ရိုသေ သိတတ်ခြင်း
Vol. 21 Ch. 384
ရှဲ့ဖင်းကန်း သက်ပြင်းချလိုက်၏။
သူ နစ်နာသူတွေကိုသာ တွေးမိခဲ့ပြီး အခု သူ့ညီမလေးရဲ့ သနားစဖွယ် အခြေနေလေးကို မြင်လိုက်ရတာကြောင့် သူ့မှာရှိတဲ့ အတွေးစိတ်ကူးတွေက အလိုလို ကွယ်ပျောက်သွားတော့သည်။
အမှုတွေကို ဖြေရှင်းဖို့ အတွက် သူရဲ့ ကိုယ်ပိုင် အရည်အချင်း ကိုသုံးလို့ရပေမဲ့လည်း သူ့ညီမကိုတော့ မကယ်တင်နိုင်။
လတ်တလောမှာ သူအနေနဲ့ ရှန်းဟန်ကျောင်းတော်ရဲ့ စစ်ဆေးမှုအကြောင်း စဉ်းစားဖို့လိုနေပြီး အချိန်က မရှိတော့။
သူအဖေက စစ်သည်တွေကို ပြန်ပို့လာတဲ့အခါကျရင် သူ့ညီမရဲ့ မင်္ဂလာပွဲကို ဆုံးဖြတ်ရမယ်။ဒီထက်ပိုပြီး နှောင့်နှေးလို့ မရတော့ဘူး!
အခုချိန်မှာတော့ ရှဲ့ချောင်ဟာ ရှဲ့ဖင်းကန်းနဲ့ အတူနေချင်မနေခဲ့ချေ။
ဒီလူရဲ့ စိတ်ထဲမှာ မှုခင်းအကြောင်းတွေနဲ့ပဲ ပြည့်နေပြီးတော့ အသေးစိတ်ကျကျကြီးကို ပြောပြနေတာ။သူမစိတ်ထဲမှာ လူဆိုးတစ်ယောက်က လူတွေကို သတ်ဖြတ်နေတဲ့မြင်ကွင်းကိုတောင် ပုံဖော်မိနေပြီ။ လူမဆန်လွန်းတာပဲ။
မကောင်းဆိုးဝါးဝိဉာဉ်တွေကို ကြည့်နေရတာတောင် တော်တော်လေး နာကျင်နေရတဲ့ဟာ သူ့ရဲ့ သွေးသံတရဲရဲ မြင်ကွင်း ပုံဖော်ပြနေတာကို နားထောင်နေရတော့….
လွတ်လမ်းရှာတာ ပိုကောင်းတယ်,
သူမ အိမ်ရှေ့စံမင်းသားကို အင်တင်တင်နဲ့ နောက်တစ်ကြိမ် ကြည့်လိုက်၏။
ပြန်သွားပြီးရင်တော့ ဒီ အမျိုးသားရဲ့ ပန်းချီကို …. ဆွဲတာ ပိုကောင်းလိမ့်မယ်။
…..
