← Chapters

ဖမ်းဆီးမယ်၊ မိသားစုကို မျိုးဆက်ဖြတ်မယ်၊ဘိုးဘွားမြေတွေကိုဖျက်ဆီးမယ်။

Vol. 21 Ch. 382

ဖမ်းဆီးမယ်၊ မိသားစုကို မျိုးဆက်ဖြတ်မယ်၊ဘိုးဘွားမြေတွေကိုဖျက်ဆီးမယ်။

Vol. 21 Ch. 382

ဘယ်အရာကများ ဒီလောက်ထိအားကောင်းတဲ့ ဆိုးယုတ်တဲ့ စွမ်းအင်ကို ဖြစ်စေတာလဲ။

ရှဲ့ချောင် စဉ်းစားကြည့်လို့မရခဲ့။

ထိုအချိန်၊ အရင်ရက်တွေတုန်းက အိမ်ရှေ့စံမင်းသားအတွက် သူမ ရေးဆွဲပေးခဲ့တဲ့ အဆောင်စာရွက်တွေကို ယူထုတ်လိုက်သည်။

အဆောင်စာရွက် တစ်ထပ်ကြီးကို လှမ်းပေးလိုက်ရင်း "အရှင့်သားမှာ မြင့်မြတ်တဲ့ အဆင့်အတန်းရှိတယ် သူတို့ အရှင့်သားကို ထိရဲမှာ မဟုတ်ဘူးဆိုပေမဲ့ ဒီအဆောင်တွေနဲ့ဆိုရင်တော့ သူတို့ ရှင့်နားကနေ တဖြည်းဖြည်းချင်း ခွာသွားကြလိမ့်မယ်"

သူတို့ အလှမ်းဝေးသွားပြီဆိုတာနဲ့ နဂါးစွမ်းအင်

က အလွယ်တကူ စုပ်ယူခြင်းခံရတော့မှာ မဟုတ်တော့။

"ရှဲ့သခင်မလေးက အဆောင်တွေ အများကြီး ရေးဆွဲခဲ့တော့ မင်းရဲ့ လက်တွေ မပင်ပန်းဘူးလား" ကျောက်ရွှမ်ကျင်းကအဆောင်တွေကို လေးနက်နေတဲ့ မျက်နှာထားနဲ့ ယူလိုက်သည်။

ရုတ်တရက် သူက ခေါင်းလှည့်ကာ အခွံခွာထားတဲ့ သခွားမွှေးသီးတွေကို သူမ အရှေ့က ပန်းကန်ထဲ ထည့်ပေးလိုက်၏။ သူက ပေါ့ပေါ့ပါးပါးအပြုံးတစ်ခုဖြင့် "ဒီ ပြဿနာ သေးသေးမွှားမွှားလေးက အရေးမကြီးပါဘူး"

" ပြဿနာ သေးသေးမွှားမွှားတဲ့လား?" ရှဲ့ချောင် ခေါင်းရှုပ်သွား၏။

ဒီလောက်ကြီးတဲ့ ပြဿနာကို!

သူမဘဝတွင် အခုလို မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဆွဲဆောင်နိုင်တဲ့ လူတစ်ယောက်တည်းကို သာ မြင်ဖူးသည်။

သူမလည်း မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဆွဲဆောင်နိုင်တဲ့ ဆိုပေမဲ့ သဘောသဘာဝက မတူဘူးလေ။ သူမက သူတို့ကို မြင်နေရလို့ သူမ ဆီကို လာကြတာ။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားကတော့…. နဂါး အသားတုံးတစ်တုံးဖြစ်နေတဲ့ဟာ ဘယ်သူကများ မကိုက်ချင်ဘဲနေမှာလဲ?

