← Chapters

ညီမကောင်းလေး

Vol. 21 Ch. 383

ညီမကောင်းလေး

Vol. 21 Ch. 383

ရှဲ့ချောင်အနေနဲ့ ခန္ဓာကိုယ် အတွင်းပိုင်း အားနည်းတဲ့ သူများစွာ တွေ့ဖူးသည်။ ဒါကို သူတို့ရဲ့ ပုံပန်းသဏ္ဍန်တွေကနေ မြင်နေရပြီး သူမ သူတို့ရဲ့ ရုပ်လက္ခဏာကို တစ်ချက်ကြည့်လိုက်ရုံနဲ့

ဆုံးဖြတ်နိုင်သည်။

အိမ်ရှေ့စံမင်းသားရဲ့ မျက်နှာပေါ်မှာတော့ ပျက်စီးနေတာမျိုး တစ်ခုမှမတွေ့။ ဒါပေမဲ့လည်း သူတို့ရဲ့ ပြဿနာတွေကို သိုသိုသိပ်သိပ် ဖုံးကွယ်ထားနိုင်တဲ့ သူမျိုးတွေ ရှိကောင်း ရှ်ိနိုင်တာပဲ!

" ဒေါသထွက်တာက အရှင့်သားအတွက် မကောင်းဘူး။ လွန်လွန်ကြူးကြူး ဖြစ်သွားတဲ့အခါကျရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အရှင့်သား သဘောပေါက်ပါရဲ့လား။ ဒါတင်မကဘူး၊ အင်္ဂါရပ်ငါးခုရဲ့ ယင်းယန်ကလည်း သဟဇာတဖြစ်မှုကို အလေးထားတယ်။ အရှင့်သား ဒေါသထွက်နေရင်၊ အရှင့်သားပဲ အားနည်း ရလိမ့်မယ်။ ဒါက ပြောဖို့ ခက်တယ်" ရှဲ့ချောင်က အလေးအနက်ထားပြီး ပြောနေကာ စိုးလည်း စိုးရိမ်နေ၏။ "ဒါပေမဲ့လည်း အရှင့်သားက ငယ်တုန်းပဲဆိုတော့ အဆင်ပြေပါတယ်။

အရှင့်သားရဲ့ ခန္ဓာကိုယ်ကိုသာ ဂရုစိုက်ပါ"

"ဂရုစိုက်ရမယ်?အဲဒီ လုပ်ဖို့ မလိုပါဘူး။ ကိုယ် ထိန်းညှိနိုင်တယ်" ကျောက်ရွှမ်ကျင်းက ရုတ်တရက်ပြောလိုက်၏။ "ဝန်ကြီးရှဲ့က ဒီမှာဆိုတော့ ကိုယ်တို့ ပြောလို့မရတဲ့ အရာတွေရှိတယ်။ ရှဲ့သခင်မလေး နောက်ရက်ကျတော့မှ ဒီအကြောင်းပြောကြတာ ပိုကောင်းမယ်ထင်တယ်"

ရှဲ့ချောင် နှုတ်ခမ်း စူလိုက်၏။

ယင်းယန်ကို …. သဟဇာတ ဖြစ်အောင် လုပ်မယ်ပေါ့?

ဒါက တကယ်ကို ပြောမကောင်းတဲ့အရာပဲလေ။

ရှဲ့ဖင်းကန်းမှာ ယခုဖြစ်နေတဲ့ အခြေအနေကြီးကို သဘောတွေ့မနေ။ သူ့ရှေ့မှာ ဘာမို့လို့ ပြောမရတာလဲ?

" အရှင့်သား ကျွန်တော့်ညီမလေးရဲ့ မျက်လုံးတွေက သိပ်ပြီး ကောင်းမနေဘူး။ ဒါက ကြီးကြီးမားမား ပြဿနာလို့ အရှင့်သား မထင်ဘူးလား" ရှဲ့ဖင်းကန်းက အမြန်ဝင်ပြောလိုက်၏။

