သမီးကို ဘယ်သူက လက်ထပ်တော့မှာလဲ
Vol. 21 Ch. 393
ရှဲ့ဖင်းကန်း ပြေးလာတာမျိုးကို ကျားဟွမ် မတွေ့လိုက်ရ။ ထိုအချိန်၌ သူမ အလိုလို ကြောက်စိတ်ဝင်လာမိပြီး နဂို အင်အား အပြည့်ဖြစ်နေရာကနေ သိသိသာသာကို လျော့ကျသွားတော့သည်။
ဒါပေမဲ့လည်း သူမ သစ်ပင်ဆီကို ဘန်းခနဲ ဝင်ဆောင့်ပစ်လိုက်သေးသည်။
သူမ ခေါင်းမှာချက်ချင်းဆိုသလို ပူထူ နာကျင်သွားရပြီး မူးဝေကာ သတိလစ်သွားတော့သည်။
ရှဲ့ဖင်းကန်း အသက်ရှုထုတ်လိုက်၏။ " သူမကို သယ်သွားလိုက်တော့…. ဘယ်သူနဲ့ အတူလာတာလဲ"
"သခင်မကြီးနဲ့ပါ" အစေခံက ဂရုတစိုက်နဲ့ ပြန်ဖြေလိုက်၏။
"အဲဒီ ဘွားတော်လည်း ဒီရောက်နေတာလား" ရှဲ့ဖင်းကန်း ရယ်လိုက်ကာ " ဒါဆိုလည်း သူမကို အဲဒီ အဖွားကြီးဆီပို့လိုက်၊ ပြီးရင် အိမ်တော်ထိန်းကို ပြောလိုက်ဦး။ ငါတို့မှာ ငွေတုံးတွေ မရှိဘူး။သူမ ခေါင်း ထိခိုက်သွားလည်း ငါတို့ လျော်ကြေးပေးမှာ မဟုတ်ဘူး။ သူမ ကြိုက်သလို လုပ်လို့ရတယ်လို့"
" သူ အသက်ရှိနေသေးရင်တော့ ကိစ္စမရှိဘူး ဒါပေမဲ့ သေသွားပြီဆိုရင်တော့…. ငါ့ခြံဝင်း ကို ညစ်ပတ်စေသွားပြီဖြစ်လို့၊ သူမ မိသားစုကို အလွတ်ပေးမှာ မဟုတ်ဘူး!" ရှဲ့ချောင်ရဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေကို မြင်နိုင်တဲ့ အခြေအနေကို စဉ်းစားမိပြီး ရှဲ့ဖင်းကန်း ထပ်ပြောလိုက်သည်။
အစေခံမှာ ထပ်တလဲလဲ ခေါင်းညိတ်ရှာသည်။
ဒီသခင်မလေးက…..
သူတို့ သခင်လေးကို သာမန်လူတစ်ယောက်လို့များ ထင်နေတာလား?!
သနားစရားကောင်းလိုက်တာ။ ငယ်ငယ်လေးပဲ ရှိသေးတာ။ သူမ ဘာလို့များ ဒီတိုင်း မထားလိုက်နိုင်ရတာလဲ။
အစေခံက ကျားဟွမ်ကို မြန်မြန်ဆန်ဆန်ပဲ သယ်ထုတ်သွား၏။ သခင်မကြီးသည် သူမ နောက်ကျောကို နှိပ်ပေးဖို့ အတွက် အစေခံမိန်းကလေးတစ်ဦးကို ခေါ်နေချိန် အပြင်ဘက်က
ဆူဆူညံညံအသံတွေကို ကြားလိုက်ရ၏။
သူမ ကြည့်လိုက်ရာ ကျားဟွမ်ကို သယ်ခေါ်လာတာ မြင်လိုက်ရ၏။ သူမရဲ့ နဖူးမှာနီရဲနေပြီး ကြောက်လန့်မှုကြောင့် တုန်ယင်လို့နေသည်။
"ဘာဖြစ်လာတာလဲ"
" သခင်မကြီး၊ သခင်မလေးက အကြီးဆုံး သခင်လေးရဲ့ ခြံဝင်းထံကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးတော့ သူစာလေ့လာနေတာကို အနှောင့်အယှက်ပြုခဲ့ပါတယ်။သူမက သခင်လေး သူ့ကို လက်ထပ်အောင်လို့ ဆူဆူညံညံတွေတောင် လုပ်ခဲ့ပါသေးတယ်။ အကြီးဆုံးသခင်လေးက ဆန္ဒမရှိတော့ သူမကိုယ်သူမ သစ်ပင်နဲ့ ဝင်ဆောင့်ပစ်ခဲ့တာပါ။ အကြီးဆုံးသခင်လေးက မှာလိုက်ပါတယ်…. ကျွန်တော်တို့မှာ သမားတော်ပင့်ဖို့ အတွက် ငွေမရှိပါဘူး။ သူမက သေချင်သပဆိုရင်လည်း၊ ကျေးဇူးပြုပြီး သူမကို အပြင်ပို့လိုက်ပါတဲ့၊ အိမ်ကိုတော့ မ-မညစ်ပတ်ပါစေနဲ့တဲ့…"
"ဘာ?!" သခင်မကြီးမှာ ကြားလိုက်ရတဲ့စကားကြောင့် သူမ ခြေထောက်တွေ ပျော့ခွေသွားခဲ့ရကာ မြေကြီးပေါ် ကျသွားတော့၏။
သေရင်? သူမ… သေသွားပြီလား?
