← Chapters

ခေါင်းဖြင့်ဝင်တိုက်

Vol. 21 Ch. 392

ခေါင်းဖြင့်ဝင်တိုက်

Vol. 21 Ch. 392

ရှဲ့ဖင်းကန်းဆိုတာ ဓားပြတွေကြားမှာ ကြီးပြင်းလာခဲ့သူတစ်ယောက်၊ သူ မပြောဖူးတဲ့ ပေါက်တတ်ကရစကားဆိုတာ ရှိမှာတဲ့လား။

သူ မိန်းမတွေကို စိတ်မဝင်စားဘူးဆိုပေမဲ့ ဒီသခင်မလေး ဘာရည်ရွယ်ချက်ရှိနေလဲဆိုတာ မသိဘူးလို့တော့ ဆိုလိုချင်နေတာ မဟုတ်ဘူးလေ။

တောင်ပေါ်စခန်းမှာ နေခဲ့စဉ်ကဆိုလျှင် သူဟာ ခေါင်းဆောင်လောင်းလျာ တစ်ဦးဖြစ်ပြီး သူ့လက်မောင်းထဲ ပစ်ဝင်နေကျတဲ့ အမျိုးသမီးတွေတောင် ရှိသည်။ ထို အမျိုးသမီးတွေကတောင် သူ့ရှေ့မှာ ရှိနေတဲ့ အတုအယောင် ဝမ်းကွဲထက် ပိုလှဦးမယ်!

လူရိုင်းတွေကိုနိမ်နင်းရင်းနဲ့ သူ ကယ်တင်ပေးခဲ့တဲ့ ဖမ်းဆီးခံအမျိုးသမီးများစွာလည်း ရှိသေး၏။ ချောမောလှပတဲ့ လူရိုင်း အမျိုးသမီးအနည်းငယ်ကိုတောင် သူ ဖမ်းမိခဲ့သေးသည်။ သူသာ လိုချင်တဲ့ ဆန္ဒရှိရင် တစ်ယောက်တောင် ပြတ်လပ်နေမှာ မဟုတ်ဘူး။

သို့ပေမဲ့၊ သူ ထိုအမျိုးသမီးတွေကို ကြည့်လိုက်ရုံနဲ့ကို စိတ်ပျက်နေလေပြီ။

သူတို့က နူးညံ့ အားနွဲ့ပြီးတော့ အမြဲတမ်းလိုလို ငိုယိုနေတတ်၏။ သူတို့ကို သူ့ဆီလာပြီး အပူကပ်တတ်သလို ဟန်ပန်ကလည်း များသေးသည်။ ဒုက္ခပေးတဲ့သူတွေပင်။

သူတို့က သူ့ကို ပျော်ရွှင်အောင် မလုပ်နိုင်သလို သူ အနေနဲ့ စိတ်ရှည်သည်းခံပြီးတော့ သူတို့အပေါ် ချော့မြှူတာတောင် လုပ်ပေးရဦးမည်။

သူ့မှာ အချိန်တွေ အဲဒီလောက်ရှိနေရင် မှုခင်းတွေပဲ ပိုပြီး စစ်ဆေးရင် စစ်ဆေး ဒါမှ မဟုတ် ဓားရေးပဲ လေ့ကျင်နေလိုက်မယ်!

ကျားဟွမ်ရဲ့ မျက်နှာဟာ သွေးတမျှ နီရဲလို့နေသည်။ သူမ တကယ်ကို အရှက်ခွဲခံနေရတာပင်။

သူမကိုယ်ပေါ်မှာ အခုထိ အဝတ်အစားဝတ်ထား

ဆဲ ဖြစ်ပြီး မြဲမြံနေတယ်ဆိုရင်တောင်မှ နည်းနည်းတော့ ပါးလျနေ၏။ ဒါပေမဲ့ ဒီ ယောကျာ်းရဲ့ အရှေ့ရောက်မှ သူမ အဝတ်ဗလာပုံစံနဲ့ မြင်ခံလိုက်ရသလိုပဲ!