အိမ်ရှေ့စံက ကိုယ့်စကားကိုယ် တည်တဲ့ လူတစ်
ယောက်ပင်။ သူ ပြန်သွားပြီး နောက်တစ်ရက်နေ့တော့ စာအုပ်သေတ္တာကြီး နှစ်သေတ္တာကို လူလွှတ်ပြီး ပို့လာခဲ့သည်။
ရှဲ့ချောင်လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အပြေးသွားကြည့်လိုက်ပေမဲ့ တကယ်တမ်းကျတော့ စာအုပ်အားလုံးက သူမအလွတ်ရပြီးသားဟာတွေဖြစ်နေတာ တွေ့လိုက်ရသည်။
တွေးကြည့်လိုက်တော့လည်း အဓိပ္ပာယ်တော့ရှိသည်။ အိမ်ရှေ့စံမင်းသားနဲ့သူမတို့ရဲ့ ဆရာက တစ်ယောက်တည်းပဲ ဖြစ်တာမလို့ သူမတို့ သင်ကြားရတဲ့ အရာတွေက အတူတူပင်။
ရှဲ့ဖင်းကန်းက ထိုစာအုပ်တွေကို သူရဲ့ မဟာရန်သူတော်နဲ့ဆုံလိုက်ရသလို လေးနက်တဲ့မျက်နှာနဲ့ ကြည့်နေ၏။ဒါပေမဲ့လည်း သူ တော်တော်တော့ စိတ်ရှည်ရှာသည်။ သူ အံ့ကြိတ်လိုက်ပြီး စာအုပ်
တစ်ထပ်ကြီးကို အိမ်ထဲသယ်သွားလိုက်၏။သိပ်မကြာလိုက် စာရွတ်ဆိုသံတွေ ကြားလာရသည်။
တစ်လုံးပြီးတစ်လုံး မိုးချုန်းသံနဲ့တူပြီးတကျည်ကျည်နဲ့ သဲသဲကွဲကွဲမကြားရ။ စည်းချက်တောင် ကျနေသေးသည်။
ရှဲ့ချောင်မှာ တစာစာရွတ်နေသံကို သည်းမခံနိုင်တော့တာကြောင့် ချက်ချင်း ပြေးထွက်သွားတော့သည်။
" ပထမ သခင်မလေး ဒီနေ့ အိမ်ဟောင်းကနေ လူတစ်ယောက် ရောက်လာပါတယ်။ သူတို့က ဒုတိယသခင်လေးနဲ့ ဒုတိယ သခင်မလေးတို့ကို အလည်လာစေချင်တယ်ဆိုပြီးပြောပါတယ်"
အိမ်တော်ထိန်းက ရှဲ့ချောင်အား တင်ပြလာ၏။
အိမ်ဟောင်း?
ရှဲ့မိသားစုက ဦးလေးဆိုတာကို ပြန်မမှတ်မိခင် ရှဲ့ချောင် ခဏတာ မှင်တက်နေခဲ့သည်။
"လုပ်စရာ မလိုဘူး" ရှဲ့ချောင်က တန်းငြင်းလိုက်သည်။
ရှဲ့မိသားစုရဲ့ ထို ဦးလေးဆိုသူက တော်တော်တော့ ပါးနပ်၏။ သူမနဲ့ အစ်ကိုကြီးက ချဉ်းကပ်ဖို့ ခက်ခဲတဲ့လူတွေဆိုတာ သိတဲ့အတွက် ပိုပြီး လွယ်ကူတဲ့ လမ်းကို ရွေးခဲ့ခြင်းပင်။
ရှဲ့ရှီနဲ့ ရှဲ့ဖင်းဟွိုက်တို့သာ သွားလည်ခဲ့မယ်ဆိုလျှင် တစ်ကြိမ်လောက် ဧည့်ဝတ်ကျေပြလိုက်ရုံနဲ့ ချော့မြူလို့ ရနိုင်လောက်သည်။
"ဒါပေမဲ့… သခင်မကြီးက ကျွန်တော်တို့နဲ့ အတူ မနေတာ ကြာပြီဖြစ်ပြီးတော့ သူမရဲ့ မြေးတွေကို သတိရနေတယ်ဆိုပြီး အဲဒီလူက ပြောပါတယ်။ ဒုတိယသခင်လေးနဲ့ ဒုတိယသခင်မလေးသာ မလာဘူးဆိုရင် သခင်မကြီးက … ကျွန်တော်တို့နဲ့ အတူတူ နေပါမယ်တဲ့" အိမ်တော်ထိန်းမှာ အလွန် အခက်တွေ့နေရှာ၏။
အဲ့ဒီသခင်မကြီးက.. အရင်က လာပြီး နေဖူးတယ်။ အဲဒီတုန်းက သူ အိမ်တော်ထိန်း မဟုတ်သေးပေမဲ့ သူလည်း စိတ်ထိခိုက်ခဲ့ရသည်။