သူမ ရောက်တာမှ တစ်ရက်ပဲ ရှိသေးတယ် ၊ ဟိုကောင်… သတ်တာခံလိုက်ရပြီလား?!
သခင်မကြီးမှာ ချောက်ချားသွားးခဲ့၏။
သူမ ဒီလိုဖြစ်တာကို မြင်တော့ အစေခံခမျာ ဆွံ့အသွားရသည် " သူမ အသက်ရှူနေတုန်းပါပဲ၊ ဒီ အညတရက အရင် ပြန်လိုက်ပါဦးမယ်"
အသက်ရှူနေတုန်းပဲလား?!
သခင်မကြီးမှာ အထိတ်တလန့်ပဲ အလျင်စလို လေးဖက်ထောက်သွားလိုက်ကာ မြေကြီးပေါ်ကလူကို လှုပ်ရမ်းကြည့်လိုက်၏။အဲဒီနောက်၊ သူမ လက်ကို ဆန့်ကာ စစ်ဆေးကြည့်လိုက်သည်။ထိုကလေးမ အသက်ရှုနေတာကို ခံစားမိတော့မှ စိတ်သက်သာရရကာ သက်ပြင်းချလိုက်တော့သည်။
"အမယ်လေး၊ ဒီ သမီး အလိမ္မာလေးက ငါတို့ အိမ်ပို့လိုက်တာ တစ်ရက်တောက်မရှိသေးဘူး၊ ဒီလိုမျိုး ဖြစ်သွားရတယ်လို့……"
သခင်မကြီးမှာ တုန်ယင်နေကာ အစေခံမလေးအား သမားတော် ပင့်ဖို့ ပြောလိုက်၏။
အစေခံမလေးဟာလည်း တခြားသူတွေ ပြောသွားတာကို ကြားခဲ့တာကြောင့် အနည်းငယ် တုံ့ဆိုင်းနေသည် "ဘ- ဘဏ္ဍာငွေ စာရင်းကနေ မပေးဘူးဆိုရင်၊ ဒီ-ဒီ အစေခံလက်ထဲမှာ တပြားမှာ မရှိပါဘူး။ သမားတော် မလာနိုင်လောက်မှာ စိုးရိမ်မိပါတယ်.."
ထိုစကားကိုကြားတော့ သခင်မကြီးမှာ နှလုံးအောင့်သွားရ၏။ ဒါပေမဲ့လည်း၊ အခုချိန်မှာ သူမ အနေနဲ့ ကျားမိသားစုရဲ့ သမီးကို လစ်လျူ မရှုနိုင်။ သူမ အံသာကြိတ်လိုက်ပြီး ငွေအနည်းငယ် ထုတ်ပေးလိုက်သည် "သွားပြီး သမားတော် ပင့်ခဲ့။ ဒါက ပြင်ပဒဏ်ရာလေးပဲ။ ငွေအများကြီး မကုန်လောက်ဘူး"
အစေခံမလေးက ထွက်သွားလိုက်သည်။
သိပ်မကြာလိုက်၊ ကျားဟွမ် သတိပြန်လည်လာခဲ့သည်။ သူမ အလွန်ကို အားနည်းနေ၏။
သခင်မကြီးကို မြင်တော့ သူမ စပြီး ငိုကြွေးတော့သည် "သူ သမီးကို အနိုင်ကျင့်တယ်…. အဘွားရှဲ့ ၊ အနာဂတ်မှာ သမီးကို ဘယ်သူ လက်ထပ်တော့မှာလဲ…"
သခင်မကြီးမှာ လန့်ဖျပ်သွား၏ "သူ နင့်ကို ဘာလုပ်ခဲ့လို့လဲ"
" သူ-သူ သမီးရဲ့ အဝတ်အစားတွေကို ချွတ်ပစ်ခဲ့ပြီးတော့ ဆောင်-ဆောင်ကြာမြိုင်က လာတဲ့သူဆိုပြီး ပြောပါတယ်။ အဘွားရှဲ့၊ သူ့ကို သမီးနဲ့ လက်ထပ်စေချင်တယ်ဆိုပြီး ပြောတာ အဘွားနဲ့ အဒေါ်လေ။ အခု သူကမှ သမီးကို သဘောမကျတာ၊ သမီး ဘာလုပ်ရမှာလဲ" ကျားဟွမ်မှာ ကွဲထွက်မတတ် ခေါင်းကိုက်နေတာကိုသာ ခံစားနေရ
သည်။
" သူက အဲ့လောက်ထိ လုပ်ခဲ့တယ်ပေါ့" သခင်မကြီး ဒေါသထွက်သွား၏။ "စိတ်မပူနဲ့ သူကံကောင်းပြီး ညည်း အပေါ် အခွင့်ကောင်းယူခဲ့တာ။ သူ နင့်ကို ယူကိုယူရမယ်! ငါ ရှိနေသ၍ သူ သဘောမတူဘူးဆိုရင် ရှုပ်ထွေးသွားအောင် လုပ်ပစ်လိုက်မယ်။ဒီ မိသားစုက ဂုဏ်သိက္ခာကို ထိန်းဖို့ လိုတယ်။ ဘာမှ ပူမနေနဲ့!"
ထိုသို့ ကြားလိုက်ရတော့မှ ကျားဟွမ် သက်ပြင်းချလိုက်တော့သည်။
•••••