ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေကြသော ကံတရား
Vol. 21 Ch. 396
ဆူညံသံတွေကြောင့် ဆိုင်အတွင်းမှာရှိနေတဲ့ လူတွေရော အပြင်မှာရှိနေကြတဲ့လူတွေပါ စုအုံပြီး လည်တဆန့်ဆန့်နဲ့ ကြည့်လာကြသည်။
သခင်မကြီးမှာ နာကျင်လွန်းနေတာကြောင့် သွားတကြိတ်ကြိတ်ဖြစ်လို့နေသည်။
" အမယ်လေးလေး ငါ့ခြေထောက်ထောက်တွေ! နင်တို့အားလုံး ဘာရပ်လုပ်နေကြတာလဲ! မြန်မြန်လာပြီး ငါ့ကို ကူကြစမ်း!" သခင်မကြီးက အော်လိုက်၏။ သူမရဲ့ ချောင်ကျနေသော မျက်နှာထက်မှာ ချွေးဇောများပြန်လို့နေကာ သူမရဲ့ နောက်ကျိနေတဲ့ မျက်ဝန်းထဲမှာတော့ တောက်ပတဲ့ အလင်းတန်းတစ်ချက် ဝင်းလက်သွား၏ "သ-သမားတော် သွားပင့်!'
ရှဲ့ချောင် အရှေ့ကို လှမ်းသွားလိုက်ပြီး သူမ နောက်က မိန်းမစေနှင့် အစေခံများမှာ ချက်ချင်းကို အလုပ်ရှုပ်သွားကြတော့သညါ။
သူမက အပြင်မှာ လဲတာဆိုရင် အိမ်မှာ အနိုင်ကျင့်နှိပ်စက်ခံရပါတယ်ဆိုပြီး ပြောလို့မရတော့ဘူးလေ၊ ဟုတ်တယ်မလား?
လူတိုင်းရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံး အစုံအောက်မှာ သူမက သခင်မကြီးကို တစ်ကြိမ်တစ်ခါလေးပဲ ထိကိုင်ခဲ့တယ်၊ နောက်ပြီးတော့ သူမက တွန်းထုတ်တာတောင် ခံလိုက်ရသေးတယ်။ အမှုက ဘယ်လောက်ပဲ ကြီးနေပါစေ သူမကို အပြစ်တင်လို့မရတော့။
သို့သော် အခုချိန်မှာတော့ ရှဲ့ချောင်ရဲ့ မျက်နှာထက်တွင် အလွန်ဝမ်းနည်းနေသည့် အကြည့်တို့ ရှိနေလေ၏။
သူမက နာခံကျိုးနွံတတ်သည့် အငယ်တစ်ယောက်ပုံစံမျိုးပင်။
သူမက သခင်မကြီးကို မြင်းလှည်းဆီ သယ်သွားပေးရန်အတွက် တစ်စုံတစ်ယောက်အား အလျင်စလို ခေါ်လိုက်၏။
လက်ဝတ်ရတနာဆိုင်မှာဝယ်ချင်တာလား?
ဘယ်လိုလုပ်ပြီး သွားနိုင်မှာတဲ့လဲ?
လက်ဝတ်ရတနာဆိုင်ပိုင်ရှင်မှာလည်း နည်းနည်းတော့ ရှုပ်ထွေးနေခဲ့သည်။ သူ ရှဲ့ချောင်ကို စိုးရိမ်တကြီးနဲ့ ကြည့်နေစဉ်မှာပဲ ရှဲ့ချောင်က သူမ အိပ်ကပ်ထဲကနေ ငွေစ ဆယ်စကို ထုတ်ကာ "ဆိုင်ရှင်၊ စိတ်မပူပါနဲ့။ ကျွန်မရဲ့ အဘွားက အသက်ကြီးပြီဆိုတော့ အပြင်မထွက်တာလည်း ကြာပြီလေ။ သူမ မတော်တဆ လဲကျပြီးတော့
ရှင့်ရဲ့ စီးပွားရေးကို ထိခိုက်စေခဲ့တယ်။ ကျွန်မ တကယ် စိတ်မကောင်းပါဘူး။ ဒီ ငွေဆယ်စကို လျော်ကြေး အနေနဲ့ သဘောထားလို့ရပါတယ်"
ဆိုင်ရှင်မှာ ထိုစကားကိုကြားတော့မှ စိတ်သက်သာရကာ သက်ပြင်းချလိုက်၏။
ဒီသခင်မကြီးက သူ့ဆိုင်ရှေ့မှာ နှစ်ခါတောင် ချော်လဲခဲ့တာ။ ဒါကို မြင်တဲ့လူတွေက သူ့ဆိုင်နေရာက မကောင်းဘူးဆိုပြီး ထင်ကြမှာပဲ!
