ဝမ်းကွဲ
Vol. 21 Ch. 389
ဟင်းလျာ လေးပွဲနဲ့ စွပ်ပြုတ် တစ်ပန်းကန်။ ဟင်းတစ်ပွဲလောက်သာ အသားလေး နည်းနည်း ပါသည်။ ကျန်တာအကုန် အစိမ်းရောင်တွေချည်းပင်။
သခင်မကြီးမှာ ထိုဟင်းပွဲများကို ကြည့်ကာ စားချင်သောက်ချင်စိတ် ပျောက်သွားတော့သည်။ ကျားဟွမ်ကတော့ အဆင်ပြေသည်ပင်။ သူမရဲ့ ဘဝက အဒေါ်၊ ဦးလေးတို့ရဲ့ ဘဝနဲ့ နှိုင်းယှဉ်လို့မ
ရပေ။ သူမ အတွက် အသားစားရဖို့ဆိုတာ ရှားသည်လေ။
စားပွဲပေါ်ရှိ ဟင်းလျာ အကုန်နီးပါး သူမ စားပစ်လိုက်၏။
စားပြီးသွားတဲ့နောက်၊ သူမ လမ်းပတ်လျှောက်နေရင်း အိမ်နဲ့ အကျွမ်းတဝင် ဖြစ်အောင် လိုက်ပြပေးဖို့ အစေခံမိန်းကလေးတစ်ယောက်ကို ရှာတွေ့သွား၏။
ရှဲ့ဖင်းကန်းရဲ့ ခြံဝန်းရှိရာ နေရာကို ရှာတွေ့ဖို့ သိပ်မကြာလိုက်ပေ။
သူမ အထဲသို့ ခပ်တည်တည်ပင် တန်းတန်းမတ်မတ် ဝင်သွားတော့သည်။
ရှဲ့အိမ်တော်ကို လာရန်အတွက် သူမဆီမှာ ရှိတဲ့ အဝတ်အစားတွေထဲက အလှဆုံးတစ်စုံကို အထူးတလည် ရွေးချယ် ဝတ်ဆင်လာခဲ့တာ။
ချယ်ရီနီရောင် ဝတ်စုံဟာ နူးညံ့ကာ ချစ်စဖွယ်ကောင်းနေ၏။ အခုဆိုရင်သူမဟာ ပိုလို့တောင် ဖြူဖွေးနူးညံ့သွားကာ အရောင်အဆင်းမှာ ထင်းထွက်နေ၏ ။ ပန်းထိုးဖိနပ်ကို စီးထားတဲ့သူမဟာ လိပ်ပြာသဏ္ဍာန် ပန်းထိုးထားတဲ့ လက်ကိုင်ပုဝါကို ကိုင်ရင်း ပြတင်းပေါက်ဆီ ချဉ်းကပ်သွားလိုက်၏။
"အားးး….."
ပြတင်းပေါက်နားသို့ ရောက်သွားသည်နှင့် ကျားဟွမ်မှာ ထိတ်လန့်တကြား ဖြစ်သွားကာ သူမ အမြန်နောက်ဆုတ်လိုက်ရင်း မြေကြီးပေါ်လဲကျသွား
လေသည်။
ရှဲ့ဖင်းကန်းက မျက်မှောင်ကြုတ်ကာ အပြင်ကို ကြည့်လိုက်၏။
ခေါင်းထိပ်တွင် ကြိုးတစ်ချောင်း ချည်ထားတဲ့ ရှဲ့ဖင်းကန်းကို သူမ မြင်လိုက်ရ၏။ သူ့ရဲ့ ဆံပင်များမှာ ဖားလျားကျနေကာ မျက်လုံးတွင်လည်း မှတ်စုတစ်ခု ကပ်နေသည်။ စားပွဲရှေ့မှာလည်း ဓားသွားနှစ်ခုကို ထားထား၏။ သူ အိပ်ချင်လာပြီး သူ့ခေါင်းငိုက်ကျသွားတာနဲ့ ထိုဓားသွား က သူ့မေးစေ့ကို ထိုးဖောက်သွားမှာပင်။ သူ ဂရုမစိုက်ရင် သူရဲ့ လည်ချောင်းတောင်မှ ပြတ်သွားနိုင်တယ်!!