"မကောင်းဆိုးဝါးဝိဉာဉ်တွေတောင်မှ… လောကကြီးထဲမှာ တစ်ကြိမ်တစ်ခါ အသက်ရှင်ခဲ့ကြဖူးတာပဲ မဟုတ်လား။ ဒီလိုဆိုမှတော့ ကိုယ့်အနားမှာ အမြဲတမ်း ရစ်သီရစ်သီလုပ်နေတဲ့ညစ်ညမ်းတဲ့အရာတွေရဲ့ ပုံကို မင်းဆွဲပေးမယ်ဆိုရင်ရော။ သူ

တို့ရဲ့ ပုံတူပန်းချီတွေကို အခွန်ဝန်ကြီး ဌာနဆီ ပို့ပြီးတော့ သူတို့ရဲ့ ဘိုးဘွားတွေ နောက်မျိုးဆက်တွေကို စေ့စေ့စပ်စပ်စုံစမ်းလိုက်မယ်။ အသက်ရှင်နေတဲ့ မျိုးဆက်တွေ ရှိမယ်ဆိုရင်တော့ အကုန်လုံးကို သတ်ပစ်မယ်" ကျောက်ရွှမ်ကျင်း ပြောလိုက်ပြီးနောက် လက်ဖက်ရည်တစ်ခွက် တိတ်ဆိတ်စွာ သောက်လိုက်၏။ " ဖမ်းဆီးမယ်၊ မိသားစုကို မျိုးဆက်ဖြတ်မယ်၊ ဘိုးဘွားမြေတွေကိုဖျက်ဆီးပစ်မယ်။"

ရှဲ့ချောင်မှာ သခွားမွှေးသီးအစေ့ကို လက်ထဲမှာ ကိုင်ထားရင်း သူ့ကို တွေဝေစွာနဲ့သာ ကြည့်နေခဲ့သည်။

ကျောက်ရွှမ်ကျင်းရဲ့စကားဆုံးသည်နှင့် သူ့အနားက မကောင်းဆိုးဝါးဝိဉာဉ်တွေ ချက်ချင်းဆိုသလို တဖြည်းဖြည်း ပျောက်ကွယ်ကုန်တာကို ရှဲ့ချောင် တွေ့လိုက်ရ၏။

"ဒီ လှည့်စားမှုက အလုပ်ဖြစ်ရဲ့လား" ကျောက်ရွှမ်ကျင်း သူမကို ပြုံးကာ ကြည့်လိုက်သည်။

ရှဲ့ချောင် တွေဝေလျက်ပဲ ခေါင်းညိတ်လိုက်၏။

တော်တော် အလုပ်ဖြစ်တာပဲ။

"ကောင်းတယ်။ နောင်တစ်ချိန် ကိုယ် ရှဲ့သခင်မလေးနဲ့ ဆုံလို့ ကိုယ့်အနားမှာ တစ်ခုခု ညစ်ညမ်းတဲ့ အရာမျိုး ရှိနေမယ်ဆိုရင် အဲဒါကို ပုံဖော်ပြဖို့ သခင်မလေးကိုပဲ ဒုက္ခပေးရတော့မယ်။ ပုံကိုတော့ ကိုယ့်ဟာကိုယ် ဆွဲလို့ရတယ်" ကျောက်ရွှမ်ကျင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။

ကျို့ဝေ့ကျုံးတစ်ယောက် နောက်ကို ခြေတစ်လှမ်း တိတ်တိတ်လေး ဆုတ်လိုက်၏။

သူ ဘေးဘီဝဲယာကို မကြည့်ရဲ။

သူ အခု သဘောပေါက်သွားပြီ။ အမတအရှင်ရှဲ့က အခမ်းအနားလုပ်ဆောင်နေတာ မဟုတ်ဘူးဆိုရင်တောင် သူမက ကမ္ဘာနှစ်ခုလုံးကို မြင်နိုင်နေတုန်းပဲ။

ပြီးတော့…

အရှင့်သားက သူ့အနောက်မှာ ရပ်နေတဲ့ သူတွေကို သဘောမကျတော့ဘူး…. ကျို့ဝေ့ကျုံး တွေဝေသွားရသည်။

