← Chapters

ထပ်လဲပြန်ပြီ

Vol. 21 Ch. 395

ထပ်လဲပြန်ပြီ

Vol. 21 Ch. 395

ကျားဟွမ်သည် သူမ ခေါင်းကို ညင်သာစွာ ထိကိုင်လိုက်ရင်း ရှဲ့ချောင်အား မရိုးဖြောင့်စွာနဲ့ ကြည့်လိုက်၏။ "ဝမ်းကွဲ ငါရဲ့ ဗလာဖြစ်နေတဲ့ လက်ကိုကြည့်ပါဦး၊ နင်က ချမ်းသာတဲ့ပဲဟာ ငါကို ကောင်းတာလေတစ်ခုခုလောက်ပေးပါလား။ နောင်တစ်ချိန်ကျရင် ဂုဏ်သိက္ခာရဖို့ အတွက် ဒီပစ္စည်းတွေကို ငါ တခြားသူတွေ ဆီပြပေးလို့ရတာပေါ့"

ဘယ်သူ့အတွက် ဂုဏ်သိက္ခာရဖို့လဲဆိုတော့ ရှဲ့ဖင်းကန်း အတွက်လေ!

ရှဲ့ချောင်ရဲ့ မြင်းလှည်းပေါ်ရှိ လိုက်ကာစမှာ အခုထိ မချရသေးရာ ထိုစကားကိုကြားတော့ ခပ်

ရေးရေးလေး ပြုံးလိုက်၏။

" မလိုပါဘူး။ ဝမ်းကွဲရဲ့ မျက်နှာက ကြီးနေပြီးသားပဲလေ"

ကျားဟွမ် ခြေဆောင့်လိုက်၏။ "မနေ့က၊ နင့်ရဲ့ အစ်ကိုကြီးက ငါ့ကို အနိုင်ကျင့်တယ်။ ဒီနေ့ကျတော့ နင်က ငါ့ကို အထင်သေးတယ်ပေါ့။ ငါတို့မိသားစုတွေက ဆွေမျိုးတွေလေ။ နင်ဘာလို့ သဘောထားသေးနိုင်ရတာလဲ?"

သူမ ဆိုရင် အဒေါ်ဆီ မကြာခဏဆိုသလိုကို သွားလည်တာ!

အဒေါ့်အိမ်က ညီအစ်မတွေဆီမှာ ပစွည်းကောင်းတွေမှ အများကြီးပဲ!

အကုန်လုံးကို ရှဲ့ရှီ ပေးထားတာတဲ့!

" ဝမ်းကွဲ ရှီအာကမှ နင့်ထက်ပိုပြီး ရက်ရောသေးတယ်။ နင်က ငယ်တော့တာလည်း မဟုတ်ဘူး။ ဘာလို့ ရှီအာလောက်တောင် စဉ်းစားဉာဏ်မရှိရတာလဲ။ နင်က ကပ်စေးနှဲတဲ့သူတစ်ယောက်လိုပဲ။ နင့်မှာ ဘယ်လိုလုပ်ပြီး အနာဂတ်ဆိုတာ ရှိနိုင်မှာလဲ?" ကျားဟွမ်က သင်ပြပို့ချပေးနေ၏။ သူမ အတော်လေး ယုံကြည်ချက်ရှိနေပုံမှာ ရှဲ့ဖင်းကန်းရဲ့ ဇနီးတစ်ယောက် ဖြစ်နေတဲ့ အတိုင်းပင်။

ရှဲ့ချောင် ပြုံးလိုက်မိသည်။

ဒီ မိန်းကလေးက သူ့ကိုယ်သူ မိသားစုဝင်တစ်ယောက်လိုယူဆထားတာပဲ။ သူမရဲ့ ခေါင်း ဆိုးဆိုးဝါးဝါး ထိခိုက်တာတောင် အားမာန်တက်ကြွနေတုန်းပဲ။

" ကပ်စေးနှဲ့တဲ့သူတစ်ယောက် ဖြစ်ရတာလဲ ဆိုးတာ မှ မဟုတ်ဘဲ။ ငါက တွန့်တိုတယ်လို့ ထင်ရင်လည်း နင်လိုက်မလာနဲ့လေ" ရှဲ့ချောင်က ပြောလိုက်ပြီးနောက် လိုက်ကာ ချလိုက်လေသည်။

ဘယ်ကမှန်းမသိရောက်လာတဲ့ သခင်မလေးကျား ဆိုသူကို သူမ စိတ်မဝင်စား။ နောက်ပြီး ဆွေမျိုးတွေဆီ ကံဆိုးမှုတွေကို သယ်လာပေးတဲ့ သူမရဲ့ စွမ်းရည်ကလည်း…. အပြင်လူတွေ အပေါ် အသုံးမချနိုင်။

