ကြည့်ချင်စရာ ဘာများ ရှိနေလို့လဲ
Vol. 21 Ch. 391
ရှဲ့ဖင်းကန်းသည် ဘယ်ကမှန်းမသိ ပေါ်လာတဲ့ဝမ်းကွဲ အတုအယောင်ကို အထင်သေးစွာ ကြည့်လိုက်ပြီး စိတ်ပျက်စွာဖြင့် သူမ ကို ထားပြီး ပြန်လှည့်ထွက်သွားတော့၏။
ဒါက သူ စာကျက်တာကို နှောင့်နှေးစေတယ်။
ကျားဟွမ်မှာ ထိတ်လန့်သွားရသလို ကြောက်လည်း ကြောက်သွားခဲ့၏။ စောနတုန်းက သူမ ဘယ်လောက် ရုန်းရုန်း ဒီ ကြိုးကနေ မလွတ်မြောက်ခဲ့ဘူး။ အခုတော့ ဒီမှာ အချည်တောင် ခံထားရပြီ!
သူမ ဂွမ်းသား အင်္ကျီကို ချွတ်ပစ်ခဲ့တာကြောင့် အခုချိန်၌ သူမကိုယ်ပေါ်မှာ အလွှာပါးလေးတစ်ထပ်သာ ကျန်နေတော့သည်။
ရှဲ့ဖင်းကန်းရဲ့ ခြံဝင်းထဲတွင် ….. လူတွေ အများကြီး ရှိမနေပေမဲ့ တံမြတ်စည်း လှည်းနေကြတဲ့ အစေခံတွေတော့ ရှိနေ၏။ သူတို့အားလုံးကို သူမကို စိုက်ကြည့်နေကြသည်။
" ရှင်တို့တွေ ဘယ်ကို လာကြည့်နေကြတာလဲ။ ထပ်ကြည့်လို့ကတော့ မျက်လုံးတွေ ဖောက်ထုတ်ပစ်မယ်" ကျားဟွမ်ရဲ့မျက်နှာဟာ ရှက်ရွံ့မှုရော နာကြဉ်းမှုတို့နဲ့ပါ ဖုံးလွှမ်းနေပြီးသူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တဆက်ဆက်တုန်ယင်နေ၏။သူမ ဒေါသထွက်နေသလို ပျာယာလည်း ခတ်နေသည်။
ဒီ ရှဲ့ဖင်းကန်းကတော့!
ဒေါ်လေးပြောတော့ သူက ငယ်ရွယ်ပြီး စိတ်မြန်လက်မြန်ရှိတဲ့သူဆို! သွေးဆောင်ဖြားယောင်းတာ
ကို သေချာပေါက် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆို!!
သူမ အဝတ်အစားတွေကို တောင် ချွတ်ပြီးနေပြီ၊ ဒါတောင် သူမရဲ့ ရည်ရွယ်ချက်တွေက မမြင်သာ သေးဘူးလား? အဲ့လူက တကယ်ကြီးကို မ-မတုန်လှုပ်ရုံတင်မဟုတ်ဘူး။ သူမကိုတောင် အခုလိုမျိုး ဆက်ဆံလိုက်သေးတယ်!
ကျားဟွမ်မှာ ရည်မှန်းချက်တချို့ ရှိတယ်ဆိုပေမဲ့လည်း သူမဟာ ငယ်ရွယ်သူတစ်ယောက်သာ ဖြစ်သည်။ အခုချိန်မှာ သူမဟာ ကြိုးတုတ်ခံထားရပြီး လှုပ်ရှားလို့ မရဖြစ်နေရာ သူမ ငိုချင်းချတော့သည်။
ရှဲ့ဖင်းကန်း ကတော့ သူမ ငိုတာကို မကြားသလိုမျိုးသာ လုပ်နေပြီး လုံးဝ ပြန်မတုံ့ပြန်ခဲ့ချေ။
ကျားဟွမ်မှာ ငိုနေရင်းနှင့် ပျာပျာသလဲ ဖြစ်နေ၏။ သူမက အသံကုန် အော်ဟစ်ကာ ဝေဖန်ပြောဆိုတော့သည် "ရှဲ့မိသားစုက အနိုင်ကျင့်တဲ့သူတွေပဲ။ ရှဲ့ဖင်းကန်း ရှင် ကျွန်မရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တာ။ရှင် ကျွန်မကို တာဝန်ယူရမယ်။မဟုတ်လို့ကတော့ အုပ်ချုပ်ရေး ရုံးမှာ သွားတိုင်ပစ်မယ်!"
