အိမ်ထောင်စုစာရင်း
Vol. 21 Ch. 397
ထိုအခိုက်အတန့်၌၊ သခင်မကြီးမှာ မျက်ရည်များကို ဆက်ပြီး မထိန်းထားနိုင်တော့ပေ။
သူမ တစ်ကြိမ်ပြီး တစ်ကြိမ် အရှက်တကွဲ အကျိုးနည်း ဖြစ်ကာ ဒဏ်ရာတွေ ရရှိခဲ့ပြီး အခုဆိုရင် သူမရဲ့ သွားတစ်ချောင်းတောင် ကျွတ်သွားရပြီ ကံဆိုးလွန်းလှ၏!
"နင်-နင် ထွက်သွားစမ်း!" သခင်မကြီးက ရှဲ့ချောင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
ရှဲ့ချောင်ရဲ့ မျက်လုံးတွေဟာ အနည်းငယ် အေးစက်နေ၏ '"အဘွား ဒါက ဘာသဘောလဲ"
" ဒါတွေ အကုန် နင့်ကြောင့်ဖြစ်ရတာ ဂြိုလ်ဆိုးမ
ရဲ့ နင်ငါ့ဆီကို ကံဆိုးမှုတွေ သယ်လာခဲ့တာ!" သခင်မကြီးဟာ စကားပြောနေရင်းနဲ့ သူမ ပါးစပ်က သွားကျိုးသွားတဲ့ အပေါက်ကနေ လေထွက်သွားမည်ကို စိုးရိမ်တာကြောင့် ပါးစပ်ကို အုပ်ထားလိုက်သည်။
ရှဲ့ချောင် ကြိတ်ရယ်လိုက်၏။ သခင်မကြီးက တုံ့ပြန်တာတော့ တော်တော်လေး မြန်သားပဲ!
အမှန်ပဲ၊ ဒီတစ်ယောက်က… သူမ အလွတ်မပေးနိုင်တဲ့သူပဲ။
" အဘွား ချော်လဲလို့များ စိတ်တွေ ကမောက်ကမ ဖြစ်ကုန်တာလား။။ ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောရတာလဲ"
ရှဲ့ချောင်ရဲ့ မျက်နှာအမူအရာသည် တည်ငြိမ်လို့
နေကာ အစေခံအား မှာလိုက်၏။
" အဘွား ဆေးကုသပြီးသွားရင် သူမကို အိမ်ပြန်ပြီး အနားယူနိုင်အောင် စောင့်ရှောက်ပေးလိုက်။ ဆေးကို အချိန်မှန် တိုက်ရမယ်။ အဘွားက အခုနေလို့ကောင်းတာ မဟုတ်ဘူး၊ အပြင်မှာက အေးတယ်။ သူမရဲ့ အရိုးတွေအတွက် အပြင်လေ အထိခံလို့ မဖြစ်ဘူး။ပြန်ရောက်တဲ့ အခါကျရင် ပြတင်းပေါက်နဲ့ တံခါးပေါက်တွေကို ပိတ်ထား၊ သူမကို အိမ်ထဲမှာပဲ အနားယူခိုင်း"
သခင်မကြီးက
" နင် ငါ့ကို ပိတ်လှောင်ထားဖို့ ကြိုးစားနေတာလား!"
