မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ
Vol. 6 Ch. 77
အခန်း (၇၇) မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ
(၁၀)နှစ်ဆိုသည့်အချိန်က အိပ်မက်တစ်ခုဖြစ်ခဲ့လေသည်။
ယခု… အိပ်မက်မှ နိုးထလာပြီးနောက် သူ၏ မူလဝိညာဉ်က ပိုမိုရှင်းလင်းကြည့်လင်နေပြီး မရှိမှုအာကာသအဆင့်သို့ ဝင်ရောက်နိုင်သည့် အင်မော်တယ်တံခါးကို ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
(၁၀)နှစ်ကြာ သေရည်ရစ်မူးပြီး အိပ်မက်ကမ္ဘာထဲ ရောက်နေခဲ့သူ ကျန်းလန်သည် ပြန်လည်နိုးထလာသည့် တစ်ခဏမှာပင် သူ၏ ဝိညာဉ်က အာကာသဗလာနယ်တံခါးရှိရာသို့ လမ်းလျှောက်သွားခဲ့သည်။
နောက်ဆုံးတော့ တံခါးရှေ့တွင် မတ်တတ်ရပ်နိုင်ခဲ့လေသည်။
ကျန်းလန်၏ မူလဝိညာဉ်က တံခါးအနောက်ဘက်မှ ဗလာနယ်အာကာသကို စူးစိုက်ကြည့်နေရင်း ပိုမိုကျစ်လျစ်သန့်စင်လာသည်။
သူ… မရှိမှုအာကာသအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
အင်မော်တယ်တစ်ပါးဖြစ်လာရန် နောက်တစ်ဆင့် ပိုမိုနီးကပ်လာပြီဟု ဆိုနိုင်သည်။
အားမလျှော့ဘဲ ဆက်လက်ကျင့်ကြံမည်ဆိုလျှင် တစ်ချိန်ချိန်မှာတော့ သေချာပေါက် အင်မော်တယ် ဖြစ်လာပေလိမ့်မည်။
အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းရသည်မှာ ခက်ခဲသည်။
အင်မော်တယ်တစ်ပါးဖြစ်လာရန်ကတော့ သာ၍ခက်ခဲသည်။
အင်မော်တယ်တစ်ပါးဖြစ်ရန်အတွက် သူ မိုးကောင်းကင်မှ စစ်ဆေးခြင်းကို ခံယူရဦးမည် ဖြစ်သည်။ မိုးကောင်းကင်မှ စစ်ဆေးခြင်းကို အောင်မြင်မှသာ အင်မော်တယ် ဖြစ်လာပေလိမ့်မည်။
အင်မော်တယ်လမ်းစဉ် မည်မျှခက်ခဲသည်မှာ ပြောနေစရာပင် မလိုတော့ပေ။
ရတနာဝတ်ရည်သေရည်၏ အကူအညီဖြင့် ကျန်းလန် မူလဝိညာဉ်အဆင့်မှ အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ စိတ်စွမ်းအားမှာလည်း နောက်ထပ်တစ်ဆင့် ပိုမိုအားကောင်းလာလေသည်။
အမြင့်ဆုံးသော တန်ခိုးစွမ်းအားများကပင် သူ၏ စိတ်စွမ်းအားကို ပျက်စီးစေနိုင်ခြင်း မရှိတော့ပေ။
သို့သော်… အင်မော်တယ်ဖြစ်လာပြီးနောက်ပိုင်း မည်သို့ဖြစ်မည်ကတော့ ပြောရခက်သည်။
လက်ရှိတွင်… သူ နှစ်ပေါင်း (၁၁၀)တိတိ ကျင့်ကြံခဲ့ပြီးပြီ ဖြစ်သည်။
ပါရမီရှင်များပင်လျှင် မူလဝိညာဉ်အဆင့်တက်ရောက်နိုင်ရန် အပြင်းအထန် ကြိုးစားနေကြချိန်တွင် သူကတော့ မရှိမှုအာကာသအဆင့်သို့ တက်ရောက်နိုင်ခဲ့လေပြီ…။
ကျင့်ကြံခြင်းအဆင့်တွင် သူက အခြားသူများထက် ပိုမိုသာလွန်နေပြီ ဖြစ်သည်။
