← Chapters

ပဋိပက္ခဖြစ်ခြင်းကံကြမ္မာ

Vol. 21 Ch. 388

ပဋိပက္ခဖြစ်ခြင်းကံကြမ္မာ

Vol. 21 Ch. 388

"အဟွတ်, အဟွတ်,အဟွတ်…"

ကျားဟွမ်စကားဆုံးတဲ့အချိန်၊ သခင်မကြီးမှာ လက်ဖက်ရည် သီးသွားခဲ့၏။

ရှဲ့ချောင် သူမရဲ့ လက်ကိုကြည့်လိုက်ပြီး အားနဲ့ ပြန်ရုတ်လိုက်သည်။

"ရိုးရိုးတန်းတန်းပဲ ပြောပါ။ ကျွန်မကို မထိပါနဲ့ မကြိုက်ဘူး"

ရှဲ့ချောင် သခင်မကြီးကို ပြုံးပြီး ကြည့်လိုက်ကာ "အဘွားကလည်း ဂရုစိုက်ပြီး သောက်မှပေါ့…."

ရှဲ့ချောင် သူမရဲ့ လက်ကို သခင်မကြီးရဲ့ ကျောပေါ်တင်လိုက်ကာ အသက်ရှူရ အဆင်ပြေအောင် ပွတ်သပ်ပေးလိုက်သည်။။

ရှဲ့ချောင် ဒီလောက်ထိ စိတ်အားထက်သန်နေလိမ့်မယ်လို့ သခင်မကြီး မမျှော်လင့်ထားမိ။

လန့်သွားတာပဲ!

သူမ အလျင်စလို ထရပ်လိုက်တာကြောင့် ဟန်ချက်ပျက်သွားပြီး ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်ခြေထောက် အချင်းချင်း ခလုတ်တိုက်သွားကာ 'ဘုတ်' ခနဲမြည်သံနဲ့အတူ မြေကြီးပေါ်လဲကျသွားတော့သည်!

ရှဲ့ချောင်ရဲ့ မျက်နှာဟာ 'ထိတ်လန့်' သွားသလိုပင်။

"အဘွား!" သူမ အရှေ့ကို ပြေးသွားလိုက်၏။ အင်မတန်ကို စိုးရိမ်နေပုံပင်။

" အဘွားရှဲ့" ကျားဟွမ်လည်း ထူပေးဖို့ အတွက် ပြေးလာ၏။

သခင်မကြီးရှဲ့ခမျာ ဖရိုဖရဲဖြစ်နေပြီး သူမရဲ့ ခါးနဲ့

ခြေထောတ်တို့သည်လည်း နာကျင်သွားပုံရကာ သူမ မတ်ထပ်ထရပ်ဖို့ ကြိုးစားလိုက်ချိန်၌ မသက်မသာဖြစ်နေပုံပင်။ဒါပေမဲ့၊ ရှဲ့ချောင်ကတော့ မသိလျှင် အိမ်မှာ တစ်ယောက်ယောက်သေသွားသလိုကို ပူပန်နေလေသည်။

" အဘွား ဘာဖြစ်တာလဲ။ ဘယ်လိုဖြစ်လို့ မတ်တပ်မရပ်နိုင်အောင်တောင် ခြေထောက်တွေက အားနည်းနေရတာလဲ။ အဘွား အိမ်မှာတုန်းက ဦးလေးတွေ နှိပ်စက်ညှင်းပန်း တာကို ခံရလို့လား" ရှဲ့ချောင် စကားလုံးတစ်လုံးချင်စီတိုင်းကို ပီပီသသနှင့်ပြောသွား၏။ သူမ စိတ်မချမ်းမသာ ဖြစ်နေပုံနှင့် "သူတို့ကို သင်ခန်းစာပေးဖို့ လူလွှတ်လိုက်မယ်! သားသမီး ဝတ်မကျေပွန်လိုက်တဲ့သူတွေ!"

