← Chapters

မကောင်းတဲ့အရာ

Vol. 21 Ch. 381

မကောင်းတဲ့အရာ

Vol. 21 Ch. 381

ရှဲ့ဖင်းကန်းရဲ့ အရည်အချင်းတွေနဲ့ ပတ်သက်လို့ ရှဲ့ချောင် သိပ်ပြီး မသိချေ။

အိမ်ရှေ့စံမင်းသားဆိုလျှင် ပိုလို့တောင် နားလည်ရခက်သေးသည်။

အိမ်ရှေစံက သူ့ကို စစ်မက်ရေးရာစာအုပ်တွေ ပေးဖို့အတွက်နဲ့ ခဲလုမတက်အေးနေတဲ့ကြားကနေ ရောက်လာခဲ့တယ်? အဲဒီ စစ်မက်ရေးရာစာအုပ်တွေက တခြားစာအုပ်တွေထက်ကို ပိုပြီး အဖိုးတန်သေးတယ်။ ရှဲ့မိသားစုမှာတောင် အနည်းကျဉ်းလောက်ပဲရှိတာ!

အရင်က သူမ တာအိုဘုရားကျောင်းမှာ နေခဲ့တုန်းက ဆရာကြီးတစ်ယောက်နဲ့ဆုံခဲ့လို့သာ

တချို့တလေကို သူမ သင်ယူနိုင်ခဲ့တာ။

တိုက်ခတ်ခြင်း၊သတ်ဖြတ်ခြင်း ဒီလို အရာအားလုံးကိုတော့ သူမ အနေနဲ့ နားလည်နိုင်ခြင်းမရှိခဲ့။သူမက စစ်မြေပြင်ကို တစ်ခါမှ မရောက်ဖူးတဲ့အတွက် ၊အလိုလိုပင်၊ ဖွဲ့စည်းပုံနဲ့ စစ်ပွဲဗျူဟာတွေကိုတော့ လိုသလိုလွယ်လင့်တကူ သုံးနိုင်မှာမဟုတ်ပေ။

စာအုပ်ပေါင်းများစွာကို အလွတ်ရနေဖို့လိုသေးတယ်။

ဒါ… အိမ်ရှေ့စံက သူရဲ့ လူယုံတော်ကို လေ့ကျင်ပေးချင်နေတာများလား။

ရှဲ့ချောင်ရဲ့ အတွေးတွေက ဟိုဟိုဒီဒီ ပျံ့လွင့်နေခဲ့သည်။

ထိုအချိန်, ရှဲ့ဖင်းကန်းကတော့ အလွန်ကို ပျော်ရွှင်နေလေပြီး သူရဲ့ ဓားရေးကျွမ်းကျင်မှုအတတ်ကို အိမ်ရှေ့စံမင်းသားအား ပြသချင်နေလေသည်။

အိမ်ရှေ့စံကတော့ ရှဲ့ဖင်းကန်းတစ်ယောက် သူရဲ့ ခေါင်းကို မတော်တဆ ခုတ်မိသွားမှာကို ပူပန်မနေဘဲ စင်္ကြံလမ်းမှာသာ ထိုင်ပြီး ကြည့်နေခဲ့၏။

အိမ်ရှေ့စံမင်းသားရဲ့နောက်မှာ မကောင်းဆိုးဝါးဝိဉာဉ်များစွာ ရှိနေကြဆဲပင်။

ရှဲ့ချောင် ရံဖန်ရံခါ ထိုဝိဉာဉ်တွေကို မျက်လုံးထောင့်ကနေ ဖြတ်ခနဲ ကြည့်လိုက်ရာ သူတို့ အလွန် နာခံနေတာကို တွေ့လိုက်ရသည်။

"အရှင့်သားရဲ့ အရှေ့နန်းဆောင်က ဖုန်းရွှေက ပြောင်းလဲသွားပြီလား" ရှဲ့ချောင် မနေနိုင်ဘဲမေးလိုက်၏။

"အင်း" သနားစရာကောင်းလောက်အောင်ကို အေးနေပြီး ဘောလုံးလေးတစ်လုံးလို ကွေးနေတဲ့ ရှဲ့ချောင်ကို ကျောက်ရွှမ်ကျင်း ကြည့်လိုက်သည်။

သူ လက်လှမ်းကာ သူမအတွက် လက်ဖက်ရည်နွေးနွေးလေး တစ်ခွက် ငှဲ့ပေးလိုက်၏။

ရှဲ့ချောင် မျက်မှောင်ကြုတ်သွားသည်။ ကြည့်ရတာ ဖုန်းရွှေက မကောင်းဆိုးဝါးဝိဉာဉ်တွေကို နှင်ထုတ်တဲ့နေရာ သက်ရောက်မှုမရှိတဲ့ပုံပဲ။

