← Chapters

ငါ့ထက်တောင် မြန်တယ်

Vol. 21 Ch. 390

ငါ့ထက်တောင် မြန်တယ်

Vol. 21 Ch. 390

ကျားဟွမ်မှာ လေးဖင့်နေသော မျက်နှာထားနဲ့ ပြန်ဖြေလိုက်ခြင်းပင်။ ဒီစာအုပ်က ဘာတွေ အရမ်းကောင်းနေသလဲဆိုတာကို သူမ တကယ် နားမလည်နိုင်ပေ။

" ဒါပေမဲ့၊ ဝမ်းကွဲက အဆင့်ခြောက် အရာရှိတစ်ယောက် ဖြစ်နေပြီးသား မဟုတ်လား။ ဘာလို့ စာတွေ ဖတ်နေရသေးတာလဲ။ အရာရှိတစ်ယောက် ဖြစ်နေတာနဲ့တင်ပိုက်ဆံ တွေ အများကြီး ရှာနိုင်နေပြီ။ ကျွန်မတို့ ရွာမှာဆိုရင် အခြေခံပညာသင် အဆင့်တောင် မရောက်နိုင်တဲ့သူတွေပဲ ဖတ်ကြတာ" ကျားဟွမ် မနေနိုင်ဘဲ ပြောလိုက်၏။

" ငါ့ကို စကားလာများမနေနဲ့။ ဆူညံနေတာပဲ။ ဒီ

လို နားပူနားဆာ လာလုပ်နေရင် ငါ ပိုပြီး အိပ်ချင်လာလိမ့်မယ်။ ခဏကြာတိုင်း ငါ့ကို နိုးကြားအောင်လုပ်ပေးရုံပဲ လုံလောက်ပြီ" ရှဲ့ဖင်းကန်းက စိတ်ရှည်နေပုံမပေါ်။

ကျားဟွမ် ရှဲ့ဖင်းကန်းအား မျက်လုံး လှန်ပြလိုက်၏။

စုံတွဲတစ်တွဲက နှစ်ယောက်အတူ ရှိနေတဲ့ အခါမျိုးမှာ တတွတ်တွတ်ပြောကြတာက ပုံမှန်ပဲ မဟုတ်ဘူးလား။?

သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး စကားပြောကြရင်းနဲ့မှ ခံစားချက်တွေ ပေါ်လာနိုင်မှာလေ!

" ရှင် အိပ်ချင်ရင်လည်း တစ်မှေးလောက် အိပ်

လိုက်လေ။ ကျွန် ရှင့်အတွက် အိပ်ယာပြင်ပေးမယ်လေ ဝမ်းကွဲ။" ကျားဟွမ် သတ္တိရှိရှိနဲ့ ပြောလိုက်ပြီး စာကြည့်ခန်းထဲ တန်းဝင်သွားတော့သည်။ သူမက ထိတ်လန့်နေသည့်မျက်နှာနှင့် အစေခံ မိန်းကလေးအား လျစ်လျူရှုလိုက်ပြီး အတင်းတိုးဝင်သွားလိုက်၏။

စာကြည့်ခန်းထဲတွင် ခုတင်တစ်လုံးလည်း ရှိသည်။ ကျားဟွမ် ကြည့်လိုက်ကာ သူမရဲ့ မျက်နှာမှာ ရှက်သွေးဖြာသွားတော့သည်။ ဒါပေမဲ့ သူမတွေးလိုက်တာက သူမသာ တကယ်အောင်မြင်မယ်ဆိုရင် ပွေ့ဖက်တာတစ်ခုလေးနဲ့တောင် မင်္ဂလာပွဲက ကျိန်းသေပေါက် ဖြစ်လာနိုင်တယ်…

ရှဲ့ဖင်းကန်းကတော့ သူမကို တစ်စက်ကလေးမှ အာရုံစိုက်မနေဘဲ စာအုပ်ကိုသာ ဆက်ပြီး ကြည့်နေ၏။

ကျားဟွမ်က အိပ်ယာပြင်ဆင်ပြီးသွားတဲ့နောက်မှာ ရှက်ရွံ့စွာနဲ့ ဖြည်းဖြည်းချင်း ပြန်ထွက်လာခဲ့သည်။ သူမက ရှဲ့ဖင်းကန်းရဲ့ လက်မောင်းကို ဖမ်းဆုပ်လိုက်ရင်း " ဝမ်းကွဲ… ပင်ပန်းနေပြီလား။ ကျွန်မရှင့် ခါးကို နှိပ်ပေးမယ်" ဟု ပြောလာခဲ့၏။

