အယုံလွယ်သော ယောင်းမ
Vol. 21 Ch. 387
အိမ်တော်ထိန်းရဲ့ စကားကို ကြားတော့ သခင်မကြီးမှာ ချက်ချင်းကို ဒေါသထွက်သွားလေ၏။
"ဒီ မိန်းကလေးကို ငါခေါ်လာခဲ့တာ။ မင်းက ဘာကိစ္စ အမေးအမြန်းလာလုပ်နေရတာလဲ။ မင်းရဲ့ ပထမသခင်မလေးရဲ့ စည်းမျဉ်းစည်းကမ်းတွေ
အရဆိုရင် သူမကို ကောင်းကောင်းတောင် ဆက်ဆံရမှာ! ငါက အသက်ကြီးနေပြီ ဘယ်နှရက်များ အသက်ရှင်နေနိုင်ဦးမှာ မလို့လဲ။ ဂျုံတွေ အသီးအရွက်တွေ စားလို့ တစ်သက်လုံး အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား"
အိမ်တော်ထိန်းမှာ အပေါ်ယံမှာတော့ တည်ငြိမ်နေပေမဲ့ တကယ်က သူ နက်နက်နဲနဲ တွေးနေတာပင်။
" ကျွန်တော်တို့ ပထမသခင်မလေးရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ?? ဒါဆိုရင်တော့ ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ ငွေစာရင်းထဲမှာ ပိုက်ဆံ ပြတ်လပ်နေပြီ ဖြစ်ပြီးတော့ ပထမသခင်မလေးနေ့စဉ် စားသုံးပေးဖို့ လိုအပ်တဲ့ အစားအစာတွေက ရှုပ်ထွေး လွန်းပါတယ်။ ကျွန်တော်တို့ရဲ့ စားဖိုဆောင်ကတောင် မချက်နိုင်ပါဘူး။" အိမ်တော်ထိန်းက ထပ်ပြောလိုက်သေးသည်။ "သခင်မကြီးလည်း ဘာလုပ်ရမလဲ မသိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒီလို ဆိုမှတော့ ပထမ
သခင်မလေးကို ကျွန်တော် သေချာအောင် မေးကြည့်လိုက်ပါ့မယ်" ပြောပြီးသည်နှင့် အိမ်တော်ထိန်းက ထွက်သွား၏။
သခင်မကြီးမှာ ထိုအခြင်းအရာကို မြင်တော့ အလွန်ဒေါသထွက်ပြီး သူမ ပေါင်ကို ပြန်ရိုက်လိုက်သည်။
"ဒီကလေးမကတော့ အရင်ကမှ ဟန်ဆောင်ပန်ဆောင် ဘယ်လိုနေရမလဲ သိသေးတယ်။ အခုတော့ မောက်မာ မာန်တက်နေလိုက်တာများ!" သခင်မကြီးက အံကြိတ်လိုက်၏။ " သူမမှာ ယဉ်ကျေးရည်မွန်မှုတစ်စက်မှမရှိဘူး။ သူ မွေးတုန်းက ငါမရှိလို့ပေါ့။ငါသာ ရှိလို့ကတော့ လည်ပင်းညှစ်ပြီး သတ်လိုက်ပြီးပြီ။ အခုတော့ လူကို ဒုက္ခပေးမယ့်သူက ကျန်နေရော"
ကျားဟွမ် နားထောင်လိုက်ပြီးတဲ့နောက် မနာလို
ဝန်တိုခြင်းကိုခံစားလိုက်ရ၏။
" အဲဒီ ပထမသခင်မလေးရဲ့ ဘဝက တကယ်ကို ကောင်းတာပဲ။ သူမ စားချင်တာ စားလို့ရပြီးတော့ အိမ်တော်ထိန်းတောင်မှ သူမစကားနားထောင်ရတယ်"
ကျားဟွမ်က အပြင်ကို ကြည့်လိုက်၏။ "ဒါပေမဲ့လည်း မိန်းကလေးတွေဆိုတာ လက်ထပ်ရမှာပဲ။ လက်ထပ်ပြီးသွားလို့ ဆွေမျိုးတွေအိမ်မှာ လိုက်နေတဲ့ အခါကျရင် သူတို့ နှိပ်စက်တာ ခံရမှာပဲ၊ဘဘယ်လိုလုပ်ပြီး ပြတ်သားပြနေလို့ရဦးမှာလဲ"
"နင် ပြောတာကို နားထောင်ရတာ၊ သူမအတွက် သင့်တော်တဲ့ မိသားစုရှိလို့လား" သခင်မကြီးက မေးလိုက်၏။
" အဘွားရှဲ့၊ သမီးက စကားအဖြစ် ပြောလိုက်ရုံ
ပါ။ ဒီသခင်မလေးကို ဘယ်သူတွေ လက်ထပ်ချင်လဲဆိုတာ မသိဘူးလေ။ သမီးတို့ ရွာက မိန်းကလေးတွေ အကုန် အတူတူပဲ မဟုတ်ဘူးလား။ အိမ်မှာ ဘယ်လောက်ပဲ ဖူးဖူးမှုတ်ခံထားရပါစေ၊ အိမ်ထောင်ကျသွားလို့ရှိရင် အသိတရားရသွားကြရတာပဲ" ကျားဟွမ်က ချက်ကျလက်ကျပြောလိုက်၏။
သခင်မကြီးက နားထောင်နေပြီးတော့ သက်ပြင်းချလိုက်၏။
လက်ထပ်ရမယ်? သူမ ဘယ်အချိန် လက်ထပ်နိုင်မလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ?