သူ့အနားက မကောင်းဆိုးဝါးဝိဉာဉ်တွေက

တော်တော်လေး ကြောက်တတ်ကြသည်။ တစ်ကောင်တစ်လေတောင် ကျန်မနေခဲ့။

လူသားလောကမှာ သူတို့အားလုံးရဲ့ အမျိုးအဆွေတွေ ရှိနေကြသေးပုံပင်။

ရှဲ့ချောင် သူ့ကို ချီးမွမ်းတဲ့ အကြည့်နဲ့ကြည့်လိုက်၏။

"ဒီ ကြုံရာကျပန်း ဝိဉာဉ်တွေ အကုန် ထွက်သွားကြပြီဆိုတော့ ရှဲ့သခင်မလေး ကိုယ့်ကို ကြည်တဲ့အခါ ပိုပြီးနေလို့မကောင်းသွားဘူးလား" ကျောက်ရွှမ်ကျင်းက ဂုဏ်ယူစွာနဲ့ ဖြည်းဖြည်းချင်း ပြောလိုက်၏။ " ကိုယ်အရင်က ဒီလို မကောင်းတဲ့အရာတွေက မကောင်းတဲ့ သူတွေကို ကြောက်ကြတယ်ဆိုပြီး ကြားဖူးတယ်။ အခု ကိုယ် သာမန်ကာလျှံကာ လေး ပြောလိုက်ရုံရှိသေးတယ် သူတို့အကုန် ထွက်ပြေးသွားပြီ။ကြည့်ရတာ ကော

လဟာလတွေက မှန်နေတဲ့ပုံပဲ"

"ဒီအကြံက မကောင်းတာတော့လည်း မဟုတ်ပါဘူး။ မကောင်းတဲ့သူတစ်ယောက်က ဒေါသတွေပြည့်နှက်နေတဲ့ အချိန်ကျရင် သူရဲ့ အသည်းက အပူတွေနဲ့ ပြည့်နေမယ်။ သူ့အသည်းက အပူတွေနဲ့ ပြည့်နေရင် ယန်စွမ်းအင်က အလိုလို အားကောင်းလာလိမ့်မယ်" ရှဲ့ချောင်က လေးနက်စွာနဲ့ ခေါင်းညိတ်လိုက်၏။ အဲဒီနောက် သူမ အိမ်ရှေ့စံကို သံသယဝင်စွာနဲ့ကြည့်လိုက်ပြီး သူမရဲ့ အသံအနေအထားကို ပြောင်းကာ " အရှင့်သားရဲ့ သွေးခုန်နှုန်းကို စစ်ပေးတဲ့ နန်းတွင်းသမားတော်က ဘာပြောလဲ"

သူ လိမ်နေတာများလား။

" ရှဲ့သခင်မလေး တကယ်လို့ မင်း ဆက်ပြောနေမယ်ဆိုရင် မင်းရဲ့ အသည်းက အပူမီးကို မငြှိမ်း

နိုင်မှာစိုးတယ်" ကျောက်ရွှမ်ကျင်းက သူမကို စိုက်ကြည့်ကာ ဩရှနေတဲ့ အသံဖြင့် "ကိစ္စတော့ မရှိပါဘူး တစ်နေ့ကျရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်က အားနည်းလား မနည်းဘူးဘူးလားဆိုတာ တခြားသူတွေထက် ပိုပြီး သိလာမှာပါ။"

သူရဲ့ နှုတ်ခမ်းထောင့်မှာ လှောင်ပြုံးတစ်ခုရှိနေ၏။ ကြည့်ရတာ သူတခြားတစ်ခုကို တွေးနေပုံပင်။

ရှဲ့ချောင် အမြဲတမ်း ထင်ခဲ့တာက

သူဟာ ထူးဆန်းတဲ့သူဖြစ်ပြီး အထူးသဖြင့် သူ့မျက်လုံးထဲက အကြည့်တွေကထူးဆန်းတယ်လို့ပင်။ သုန်မှုန်နေတတ်ပေမဲ့ ယောကျာ်းပီသပြီး ကြည့်ကောင်းတဲ့ သူ တစ်ယောက်လိုမျိုး။

"ဘာ နန်းတွင်းသမားတော်လဲ။ အရှင့်သား နေမ

ကောင်းလို့လား" ထိုစဉ် ရှဲ့ဖင်းကန်းက ဓားရေးကစားနေတာကို ရပ်ကာ ခြေလှမ်းကျဲကြီးနဲ့ လျှောက်လာပြီး ပြောလိုက်၏။

"ဘာမှစိုးရိမ်စရာ မဟုတ်ဘူး။ ကိုယ်တော်ရဲ့ အသည်းက ပူလောင်နေရုံပါ" ကျောက်ရွှမ်ကျင်းက နောက်ဆုံးစာလုံးလေးလုံးအား ရှင်းလင်းပြတ်သားစွာနဲ့ အလေးပေးပြီး ပြောလိုက်လေသည်။

•••••

All Chapters