"ဝန်ကြီး ရှဲ့ပြောတာ အမှန်ပဲ။ ရှဲ့သခင်မလေးရဲ့ စိတ်က စင်ကြယ်တယ်။ ဒါကြောင့်မလို့လဲ ကိုယ်တော်တို့ မမြင်ရတဲ့အရာတွေက သူမ မြင်နိုင်နေတာ။ ဒီ ကမ္ဘာပေါ်မှာ ကျွမ်းကျင်ပညာရှင်တွေ အများကြီး ရှိတယ်လို့ ကြားဖူးတယ်။သူတို့ ဘဝ သက်တမ်းတစ်လျှောက်လုံး ကြိုးပမ်းနေပေမယ့် သူတို့ ရှာဖွေနေကြတာက ယင်းယန်ကို သဘောပေါက်ဖို့လေ" ကျောက်ရွှမ်ကျင်းက ခေါင်းညိတ်ကာ သခွားမွှေးသီး အစေ့ ဖယ်နေခြင်းကို ရပ်လိုက်သည်။

ရှဲ့ဖင်းကန်း ထိုစကားကို ကြားတော့ စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်သည်။

အမှန်ပဲ။

" ဝန်ကြီးရှဲ့ ကိုယ်တော်က ဒီကိစ္စကို ဖခမည်းတော်ဆီ တင်ပြပြီးတော့ သူမကို စစ်ဆေးမှာ စိုးရိမ်နေတာလား" ကျောက်ရွှမ်ကျင်းက မေးလိုက်၏။

ရှဲ့ဖင်းကန်းရဲ့ မျက်နှာမှာတောင့်တင်းသွားခဲ့သည်။

ကျောက်ရွှမ်ကျင်းက မျက်မှောင်ကြုတ်လိုက်ကာ "ဝန်ကြီးရှဲ့က ကိုယ်တော့်ကို အဲဒီလောက်တောင် စက်ဆုပ်ဖို့ကောင်းတဲ့သူလို့ ထင်နေတာလား။

ကိုယ်တော် ဒီရက်တွေမှာ ဘယ်တုန်းကမှ လိမ်မပြောခဲ့ဖူးဘူး။ ဘာလို့ ကိုယ်တော့်ကို သိပ်ပြီး မယုံကြည်ရတာလဲ"

ရှဲ့ဖင်းကန်း ပြန်စဉ်းစားကြည့်လိုက်သည်။

သူ့ကို အိမ်ရှေ့စံ ဘာပြောခဲ့တာလဲ…..?

အိမ်ရှေ့စံက သူရဲ့ စွမ်းရည်တွေကို လေးစားတယ်ဆိုပြီး ပြောခဲ့တယ်။ အရင်နှစ်တွေတုန်းက ရှဲ့မိသားစုမှာ ကောင်းမွန်တဲ့ နောက်ခံ မရှိခဲ့ပေမဲ့ မြို့တော်ကို ဝင်လာကတည်းက တာဝန်ကျေပွန်ခဲ့တယ်ဆိုပြီး ပြောခဲ့တယ်။ ရှဲ့မိသားစုရဲ့ သမီးဖြစ်သူကတောင် မြင့်မြတ်တဲ့ စိတ်နှလုံးသားရှိတယ်ဆိုပြီးတော့။

ဒီနှစ်တွေမှာ သူရဲ့ သစ္စာစောင့်သိမှုကို အိမ်ရှေ့စံ

မင်းသားက မြင်တဲ့အတွက် ရှဲ့မိသားစုကို အထင်ကြီး လေးစားနေတာပင်။

" ကျွန်တော့်ညီမလေးကို စိတ်ပူတော့ အတွေးလွန်သွားတာပါ၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ အရှင့်သား" ရှဲ့ဖင်းကန်းက ရှက်ရွံ့စွာ နဲ့ ပြောလိုက်၏။

"နောက်တစ်ခါ ဒါမျိုး မဖြစ်စေနဲ့" ကျောက်ရွှမ်ကျင်းက စိတ်မချမ်းမသာ ဖြစ်နေတဲ့ မျက်နှာနဲ့ မတ်မတ်ထိုင်နေသည်။ ခဏနေတော့ သူက " ကိုယ်တော် ဒီကိစ္စကို စိတ်ထဲမထားပါဘူး။မင်းတို့ နှစ်ယောက်မှာက နက်နဲတဲ့ မောင်နှမ ဆက်ဆံရေးရှိကြတာပဲ ကိုယ်တော် ဝမ်းမြောက်ပါတယ်"

