← Chapters

မလွတ်မြောက်နိုင်

Vol. 21 Ch. 385

မလွတ်မြောက်နိုင်

Vol. 21 Ch. 385

အတိတ် လုသခင်မရှိစဉ်က ဆိုလျှင် ရှဲ့နျိုရှန်းရဲ့ အခြေအနေကို သိရဖို့ အတွက် ရှဲ့မန်ရှန်းအနေနဲ့ လုသခင်မဆီကို စာတစ်စောင်ဖြစ်ဖြစ် တိတ်တဆိတ်ပို့လိုက်ဖို့သာလိုသည်။ အခုတော့ အခြေအနေတွေက ကွာခြားသွားလေပြီ။

လုသခင်မက အတူမနေတော့။

ဘယ်အရာကများ ဒုတိယညီကို သူမနဲ့ ကွာရှင်းပစ်ရလောက်တဲ့အထိ ဒေါသထွက်စေခဲ့သလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြချေ။

ရှဲ့နျိုရှန်းပြောသွားခဲ့တဲ့ တောင်စဉ်ရေမရစကားတွေကိုတော့ သခင်မကြီးနဲ့ အခြားသူတွေက အတည်မယူခဲ့ကြ။

"သခင်မကြီး ကျွန်တော်တို့ သတင်းရပြီ!" အချိန်အကြာကြီး စောင့်လိုက်ရပြီးတဲ့နောက် သူတို့ သတင်းတချို့ ရလာခဲ့၏။

သူတို့ ထိုလူကို မေးမြန်းဖို့ အတွက် အထဲကို အမြန် ခေါ်လိုက်ကြသည်။

" ဘယ်လိုလဲ ဖင်းကန်း ဘာပြောလဲ။ အငယ်နှစ်ယောက်ကို ရက်နည်းနည်း လောက် လာနေဖို့ ငါ ပြောခိုင်းလိုက်တယ်မဟုတ်လား" သခင်မကြီးက မေးလိုက်၏။

အငယ်နှစ်ယောက်သာ လာရင် သူတို့ လက်ဆောင်တွေ ယူမလာဘဲ နေပါ့မလား။

" ဒုတိယသခင်လေးနဲ့ ဒုတိယသခင်မလေးက အပြင်အိမ်တော်မှာ နေနေတဲ့အတွက် အလည်လာဖို့ အတွက် အချိန်မရှိဘူးဆိုပြီး ပထမ သခင်မလေးက ပြောလိုက်ပါတယ်။ ကျွန်တော်တို့ သခင်မကြီးကို အိမ်ခေါ်သွားဖို့အတွက် မြင်းလှည်းတစ်စင်း ယူလာခဲ့ပါတယ်။ သခင်မကြီးအနေနဲ ဆန္ဒရှိသလောက် ကျွန်တော်တို့နဲ့ အတူနေလို့ရပါတယ်" ရှဲ့မိသားစုရဲ့ အစေခံက ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရချိန် သခင်မကြီးရဲ့ မျက်နှာထားမှာ ပြောင်းလဲသွားတော့သည်။

သူမ ရဲ့သားနှစ်ယောက်ကို အမြန် ပြန်ခေါ်လိုက်၏။

"အဲ့ကောင်မလေးက ငါ့ကို တကယ်ကြီး သူတို့အိမ်မှာ နေစေချင်တယ်ပေါ့?!" သခင်မကြီးမှာ ထိုမိန်းကလေး အကြောင်း တွေးမိသည်နှင့် ဒေါသထွက်သွားရသည်

"အမေ လာရဲမှာမဟုတ်ဘူးဆိုတာ သူမသေချာနေမယ်လို့ ကျွန်တော်ထင်တယ်" ရှဲ့မန်ရှန်းက အံကြိတ်လိုက်၏။ "အမေ အမေက အကြီးပဲ။ အဲဒီမှာပဲနေ။ တကယ်လို့ သူမဘက်က တစ်ခုခုလုပ်ရဲမယ်ဆိုရင် အရိုအသေသိတတ်မှုတရားတွေနဲ့သာ ဖိနှိပ်ပစ်လိုက်"

"အမှန်ပဲ။ အများဆုံးမှ အဲ့ကောင်မလေးက ကြမ်းတမ်းတဲ့ ဝေဖန်ချက်တွေ ပြောရုံပေါ့။ သူမ လုံးဝကြီးတော့ အမေကို မတူမတန်ဆက်ဆံရဲမှာ မဟုတ်ဘူး။ အမေ အဲ့မှာရှိရင် ကျွန်တော်တို့ နှစ်ယောက် အလည်လာလို့ရတယ်။ အမေ ကိုယ်အလေးချိန်ကျပြီးတော့ မကျေမချမ်းမှုတွေ ခံစားနေရတာ တွေ့ရင် ကျွန်တော်တို့ ရုံးတော်ကို သွားပြီးတော့ သူမကို တရားစွဲပစ်မယ်!" ရှဲ့ချုံရှန်းက ထပ်ပြောလိုက်သည်။

သူမသာ သွားဖို ငြင်းခဲ့ရင်…..

အနာဂတ်မှာ သူတို့ ဘာအကျိုးအမြတ်ရတော့မှာလဲ?