သူမရဲ့ ကျန်းမာရေးက ချို့တဲ့နေတယ်လို့ ကြားတယ်။ အိမ်မှာသာ သေသွားရင် ကံဆိုးတာပဲ။
အိမ်တော်ထိန်းကလည်း ရှဲ့ချောင်ကို ချက်ချင်း သွားရှာလိုက်သည်။
ရှဲ့ချောင်ကိုတွေ့တော့ သခင်မကြီးနဲ့ ကျားဟွမ်ရဲ့ အခြေအနေတွေကို တင်ပြလိုက်၏
" ပထမသခင်မလေး၊ကျွန်တော် တွေးနေတာ၊ သူမက သခင်မလေးကို သဘောမတွေ့တဲ့ဟာ ဘာလို့ သူမကို ခေါ်ထားရတာလဲ။ သခင်မလေးကကျန်းမာရေးလည်း ကောင်းတာ မဟုတ်ဘူး။ မတော်လို့တစ်ခုခုဖြစ်သွားရင်ရော? ဘယ်လိုလုပ် ကောင်းမလဲ" အိမ်တော်ထိန်းက စိုးရိမ်နေသည်။
ရှဲ့ချောင်ကတော့ သိပ်ပြီး ဂရုစိုက်မနေခဲ့
" တချိူ့လူတွေက တစ်ခါမှ မသင်ကြားဖူး ခဲ့ကြဘူး။အဖေက သူတို့အပေါ် မကျေမနပ်ဖြစ်နေတာကို။ အခွင့်ကောင်းယူပြီး သူတို့ကို နည်းနည်း
တော့ ခံစားသွားရအောင် လုပ်ရမယ်"
"ဒါပေမဲ့ သခင်မလေးရဲ့ ဂုဏ်သတင်း…" အိမ်တော်ထိန်းမှာ ချီတုံချတုံဖြစ်နေ၏။
"ကိစ္စမရှိဘူး။ ကျွန်မ သူ့ကို ဘာမှ မလုပ်ပါဘူး" ရှဲ့ချောင် ပြုံးလိုက်သည်။
အိမ်တော်ထိန်းကတော့ သူမပြောတာကို မယုံပေ။
ရှဲ့ချောင် သူမ လက်ထဲက ပစ္စည်းတွေ ချပြီး အဝတ်အစားလဲဖို့အတွက် အထဲဝင်သွားလိုက်သည်။ ထို့နောက် သူမ သခင်မကြီးကို နှုတ်ဆက်ရန် သွားခဲ့၏။
သူမရဲ့ မျက်နှာထားဟာ လေးနက်ပြီး ရိုသေသမှု
ကို ပြနေသည်။ သူမဟာ သခင်မကြီးနှင့် ရင်းနှီးသလိုမျိုး ကောင်းမွန်စွာ ပြုမူနေ၏။
ရှဲ့ချောင် လာတွေ့လိမ့်မယ်လို့ သခင်မကြီး ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။
တစ်ယောက်က တံခါး အပြင်ဘက်မှာ ရပ်နေချိန်၊ တစ်ယောက်ကတော့ အသံကုန်ဟစ်ကာ ဆူပူကြိမ်းမောင်းနေသည်။
" အဘွား၊ သမီးကို ဆူရတာ မပင်ပန်းဘူးလား။ လက်ဖက်ရည်တစ်ငုံလောက်သောက်ပြီး နားလိုက်ပါဦး" ရှဲ့ချောင် ကကိုယ်တိုင်ကိုယ်ကျ အရှေ့ကို သွားပြီး သခင်မကြီး အတွက် လက်ဖက်ရည်တစ်ခွက် ယူပေးလိုက်သည်။
သူမက ရိုသေယဉ်ကျေးနေ၏။ အသိတရားမရှိတဲ့
သူတစ်ယောက်ပုံ လုံးဝပေါ်မနေပေ။
ကျားယွမ် ရှဲ့ချောင်ကို တွေ့တာ ပထမဆုံးအကြိမ်ဖြစ်၏။ သူမ အနည်းငယ် ပဟေဠိဖြစ်သွားသည်။
သူမလား? ရှဲ့မိသားစုရဲ့ သမီး အကြီးဆုံးဆိုတာ?
သူမက ကြောက်တတ်တဲ့ပုံပါပဲ။ သခင်မကြီး စိတ်ဆိုးစရာ ဘာအကြောင်းရှိလို့လဲ။
ကျားဟွမ်က အနာဂတ်မှာ သူမ ရှဲ့ဖင်းကန်းနဲ့ လက်ထပ်ရမှာကို တွေးကြည့်လိုက်၏။ အရှေ့မှာရှိနေတဲ့သူက သူမ ယောင်းမပေါ့။
ကိုင်တွယ်ရခက်တဲ့သူတစ်ယောက်ဆိုတာကိုစဉ်စားမနေနဲ့။ သူမကို ကြည့်ရတာ အယုံလွယ်တဲ့သူ
တစ်ယောက်လိုပဲ။
သူမက အရှေ့ကို လျှောက်သွားကာ ရှဲ့ချောင်ရဲ့ လက်ကို ဖမ်းဆုပ်ရင်း ပြုံးလိုက်၏ "နင်က ညီမရှဲ့ ဖြစ်မယ်၊ ဟုတ်တယ်မလား။ ငါ့နာမည်က ကျားဟွမ်။ အဘွားနဲ့အတူ ဒီကို အလည် လိုက်လာတာ။ ငါ့ကို ဂရုစိုက်ပေးတဲ့ အတွက် ကျေးဇူးပါ"
•••••