သခင်မကြီးကတော့ ဒီလိုမဟုတ်။ သူမက ပျော်မြူးလို့နေသည်။

" သူ့ကို လျစ်လျုရှုထားလိုက်။ သမီး ကြိုက်တဲ့ဟာ တစ်ခုခုတွေ့ရင် အဘွားရဲ့စာရင်းထဲသာ ထည့်လိုက်။ အဘွားသူ့ကို ရှင်းလိုက်လိုက်မယ်"

သခင်မကြီးက ကျားဟွမ်ရဲ့ လက်ကို ကိုင်လျက်

"သူရဲ့အမေ၊ ဖန်း သခင်မကလဲ တွန့်တိုတတ်တဲ့ သူတစ်ယောက်ပဲလေ"

သူမမှာ တစ်နှစ်တာ ခက်ခဲပင်ပန်းတဲ့ဘဝရှိခဲ့၏။ ရှဲ့နျိုရှန်းက လူလွှတ်ပြီး တောင်ပေါ်ကနေ အိမ်ကို ဆန်များ တိတ်တဆိတ် ပေးပို့ခဲ့ရသည်။

ရှဲ့နျိုရှန်းမှာ ရက်ရောသော်လည်း ဖန်းသခင်မကတော့ တင်းကျပ်သူတစ်ယောက် ဖြစ်သည်။ သူတို့ တောင်ပေါ်စခန်းကြီး တစ်ခုကို ပိုင်ဆိုင်ထားပေမဲ့ တစ်ခါပို့လျှင် ဆန်ခေါက်ဆွဲ အိတ်လေး တစ်အိတ်ကိုသာ ပို့ပေးခဲ့၏။ မိသားစုတွင် လူဦးရေများစွာရှိပြီး သူတို့ ဒီစားစရာ အနည်းငယ်ကို သာ မှီခိုခဲ့ရသည်။ သူတို့ ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်မှာလဲ။

သူတို့ရဲ့ နောက်တစ်နပ်စာ အတွက် အမြဲတမ်း

တွေးပူခဲ့ရသည်။

ဓားပြတွေဟာ ခိုးဝှက်နေပေမယ်လို့ ယောက္ခမ ဖြစ်သူ အပေါ် သိတတ်မှုမရှိဘဲတော့ မနေကြ။

ဖန်းသခင်မ အကြောင်း တွေးမိလိုက်သည်နှင့် သခင်မကြီးက စက်ဆုပ်သလို ဖြစ်သွားတော့၏။

သို့ရာတွင် ဖန်းသခင်မသာ ပစ္စည်းတွေ အများကြီး ပို့ခဲ့ပါက ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုတော့ သူမ သိပ်ပြီး မတွေးခဲ့။

ထိုနှစ်က ရွာထဲရှိ မိသားစုတိုင်း စားနပ်ရိက္ခာ ပြတ်လပ်ကုန်ကြပြီး ရှဲ့မိသားစုတစ်စုတည်းသာ ကောင်းကောင်းနေနိုင်ခဲ့သည်။ သူတို့ ဆာလောင်ခဲ့ကြပေမဲ့ ကိုယ်အလေးချိန်တော့ သိပ်ပြီး မလျော့ခဲ့ကြ။ သူတို့ အနေနဲ့ အချိန်တော်လောက်ခြားပြီးမှ

သာ စားနိုင်ခဲ့တယ်ဆိုပေမဲ့ အသက်တော့ ဆက်ရှင်နေဆဲပင်။

သခင်မကြီး လည်း မြင်းလှည်းထဲသို့ဝင်လိုက်ကာ အရှေ့လမ်းမ ဆီ လျှောက်ပတ်ကြည့်ဖို့ သွားခဲ့ကြသည်။

လက်ဝတ်ရတနာဆိုင်ရှေ့ရောက်တဲ့ အခါ သခင်မကြီးက မြင်းလှည်း ရပ်ခိုင်းလိုက်၏။

ရှဲ့ချောင်က မြင်းလှည်းထဲကနေ အရင်ဆုံး ဆင်းလာခဲ့သည်။ သူမ၏ အပူပေးတဲ့အရာလေးကို ချလိုက်ပြီး သခင်မကြီးရဲ့ မြင်းလှည်းဆီကို သွားလိုက်၏။ သူမ ရဲ့ လက်ကို ဆန့်ထုတ်လျက် သခင်မကြီး လှည်းပေါ်ကနေ ဆင်းလာဖို့အတွက် ကူညီနိုင်ရန် စောင့်နေခဲ့သည်။