အပြင်ဘက်မှာ ရှိနေတဲ့ အစေခံမလေးခမျာ ကြက်သေသေသွားရသည်။

" အရှက်မရှိလိုက်တာ!" အစေခံမလေးက မျက်နာကို အုပ်ကာ ထွက်ပြေးသွားတော့သည်။

သခင်မလေးကို ပြောပြရမယ်!

နေ့ခင်းကြောင်တောင်ကြီးမှာ၊ ပထမသခင်လေးက ကြိုးစားပမ်းစား စာဖတ်နေတဲ့ဟာကို, သူ-သူမက သခင်လေးနဲ့ တကယ်ကြီး အိပ်ချင်နေတာ!

အစေခံမလေးမှာ ဒီလို မြင်ကွင်းမျိုးကို တစ်ခါမှ မြင်ဖူးသူမဟုတ်ပေ။

သူမဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရောင်းစားခံခဲ့ရပြီး နှစ်များစွာ လေ့ကျင့်ပေးခံခဲ့ရသည်။ဒီကို သူမက နှစ်သစ်ကူး မတိုင်ခင်ကမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ပထမသခင်မလေးက သူမကို နာခံတတ်တဲ့သူတစ်ယောက်ဆိုပြီး သခင်လေးကို စောင့်ရှောက်ပြုစုဖို့ အတွက် တာဝန်ပေးခဲ့ခြင်းပင်။

အစကတော့ သူမစိတ်ပူနေခဲ့ပေမဲ့ နောက်တော့ ပထမသခင်လေးက လူကောင်းတစ်ယောက်ဆိုတာ သူမ သိခဲ့ရ၏။ သူရဲ့ စကားလုံးတွေက ကြမ်းတမ်းပေမဲ့ သူမတို့ကို ဘယ်တုန်းကမှ ပြစ်ဒဏ်မပေးခဲ့ပေ။ သူက အင်မတန်ကို သည်းခံတတ်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့… လိုအင်

ဆန္ဒနည်းနည်းပဲ ရှိတဲ့ စိတ်နှလုံး စင်ကြယ်တဲ့သူတစ်ယောက်ပင်။ ဒီလို မိန်းမတွေနဲ့ ပတ်သက်ပြီး သူ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးဘူး!!

ဒါပေမဲ့၊ အခုတော့ အဲဒီ မိန်းကလေးက ပထမသခင်လေးကို လမ်းကြောင်းလွဲအောင် လုပ်ချင်နေတယ်!!

တံခါးကနေ ဝင်သွားပြီတာနဲ့ သူမ ဒူးထောက်ချလိုက်ကာ "ပထမသခင်မလေး၊ ပထမသခင်လေးကို မြန်မြန်သွားကယ်လိုက်ပါဦး။ အဲဒီ မိန်းကလေးက သခင်လေးကို သွေးဆောင်ဖြားယောင်းနေပါတယ်။သူ-သူမက အိပ်ယာနဲ့ စောင်ကိုတောင် ပြင်ဆင်ပေးလိုက်သေးတယ်. သူမက…."

အစေခံမလေးမှာ စိုးရိမ်သောကရောက်နေကာ မျက်နှာဟာလဲ နီရဲနေ၏။

သူမ ဆက်မပြောနိုင်။

ရှက်စရာကောင်းလိုက်တာ၊ အဲဒီမိန်းကလေးက ဘယ်လိုလုပ်ပြီး မျက်နှာအမူအရာ နည်းနည်းလေးတောင် မပြောင်းရတာလဲ။ သူမက တကယ်ကို အရှက်မရှိတာပဲ!