ဒီနေ့အတွက် စီးပွားရေးက သေချာပေါက် ထိခိုက်မှာပင်။
ဒါပေမဲ့၊ ဒီ မိန်းကလေးက စဉ်းစားချင့်ချိန်တတ်လို့တော်သေးတယ်.
" သခင်မကြီးက ကျွန်တော်တို့ ဆိုင်တံခါးရှေ့မှာ ချော်လဲခဲ့တာ။တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ မိန်းကလေးတို့ရဲ့ အိမ်ဘယ်မှာလဲဆိုတာ သိပါရစေ။ ကျွန်တော်တို့ နောက်မှ လူလွှတ်ပြီး တောင်းပန်းခိုင်းလိုက်ပါ့မယ်…." ဆိုင်ရှင်မှာ စ်တ်မသက်မသာနဲ့ဘဲ ပြောလိုက်၏။
လူတွေကို ခြိမ်းခြောက်ငွေညှစ်တဲ့ မိသားစုဆိုရင် သူတို့ အခုကတည်းက လျော်ကြေးပေးရင် ပေးရလောက်တယ်!
" မလိုပါဘူး" ရှဲ့ချောင် ပြန်ပြောလိုက်၏။ ထို့နောက် သူမ လှည့်ထွက်သွားကာ သခင်မကြီးအား ဆေးဆိုင်သို့ လိုက်ပို့လိုက်သည်။
သခင်မကြီးမှာ မြင်းလှည်းထဲ၌ ဆွဲဆွဲငင်ငင်နဲ့ကို ငိုကြွေးလို့နေကာ ခြေထောက်တွေကို အုပ်ထား
တဲ့ သူမရဲ့ လက်တွေက တုန်ယင်နေလျက် "ဘုရားရေ…. ငါရဲ့ အိုမင်းနေတဲ့ လက်တွေ ခြေထောက်တွေက ညှင်းပန်း နှိပ်စက်တာကို ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ…."
သခင်မကြီးဟာ မရပ်မနားကို ငိုကြွေးလို့နေကာ တစ်ခုခုမှာနေပြီလို့ ထင်မိလိုက်သည်။
"င့ါ- ငါ့ကို ပြောစမ်းပါ၊ ငါ ဘာလို့ ဒီနှစ်ရက်အတွင်း အဲ့လောက်တောင် ကံဆိုးနေရတာလဲ။ ငါ မနေ့က လဲကျတယ်။ဒီနေ့ကျတော့လည်း နှစ်ခါတောင် ချော်လဲတယ်။ အဲ့ကောင်မလေးနဲ့ ငါရဲ့ ကံတရားတွေက တကယ်ပဲ ပြဒါးတလမ်း သံတစ်လမ်း ဖြစ်နေတာလား!" သခင်မကြီးမှာ စကားဆုံးသည်နှင့် ဖြစ်နိုင်ချေရှိတယ်လို့ တွေးမိ၏။
သူမ အစက အကောင်းကြီး ရှိနေပေမဲ့ ရှဲ့ချောင်နဲ့
တွေ့ပြီးခါမှာ ဆက်တိုက်ကို လဲနေတော့သည်။
အခု သူမ ခြေထောက်တောင် ကျိုးသွားရပြီ!