" တိတ်စမ်း!" သခင်မကြီးမှာ ခက်ခက်ခဲခဲ ပြောလိုက်ရ၏။ " နင့်ကြောင့် ငါ့လန့်သွားတာ"

" အဘွား၊ စကားကို ကြည့်ပြောပါ။ စောစောက အဘွားကို သမီးရဲ့ ဝတ္တာရားအတိုင်း လုပ်ပေးနေတာလေ။ တကယ်လို့သာ ဒီစကားတွေက မတော်တဆ ပြန့်သွားရင် အဘွားက မြေးဖြစ်သူကို မမျှမတ ဆက်ဆံတယ်ဆိုပြီး စွပ်စွဲခံရလိမ့်မယ်နော်" ရှဲ့ချောင်က အချိန်ယူကာ သူမ ဘေး၌ ထိုင်ချလိုက်ပြီး " အခုကစပြီး သမီး နေ့တိုင်းလာမှာမို့ အဘွား…. ဂရုစိုက်ပါ"

ရှဲ့ချောင် ရုတ်တရက် ပြုံးလိုက်၏။

သခင်မကြီးမှာ ထိုအပြုံးကို ကြည့်ပြီး အနည်းငယ် ထူးဆန်းတယ်လို့ တွေးလိုက်မိသည်။

ရှဲ့ချောင် ဖြည်းဖြည်းလာကာ ဖြည်းဖြည်းပဲ ပြန်ထွက်သွားသည်။ သူမက တကယ်ကြီး အရိုအသေပေးဖို့ လာသလိုမျိုး ထွေထွေထူးထူး သိပ်မပြောခဲ့ချေ။

ဒါပေမဲ့လည်း သခင်မကြီးမှာ စဉ်းစားလေလေ ထူးဆန်းတယ်လို့ ထင်လာလေဖြစ်သည်။

ဒီကောင်မလေးရဲ့ မကောင်းတဲ့ ကံက သူမကို လာထိခိုက်နေတာပဲ!

သူမ ရောက်တာဖြင့် ဘယ်လောက်ကြာသေးလို့လဲ။

သူမ ရေနွေးသီးပြီးတော့ ချော်လဲရတယ်။ အသေးအမွှားလေးမလို့သာပဲ၊ မဟုတ်ရင် သူမ အသက်တစ်ဝက်လောက် ဆုံးရှူံးနေရလောက်ပြီ!

သူမက အသက်ကြီးပြီး ဒီလို ချော်လဲတာလေးကတောင်စိုးရိမ်ရတယ်။

သခင်မကြီး ခန့်မှန်းတာ မှန်တယ်လို့တောင် ပြောလို့ရတယ်။

သခင်မကြီးဟာ ရှဲ့ချောင်ရဲ့ သွေးသားရင်း ဆွေမျိုးတစ်ယောက်ဖြစ်၏။ သူမရဲ့ မိဘတွေ ညီအစ်ကိုတွေနဲ့ မျိူးဆက်တစ်ဆက်သာ ကွာသော်ငြား သူမတို့ ရင်းနှီးလာနိုင်မည်မဟုတ်ပေ။ သူမရဲ့ ဆွေမျိူးအရင်းတွေကို အန္တာရာယ်ဖြစ်စေနိုင်တဲ့ အရည်အချင်းကို သခင်မကြီးအပေါ်မှာ အသုံးမချရင် ဖြုန်းတီးရာရောက်သွားမှာပေါ့။

သခင်မကြီးက ဒီနေ့မှ ရောက်တာဖြစ်လို့ သူမကို ခြောက်တာ လုံလောက်သွားလေပြီ။

နောက်ပြီး သူမက အိမ်မှာ ရှိနေတာ ဖြစ်တဲ့အတွက် ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်မိရင် မကောင်းပေ။