ရှဲ့ချောင်သည် တခြားသူတွေ သူမကို ဘယ်လိုပြောကြမလဲဆိုတာကို စိတ်ပူမနေခဲ့၊ သူမက အသာခေါင်းညိတ်ပြလိုက်ကာ
"အဘွား ဒါကို သည်းခံရမယ်လေ။ အဘွားရဲ့ ထိခိုက်ဒဏ်ရာ ရသွားတဲ့ အရိုးနဲ့ ကြွက်သားတွေက ရက်တစ်ရာလောက်နေရင် သက်သာသွားလိမ့်မယ်။ ရက်တစ်ရာ ပြည့်သွားပြီရင် ရာသီဥတုကလည်း နွေးနေမယ်၊ ပန်းတွေ ပွင့်လန်းလာတဲ့ နွေဦးရောက်တဲ့ အခါကျရင် အဘွားရဲ့ ခန္ဓာကိုယ်က သေချာပေါက် နာလန်ပြန်ထူနိုင်မှာ။ ဒါပေမဲ့ အဘွားက လူမမာဆိုတော့ စိတ်အခြေအနေ ကောင်းအောင်တော့ ထိန်းထားရလိ့မ်မယ်၊ အဘွားက သမီးကို မမြင်ချင်ဘူးဆိုတော့လည်း… သမီး ထွက်သွားပါ့မယ်။ အဘွားကို ဂရုစိုက်ဖို့ ဝမ်းကွဲ ကျား ကိုပဲ ဒုက္ခပေးရတော့မယ်"
ဒီလိုနဲ့ပဲ ရှဲ့ချောင် ကျော့ကျော့မော့မော့ လှည့်ထွက်သွားတော့သည်။
သခင်မကြီး လဲကျအောင် တွန်းချတဲ့လူက သူမ မဟုတ်။ သူမရဲ့ စကားတွေသာ လူတိုင်းရဲ့ နားဆီ
ရောက်သွားရင် သူမက အကွက်ဆင်ခဲ့တဲ့သူဆိုပြီး သူတို့ သံသယဝင်ကြတော့မှာ မဟုတ်ပေ။
သူမရဲ့ စကားလုံးတွေက ကြမ်းတမ်း ခါးသီးတယ်လို့တောင် ထင်နိုင်ကြသည်။
သူမနောက်က အစေခံများသည် သခင်မကြီးကို စောင့်ကြပ်ပေးနေ၏။
ထိုအချိန်၊ သခင်မကြီးမှာတော့ ကျောရိုးတစ်လျှောက် ဖြတ်ဆင်းသွားတဲ့ ချမ်းစိမ့်မှုတစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။
အိမ်မှာ သူမကို ကူညီနိုင်မယ့်လူတစ်ယောက်မှ မရှိသလို သူမရဲ့ ဒုတိယသားဟာလည်း ပြန်ရောက်မလာသေး။ ဒီ မိန်းကလေးက သူမကို အိမ်ထဲမှာ အသက်ရှူကျပ်ပြီး သေသွားစေချင်နေတာပဲ!
ဒီတော့မှ သူမ သေသွားရင်တောင် သူ လုပ်ရမှာက တခြားသူတွေကို သူမဟာ လဲကျတဲ့ ဒဏ်ကြောင့် သေသွားတာပါဆိုပြီး ပြောလိုက်ရုံတင်!
အတွေးနဲ့တင်
သခင်မကြီးမှာ ဖိမ့်ဖိမ့်တုန်သွားခဲ့သည်။
"ဟင့်အင်း၊ ငါ မပြန်နိုင်ဘူး။ ငါ့ကိုယ်ပိုင် အိမ်ကိုပဲ ပြန်မယ်" သခင်မကြီးသည် အလျင်စလိုနှင့် ပြောလိုက်ကာ " နင်တို့အားလုံး မြင်တယ်မလား၊ ဒီ စိတ်ပျက်စရာကောင်းတဲ့ မိန်းကလေးက ငါ့ကို သေကြောင်းကြံနေတာ!"
သို့သော် ၊ သမားတော်က ခေါင်းရမ်းလိုက်၏။ " သခင်မကြီး၊ ခင်ဗျားရဲ့မြေးမက အင်မတန်
သိတတ်တဲ့ကလေးတစ်ယောက်ပါ။ သခင်မကြီးက အသက်ကလည်း ကြီးတဲ့ အပြင် အရိုးလည်း ကျိုးသွားတယ်။ဘေးထွက်ဆိုးကျိုး တချို့ရှိပြီးတော့ နည်းနည်းတော့ အားနည်းနိုင်တယ်လေ။ အအေးမိလို့လည်း မရဘူး။ ဒီတော့ အိမ်ထဲမှာပဲ အနားယူသင့်တယ်"
သူမပြောတာ မမှားဘူးလေ၊ ဟုတ်တယ်မလား?