သူက ဒီလိုစကားတွေကတောင် ပြောင်ပြောင်တန်းတန်းပြောတာ တော်တော်ကို အရှက်မရှိတဲ့သူတစ်ယောက်ပဲ……

"ရှင်-ရှင် ကျွန်မကို တာဝန်ယူရမယ်။ ကျ- ကျွန်မ ဆက်ပြီး အသက်မရှင်နိုင်တော့ဘူး!" ကျားဟွမ်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်နေ၏။

" ကျွန်မ အိမ်ကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာကို သိတယ်၊ ထမင်းဟင်းလည်း ချက်နိုင်တယ်။ ကျွန်မ အလုပ်လုပ်တာ အရမ်းမြန်ပါတယ်။အခု ကျွန်မ ဒီလို အဆက်ဆံခံနေရတာ ကျွန်မက ရှင်နဲ့ မတန်လို့လား။ ရှင်လည်း လက်ထပ်ချင်နေတာပဲ

ဟာ။ ဘယ်သူ့ကိုပဲ ယူယူ အတူတူပဲလေ။ ကျွန်မ ရှင့်ရဲ့ကလေး တွေ မွေးပေးနိုင်ပါတယ်! ကျွန်မ အမေပြောတာက အမျိုးသမီးတစ်ယောက်အတွက် တင်ပါးကြီးကြီးရှိတာက ကောင်းတယ်တဲ့။ ကျွန်မဆိုရင် အနည်းဆုံး ကလေး သုံးယောက်လောက်တော့ မွေးပေးနိုင်မှာ…."

ထိုစကားကိုကြားတော့ ရှဲ့ဖင်းကန်းက ကျားဟွမ်ရဲ့ ခါးအောက်ပိုင်းကို ကြည့်လိုက်၏။

သူမကို ကြည့်တယ်ဆိုပေမဲ့ သူ့အကြည့်တွေက တည်ငြိမ်နေသည်။ တခြား ဘာအဓိပ္ပာယ်မှ မပါ။

သူမ ပြောလိုက်တဲ့ စကားကြောင့် မသိစိတ်ကနေ အလိုလို တုံ့ပြန်လိုက်မှုတစ်ခုသာ။

ထိုစဉ် ကျားဟွမ်မှာတော့ အရွေးခံရမည့် သိုးငယ်

ပမာ စောင့်စားလို့နေ၏။ သူမ တိတ်တိတ်လေး စိတ်လှုပ်ရှားနေမိသည်။

" သခင်မလေး တစ်ယောက် အနေနဲ့ ဒီလို စကားတွေ ပြောနေတာ မင်း မရှက်ဘူးလား။ မင်းက မင်းအဒေါ်နဲ့ ဦးလေး ပြောလိုက်တဲ့ ပေါက်တတ်ကရ စကားတွေကြောင့်နဲ့ ဒီ အိမ်ကို လာခဲ့တာလား။ ငါ့မှာ ဘယ်လို စိတ်မျိုး ရှိလဲ သူတို့ မသိကြဘူးလား။ ငါမင်းကို သေအောင်ရိုက်ပစ်လိုက်မှာကိုရော စိတ်မပူဘူးလား။" ရှဲ့ဖင်းကန်းက အေးတိအေးစက်နဲ့ လှောင်ပြုံးပြုံးလိုက်ပြီးနောက် "ငါက တစ်ယောက်ယောက်နဲ့ လက်ထပ်မှာဆိုပေမဲ့ မင်းကိုတော့ ဘယ်သူကမှ ယူမှာ မဟုတ်ဘူး"

"ငါ့ကို ငတုံးလို့များ ထင်နေလား။ ရှဲ့မန်ရှန်း၊ အဲဒီလူကတော့ သူ ငါတို့မိသားစုကနေ ဘာ အကျိုး အမြတ်မှ မရနိင်တော့ဘူးဆိုတာ သိလို့ ငါတို့

အပေါ် အခွင့်အရေးလိုချင်လို့ မင်းကို ဒီ လွှတ်လိုက်တာ။ အိပ်မက်ထဲမှာပဲ ရမယ်!ငါနဲ့ ငါ့အဖေက ပိုက်ဆံရှာနိုင်ဖို့ ကြိုးစားပမ်းစား လုပ်ခဲ့ရတာ။ သူ တစ်ခုခုယူရဲလို့ကတော့ ငါ ခုတ်သတ်ပစ်မှာ!"

