ်ဘဲ တစ်ခုခု ပေးစရာ ရှိ
နေခဲ့တာဖြစ်၏။
အိမ်ရှေ့စံရဲ့မကောင်းဆိုးဝါး ဝိဉာဉ်တွေကို ဆွဲဆောင်နေတဲ့ ပြဿနာက ကုသဖို့လိုနေသည်။
သူမ အရင်က အရှေ့နန်းဆောင်ရဲ့ အခြေအနေကို အိမ်ရှေ့စံမင်းသားဆီ ပြောပြဖူးထားပေမဲ့ ပြောင်းလဲသွားခဲ့သလားဆိုတာ သူမ မသိနိုင်။ ဘာပဲဖြစ်ဖြစ် သွားကြည့်ကြည့်လိုက်လို့တော့အကျိုးယုတ်စရာမရှိ။
ရှဲ့ချောင် သူမကိုယ်သူမ တင်းတင်းကျပ်ကျပ် လွှမ်းခြုံထုပ်ပတ်ထားရာ အနီရောင်ဖက်ထုပ်နှင့်ပင် တူနေ၏။
ရှဲ့ဖင်းကန်း အစက နည်းနည်း စိုးရိမ်နေပေမဲ့ သူမရဲ့ထူထူထဲထဲပုံစံကို မြင်ပြီး သိသိသာသာ စိတ်
အေးသွားသည်။
သူမက ဝတုတ်တုတ်ကလေးတစ်ယောက်လို ဝတ်စားထားတာ၊ အိမ်ရှေ့စံမင်းသားသာ အမြင်မရှိတာမဟုတ်ရင် သူမကို သဘောကျမှာ မဟုတ်ဘူး။
ကျောက်ရွှမ်ကျင်းသည် အနောက်ဘက်ခြံဝင်းထဲမှာ ရပ်နေခဲ့ကာ ရှဲ့ဖင်းကန်းရဲ့ လေးလံတဲ့ ဓားရှည်တစ်လက်ကို ဟိုဟိုဒီဒီ ကိုင်ယမ်းနေသည်။
ကျို့ဝေ့ကျုံးတစ်ယောက်သာ သူနဲ့ အတူ ပါလာခဲ့ပြီး သူ့ခမျာ ဓားရှည်ကို ငေးကြည့်ရင်း မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေလေသည်။
အဲဒီ ရှဲ့ဖင်းကန်းက ဒီလောက် လေးတဲ့ ဓားရှည်
ကို တကယ်ကြီး သုံးတယ်!
'အရှင့်သား ဒါကို ကိုင်ထားတာ ကြာနေပြီ, ကိုယ့်ကိုကိုယ် အပင်ပန်းမခံပါနဲ့!'
'အထူးသဖြင့် အရှင့်သားရဲ့ လက်တွေကို!'
ကျိုးဝေ့ကျုံးက ထိုဓားကိုသာ ငေးစိုက်ကြည့်နေကာ သူ့ရဲ့ မျက်လုံးထဲမှာ အလိုမကျမှုတွေ ပြည့်လို့နေ၏။ ခဏကြာပြီးနောက် ၊ ရှဲ့ချောင်နဲ့ ရှဲ့ဖင်းကန်းတို့ ရောက်လာခဲ့ကြပြီး ထိုအခါမှသာ သူတို့ကိုသူတို့ ပြန်ထိန်းခဲ့ကြသည်။
" ဝန်ကြီးရှဲ့ ဒီ တောက်ပြောင်နေတဲ့ ဓားရှည်ကိုကြည့်ရတာ၊ ဝန်ကြီးရှဲ့ သွေးမြင်ဖူးပုံပဲ ဟုတ်တယ်မလား။ကျောက်ရွှမ်ကျင်းက သူတို့ကို ဦးညွှတ်
ဂါရဝ ပြုခိုင်းမနေပဲ တန်းမေးလိုက်သည်။
"ဟုတ်ကဲ့၊ အရင်က ကျွန်တော်မျိုးရဲ့ဖခင်နဲ့အတူ လူရိုင်းတွေကို တိုက်ခိုက်ခဲ့တုန်းက ဒီဓားကို သုံးခဲ့တာပါ။ကံဆိုးချင်တော့ ဒီဓားက ရွာမှ သံရည်ကျိုပုံသွင်းထားပြီးတော့ လက်ကိုင်တွေကလည်း ကြမ်းတမ်းလွန်းတယ်။ကျွန်တော် လှံကောင်းတစ်လက်ရခဲ့ဖူးပေမယ့် အဖေက… တခြားတစ်ယောက်ဆီ ရောင်းစားပစ်လိုက်တယ်။ကျွန်တော့်မှာ ငွေလုံလုံလောက်လောက်ရှိရင်တော့ အဲဒါကို ပြန်ဝယ်မှာ" ရှဲ့ဖင်းကန်းက စကားဆုံးသည်နှင့် အံကြိတ်လိုက်တော့သည်။
•••••