လွန်ခဲ့တဲ့နှစ်တွေမှာ ဒုတိယသားက မိသားစုကို ထောက်ပံ့ပေးနေတာနဲ့ နေသားကျခဲ့သည်။

သို့ပေမဲ့ နှစ်သစ်ကူးကာလ အတွင်းမှာ သတင်းစကားတစ်ခုမှ မကြားရတာကြောင့် သူတို့ ငွေကြေး အခက်အခဲ ကြုံခဲ့ရ၏။

သူတို့မှာ ပိုက်ဆံမရှိရင် စားသောက်ဖို့နဲ့ လက်ဆောင်တွေပေးဖို့ ဘယ်လိုလုပ်တော့မှာလဲ။

အိမ်က ကလေးတွေကလည်း အလုပ်အကိုင်တွေ အတွက် သူတို့ရဲ့ အဆက်အသွယ်တွေ လိုသည်။

" ဒါပေမဲ့ ဒီမိန်းကလေးက ထူးဆန်းတယ်လို့ ငါထင်တယ်။ ငါတို့ အိမ်ကို နောက်ဆုံးတစ်ခေါက် လာသွားတုန်းကပဲ ကြည့်ပါလား။ အိမ်က ရှိသမျှ ပစ္စည်းအားလုံးနီးပါး သူမ ယူသွားခဲ့တာလေ။ တစ်ယောက်တည်းသွားရမှာ သိပ်တော့ အဆင်မပြေဘူး" သခင်မကြီးမှာ အသက်အရွယ်တစ်ခု ရောက်လာပြီး ဖြစ်ရာ ပိုပြီး ကြောက်တတ်လာသည်။

"အခုဆိုရင် ဖင်းကန်းက အိမ်ထောင်ပြုသင့်နေပြီ၊ ဟုတ်တယ်မလား။" ရှဲ့မန်ရှန်းက ရုတ်တရက်ပြောလိုက်၏။ "အခုဆိုရင် ဒီကောင်လေးက အဆင့်ခြောက် အရာရှိတစ်ယောက်ဖြစ်နေပြီလို့ကြားတယ်…."

သခင်မကြီးက သက်ပြင်းချလိုက်၏ "ဒီလို အရာရှိတစ်ယောက်က ဘာလို့များ ငါ့မြေးအကြီးဆုံး မဖြစ်ရတာလဲ"

ဖန်းသခင်မရဲ့ ကလေး ဓားပြလေးတွေကို ကြည့်ရတာ စိတ်ချမ်းသာမှုမရှိလှ။

" သခင်မကျားရဲ့ တူမက အခုဆို ၁၇ နှစ်ရှိပြီ။ တစ်ချိန်က၊ သူမရဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း အခု အိမ်မှာပဲ နေနေပြီးတော့ စိတ်

သောကရောက်နေရတယ်။ အမေနဲ့အတူ သူမကို ခေါ်သွားရင်ရော ဘယ်လိုလဲ? နောက်ပြီး ဒုတိယညီက အိမ်မှာ ရှိမနေဘူး။ အဘွားတစ်ယောက် အနေနဲ့ အဲမိန်းကလေး၊ ရှဲ့ချောင်အတွက် မင်္ဂလာပွဲ စီစဉ်ပေးလို့ရတယ်!" ရှဲ့မန်ရှန်း က ပြောလိုက်၏။

သခင်မကျားက မြို့တော်က မဟုတ်။

ရှဲ့နျိုရှန်း အရာရှိတစ်ဦးဖြစ်လာပြီးတဲ့နောက်မှာ ရှဲ့မန်ရှန်းဟာ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး ဆွေမျိုး မိသားစုကို ခေါ်လာခဲ့လေသည်။

သူ ခြံဝင်းငယ်တစ်ခုကို ဝယ်ခဲ့၏။ ၎င်းက နည်းနည်း အလှမ်းဝေးပေးမဲ့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကြလို့ရသေးသည်လေ။

"ဖင်းကန်းက ဆန္ဒရှိပါ့မလား။ မင်း မိန်းမရဲ့ တူမက ကြည့်ကောင်းတယ်ဆိုပေမဲ့ သူမက ဉာဏ်များတဲ့သူတစ်ယောက်"သခင်မကြီးကမျက်မှောင်ကြုတ်လိုက်သည်။

"အမေပဲ ပြောတာလေ၊ သူမက တော်တော် လှတဲ့သူတစ်ယောက်ဆိုတော့ ကျွန်တော်တို့သာ သူမကို ပို့လိုက်ရင် ဘယ်ယောကျာ်းမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး သူမရဲ့ အပျိုစင်ဘဝကိုတော့ စွန့်လွှတ်စရာမလိုဘူး။ သူမရဲ့ လက်ကလေးကိုထိလိုက်ရုံနဲ့တင် သူမကို လက်ထပ်ရလိမ့်မယ်! အခု ဒုတိယညီနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ခပ်တန်းတန်းဖြစ်နေတော့ ဒီကလေးနှစ်ယောက်ကို သုံးပြီး ထိန်းထားရမယ်!" ရှဲ့မန်ရှန်းက ထိုအကြောင်းကို တွေးကြည့်လေလေ၊ ပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ ထင်လေဖြစ်သည်။

ရှဲ့ဖင်းကန်းတစ်ယောက်ပဲ မိန်းမယူသင့်နေတာမဟုတ်ဘူး ရှဲ့ဖင်းဟွိုက်ဟာလည်း ဒီနှစ်ဆို ၁၃နှစ်

ရှိနေပြီ။

သူလည်း စေ့စပ်ထားသင့်နေပြီ!

•••••

All Chapters