ရှဲ့ဖင်းကန်း ခနဲ့ လိုက်ပြီးနောက် ကြိုးဖြေပေးလိုက်သည်။

" မင်းလိုလူမျိုးကို လက်ထပ်ရမယ် ဆိုလို့ကတော့ ငါ့ဟာငါ ဆောင်းကြာမြိုင်သွားပြီးပဲ တစ်ယောက်ရှာလိုက်တော့မယ်!" ရှဲ့ဖင်းကန်းမှာ ရက်စက်တဲ့ပုံပေါ်နေကာ " မြန်မြန် ထွက်သွားလိုက် မဟုတ်ရင် ငါမင်းကို ရိုက်မိလိမ့်မယ်"

သူက အခုမှ နှစ်ဆယ် စွန်းစွန်းလေးပဲ ရှိသေးပြီးတော့ လက်တောင်မထပ်ရသေးဘူး။ သူ ဇီဇာမကြောင်တတ်ဘူးလို့ တကယ်ကြီး ထင်နေကြတာလား??

သူဆီကို ကြုံရာလူတစ်ယောက် ပို့လိုက်ရဲတယ်ပေါ့!

အဲဒီတစ်ယောက်ရဲ့ အကျင့်စရိုက်နဲ့ ပုံပန်းသွင်ပြင်က သူလိုချင်တဲ့ပုံမျိုး မဟုတ်ဘူးဆိုတာထည့်မပြောနဲ့။ တကယ်လို့ သူမက နတ်ပြည်က ဖြစ်နေတယ်ဆိုရင်တောင် ကျားမိသားစုက အမျိုးသမီးတစ်ယောက်ကို သူ လက်ထပ်မှာ မဟုတ်!!

သူ့မိသားစုကို သူတို့လာပြီး အခွင့်ရေးယူ အမြတ်ထုတ်ခွင့် မပြုနိုင်ဘူး!

ရှဲ့ဖင်းကန်း လှောင်ရယ်လိုက်သည်။

"ရှ-ရှင်" ကျားဟွမ် ထပ်ခါထပ်ခါ ကြိမ်းမောင်းနေလေ၏။ ထိုအချိန်၊ သူမရဲ့ စိတ်တွေဟာ ဂယောက်ဂယက်ဖြစ်နေသည်။ ရှဲ့ဖင်းကန်းက ဒီကိစ္စကို ဂရုမစိုက်သည်ကို မြင်ရတဲ့အခါ သူမ ခေါင်းနာပန်းကြီးသွားရကာ သစ်ပင်ဆီ ပြေးဝင်ဆောင့်တော့၏။

ရှဲ့ဖင်းကန်းကလည်း သူမကို မတားခဲ့။

သူမ သစ်ပင်နဲ့ ဝင်ဆောင့်ပြီး သေသွားခဲ့လျှင် သူ ဆွဲထုတ်သွားလိုက်ရုံပင်။

သူမကို သတ်ခဲ့တာ သူမှ မဟုတ်ဘဲ။

သူတားလိမ့်မည်ဟု ကျားဟွမ် ထင်ခဲ့သည်။ အချိန်ကျရင် လက်မောင်းနဲ့ ဝင်တိုက်လိုက်ရုံသာ။ သူမ ဘယ်လောက်ထိပြတ်သားတယ်ဆိုတာကို မြင်လျှင် သူ သေချာပေါက် သူမကို လက်ထပ်ဖို့ သဘောတူမှာပင်။ တကယ်လို့ သူ မယူချင်ဘူးဆိုရင်တောင်… သူ အနည်းဆုံးတော့ ကိုယ်လုပ်တော် တစ်ယောက် လုပ်ခိုင်းလို့ရတာပဲလေ!

သူမရဲ့ မိသားစုနောက်ခံက နိမ့်ကျတယ်ဆိုတာကို သူမ သိသည်။ သူမ အနေနဲ့ ကောင်းမွန်တဲ့ ဘဝမှာနေချင်ရင် ကိုယ်လုပ်တော်လဲ ဖြစ်ပေးလို့ရပါတယ်!!

ဒါပေမဲ့ သူမ အမှား လုပ်လိုက်မိသည်။

•••••

All Chapters