သူ့စိတ်သူမထိန်းနိုင်ဘဲ စိတ်ကြီးဝင်မိပါက သေချာပေါက် လမ်းမှားရောက်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင်… ပျက်သုဉ်းနေသည့် တစ်စပြင်လောကကြီးက သူ့ကို သေချာပေါက် ပညာပေးပေလိမ့်မည်။
အမှန်တော့… သူက စနစ်တွင်မှတ်ပုံတင်နိုင်သောကြောင့်သာ ယခုကဲ့သို့ အောင်မြင်ခြင်းများကို ရရှိခြင်း ဖြစ်၏။
ထို့ကြောင့်… သူ့အနေဖြင့် လုံ့လစိုက်ထုတ် ဆက်လက် ကျင့်ကြံရန် လိုအပ်သည်။ နဝမတောင်ထွတ်မှ ဘယ်မှမသွားဘဲ ကြိုးစားကျင့်ကြံရမည် ဖြစ်သည်။
အင်မော်တယ်တစ်ပါးဖြစ်လာလျှင် ကြိုက်သည့်အချိန်တွင် ကြိုက်သည့်နေရာသို့ သွားလာနိုင်မည် ဖြစ်သည်။
သို့သော်… အင်မော်တယ်ဖြစ်တိုင်းလည်း ပြိုင်ဘက်ကင်းဖြစ်လာမည်ဟု မဆိုနိုင်သေးပေ။ အင်မော်တယ်များလည်း အခန့်မသင့်လျှင် သေဆုံးတတ်ကြသည်။
ထို့ကြောင့်… ကျန်းလန် စိတ်ကိုတည်ငြိမ်အောင်ထားပြီး ကြိုးကြိုးစားစား ကျင့်ကြံရမည် ဖြစ်သည်။
သူ့ဘဝတွင် မည်သည့်ရန်သူကိုမှ လျှော့တွက်မည် မဟုတ်ပေ။
လောလောဆယ် သူ့တွင် ရတနာဝတ်ရည်သေရည်တစ်အိုး ကျန်ရှိနေသေးသည်။ ရတနာဝတ်ရည်သေရည်၏ အရသာက အလွန်ထူးခြားကောင်းမွန်သည်မှာ ငြင်း၍မရနိုင်ပေ။
တစ်နေ့နေ့တော့ တစ်စုံတစ်ခု အကြောင်းရှာပြီး ဆရာဖြစ်သူကို လက်ဆောင်ပေးရပေမည်။
သေရည်၏ အကျိုးသက်ရောက်မှုကတော့ ဆရာဖြစ်သူအတွက် ပြောပလောက်မည် မဟုတ်ပေ။
သို့သော်… အဓိကမှာ သူက ဆရာဖြစ်သူကို ကောင်းမွန်သည့် သေရည်အရသာကို ခံစားစေလိုခြင်း ဖြစ်သည်။
…………
နဝမတောင်ထွတ်အစွန်း…
မော့ကျန်းသုန့်မှာတော့ ကျန်းလန်တစ်ယောက် ပုံမှန်အနေအထားပြန်ရောက်သွားသည်ကို တွေ့ရှိလိုက်မှ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
လွန်ခဲ့သည့် (၁၀)နှစ်က…
ကျန်းလန်တစ်ယောက် ထူးထူးခြားခြား မရဏဂူထဲမှ ထွက်လာပြီး ခြံဝန်းထဲတွင် အလုပ်များစတင်လုပ်ကိုင်လေသည်။
အစပိုင်းတွင် မော့ကျန်းသုန့် သိပ်ပြီး သတိမထားမိပေ။
သို့သော်… အချိန် (၁)လခန့် ကြာမြင့်ခဲ့သည့်တိုင် ကျန်းလန်က မြက်ပင်များရှင်းလိုက် ၊ ပန်းပင်များစိုက်လိုက်ဖြင့် အလုပ်ရှုတ်နေခဲ့သည်။
သူ့ကိုကြည့်ရသည်မှာ တစ်စုံတစ်ခု မူမမှန်သည်မှာ ထင်ရှားသည်။
ကျန်းလန်က မြက်ပင်များရိတ်ရန်နှင့် ခန်းမဆောင်သန့်ရှင်းရေးပြုလုပ်ရန် (၁)လ တစ်ကြိမ်လောက်သာ အပြင်သို့ ထွက်လာတတ်သူ ဖြစ်သည်။
ယခုတော့… ကျင့်ကြံခြင်းမပြုဘဲ သာမန်အလုပ်များလုပ်ကိုင်နေသည်မှာ အချိန် (၁)လပင် ရှိခဲ့ပြီ ဖြစ်သည်။
တပည့်ဖြစ်သူက ခါတိုင်းကဲ့သို့ (၁)လ တစ်ခါ သန့်ရှင်းရေးလုပ်နေခြင်းမျိုးမဟုတ်ဘဲ (၁)လ လုံးလုံး သန့်ရှင်းရေးလုပ်နေခြင်း ဖြစ်သည်။