ကျားဟွမ်ရဲ့ အော်ဟစ်လိုက်တဲ့အသံက ရှဲ့ဖင်းကန်းကို ပိုပြီးနိုးကြားသွားစေကာ မျက်လုံးပြန်လည် ဝင်းလက်သွားစေခဲ့၏။
သူ စိတ်ခံစားချက်ကောင်းနေပြီး အပြင်ကို လှမ်းပြောလိုက်သည် "လက်ဖက်ရည်တစ်ခွက်ယူလာပေး! ခါးခါးလေးနော်"
ကျားဟွမ်တစ်ယောက် နှုတ်ခမ်းမဲ့သွား၏။
ဘာသဘောလဲ?! သူမကို…. အစေခံတစ်ယောက်လို့ ထင်နေတာလား?!
သူမရဲ့ အဝတ်အစားက သူမမှာရှိသမျှထဲက အကောင်းဆုံးလေ။ မြင့်မြတ်တဲ့သူတစ်ယောက်နဲ့ မတူဘူးဆိုရင်တောင် အစေခံတစ်ယောက်နဲ့တော့ မတူဘူး မဟုတ်ဘူးလား?!
အစေခံမှာ အပြင်ဘက်တွက် တစ်ရေးတစ်မော
အိပ်ပျော်နေတာဖြစ်ကာ အသံကြားတော့ သူမ အလျင်အမြန်ပဲ တုံ့ပြန်လိုက်သည်။ ထိုအခါမှသာ အပြင်ကလူက မသိတဲ့လူဆိုတာ ရှဲ့ဖင်းကန်း သဘောပေါက်သွား၏။
" မင်း အဲ့မှာ ဘာလုပ်နေတာလဲ" အသံမှာ မိုးချိန်းသံပမာ။
ကျားဟွမ် ရှဲ့ဖင်းကန်းကို ကြည့်လိုက်သည် ။
သူမှာ မုတ်ဆိတ်မွေးရေးရေးလေး ရှိနေ၏။ မျက်ခွံပေါ်မှာ မှတ်စုစာရွက် ကပ်နေတာကြောင့် သူရဲ့ မျက်လုံးကို ကြီးမား ဝိုင်းစက်ပြီး ရက်စက်တဲ့ပုံဖြစ်သွားစေသည်။ သူရဲ့ ခန္ဓာကိုယ်ဟာလည်း ကြီးမားလှ၏။ ကြောက်စရာကောင်းလှအောင်ကို ကြမ်းကြုတ်တဲ့သူတစ်ယောက်လိုပင်။
ဒါပေမဲ့…
ဒီပုဂ္ဂိုလ်ဟာ သူမ သိတဲ့လူထဲ ဂုဏ်သိက္ခာအရှိဆုံးသူတစ်ယောက်ပဲ။
အခုနေ သူမ နောက်ပြန်ဆုတ်လိုက်မယ်ဆိုရင် အိမ်ပြန်ပြီး တခြားလူတွေနဲ့ တွေ့နေရမှာ။ ဘယ်လိုပဲဖြစ်ဖြစ်၊ထိုလူများထဲက သူမ ရွေးလိုက်ရင်တောင် ထိုယောကျာ်းက အများဆုံးမှ မြေ "မူ" လောက် ရှိရုံပဲ!