ထိုသခင်မကြီးက ဂုဏ်သတင်းကြီးမားတဲ့ မိသားစုကမဟုတ်ပေမဲ့ သူမရဲ့ တောင်းဆိုချက်တွေကတော့ များလှ၏။
သူမက အကောင်းဆုံးတွေကိုသာ စားချင်၊ သုံးချင်ခဲ့သည်။ သူမရဲ့ စံနှုန်း သတ်မှတ်ချက်နဲ့ နည်းနည်းလေး မကိုက်ရင်တောင်မှ ပြဿနာ ရှာပေလိမ့်မည်။
ထို အချိန်က မိသားစုကို တာဝန်ယူစောင့်ရှောက်ခဲ့တာက လုသခင်မ ဖြစ်သည်။ သူမက သခင်မကြီးကို အရာအားလုံးကို ပေးဖို့ ဆန္ဒရှိနေပေမဲ့၊ သခင်ကြီးကတော့ အလွန် ပူပန်သောက ရောက်စေခဲ့သည်။ သူ့ခမျာ စာရင်းတစ်ခါ တွက်တိုင်း ဆံပင်တစ်ခါ ကျွတ်နေရသည်။
"အဘွားက ငါတို့နဲ့ လာနေမှာတဲ့လား" ရှဲ့ချောင် အလွန်အံ့ဩသွားခဲ့၏။ သူမ ခဏ တွေးလိုက်ပြီးနောက် "အဘွားက လာမယ်ဆိုမှတော့ သူမကို တားလို့မရဘူး။ တာဝန်ဝတ္တားမကျေပွန်တဲ့သူတွေလို့ အကြောင်းပြချက်ရေရေမရှိဘဲနဲ့ စွပ်စွဲခံရလို့ မဖြစ်ဘူး။ဒီလိုဆိုမှတော့…. လူလွှတ်ပြီး သူမကို
ကိုယ်တိုင်သွားကြိုလိုက်ပါ"
"သွားကြိုရမယ်?" အိမ်တော်ထိန်းမှာ အံအားသင့်သွားခဲ့၏။
"ဟုတ်တယ်။အဖေက သားသမီးဝတ်ကျေပွန်တဲ့သားတစ်ယောက်။ သူ ဘယ်လိုလုပ်ပြီး သူ့အမေကို စွန့်ပစ်နိုင်မှာလဲ။ အခု အဖေက ဒီမှာ ရှိမနေဘူးဆိုတော့ သမီးတစ်ယောက်အနေနဲ့ သူရဲ့ ပူပန်မှုတွေကို မျှဝေပေးသင့်တယ်" ရှဲ့ချောင်ရဲ့ မျက်နှာထက်မှာ လေးနက်တဲ့ အကြည့်တစ်ခုရှိနေ၏။ သူမ ဘာတစ်ခုကိုမှ ဂရုစိုက်နေပုံမပေါ်။
ရှဲ့ချောင်ရဲ့စကားကို ကြားတော့ အိမ်တော်ထိန်းက ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။
မကြာသေးမီကမှ ပထမသခင်လေး ဆုလာဘ်
တွေ ရရှိခဲ့သည်။ သခင်ကြီး မသွားခင်က သူ့ကို ပိုက်ဆံချေးမယ့်သူတစ်ယောက်ကို ရှာတွေ့ခဲ့၏။ အခု မိသားစုရဲ့ အသုံးစရိတ်အတွက် လုံလောက်နေပြီး အချိန်တစ်ခုထိ လောက်ငှနေပေလိမ့်မည်။
ဒါပေမဲ့ သခင်မကြီးလာရင်တော့ မလောက်နိုင်တော့။
သခင်မလေးက ဝတ္တရားကျေပွန်ချေနေမှတော့ သူလည်း တားလို့မရနိုင်။
ထိုအချိန်၊ အိမ်ဟောင်းမှာလည်း ပျာပျာသလဲဖြစ်နေကြ၏။
နှစ်သစ်ကူးပြီးနေပေမဲ့ အခုထိ ဒုတိယညီရဲ့ မိသားစုက တစ်ယောက်တစ်လေလေးတောင် နှစ်
သစ်ကူးလက်ဆောင်ပေးဖို့ ရောက်မလာကြဘူး!
အရင်တစ်ခါက ဒုတိယညီနဲ့ ရန်ဖြစ်ခဲ့တာက သူ့ကိုတကယ်ကြီး စိတ်မချမ်းမသာ ဖြစ်သွားစေတာလား! ဒါကြောင့်မလို သူမသွားခင် စာလေးတစ်စောင်တောင် မထားခဲ့တာလား!
•••••