မော့ကျန်းသုန့် အတော်လေး စိုးရိမ်ပူပန်သွားလေသည်။
သူ၏ တပည့်ဖြစ်သူ ကိုယ်တွင်းမိစ္ဆာဒုက္ခပေးခြင်းကို ခံရပေပြီဟု သေချာပေါက် တွေးထင်လိုက်သည်။
ထို့ကြောင့်… သူက တပည့်ဖြစ်သူကို သွားရောက်စစ်ဆေးရန် ဟန်ပြင်လိုက်စဉ်မှာပင် သူထင်သလိုမဟုတ်ဘဲ တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိပြုလိုက်မိသည်။
ကျန်းလန်၏ မျက်နှာက အလွန် တည်ငြိမ်အေးဆေးနေလေသည်။
ထို့ကြောင့်… ကိုယ်တွင်းမိစ္ဆာဝင်ရောက်ခြင်း မဖြစ်နိုင်ပေ။
မော့ကျန်းသုန့် တပည့်ဖြစ်သူကို နောက်ထပ် လအနည်းငယ်ကြာ သတိဖြင့် စောင့်ကြည့်နေခဲ့သည်။
ထို့နောကျ… ကနြျးလနျ၏ ခန်ဓာကိုယျမှ ရောငျဝါတစျခုထှကျပေါျလာသညျကို တှေ့လိုကျရပွီးေ မာ့ကနြျးသုနျ့ မြားစှာ အံ့အားသငျ့သှားမိသညျ။
ထိုသို့ဖြစ်ရသည်မှာ ကျန်းလန်၏ စိတ်စွမ်းအားပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ဖြစ်၏။
ကျန်းလန်က အစကတည်းက စိတ်စွမ်းအားကောင်းသည်ဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်လည်း တဖြည်းဖြည်း မြင့်မားလာနေပြီ ဖြစ်သည်
သို့သော်… ယခုကြုံတွေ့လိုက်ရသည့်အဖြစ်အပျက်ကြောင့် မော့ကျန်းသုန့် များစွာ အံ့သြသွားမိသည်။
ကျန်းလန်၏ စိတ်စွမ်းအားပြောင်းလဲနေမှုက မယုံကြည်နိုင်စရာ ကောင်းလှသည်။
ငယ်ငယ်ရွယ်ရွယ်နှင့် ဤသို့အောင်မြင်မှုရရှိရန်မှာ ခပ်ရှားရှား ဖြစ်၏။
နေနှင့်လ တစ်လှည့်စီ ထွန်းလင်းပြီး ရာသီလေးခု အလီလီ ပြောင်းလဲသွားခဲ့သည်။
ပန်းများကြွေကျကုန်ပြီး တိမ်တိုက်များလည်း ခရီးနှင့်ကုန်ကြသည်။
သဘာဝတရားကို စိတ်စွမ်းအားများကို သိမြင်ခံစားရင်း ကျန်းလန်၏ စိတ်နှလုံးသည်လည်း ကန်ရေပြင်မှ လှိုင်းငယ်လေးများပမာ ရွေ့လျားပြောင်းလဲသွားသည်။
တပည့်ဖြစ်သူ၏ ထူးခြားသည့်ပြောင်းလဲမှုများကို သတိပြုမိသည့်အခါ… မော့ကျန်းသုန့် နဝမတောင်ထွတ်တစ်ခုလုံးကို စည်းချပြီး ပိတ်ထားလိုက်တော့သည်။
တပည့်ဖြစ်သူ ထူးခြားစွာ စိတ်စွမ်းအားပြောင်းလဲသည့်ဖြစ်စဉ်နှင့် ရင်ဆိုင်နေရချိန်တွင် အခြားလူများ လာရောက်နှောက်မည်ကို မလိုလားသောကြောင့် ဖြစ်သည်
မည်သူမှ ကျန်းလန်ကို မနှောက်ယှက်နိုင်အောင် သူ ကာကွယ်ပေးရပေလိမ့်မည်။
ကျန်းလန်က ထူးခြားစွာဖြင့် ပြောင်းလဲမှုတစ်ခုဆီသို့ ဦးတည်နေလေသည်။
သူသာ ဂရုမစိုက်ပေးလျှင် ကျန်းလန် ကျရှုံးသွားနိုင်သည်။
ကျန်းလန်ကို မည်သူမှ မနှောက်ယှက်နိုင်ရန် မော့ကျန်းသုန့်က နဝမတောင်ထွတ်တစ်ခုလုံးကို စောင့်ကြည့်ပေးထား၏။
သူက ကျန်းလန်ကို အချိန် (၁၀)နှစ်ကြာ ကာကွယ်ပေးထားခဲ့လေသည်။