( မူ ဆိုတာက တရုတ်၊ဂျပန်စတဲ့ အာရှနိုင်ငံတချို့ မှာသုံးတဲ့ မြေတစ်ယူနစ်ဧရိယာကို ပြောတာပါ။ တစ်မူ ဆိုရင် အကြမ်းဖျင်း ၆၆၆.၇ မီတာ ဒါမှမဟုတ် ၀.၁၆၅ ဧကရှိပါတယ်)
ဒါတောင် ထို ချမ်းသာတဲ့လူတစ်ယောက်ကို သူမ မရွေးလိုက်နိုင်တာမျိုးလည်း ဖြစ်နိုင်တာပဲ။
ထို အတွေးကြောင့် ကျားဟွမ်ထရပ်လိုက်ကာ တံခါးပေါက်ဆီ တဖြည်းဖြည်းချင်းလျှောက်သွားလိုက်၏။
" ဝမ်းကွဲ၊ ကျွန်မက ကျားဟွမ်ပါ"
" မင်းက ဒီမှာ ဘာလုပ်နေတာလဲ" ရှဲ့ဖင်းကန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
" ဝမ်းကွဲက အိမ်မှာရှိတယ် ကြားလို့ အလည်လာခဲ့တာ။ ရှင်က စာတောင်ဖတ်နိုင်တယ်နော်။ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ကျွန်မဆို ဒါတွေနားမလည်ဘူး။ ရှင် ကျွန်မ အကူအညီလိုသေးလား။ ကျွန်မ ရှင့်စာရေးခုံကို ရှင်းပေးလို့ရတယ်။ အဝတ်လျှော်ပေးလို့ရတယ်။ ကျန်တာတွေရောပဲ။" ဒါက… ကျားဟွမ်အနေနဲ့ စဉ်းစားလို့ရတာ အကုန်ပင်။
ရှဲ့ဖင်းကန်း စဉ်းစားကြည့်လိုက်ပေမဲ့ ကျား မျိုးရိုးနဲ့ ဝမ်းကွဲကို သူစဉ်းစားကြည့်လို့မရခဲ့။
"စောစောက မင်း အော်လိုက်တဲ့ အသံက တော်တော်ကောင်းတယ်။ မင်း ဘာမှ လုပ်စရာ မရှိဘူးဆိုရင် … ၁၅ မိနစ်နေတိုင်း ဒီကိုလာပြီး စောစောကလိုမျိုး ကျယ်နိုင်သမျှ ကျယ်ကျယ်သာ အော်နေ။ ဒါမှ ငါနိုးကြားနေမှာ" ရှဲ့ဖင်းကန်း သူ့အတွေးကို အလွန်ကိုမှ ရိုးရိုးတန်းတန်း ဖော်ပြလိုက်၏။
ခုနက အော်သံက သူ့နားတောင် ကန်းတော့မလို့ပဲ။
အကျိုးသက်ရောက်မှုကတော့ တကယ်ကိုကောင်းတယ်။ အခု သူ့မျက်လုံးကျယ်သွားပြီ။ နောက်ထပ် အခန်း နည်းနည်းလောက် ထပ်ကျက်
လို့ရလောက်တယ်!
"ဘာဖြစ်တယ်" ကျားဟွမ်မှာ မှင်တက်သွားရကာ နည်းနည်းလည်း ရှက်သွားသည်။
" မင်း မလုပ်ချင်ဘူးဆိုရင်လည်း ထားလိုက်တော့။ အဲ့မှာရပ်ပြီး ငါ့ရဲ့ အလင်းရောင်ကို လာကွယ်မနေနဲ့" ရှဲ့ဖင်းကန်းက သူမကို ခက်ခဲအောင် မလုပ်ခဲ့။
သူမ လုပ်ချင်တဲ့ ဆန္ဒရှိရင် လုပ်၊ မလုပ်ချင်ရင်တော့ ထွက်သွားလိုက်။
သူ့မှာ ဘယ်ကမှန်းမသိရောက်လာတဲ့ ဝမ်းကွဲကို ဖြေရှင်းနေဖို့ အချိန်တွေ ပိုမနေဘူး။
သူမက လင်းမိသားစုကများလား?
မဟုတ်သေးဘူး။ လင်းမိသားစုရဲ့ မျိုးရိုးက လင်း ၊ပြီးတော့ မိသားစုကလည်း အဲလောက် မကြီးဘူး။
ရှဲ့ဖင်းကန်း ခဏတော့ တွေးကြည့်လိုက်သေးသည်။ အဲဒီနောက်မှာတော့ သူ နောက်တစ်မျက်နှာ လှန်လိုက်ပြီး သမ်းဝေလိုက်ကာ ဆက်ပြီး ဖတ်နေလိုက်၏။
"လုပ်မယ်" သူ သူမကို လစ်လျူရှုနေတာကို မြင်တော့ ကျားဟွမ် နည်းနည်းတော့ စိုးရိမ်သွားသည်။ " သဘောပေါက်ပြီ။ ရှင် အေးအေးဆေးဆေးသာ စာဖတ်နေလိုက်။ ရှင့်ကို လုံးဝ အိပ်မပျော်သွားစေရဘူး။"
•••••