ကျားဟွမ်သည်လည်း သေတော့ မသေချာပေမဲ့ သူမလည်း ဒဏ်ရာ ရခဲ့တာ ဖြစ်၏။ သူမလည်း စိတ်တထင့်ထင့်ဖြစ်နေတာကြောင့် သခင်မကြီးရဲ့ စကားကို ကြားတာနဲ့ ချက်ချင်းသဘောတူလိုက်သည်။ "သမီးလဲ အဲ့လိုထင်တယ်။ ဖန်းသခင်မက အဘွားနဲ့ သိပ် အဆင်မပြေဘူးလို့ အရင်က ပြောဖူးတယ်မလား။ ဒီ အမေနဲ့ သမီးက အတူတူနဲ့ အနူနူပဲ နေမှာ!"
" ဒီ ဂြိုလ်ဆိုးမကို ယောကျာ်းပေးစားပစ်ရမယ်!" သခင်မကြီးက လေအေးတစ်ချက် ရှူသွင်းလိုက်၏။
နာကျင်ရလွန်းလို့ သူမ ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး!
သခင်မကြီးမှာ ပြင်းပြင်းထန်ထန်ကို လဲကျသွားခဲ့ရာ လက်ဝတ်ရတနာဆိုင်သို့ မသွားရတော့ဘဲ ဆေးဆိုင်ကိုသာ သွားခဲ့ရသည်။ ဆေးဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သူမ နှာခေါင်းသွေးလျှံသွားရတော့၏။
သူမ ကြောက်လွန်းတာကြောင့် စိတ်ဓာတ်ကျနေပြီး ခန္ဓာကိုယ်တစ်ခုလုံးဟာ အားနည်း ပျော့ခွေသွားသည်။
သူမဟာ အသက်ကြီးနေပြီဖြစ်ရာ သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာကို ထိတ်လန့်နေလေပြီ။
သူမရဲ့ ကျိုးသွားတဲ့ လက်တွေနဲ့ ခြေထောက်တွေက ပြန်ဆက်လို့ရသေးတယ်ဆိုပေမဲ့လည်း ဒီလို သွေးထွက်နေတာက…. သူမရဲ့ ခန္ဓာကိုယ်တစ်ခုခုဖြစ်နေလားဆိုတာ သူမ သေချာမသိ။ ဒီလိုသာ သွေးတွေထွက်နေမယ်ဆိုရင် သူမရဲ့ ခန္ဓာကိုယ်ဟာ အားနည်းသထက် နည်းလာမည်မှာ သေချာပေါက်ပင်။
သူမရဲ့ ဘဝသက်တမ်းက ရှည်သင့်သလောက် ရှည်တော့မှာ မဟုတ်!
သခင်မကြီးမှာ တွေးကြည့်လေလေ၊ ပိုပြီး ကြောက်လန့်လာလေလေ ဖြစ်၏။ သူမ သမားတော်ကို နာနာခံခံနဲ့ပဲ သွေးခုန်နှုန်း စမ်းသပ်ခွင့် ပြုလိုက်၏။
" သခင်မကြီးက အထိတ်တလန့်ဖြစ်သွားတာပါ။ ကျွန်တော် သူမရဲ့ အာရုံကြောတွေကို တည်ငြိမ်ဆေးမယ့် ဆေးညွှန်းတစ်ခုရေးပေးလိုက်ပါမယ်။ ခဏနေရင် ပြန်လို့ရပါပြီ။ ခြေထောက်တွေကတော့.. ကျွန်တော့်တို့ မာတောင့်တဲ့ ချပ်ပြားတွေနဲ့ ကျပ်စည်းပေးလိုက်မယ်။ နားနားနေနေ နေဖို့တော့ လိုပါတယ်" သမားတော်က ပြောလိုက်၏။
သခင်မကြီးက ထိုအခါမှသာ သက်ပြင်းချနိုင်တော့သည် " ကျေးဇူးပါတယ်၊ သမားတော်ရယ်..."
'ချွင်' ၊သမားတော် အရှေ့ရှိ စားပွဲပေါ် သွားတစ်ချောင်း ပြုတ်ကျလာ၏။
••••