ယနေ့တော့…ကျန်းလန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ရောင်ဝါက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်ကို သူ ခံစားလိုက်ရသည်။
ကျန်းလန်၏ စိတ်စွမ်းအား အသွင်ကူးပြောင်းမှု အောင်မြင်ခဲ့ပြီ ဖြစ်သည်။
"အချိန် (၁၀)နှစ်ကြာခဲ့ပြီပဲ… နောက်ဆုံးတော့ သူ အောင်မြင်သွားခဲ့ပြီ…"
ထိုအချိန်မှာပင်…
မော့ကျန်းသုန့်ထံသို့ ခွန်လွန်တောင်မှ စာတစ်စောင် ရောက်ရှိလာလေသည်။
မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲအတွက် နဝမတောင်ထွတ်မှ တပည့်များ လာရောက်နိုင်ခြင်း ရှိမရှိ ဖိတ်ခေါ်သည့်စာ ဖြစ်သည်။
မော့ကျန်းသုန့်က စာကိုဖတ်လိုက်ရင်း…
"မှော်ဝင်တိမ်တိုက် စုဝေးပွဲတောင် စတင်တော့မှာပဲ… ၊ နောက်ရက်နည်းနည်းလောက်ဆိုရင် တပည့်တွေတောင် ခရီးထွက်ကြတော့မယ်…"
အတွေးနှင့်အတူ မော့ကျန်းသုန့် ကျန်းလန်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
"ငါ့တပည့်များ သွားချင်မလားမသိဘူး… မေးကြည့်တာပေါ့…"
မော့ကျန်းသုန့် တွေးလိုက်မိလေသည်။
…………
ကျန်းလန် အိပ်မက်မှ နိုးထာလာသည်နှင့် မရှိမှုအာကာသအဆင့်သို့ ချက်ချင်း ရောက်ရှိသွားပြီ ဖြစ်သည်။
သို့သော်… အနားယူရန် ရည်ရွယ်ချက်မရှိပေ။
သူက သားရဲဥလေးကိုခေါ်ပြီး မရဏဂူထဲသို့ ပြန်သွားကာ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားနှင့် မရဏအငွေ့အသက်များကို အသုံးပြုကာ ဆက်လက်ကျင့်ကြံနေခဲ့သည်။
သူ အင်တော်တယ်တစ်ပါး အမြန်ဆုံး ဖြစ်ချင်နေပြီ ဖြစ်သည်။
သို့သော်… ယခုမှ မရဏဂူသို့ ပြန်ကာ ကျင့်ကြံရန် ဟန်ပြင်ရုံရှိသေး ဆရာဖြစ်သူက စိတ်စွမ်းအားဖြင့် လှမ်းခေါ်သည်ကို ကြားလိုက်ရသည်။
"လွန်ခဲ့တဲ့ (၁၀)နှစ်ကတည်းက ငါဘာတွေလုပ်နေလဲဆိုတာ ဆရာလည်း တွေ့မှာပဲ… ၊ ဒါပေမဲ့ သစ်ရွက်အမြင်တန်ခိုးစွမ်းအားနဲ့ ဖုံးကွယ်ထားလို့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကိုတော့ ဆရာ တွေ့မြင်နိုင်မှာ မဟုတ်ဘူး… ၊ ဒါပေမဲ့ ငါ့ရဲ့ စိတ်စွမ်းအားပြောင်းလဲမှုကိုတော့ သေချာပေါက် တွေ့မြင်မှာပဲ…"
အများအမြင်တွင်… သူ၏ ကျင့်ကြံခြင်းအဆင့်က ရွှေပြဒါးအမြုတေအဆင့် ၊ နောက်ဆုံးအဆင့်ဖြစ်သည်။ ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ရန်အတွက် ခြေတစ်လှမ်းမျှ လိုသေးသည်။
သူ၏ စိတ်စွမ်းအားအခြေအနေပြောင်းလဲသွားပြီးနောက် ကျင့်ကြံခြင်းအဆင့်ကလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
နောက် (၂)နှစ်ခန့်ဆိုလျှင် ရွှေပြဒါးအမြုတေအဆင့် အောင်မြင့်သည့်အဆင့်သို့ ကျန်းလန် ရောက်ရှိတော့မည် ဖြစ်သည်။