သူမရဲ့ နူးညံ့ဖြူးဖွေးတဲ့ လက်ကလေးဟာ ခဏ ဆန့်ထုတ်လိုက်ရှိသေး အအေးဒဏ်ကြောင့် နီရဲသွားခဲ့လေသည်။ သခင်မကြီးက မြင်းလှည်းထဲမှာနေကာ အချိန်ဆွဲနေ၏။ သူမက ရှဲ့ချောင်ရဲ့ လက်ကို မြင်တော့ ခနဲ့လိုက်ပြီး တမင်တကာ သူမကို စောင့်ရအောင် လုပ်နေလိုက်သည်။

ရှဲ့ချောင်ကတော့ အေးအေးလူလူပင်။

"တခြားသူတွေ ရှေ့မှာလာပြီး သိတတ်ပြနေစရာ မလိုပါဘူး။ ကိုယ်ဟာကိုယ် မြင်းလှည်းပေါ်ကနေ မဆင်းနိုင်ရလောက်အောင်ထိ ငါ မအိုသေးဘူး!" သခင်မကြီးက ပြောပြောဆိုဆိုနှင့် ရှဲ့ချောင်ကို လစ်လျူ ရှုလိုက်သည်။ သူမက ခြေနင်းခုံပေါ်နင်းကာ ရှဲ့ချောင်ရဲ့ လက်ကို မကိုင်ခဲ့ပေ။

သို့ပေမဲ့ သူမခြေထောက် မြေကြီးပေါ်ထိရုံရှိသေး သူမ ချော်လဲကျသွားပြန်တော့သည်။

သူမ ထပ်ကြည့်လိုက်တော့ မြေကြီးပေါ်မှာ ဘယ်အချိန်က ရေခဲအပိုင်းအစတွေ ပေါ်နေသလဲဆိုတာ မသိခဲ့ရ။

သူမက လက်နှစ်ဝါးစာလောက်ရှိတဲ့ ရေခဲပေါ်ကိုမှ နင်းမိခဲ့တာပဲ!

ဘုတ်ခနဲ မြည်သံနှင့်အတူ လက်ဝတ်ရတနာဆိုင်ရဲ့ တိုင်နဲ့ တန်းပြီး ဝင်ဆောင့်မိလေ၏။ ရှဲ့ချောင်က အလျင်စလိုနဲ့ အရှေကို သွားကာ သူမကို ကူတွဲပေးလိုက်၏။ သူမ ရဲ့ မျက်နှာထက်မှာလည်း စိုးရိမ်မှုတွေ ရှိလို့နေသည်။ " အဘွားရယ်၊ ဘယ်လိုလုပ်ပြီး ထပ်လဲရပြန်တာလဲ။ အဘွား မျက်လုံးတွေ နည်းနည်း ဝါးနေပြီလား။ဈေးမဝယ်တော့ဘဲနဲ့ စစ်ဆေးကြည့်ဖို့ အတွက် ဆေးဆိုင်သွားရင်ရော….

" ဆေးဆိုင်သွားစရာ မလိုဘူး! ဒါ ဘာမှ မဟုတ်ဘူး" သခင်မကြီးက ရှဲ့ချောင်ကို တွန်းလွှတ်လိုက်သည်။

သခင်မကြီးက အားထည့်ပြီးတွန်းလိုက်တာကြောင့် ရှဲ့ချောင် ခြေလှမ်းနည်းနည်းလောက် ဆုတ်သွားခဲ့သည်။

သူမ အံ့ကြိတ်ကာ လက်ဝတ်ရတနာဆိုင်ဆီကိုသာ သုန်မှုန်နေသော မျက်နှာထားနဲ့ လှမ်းသွားလိုက်၏။

လက်ဝတ်ရတနာဆိုင်၏ တံခါးမှာ တော်တော်လေး မြင့်သည်။

သခင်မကြီးက လမ်းကို မကြည့်ဘဲ လျှောက်သွား

တာကြောင့် "ဘုတ်" ဆိုတဲ့အသံနဲ့ ထပ်ပြီး လွင့်ထွက်သွားတော့၏။ ဒီတစ်ခေါက်မှာတော့ ရှဲ့ချောင် အရိုးတွေ ကျိုးသွားတဲ့အသံကို…. ရှင်းရှင်းလင်းလင်းကြားလိုက်ရတော့သည်။

ကျယ်လောင်စွာနဲ့ ဂျွတ်ခနဲ မြည်သွားတဲ့အသံ။

•••••

All Chapters