အစေခံများမှာ ကြက်သေသေသွားကုန်၏။
ဒီ ဝမ်းကွဲဆိုတဲ့ တစ်ယောက်က ဘယ်ကလဲဟ။ဘာလို့ ကြွက်စုတ်တစ်ကောင်လို ပြုမူနေရတာလဲ?
အခန်းထဲမှာ ဘာဖြစ်ခဲ့သလဲ သူတို့ မသိပေမဲ့ အကြီးဆုံးသခင်လေးကို သူ့ကို ဒီမှာ ကြိုးတောင်တုတ်ထားပြီးနေပြီ။ သူက သူမဂုဏ်သတင်းကို ဖျက်ဆီးခဲ့တဲ့ပုံလဲ မပေါ်ပါဘူး။
မဟုတ်သေးဘူး။သူမ ဂုဏ်သတင်းက တကယ်ကို ပျက်ဆီးသွားပြီ။
သင့်တော်ကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်က အခုလိုမျိုး သစ်ပင်မှာ အချည်ခံထားရတာ။ ဒီသတင်းသာ ပြန့်သွားလို့ကတော့ ရယ်စရာကြီး ဖြစ်နေမှာ။
" ရှဲ့ဖင်းကန်း၊ ရှင်-ရှင် ကျွန်မအဝတ်အစားတွေကို ချွတ်ခဲ့တာ။ ကျွန်မ ဘယ်လိုလုပ်ပြီး အနာဂတ်မှာ အိမ်ထောင်ပြုနိုင်တော့မှာလဲ။ ရှင်က အခုမှ ဘုန်းတော်ကြီး တစ်ပါးလိုဟန်ဆောင်နေတယ်ပေါ့။ စောစောက ဒီလိုမဟုတ်ပါဘူး!" ကျားဟွမ်က ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို အမှုထားမနေတော့ဘဲ ဆက်ပြီး ငိုနေခဲ့သည်။ "ဘုရားရေ၊ ကျွန်မဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်ရတော့မှာလဲ။ မြစ်ထဲခုန်ချပြီး သေလိုက်တာပဲ ကောင်းတယ်။ ရှဲ့ဖင်းကန်း ရှင် ကျွန်မကို လွှတ်ပေးနော်၊
မဟုတ်လို့ကတော့ ရှင့်တံခါးနားက သစ်ပင်မှာပဲ ကြိုးဆွဲချသေ ပစ်လိုက်မယ်။ ရှင် ကျွန်မကို မယူလို့ကတော့ သရဲဖြစ်နေရင်တောင် ရှင့်ကို အလွတ်မပေးဘူး…."
