← Chapters

တံလျှပ်

Vol. 20 Ch. 380

တံလျှပ်

Vol. 20 Ch. 380

သူမ အစ်ကိုရဲ့စကားတွေကို ကြားပြီး ရှဲ့ချောင်

ခမျာ သိချင်စိတ်ဖြစ်သွားရသည်၊ သူ အခုချိန်ထိ ဘယ်လိုများ ရှင်သန်လာခဲ့တာပါလိမ့်?

သူ အရှေ့မှာ ရှိနေတဲ့ ပုဂ္ဂိုလ်ကို ဘယ်သူလို့များထင်နေတာလဲ?

အိမ်ရှေ့စံမင်းသားလေ!

နောင်တစ်ချိန်ကျရင်၊ ဒီလောကကြီးက သူ့အပိုင်ဖြစ်လာတော့မှာ။ အဲဒါကို အခုသူက တောင်ပေါ်ဓားပြစခန်းက ကိစ္စကို တကယ်ကြီး ထုတ်ပြောနေတယ်။ အတိတ်တုန်းက ရှဲ့မိသားစုဟာ ဓားပြတွေပါလို့ သူ အိမ်ရှေ့စံမင်းသားကို မပြောခဲ့ဖူးလို့လား။

သူရာထူးတိုးတယ်ဆိုတာကလည်း သူကံကောင်းလို့လေ။

"အံ့ဖွယ်လက်နက်တွေဆိုမှ ၊ ရှန်ဟိုင်း ကျောင်းတော်မှာလည်း လက်နက်တွေရှိတယ်လို့ ကိုယ်တော်ကြားဖူးတယ်။ကျောင်းတော်ကို တည်ထောင်တုန်းက ကျောင်းအုပ်နှစ်ယောက် ရှိခဲ့တယ်။ တစ်ယောက်က အရပ်သား၊ နောက်တစ်ယောက်ကတော့ ကိုယ်ခံပညာကျွမ်းတဲ့သူ။ ကျောင်းအုပ်ဝူက စစ်သူကြီးဟောင်းတစ်ယောက်ဖြစ်ပြီးတော့ သူရဲ့ ရတနာတွေအားလုံးကို ကျောင်းတော်ဆီပေးခဲ့တာ။ ကံဆိုးချင်တော့ တိုင်းပြည်က အရပ်သားတွေကိုတော့ တန်ဖိုးထားပြီး ကိုယ်ခံပညာသမားတွေကိုတော့ သိပ်အရေးမလုပ်ခဲ့ဘူးး။ ရတနာတော်တော်များများက ရတနာဆိုင်မှာ ရှိနေတုန်းပဲ။ လူအနည်းစုလောက်ပဲ အဲဒါတွေ ရနိုင်တယ်" အိမ်ရှေ့စံမင်းသားက ပြောလိုက်ရင်းနဲ့ သူ့လက်ထဲက ဓားရှည်ကို ရှဲ့ဖင်းကန်းဆီ ပစ်ပေးလိုက်သည်။

ရှဲ့ဖင်းကန်းဟာ ဒါမျိုးကို တစ်ခါမှ မကြားဖူးတာ

ကြောင့် "သူတို့မှာ ဘယ်လို လက်နက်တွေ ရှိတာလဲ"

အိမ်ရှေ့စံမင်းသားက "လက်နက်မျိုးစုံရှိတယ်။ လှံ၊ ဓား၊ လှံဓားရှည် ၊ ပုဆိန်တွေ အစုံပဲ။ သူတို့မှာ သံဆူးလုံး တောင် ရှိတယ်"

လှံဓါးရှည်!

သံဆူးလုံး!