အိမ်ရှေ့စံရဲ့ မြင့်မြတ်မှုတွေက ရှိနေတာတောင် ဒီ မကောင်းဆိုးဝါးဝိဉာဉ်တွေ ထွက်မသွားတာက ထူးဆန်းနေတယ်။

ရှဲ့ချောင်သည် အနက်ရောင်စွမ်းအင်နဲ့ ယန်စွမ်းအင်တို့ကို ဟန်ချက်ညီစေဖို့အတွက် ရှဲ့မိသားစုမှာ အစီအရင်တချို့ကို ပြုလုပ်ထားခဲ့၏။

ဒီလို အားနည်းတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေဆိုရင် ဝင်နိုင်မှာ မဟုတ်။ ဒါကြောင့် အိမ်ရှေ့စံမင်းသားရဲ့နောက်မှာ ရှိနေကြတဲ့ဝိဉာဉ်အားလုံးက သဘောပေါက်နိုင်စွမ်းရှိပြီး အားကောင်းသန်မာတဲ့သူတွေ ဖြစ်လောက်သည်။

ရှဲ့ချောင် အဝါရောင် အဆောင်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။။

"ရှင် ပြန်ဝင်စားမလား" ရှဲ့ချောင်က ရုတ်တရက် မေးလိုက်၏။

ကျောက်ရွှမ်ကျင်းမှာ မှင်တက်သွားခဲ့ရကာ အနည်းငယ် မသက်မသာ ဖြစ်သွားပုံရသည်။

ကျို့ဝေ့ကျုံးသည်လည်း ကြောင်အသွားရ၏။ သူ အမတအရှင်ရှဲ့ကို သံသယဖြစ်စွာနဲ့ ကြည့်လိုက်ရင်း ဘေးဘယ်ညာကို ကြည့်လိုက်သည်။ "ကျ-ကျွန်တော်ကို ပြောနေတာလား, အမတအရှင် ကျွနိတော် အရှင်လတ်လတ်နဲ့ အကောင်းကြီး ရှိပါသေးတယ်။ဘာအတွက် ပြန်ဝင်စားရမှာလဲ"

ထိုသို့ ပြောလိုက်ပြီးနောက်၊ ကျို့ဝေ့ကျုံး ရင်တုန်ပမ်းတုန် ဖြစ်သွားခဲ့လေသည်။ သူ အမြန်ပဲ ခေါင်းဆန့်ကာ မေးလိုက်၏ " ဒါပေမဲ့.အခုတလော.. ကျွန်တော်ရဲ့ မျက်ခုံးနှစ်ခုကြားနေရာ က မည်းနေတယ်။ သွေးလွှမ်းမယ့် ကပ်ဘေးကြီး ရှိလာမှာလား?!"

ရှဲ့ချောင် သူ့ကို ကြည့်ကာ ခေါင်းယမ်းပြလိုက်၏။

ကျို့ဝေ့ကျုံးတစ်ယောက် ကျောချမ်းသွားခဲ့သည်။

သူ့မှာ… မျှော်လင့်ချက်မရှိတော့တာများလား?

ထိုအချိန်၊ မကောင်းဆိုးဝါးဝိဉာဉ်များက စပြီး ကျယ်လောင်စွာနဲ့ စကားစမြည် ပြောနေကြသည်။

"ဒါဖြင့် ဒီ မိန်းကလေးက ငါတို့ကို တကယ်ကြီး မြင်နိုင်တာပေါ့။ သူ့မှာ နဂါး စွမ်းအင်ရှိမနေတာ စိတ်မကောင်းစရာပဲ။ မဟုတ်ရင်, သူမ ဘေးနာမှာ နေနေရတာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းမှာ!"

"ကလေးမ, မင်း အဲဒီကို မသွားနဲ့။ ငါ တခြားသူ

တွေကို ပလွှတ်ဖို့ အားတော်တော် စိုက်ထားရတာ။ ငါ နဂါးစွမ်းအင်တချို့ ပိုပြီး စုပ်ယူပြီးသွားရင်, နောက်ဘဝမှာ သေချာပေါက် ချမ်းသာပြီး မြင့်မြတ်တဲ့ သူတစ်ယောက်ဖြစ်မှာ"