အစေခံလေးဟာ ၁၂နှစ် ၁၃နှစ်လောက်ပဲ ရှိသေးကာ ငယ်ငယ်လေးသာ ရှိသေးသည်။ သူမ စိုးရိမ်နေတာကြောင့် ငိုချတော့မလိုပင်။

" အထိတ်တလန့်ဖြစ်စရာ မလိုပါဘူး။ အစ်ကိုကြီးက ဘယ်လိုလုပ်ပြီး နစ်နာနိုင်မှာလဲ။" ရှဲ့ချောင် မနေနိုင်ဘဲ ရယ်ချင်စိတ်ဖြစ်သွား၏။ " ဒီရောက်နေပြီဆိုမှတော့ ချွင်းအာနဲ့ သွားကစားလေ။ သူတို့ကို သွားမနှောင့်ယှက်နဲ့"

" မဖြစ်သေးပါဘူး။ ပထမသခင်လေးက ကြင်နာတတ်တဲ့သူတစ်ယောက်ပါ။ သူ ပိုကောင်းတဲ့ မိသားစုက ဇနီးကို ရှာနိုင်ပါတယ်။ အဲ့ဒီ ဝမ်းကွဲဆိုသူက…."

စကားဆုံးသွားသည်နဲ့ အစေခံမလေးဟာ သူမ အမှားလုပ်လိုက်မိပြီဆိုတာကို သိလိုက်သည်။ "ပထမ သခင်မလေး၊ ကျွန်မကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ဒီ အညတရက အဲဒီ ဝမ်းကွဲကို ဖယ်ထုတ်ဖို့ အတွက် တမင်တကာလုပ်ပြောနေတာ မဟုတ်ရပါဘူး…"

" ကိစ္စမရှိပါဘူး၊ ငါတို့မှာ ဘာဝမ်းကွဲမှ မရှိဘူး။ သူမက အပြင်လူသက်သက်ပဲ" ရှဲ့ချောင် ပြုံးလိုက်၏ " ပထမသခင်လေးရဲ့ ဒေါသနဲ့ ဆိုရင် သူမလုပ်ချင်တာ လုပ်ခွင့်ပြုမှာတဲ့လား။ စိတ်မပူပါနဲ့"

အခြားတစ်ဖက်မှာလည်း၊ ရှဲ့ဖင်းကန်းဟာ ကျားဟွမ်ကို လှည့်မကြည့်ခင် သူ့လက်ကို အနည်းငယ် ပြန်ဆွဲလိုက်သေးသည်။

သူ မိန်းမတွေနဲ့ ချိန်းတွေ့ဖို့ စိတ်မဝင်စားဘူးဆိုတာနဲ့ပဲ မိန်းမတွေရဲ့ ရည်ရွယ်ချက်တွေကို သူ ထွင်းဖောက် မသိမြင်နိုင်ဘူးလို့ မဆိုလိုဘူးလေ။

အဲဒီ ကျားဟွမ်ဆိုတဲ့သူက သူမရဲ့ အပေါ်အင်္ကျီကိုတောင် တကယ်ကြီး ချွတ်ပစ်လိုက်တာပဲ။

သူရဲ့ မျက်နှာဟာ သုန်မှုန်သွားတော့သည်။

သူ ဓားသွားကို ကောက်ယူလိုက်ပြီး သူ့ခေါင်းထိပ်မှဆွဲထားသော ကြိုးကို ဖြတ်လိုက်၏။ ကြိုးက

ပြတ်သွားကာ သူ ကြိုးကို ဆွဲချလိုက်သည်။ သူ မြန်မြန်ဆန်ဆန်ပဲ ကြိုးကို စက်ဝိုင်းပုံစံလုပ်ကာ ကျားဟွမ်ရဲ့ ခန္ဓာကိုယ်မှာ ချည်နှောင်လိုက်ပြီး သူမကို တရွတ်တိုက်ဆွဲထုတ်သွားတော့သည်။

သူမ သူ့ထိန်းချုပ်မှုအောက်မှာ ရှိသွားလေပြီ။

" ဘာ ဝမ်းကွဲလဲ။ ငါ မယုံဘူး။ ဒီလောက်တောင် ထိန်းမနိုင် သိမ်းမရဖြစ်နေတာ ဘယ်အပျော်မယ်အိမ်ကလဲ။ ငါ မင်းနဲ့ အဲဒါလုပ်မယ်လို့ သဘောတူခဲ့လို့လား။ င့ါထက်တောင် အဝတ်အစားချွတ်တာ မြန်နေသေးတယ်။ အတော်အပူတက်နေတယ် ထင်တယ်။ အဲတော့ အပြင်မှာ အအေးခံနေလိုက်!"

••••

All Chapters