ရှဲ့ဖင်းကန်းရဲ့ မျက်လုံးတွေဟာ ပိုင်ဆိုင်လိုစိတ်ပြင်းပြလာခဲ့၏။

သူ ချက်ချင်းပဲ ကျောင်းတော်ကို ပြေးသွားလိုက်

ပြီး ပစ္စည်းတွေကို ယူလိုက်ချင်နေသည့်ပုံပင်။

"အစ်ကိုကြီး အိမ်ရှေ့စံမင်းသားပြောတာက ညီမလေးတို့က အဲဒါတွေကို ကြိုးစားပြီး ရနိုင်တယ်လို့လေ" သူ့အနောက်ကနေ ဖြည်းဖြည်းချင်းပြောလိုက်၏။

"ဘယ်လို ရအောင်လုပ်ရမှာလဲ၊ အပြင်လူတွေ ဝင်လို့ရလား" ရှဲ့ဖင်းကန်း စိုးရိမ်နေ၏။ သူ ခြေတစ်လှမ်းနောက်ကျသွားရင် အဲဒီပစ္စည်းတွေ သူ့လက်ထဲက လွယ်သွားမှာကိုကြောက်နေသည်။

ရှဲ့ချောင်မှာ အနည်းငယ် ကူကယ်ရာမဲ့သွားတာကြောင့် သူမ စင်္ကြံလမ်းအောက်က ထိုင်ခုံမှာ ထိုင်ပြီးသာ နားထောင်နေလိုက်သည်။

ကျို့ဝေ့ကျုံးမှာ အိမ်ရှေ့စံမင်းသားစကားပြောရတာ ပင်ပန်းနေမှာကို စိတ်ပူတာကြောင့် သူ့ ချက်ချင်း ပြန်ဖြေပေးလိုက်၏ "ဒါပေါ့ အပြင်လူတွေလည်း ဝင်လို့ရပါတယ်၊သူတို့အနေနဲ့ ပိုက်ဆံပေး စာရင်းသွင်းပြီးတော့ စစ်ဆေးမှု သုံးခုကို ကျော်ဖြတ်ကြရမယ်။ ဒါပေမဲ့၊ ဒီလောက် နှစ်တွေကြာတာတောင် စစ်ဆေးမှုကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တဲ့သူ သိပ်မရှိသေးဘူး။ဖြတ်ကျော်နိုင်ခဲ့တဲ့လူတွေကလည်း အခုတော့ နန်းတွင်းရုံးတော်မှာ အင်အားကြီးတဲ့ ဒေသအုပ်ချုပ်ရေးမှုးတွေ စစ်ရေးအရာရှိတွေ ဖြစ်ကုန်ကြပြီ"

ထိုစကားကိုကြားတော့ ရှဲ့ဖင်းကန်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

တစ်ယောက်ယောက်က စစ်ဆေးမှုကိုကျော်ဖြတ်နိုင်တယ်ဆိုတော့ သူရဲ့ခက်ခဲမှုအဆင့်နိမ့်တယ်လို့ ဆိုလိုတာပဲ။

ရှဲ့ဖင်းကန်းရဲ့ စိတ်အေးသွားတဲ့ မျက်နှာထားကို မြင်တော့ ကျို့ဝေ့ကျုံး ဆက်ပြီး ပြောလိုက်သည် "ပထမစစ်ဆေးမှုက စစ်ပွဲရဲ့အလံပုံစံ။ ဒုတိတစ်ခုက မြင်းစီးမြှားပစ်တာ၊ တတိယက ကိုယ်ခံပညာ။ရှဲ့သခင်လေး၊ ခက်ခဲမှုအဆင့်ကို လျှော့မတွက်လိုက်ပါနဲ့။ဥပမာ မြင်းစီးပြီးတော့ မြှားပစ်ရမယ့် စစ်ဆေးမှုဆိုရင်..မီတာတစ်ရာ အကွာကနေ မြှားပစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကတောင် နိမ့်တယ်လို့သတ်မှတ်လို့ရတယ်။ ကျောင်းတော်က 'တံလျှပ်'လို့ခေါ်တဲ့ ဟာကို စိတ်ကူးရခဲ့ပြီး ပစ်မှတ်ကို ထိဖို့အတွက် ရေရဲ့ ရောင်ပြန်ဟပ်ခြင်းကို သုံးတာ"

၎င်းက ကျို့ဝေ့ကျုံးပြောတာထက်တောက် ပိုပြီး ခက်ခဲသေးသည်။

လူတစ်ယောက် ပါဝင်ယှဉ်ပြိုင်တဲ့ အခါတိုင်း

အခြေနေက ကွဲပြားသွားသည်။ တစ်ခါတစ်ရံ၊ သူတို့အနေနဲ့ ပစ်မှတ်က အတုအယောင်လား၊ အစစ်အမှန်လား ဆိုတာကိုဆုံးဖြတ်ရပြီး ပစ်မှတ်က ရွေ့လျားနေတာမျိုးလည်း ဖြစ်နိုင်သေးသည်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပစ်မှတ်ကို အကြိမ်ပေါင်းများစွာ ထိမှန်အောင်ပစ်ရတာမျိုးလည်း ရှိသည်။