ရှဲ့ဖင်းကန်းက ဒီအကြောင်း သိပ်ပြီး တွေးမနေ။

" ဝန်ကြီး ရှဲ့မှာက ညီမကောင်းလေး တစ်ယောက်ရှိတာပဲ" အိမ်ရှေ့စံမင်းသားက သာမန်လိုပဲ ပြောလိုက်သည်။

ရှဲ့ဖင်းကန်း ခဏတော့ ကြောင် သွားသည်။

သူ့ညီမက မဆိုးပါဘူး။

သူက ဓားရေးကစားနေတာမျိုး မလုပ်တော့။ အဲဒီအစား သူက ထိုကိစ္စကို ကျောက်ရွှမ်းကျင်းအရှေ့မှာပဲ ပြောလိုက်သည်။အပေါ်ယံကြည့်ရင်တော့ ဂရုမစိုက်တဲ့ပုံဖြစ်ပေမဲ့၊ သူက ဒီကိစ္စကို အသေးစိတ်ကျကျ လေ့လာနေတာပင်။ အရေးကြီး ကိစ္စတွေကို ပြောတဲ့အခါမျိုးမှာ သူက မရပ်မနားကိုပြောတော့သည်။

သူက "အခု ညီမလေးက ဒီလို အရာမျိုးတွေကို

မြင်နေရတာဆိုတော့ ဒါကိုစိတ်မကောင်းဖြစ်နေလို့လည်းအလကားပဲ။ ဒီ ဖြစ်ရပ်က တော်တော်လေး သံသယဝင်ဖြစ်စရာကောင်းတယ်။ သူမကို မှုခင်းစီစစ်ရေးဌာနဆီ ဖိတ်လိုက်ရင်ရော? အရှင့်သား နစ်နာသူတွေရဲ့ ဝိဉာဉ်နဲ့ တွေ့ပြီးတော့ သူ့ကို ရှင်းရှင်းလင်းလင်း မေးလို့ရတယ်။"

ရှဲ့ချောင် ရဲ့ မျက်နှာထားမှာ သိသိသာသာကို ပြောင်းသွား၏။

သူမ မသွားချင်ပါဘူးနော်! မှုခင်းစီစစ်ရေးဌာနမှာ ရှိတဲ့ မကောင်းဆိုးဝိဉာဉ်တွေက အရမ်း ရုပ်ဆိုးပြီးတော့ ကြောက်စရာကောင်းတယ်လို့ ကြားဖူးတယ်!

"မလုပ်ဘူး" ကျောက်ရွှမ်ကျင်းရဲ့ မျက်နှာကအေးစက်သွား၏။ "အရာရာတိုင်းအတွက် မင်းညီမ

လေးရဲ့ မျက်လုံးကိုပဲ အားကိုးနေရင် မှုခင်းစီစစ်ရေးဌာနက ဘာလုပ်ဖို့ လိုနေတော့မှာလဲ"

"ဟုတ်ပါတယ်" ရှဲ့ဖင်းကန်း တွေးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

အမှုတွေကို ဖြေရှင်းဖို့ မကောင်းဆိုးဝါးဝိဉာဉ်တွေက တစ်ခါတစ်လေ အားကိုးတာက အဆင်ပြေပေမဲ့ ဒါမျိုးကိုပဲ ထပ်ခါထပ်ခါ လုပ်နေရင် သူ့ကိုယ်သူ တိုးတက်အောင် ဘယ်လိုလုပ်ရမလဲ သိမှမဟုတ်တော့ဘူး….

ရှဲ့ဖင်းကန်းက လှည့်ကြည့်လိုက်ကာ ရှဲ့ချောင် ကို တစ်ချက်ကြည့်လိုက်၏။ သူမရဲ့ ဖြူဖျော့ဖျော့ မျက်နှာကို မြင်တော့ သူအပြစ်မကင်းသလို ခံစားလိုက်ရသည်။ " အစ်ကိုကြီးက စကားအဖြစ် ပြောလိုက်ရုံပါ။ ဘာကြောက်စရာ ရှိလို့လဲ"

•••••

All Chapters