ပြဿနာရှိတယ်ဆိုရင်တောင် အဲဒီ မိန်းကလေးရဲ့စကားတွေက နည်းနည်း တဲ့တိုးဆန်လွန်းနေတာလေး တစ်ခုပင်။ သူမ ပုံစံက အကြီးတွေကို စကားချိုချိုလေးတွေ ပြောတတ်တဲ့ ကလေးတစ်ယောက်လိုမျိုး မဟုတ်ပေ။
"ဟုတ်တယ်မလား၊ ကျွန်တော် စောစောတုန်းက လက်ဝတ်ရတနာဆိုင်ကနေ ရောက်လာခဲ့တာ။ သခင်မကြီးရဲ့ ဒဏ်ရာက လမ်းလျှောက်ရင်း
ချော်လဲလို့ ဖြစ်သွားတယ်ဆိုတာ အသိသာကြီးပါ။ ခင်ဗျားရဲ့ မြေးမ က ကူညီချင်တာတောင် ကူညီခွင့် မပြုခဲ့ဘူးလေ!"
အမျိုးသမီးတစ်ယောက်က သခင်မကြီးရဲ့ စကားတွေကို ကြားတော့ ချက်ချင်း နှုတ်ခမ်းစူလိုက်ကာ "ရှင့်ရဲ့ ဝတ်ပုံစားပုံကို ကြည့်ရတာ ဆင်းရဲတဲ့ မိသားစုက လာတဲ့ပုံတော့ မပေါ်ပါဘူး။အိမ်မှာ အစေခံတွေ မရှိတာတော့ မဟုတ်ဘူးမလား။ ဘာလို့များ ကိုယ်ရဲ့ မြေးကို ဒီလောက် ကြမ်းတမ်းနေရတာလဲ"
"စောစောက မိန်းကလေးက ရှဲ့ သခင်ကြီးရဲ့ အကြီးဆုံးသမီးပါ"
ဆေးအကူကောင်လေးက ထပ်ဖြည့်ပြောလိုက်၏။
ထိုစကားကြောင့် လူအနည်းစုမှာ သက်ပြင်းလျလိုက်ကြကာ သဘောပေါက်သွားကြပြီ ဖြစ်သည်။
တခြားသူတွေကတော့ ချက်ချင်းဆိုသလို တိုးတိုးတိတ်တိတ် မေးမြန်းကြ၏။
စကားစမြည် ပြောဆိုပြီးသွားတဲ့နောက်မှာတော့ သူတို့ သခင်မကြီးကို ကြည့်တဲ့ အကြည့်တွေပြောင်းလဲသွားကြတော့သည်။
ဒါက ရိုးရိုးသာမန် အဘွားနဲ့ မြေးလို့သာ သူတို့ ထင်ခဲ့ကြပြီး မြင်နေရတာက အလုံးစုံ မဟုတ်ဘူးဆိုတာကိုတော့ သူတို့ မမျှော်လင့်ထားခဲ့ကြ။
ရှဲ့သခင်ကြီးရဲ့ အကြောင်းကလူတိုင်းသိကြသည်။ တစ်ချိန်က သူ အရာရှိရာထူးပေးအပ်ခြင်းခံရပြီး မြို့ထဲမှာ မြင်းစီးလျက်လှည့်လည်နေတာ
ကို လူတိုင်း တွေ့မြင်ခဲ့ကြရသည်။ မြို့ထဲကလူတိုင်း သူ့အကြောင်းကို ဆွေးနွေးပြောဆိုခဲ့ကြပြီး သူ့ရဲ့ ဘိုးဘွားတွေ ဘယ်သူဆိုတာကိုတောင် နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းခဲ့ကြသေးသည်။
ရှဲ့သခင်ကြီးက… တောင်ပေါ်စခန်းပေါ်မှာ သူ့မိန်းမဘက်ကဆွေမျိုးမိဘတွေနဲ့ပဲ နေထိုင်ခဲ့ဖူးတယ်ဟု ပြောကြ၏။
••••