'တံလျှပ်' ကို ကျော်ဖြတ်နိုင်တဲ့သူမှာ ပိုလို့တောင် နည်းသေးသည်။

သို့ပေမဲ့၊ ကျောင်းတော်က ဆုလာဘ်တွေကတော့ အင်မတန်ကို ရက်ရောလှသည်။

စစ်ဆေးမှုတွင် ပါဝင်ယှဉ်ပြိုင်ကြသူများမှာ အာရုံစိုက်မှုများစွာခံရတတ်သည်။ ကျောင်းတော်

ရဲ့ ဆုလာဘ်တွေအပြင် နန်းတွင်းရုံးတော်ကနေ ဆုချတာမျိုးလည်း ရှိ၏။

"စာရင်းသွင်းကြေးက ဘယ်လောက်လဲ" ရှဲ့ဖင်းကန်းက ထပ်မေးလိုက်သည်။

ကျို့ဝေ့ကျုံး သူ့ကို တအံ့တဩကြည့်လိုက်၏ "သခင်လေး တကယ် ဝင်ပြိုင်မလို့လား။ စာရင်းသွင်းကြေးက အရမ်းဈေးမကြီးပါဘူး။ကျောင်းတော် သုံးခုကကျောင်းသားတွေအတွက်က အခမဲ့ဖြစ်ပြီးတော့ အပြင်လူတွေ အတွက်ကတော့ ငွေစ ၅၀၀ ပေးရပါတယ်"

"ကောင်းပါပြီ၊ ကျွန်တော် ကြိုးစားကြည့်မယ်" ရှဲ့ဖင်းကန်း တက်ကြွနေ၏။

"အလျင်လို့ဖို့မလိုပါဘူး။ရာသီဥတုက အေးလွန်း

နေတုန်းပဲ။ ဝန်ကြီးရှဲ့၊ ခဏလောက်စောင့်လိုက်တာ ပိုကောင်းမယ်" အိမ်ရှေ့စံမင်းသားက ပြုံးလိုက်၏။ "မြင်းစီး၊ မြှားပစ် အတတ်တွေက မင်းအတွက် မခက်လောက်ပေမဲ့၊ တခြား စစ်မက်ရေးရာ စာအုပ်တွေ အများကြီးကို ဖတ်ရှု မှတ်သားရဦးမှာ။ ကိုယ်တော် ခဏနေရင် သေတ္တာတစ်လုံး ပို့ခိုင်းလိုက်မယ်။ ဝန်ကြီးရှဲ့ လနည်းနည်းလောက် လေ့လာပြီးသွားရင်တော့ အဆင်သင့်ဖြစ်နေမှာပါ။ အချိန်ကျလို့ရှိရင် မင်း လူတိုင်းကို အံ့ဩသွားအောင် လုပ်နိုင်လိမ့်မယ်"

"ကျေးဇူးတင်ပါတယ်၊ အရှင့်သား" ရှဲ့ဖင်းကန်းကာ ဒူးထောက်ကာ လက်နှစ်ဖက်ကိုထပ်ထား၏။ သူ အလွန် တည်ကြည်နေလေသည်။

အိမ်ရှေ့စံမင်းသားက ပိုလို့တောင် စိတ်အား ထက်သန်နေသေးသည်။ သူက ရှဲ့ဖင်းကန်းကို အမြန် ထခိုင်းလိုက်၏။

သူမအစ်ကိုရဲ့ အိမ်ရှေ့စံမင်းသားအပေါ် သစ္စာစောင့်သိမှုက အလွန်ကိုမှ မြင့်မားလာတာကို ရှဲ့ချောင် ခံစားမိလိုက်သည်။

အိမ်ရှေ့စံက ရိုးရိုးရှင်းရှင်းပဲ သူ့ခံစားချက်တွေကို အနိုင်ယူသွားတာပဲ။

•••••

All Chapters