"ဒီကောင်မလေးကတော့… အာ့ ၊ ရုတ်တရက်ကြီး နာခံပြနေတာ ငါ့ကို လန့်သေအောင် လုပ်နေတာပဲ…" သခင်မကြီးသည် ခါးအနောက်ဘက်ကို ထိန်းကိုင်ထားရင်း ကုလားထိုင်မှာ ထိုင်လိုက်၏။

" အဘွားရှဲ့၊ အဘွားရဲ့ မြေးမက အတော်လေး အသိတရားရှိတဲ့ပုံပါပဲ။ကြည့်ရတာ သူ ကြောက်နေသလိုပဲ။ ကျန်းမာရေး လည်းသိပ်ကောင်းပုံမရဘူး ပိန်လွန်းတယ်။ အဘွား ပြောသလိုလဲ မဟုတ်ဘူး…." ကျားဟွမ် မျက်မှောင်ကြုတ်လိုက်သည်။

ရှဲ့ချောင်ကို ကြွက်စုတ်တစ်ကောင်လို့သာ သူမ ထင်မိသည်။

သူမက အားနည်းလွန်းနေတာများ နှစ်ကြိမ်လောက် အော်လိုက်ရုံနဲ့တင် မျက်ရည်ဖျာဖျာ ကျ

သွားလောက်တယ် ဟုတ်တယ်မလား?

မိသားစုရဲ့ သခင်မလေး ဆိုတဲ့သူက ပျော့ညံ့ပြီး အသုံးမကျလိုက်တာ။

" သူမကို သွားပြီး အထင်မသေးနဲ့! သူမရဲ့ ငိုနိုင်တဲ့ အရည်အချင်းနဲ့တင် ဟိုကလေး ဖင်းဟွိုက် ငါ့ကို သစ္စာဖောက်သွားအောင် လုပ်နိုင်တယ်။ သူ မလာခင်တုန်းကဆိုရင်၊ ဖင်းဟွိုက်က အလိမ္မာဆုံး။ ဒါပေမဲ့ အဲဒီနေ့က သူ့အစ်မကြောင့် လူတစ်ယောက်ကိုတောင် ရိုက်တော့မလို့လေ!" သခင်မကြီးမှာ ပြန်တွေးကြည့်လိုက်ရုံနှင့် ကျောချမ်းသွားရသည်။

သူမ ဘယ်လောက်တောင် ရှဲ့ဖင်းဟွိုက်အပေါ် ကောင်းလိုက်လဲ?! သူတို့တွေ့တိုင်းတဲ့ အခါတိုင်း သူမကို စိတ်ပါလက်ပါနဲ့ အဘွားလို့ ခေါ်ခေါ်နေခဲ့တဲ့ဟာ အခုကျတော့!

သူ့ကို အလကားနေရင်း ဝံပုလွေမက ခေါ်သွားပြီ!

"ဒီ သခင်မလေးက သင်ကြားပြသမှု မခံခဲ့ရဘူးပဲ " ကျားဟွမ် အနည်းငယ် စိတ်ပျက်သွားသလို ဖြစ်သွား၏။

သခင်မကြီးမှာ အော်ရင်း စကားတွေလည်း ရေရွတ်ပြောဆိုနေခဲ့သည်။ ခဏကြာတော့ အစားအသောက်များ ရောက်လာခဲ့၏။

သို့ပေမဲ့၊ သူမ စားစရာတွေကို မြင်လိုက်ရချိန် ဒေါသ ထောင်းခနဲ ထွက်သွားတော့သည်။

ဟိုဘက်အိမ်မှာတောင် ဒီလို ဟင်းနည်းနည်းလေး

ကို မစားဘူး!

ဒီကောင်မလေးက သူမကို စုတ်ပြတ်နေတဲ့ ဟင်းပွဲတွေ ပြင်ဆင်ပေးခိုင်းရလောက်အောင် သတ္တိတွေ ရှိနေတယ်ပေါ့!

•••••

All Chapters