(၂)နှစ်ဆိုသည့်အချိန်က တိုတောင်းလွန်းလှသည်။
ထို့နောက်… ကျန်းလန် ဆရာဖြစ်သူကို တွေ့ဆုံရန် ထွက်ခွာလာခဲ့သည်။
"ဆရာ…"
နဝမတောင်ထွတ်အစွန်းရောက်သည်နှင့် ကျန်းလန်က ဆရာဖြစ်သူကို ဦးညွှတ်ဂါရဝပြုလိုက်သည်။
မော့ကျန်းသုန့်က…
"မင်းရဲ့ စိတ်စွမ်းအားအခြေအနေတွေလည်း ပြောင်းလဲသွားပြီဆိုတော့ကာ… ပြင်ပလောကကိုသွားပြီး အတွေ့အကြုံသစ်ရှာဖို့ ရည်ရွယ်ချက် မရှိဘူးလား…"
ကျန်းလန် တစ်ခဏမျှ အံ့သြမှင်တက်သွား၏။
ဆရာဖြစ်သူက သူ၏ စိတ်စွမ်းအားအခြေအနေပြောင်းလဲသွားသည်ကို သိရှိသောကြောင့် အံ့သြသွားခြင်း မဟုတ်ပေ။
သို့သော်… စိတ်စိတ်စွမ်းအခြေအနေပြောင်းလဲသွားသည်နှင့် ပြင်ပလောကသို့ သွားရခြင်း မည်သို့သက်ဆိုင်သည်လဲ နားမလည်သောကြောင့် ဖြစ်၏။
သူ့အတွက် ပြင်ပလောကသို့ ထွက်ခွာရန် အချိန်စောနေသေးသည်။
အင်မော်တယ်ဖြစ်မှ သူက ပြင်ပလောကသို့ သွားရောက်မည်ဟု ဆုံးဖြတ်ထားသည်။ ယခု အင်မော်တယ်ဖြစ်ရန် သူ့အခြေအနေက အဝေးကြီးလိုသေး၏။
ကျန်းလန်က အနည်းငယ် အခက်တွေ့သွားဟန်ဖြင့်…
"ဆရာ… ကျွန်တော် မကျင့်ကြံတာ (၁၀)နှစ်တောင်ရှိနေပြီဆိုတော့…"
ကျန်းလန်၏စကားက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသော်လည်း ပြင်ပလောကသို့ မသွားချင်သည်မှာ ထင်ရှားနေသည်။
"မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲဆိုတာ မင်းလည်း ကြားဖူးတာပဲ မဟုတ်လား… ၊ ပျက်သုဉ်းနေတဲ့ တစ်စပြင်လောကကြီးမှာ အရည်အချင်းရှိတဲ့လူငယ်အများစု တွေ့ဆုံကြတဲ့ စုဝေးပွဲပဲ… ၊ မင်း တခြားသူတွေနဲ့ တိုက်ခိုက်စရာ မလိုဘူး… ၊ ပြင်ပလောကကို သွားပြီး ဘယ်လိုမျိုးလဲဆိုတာသိရအောင် အတွေ့အကြုံယူရုံပဲကွာ… ၊ ခွန်လွန်တောင်က အကြီးအကဲတွေက စုဝေးပွဲကို ဦးဆောင်မှာ… ၊ ဒီတော့ အန္တရယ်ဖြစ်မှာလည်း ကြောက်စရာ မလိုဘူး ၊ ဘယ်လိုလဲ…"
မော့ကျန်းသုန့်ကတော့ ကျန်းလန် ပြင်ပလောကသို့သွားရောက်ရန် ဆွဲဆောင်နေ၏။
မော့ကျန်းသုန့်က ဆက်ပြောလိုက်သည်။
"ပြီးတော့ ခရီးစဉ်တစ်ခုလုံးကလည်း အချိန် (၃)လထက် မပိုဘူးကွာ… ၊ ဒီခရီးစဉ်က ကျယ်ပြောတဲ့လောကကြီးကို သိဖို့ မင်းအတွက် အကောင်းဆုံး အခွင့်အရေးပဲ… ၊ ပြင်ပလောကကြီးက စာအုပ်ထဲမှာဖတ်ရတာနဲ့ အများကြီးကွာခြားတယ် ၊ ခရီးတစ်ခေါက်ထွက်တာ စာအုပ်ပေါင်းတစ်သောင်းဖတ်တာထက် ပိုပြီးအတွေ့အကြုံရတယ်ဆိုတာ မင်းလည်း သိသားပဲကွာ…"
မော့ကျန်းသုန့် ကျန်းလန်ကိုကြည့်နေရင်း အဖြေကို စောင့်နေလေသည်။
သူ့တပည့်အနေဖြင့် ဤခရီးကို မသွားနိုင်စရာ အကြောင်း မရှိပေ။