ဒီလို အခြေအနေကြီး ဖြစ်လာတာကြောင့် ရှဲ့ဖင်းကန်း အနေနဲ့ ဆက်ပြီး မကြားချင်ဟန်ဆောင်နေလို့မရတော့။
စိက်ပျက်လက်ပျက်နဲ့ပဲ သူလက်ထဲက စစ်မက်ရေးရာ စာအုပ်ကို ပစ်ထုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ထွက်လာခဲ့တော့၏။
" ဘာတွေ လျှောက်အော်နေတာလဲ။ ငါ ဘယ်တုန်းက မင်း အဝတ်တွေကို ချွတ်မိလို့လဲ" ရှဲ့ဖင်းကန်းမှာ ဒီလောက် အရှက်မရှိတဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးချေ။
သူအရင်က သုန့်ရှီးယွင်ကို ကြည့်ရုံပဲ ကြည့်ခဲ့ဖူးတာတောင် သူမနဲ့ နည်းနည်းလေး နီးသွားရုံရှိသေး အသည်းအသန်နဲ့ သူမကို အမြတ်ထုတ်နေပါတယ်ဆိုပြီး ပြောတာခံခဲ့ရသေးတယ်။
မိန်းမတွေက တကယ်ကို အရှုပ််ထုပ်တွေ။
သူတို့ကို ထိသလား အဝတ်အစားတွေ ဆွဲချွတ်မိသလားဆိုတာအကုန် သူတို့ အပြောတွေချည်းပဲ။
"ကျွန်မ အဝတ်တွေကို ချွတ်ခဲ့တာ ရှင်လေ! စောစောက အခန်းထဲမှာ ရှိနေတာ။ ကျွန်မ အဝတ်အစားတွေ မရှိတော့ဘူး။ ရှင် ကျွန်မအပေါ် အခွင့်ကောင်း ယူတုန်းကတော့ ယူပြီး၊ အခု မှ ဝန်မခံချင်ဘူးပေါ့ ဟုတ်လား။ ကျွန်မသိပါတယ် ရှင်တို့လို မိသားစုကြီးတွေက ကျွန်မတို့လို့
ဘာနောက်ခံမှ မရှိတဲ့ မိသားစုလေးတွေကို အနိုင်ကျင့်ရတာကြိုက်တယ်ဆိုတာ!" ကျားဟွမ်က ချက်ချင်း ပြောလိုက်၏။
ရှဲ့ဖင်းကန်းက ဒီလိုကြားရတာကို သဘောမတွေ့လှ။
"ငါ့ကို လက်ထပ်ချင်တယ်ပေါ့?" ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်လိုက်၏။ "ရမယ်မထင်နဲ့။ မင်းလို အပျော်မယ်ဂေဟာက လာတဲ့သူတစ်ယောက်အတွက် ငါ ကြာခိုတဲ့ကောင် အဖြစ်မခံနိုင်ဘူး"
" အပျော်မယ်ဂေဟာ…." ကျားဟွမ်မှာ ထိတ်လန့်သွားရ၏။ "ကျွန်မက အပျော်မယ်ဂေဟာကပါလို့ ဘယ်သူပြောလဲ?! ရှင်-ရှင် အနိုင်ကျင့်နေတာ! ကျွန်မက ရှင့် ဝမ်းကွဲလေ ကျားမိသားစုက ဝမ်းကွဲ။ကျွန်မ အဒေါ်က ရှင့် အဒေါ်ပဲ!"
သူမ ပြောလိုက်တော့မှ ရှဲ့ဖင်းကန်း သတိရသွားသည်။
သူ့ဦးလေးရဲ့ မိန်းမဘက်က ကျား မိသားစုပဲ….
" မင်း ဘာလို့ ဒီကို လာတာလဲ။ မင်း အဒေါ်က ဒီမှာမနေဘူး။"
ရှဲ့ဖင်းကန်း သိပ်ပြီး စိတ်ရှည်မနေ
" ငိုတာ တိတ်စမ်းပါ။ မင်းဘာသာမင်း အဝတ်တွေ ချွတ်ပစ်တာလေ။ ငါ့ဟာငါတောင် စာလေ့လာနေရလို့ အလုပ်ရှုပ်နေတာ မင်းကို ကြည့်ဖို့ အချိန်မရှိဘူး။နောက်ပြီး၊ မင်းမှာ ဘာကြည့်စရာ ရှိလို့လဲ။ ငါနဲ့ ယှဉ်ကြည့်ရင် မင်းရင်ဘတ်မှာ အသားလုံး နစ်လုံး ပိုနေရုံပဲ မဟုတ်ဘူးလား။ ငါ့ဟာ လောက်တောင် ကြီးချင် မှ ကြီးမှာ…. ထားလိုက်ပါတော့။ ငါမင်းကို လွှတ်ပေးလိုက်မယ်၊
မင်း အဒေါ်ဆီ အေးဆေး ပြန်သွားလိုက်တော့။"
•••••