ကောင်းမွန်သော ဘဝ
Vol. 21 Ch. 386
ညီအစ်ကို နှစ်ယောက်မှာ သူတို့ အရင်က ဒီကိစ္စတွေကို မတွေးမိခဲ့ကြဘူးလို့ ထင်လိုက်ကြ၏။
သူတို့ရဲ့ ဒုတိယညီက ဝတ္တရားကျေပွန်ပြီးတော့ သူတို့ရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံးကို စောင့်ရှောက်ပေးလိမ့်မည်ဟု ထင်ခဲ့ကြသည်။ ဒါပေမဲ့ သူရဲ့ ဒေါသဟာ နွေလယ်ခေါင် မိုးကြိုးပစ်သလိုမျိုး ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြပေ။
အတိတ်မှာတုန်းက သူတို့ရဲ့ ဆက်ဆံရေးဟာ ပေါ့ပေါ့တန်တန် ဖြစ်နေသေးသည်။
မိသားစုတစ်စုက စည်းစည်းလုံးဖြစ်ချင်ရင် ချိုးဖျင်လို့ မရနိုင်တဲ့ သွေးစည်းမှု ဒါမှမဟုတ် ဆွေမျိုးအနေနဲ့ ဆက်ဆံရေးတစ်ခု ရှိကြရမယ်!
သခင်မကြီးဟာ သူမသားနှစ်ယောက်ရဲ့ စကားကို ကြားတော့ စိတ်ချသွားသည်။
သူမ သားပြောတာ မှန်တယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ရှဲ့ချောင်က မိန်းမကလေးငယ်တစ်ယောက်ပဲမလို့ သူမ လက်ထပ်ရမှာပဲ။
ရှဲ့ဖင်းကန်းကတော့…
ဒီကောင်လေးက နည်းနည်းလေး ကြမ်းကြုတ်တဲ့ဆိုပေမဲ့ သူ့ကို ထိန်းချုပ်ပေးမယ့် ဇနီးတစ်ယောက် မရှိလို့ဖြစ်နေရတာ။ သူ့ကို ချော့မြှူနိုင်မယ့် မိန်းမတစ်ယောက် ရှာပေးလိုက်ရုံပဲ။ မင်္ဂလာပွဲပြီးသွားရင် မိသားစု နှစ်ခုကြားက ဆက်ဆံရေးက အရင်လို ပြန်ဖြစ်သွားလိမ့်မယ်။
"ဒုတိယသားနဲ့ လုသခင်မက ကွာရှင်းလိုက်ကြပြီ။ သူရဲ့ စရိုက်အရဆိုရင် နောက်တစ်ယောက်ထပ်ယူဦးမှာပဲ။ လူတိုင်း စိုးရိမ်နေတာက…." သခင်မကြီးမှာ ရှဲ့နျိုရှန်း အကြောင်း တွေးလိုက်မိသည်။
" ကျွန်တော် သူ့ကို မေ့နေတာ" ရှဲ့မန်ရှန်း မှင်တက်သွား၏။ " ဒုတိယညီက တကယ်ကို ပြဿနာရှာတဲ့သူပဲ။ လုသခင်မက ကောင်းတဲ့သူတစ်ယောက်ကို"
ဒီလိုဆိုမှတော့ ဒုတိယညီရဲ့ မိသားစုမှာ လုပ်ရမယ့် အရာတွေ အများကြီး ရှိနေတာပဲ!
ဒါတွေအကုန် အသိတရားမရှိတဲ့ အဲ့ကောင်ရဲ့ အမှားပဲ။သူက သူ့ညီအစ်ကိုနှစ်ယောက်ကို သူ့ကိစ္စတွေရှင်းဖို့ ဝန်တွေပေးနေတာပဲ!
ရှဲ့မန်ရှန်းက ချက်ချင်းပဲ သခင်မကျားကို သူ့ ယောက္ခမအိမ်ဆီ သွားပြီး ထိုမိန်းကလေးကို ခေါ်လာခိုင်းခဲ့သည်။
နေ့လည်ခင်း ရောက်တော့ မိန်းကလေးကို ခေါ်လာခဲ့ကြသည်။ ဒီတော့မှ သူတို့ မြင်းလှည်းစီးကာ ရှဲ့အိမ်တော်ကို အတူတူသွားခဲ့ကြ၏။
ထိုမိနိးကလေးရဲ့ နာမည်ဟာ ကျားဟွမ့်ဖြစ်၏။ သူမ မြင်းလှည်းပေါ်ကာ ဆင်းလိုက်သည်နှင့် မြင့်မားလှတဲ့တံခါးနဲ့ ခြံဝင်းကို ကြည့်ရင်း သူမ မျက်လုံးများမှာ စိတ်အားထက်သန်လာခဲ့သည်။ သူမရဲ့ နှလုံးဟာလည်း တဒိန်းဒိန်း ခုန်လို့နေကာ အနည်းငယ် စိတ်လှုပ်ရှားနေ၏။
ရှဲ့နျိုရှန်းကို သူမသိသည်။
အတိတ်တုန်းက၊ သူမတို့ရဲ့ မိသားစုဟာ သာမန် လယ်သမား မိသားစုလေးသာဖြစ်သည်။ စားသောက်ဖို့အတွက် ကောက်ပဲသီးနှံတွေ ခူးဆွတ်ရိတ်သိမ်းရသည်။ သူမဟာ ချောလှတဲ့သူဖြစ်ပေမယ့် လယ်ကွင်းထဲမှာ ကူညီလုပ်ကိုင်ပေးခဲ့ရတာကြောင့် သူမရဲ့ အသားအရေဟာ နေလောင်ပြီး ကြမ်းတမ်းခဲ့သည်။ သူမ ရဲ့ ဘဝက ခက်ခဲပြီး သနားစရာပင်။
နောက်တော့ ရှဲ့နျိုရှန်းက အရာရှိတစ်ယောက်ဖြစ်လာပြီးတော့ သူမ ဦးလေးနဲ့ အဒေါ်တို့ကို မြို့တော်ဆီ ခေါ်ခဲ့သည်။
မြိုတော်သို့ ရောက်လာပြီးမှသာ ဒါဟာ တကယ့်ကို မတူ ကွဲပြားတဲ့ ကမ္ဘာကြီးပဲလို့ သူမ သိခဲ့ရသည်။
သူမ အိမ်ထဲမှာသာ နေခဲ့၏။ လွန်ခဲ့သော နှစ်နှစ်ကတော့၊ သူမ အလှပြင်ကာ အိမ်ပြင်ထွက်ခဲ့သည်။ ကံဆိုးစွာဖြင့် သူမ ခင်ပွန်းတစ်ယောက်မှ ရှာမတွေ့ခဲ့ပေ။
သူမသည်လည်း ကောင်းမွန်တဲ့ ဘဝမှာ နေထိုင်ချင်သည်လေ။
အခုတော့ သူမ ရှေ့မှာရှိနေတာ….
ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ အိမ်ကြီးလဲ။ သူမသာ ဒီမှာ တစ်သက်လုံးနေနိုင်သွားရင် ၊သူမ ဘဝကြီး ထိုက်တန်သွားပြီ။!
" မင်းရဲ့ ဦးလေးက အိမ်မှာ မရှိဘူး, ဒီတော့ အိမ်မှာ ဆုံးဖြတ် အမိန့်ပေးနိုင်တဲ့သူတစ်ယောက်မှ မရှိဘူး။ ငါနဲ့နေ။ မင်းကို စိတ်မချမ်းမသာ ဖြစ်စေတဲ့ အရာမျိုး ရှိလာခဲ့ရင် ငါ့ကို လာပြော။ မိသားစုထဲမှာ မင်းထက် လနည်းနည်း ငယ်တဲ့ မိန်းကလေး တစ်ယောက်ရှိတယ်။ အဲ့ကလေးမက… ပါးနပ် လွန်းတယ်။ သူမကို တော့ နည်းနည်း ကြည့်ရှောင် ရမယ်" သခင်မကြီးက ကျားဟွမ်ရဲ့ လက်ကို ပုတ်လိုက်ပြီး ပြုံးကာ သူမရဲ့ လူတွေကို ဦးဆောင် ခေါ်သွားတော့သည်။
သူမက ဒီမှာနေခဲ့ဖူးပြီး အခု သူမရဲ့ အိမ်ကို
ပြန်လာပြီဖြစ်တာကြောင့် သူမရဲ့ ခြံဝန်းဆီ အရင်ဆုံးသွားလိုက်၏။
"အဘွားက ဒီမှာနေတာလား။ ဒီခြံဝန်းက သမီးတို့ အိမ်တစ်ခုလုံးထက်တောင် ကြီးသေးတယ်!" ကျားဟွမ်မှာ ပတ်ကြည့်ရင်း စိတ်လှုပ်ရှားနေ၏။ "တခြားသူတွေကရော၊ ဝမ်းကွဲ ရှဲ့တို့က ဘယ်မှာနေတာလဲ"
သခင်မကြီးဟာ သူမရဲ့ ကျယ်ကျယ်လောင်လောင်နဲ့ တဲ့တိုး ပြောဆိုနေမှုအပေါ် စိတ်မဆိုးသွားတဲ့အပြင် ပျော်တောင်ပျော်နေသေးသည်။
"ဒီ အိမ်မှာ ခြံဝန်းကြီးတွေ ဒီထက်ပိုပြီး ရှိသေးတယ်။ နောက်မှ အိမ်တော်ထိန်းကို ခေါ်ပြီး လိုက်ပြခိုင်းလိုက်" သခင်မကြီးက ပြောလိုက်သည်။
ကျားဟွမ်က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်၏။
သခင်မကြီးက ပတ်ကြည့်လိုက်ပြီး ခြံဝင်းထဲမှာ အသစ်တစ်စုံတစ်ရာ မတွေ့ရတဲ့ အတွက် အနည်းငယ် သဘောမကျဖြစ်သွားသည်။
"ငါတို့တွေ ဗိုက်စာနေကြပြီ၊ ငါ စားနေကြအတိုင်း ချက်လိုက်ကြ။ နူးနူးအိအိလေး ဖြစ်နေပါစေ။ ငါက အသက်ကြီးလာပြီး သွားတွေက သိပ်ပြီးကောင်းတော့တာ မဟုတ်ဘူး"
ထိုစကားကို ကြားတော့ အိမ်တော်ထိန်းက ချက်ချင်းပဲ "သခင်မကြီးက အသက်ကြီးပြီဖြစ်လို့ အသားနဲ့ သကြားတွေကို အများကြီး မစားသင့်ဘူးလို့ ပထမသခင်မလေးက ပြောလိုက်ပါ
တယ်။ ဂျုံနဲ့ အသီးအရွက်တွေကို ပိုပြီး စားသင့်ပါတယ်တဲ့။ ဒါကြောင့်၊ သခင်မကြီးရဲ့ နေ့စဉ်အစားအသောက်က မှာထားပြီးဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ ပြောင်းဖို့ ခက်ပါတယ်။ ဒီသခင်မလေးအတွက်ကတော့ မိသားစုရဲ့ ဘယ်ကဆွေမျိုးလဲဆိုတာ ကျွန်တော် သိပါရစေ….."
•••••