ဒီ မကောင်းဆိုးဝါးဝိဉာဉ်တွေက ခံနိုင်ရည်ရှိလွန်းတာပဲ။

ရှဲ့ချောင်ကူကယ်ရာ မဲ့သွားရသည်။

မကောင်းဆိုးဝါးဝိဉာဉ်တွေက များလွန်းနေ၏။ သူမ အနေနဲ့ အားလုံးကို အားကြိုးမာန်တက် နှိမ်နင်းနိုင်မှာမဟုတ်။ ဒါက စွမ်းအင်နဲ့ အဆောင်စာရွက်ပေါင်းများစွာ ကုန်လိမ့်မည်။ ဒါတင်မက၊ မကောင်းဆိုးဝါးဝိဉာဉ်တွေက အိမ်ရှေ့စံဆီ စဉ်ဆက်မပြတ်ကို လာနေတာဖြစ်၏။ အခု ရှိနေတဲ့ ဝိဉာဉ်တွေ ထွက်သွားပြီးရင်တောင်မှ နောက်ထပ်တစ်သုတ်က ထပ် ရောက်လာဦးမှာပင်။

လောကကြီးထဲမှာ ဝိဉာဉ်ထောင်ပေါင်းများစွာရှိနေပြီး သူတို့အားလုံးကို နှိမ်နင်းပစ်ဖို့ ဆိုတာက မဖြစ်နိုင်။

သက်ရှိလူသားတွေ ရှိရင် သေဆုံးသူတွေဆိုတာလည်း ရှိလိမ့်မည်။ ထွက်မသွားချင်ကြတဲ့ ဝိဉာဉ်တွေလည်း ရှိ၏။

"မင်း စိတ်ပူနေဖို့ မလိုပါဘူး။ ကိုယ် အခုတလော တက်တက်ကြွကြွဖြစ်နေတယ်။ အရင်ကနဲ့စာရင် နည်းနည်းပိုပြီး သန်မာလာတယ်" ကျောက်ရွှမ်ကျင်းမှာ တည်ငြိမ်နေ၏။ သူ့ပုံစံက မကောင်းဆိုးဝါးဝိဉာဉ်တွေရဲ့ သက်ရောက်ခြင်းကို မခံရသလိုပင်။

ရှဲ့ချောင် သူ့အတွက် စိတ်မကောင်းဖြစ်မိသည်။

နဂါး စွမ်းအင်က ကွယ်ပျောက်နေပြီဖြစ်ပြီး မကောင်းဆိုးဝါးဝိဉာဉ်တွေက သူ့အနားမှာ ဝိုင်းနေ၏။ အခုလိုဖြစ်နေတာတောင်မှ နှစ်ပေါင်းများစွာ ကောင်းကောင်းလုပ်နိုင်လာခဲ့သည်။ သူသာ သာမာန်လူတစ်ယောက်ဆိုလျှင် (သူ့အနားမှာဝိဉာဉ်တွေရှိမနေရင်) ကောင်းကင်ထက်က နေမင်းပမာ ဖြစ်လိမ့်မယ်ဆိုတာ သိသာလှသည်။ အိမ်ရှေ့စံရာထူးက မည်သူတစ်ဦးတစ်ယောက်ကမှ ကိုင်လှုပ်နိုင်လိမ့်မည်မဟုတ်ချေ။ တကယ်တော့….

ဒီလို ကံကောင်းမှုမျိုးက တိုင်းပြည်အပေါ်မှာလည်း သက်ရောက်မှုရှိ၏။ သူ နန်းတက်တဲ့ အချိန်ကျရင်,ရာသီဥတုကောင်းမွန်ကာ တိုင်းပြည်သည် ငြိမ်းချမ်းလိမ့်မည်။

"ကျွန်မရှင့်ကို ပေးခဲ့တဲ့ အရာတွေက တချို့တလေ အသုံးဝင်နေဆဲပဲ။ ဒီ ဖုန်းရွှေက

ကံကောင်းခြင်းပတ်သက်လို့ အများကြီး သက်ရောက်မှုရှိတယ်။ နဂါးစွမ်းအင်ကို…. ပြောင်းလဲလို့ မရတာလေး တစ်ခုပဲ" ရှဲ့ချောင်ရဲ့ အသံဟာ နူးညံ့နေ၏။

တော်ဝင်ဂူဗိမာန်မှာ ပေါ်လာနိုင်တဲ့ ပြဿနာဖြစ်နိုင်ချေတွေကို ရှဲ့ချောင် တွေးကြည့်လိုက်၏။ နဂါး သွေးကြောသည် သိသိသာသာကို သေးငယ်နေတာ ဖြစ်လောက်သည်။ မကောင်းတဲ့ အရာတွေနဲ့ ထိတွေ့နေတာက အိမ်ရှေ့စံမင်းသားကိုယ်တိုင်သာ ဖြစ်နိုင်သည်။

•••••

All Chapters