← Chapters

မျက်တောင်တစ်ချက်မခတ် သတ်ဖြတ်ခြင

Vol. 21 Ch. 398

မျက်တောင်တစ်ချက်မခတ် သတ်ဖြတ်ခြင

Vol. 21 Ch. 398

ရှဲ့သခင်ကြီးရဲ့ ပထမဇနီးမှာ တောင်ပေါ်ဓားပြစခန်း၏ ခေါင်းဆောင် တစ်ယောက်ဖြစ်၏။

သူမက ရှဲ့သခင်ကြီးကို သဘောကျသွားတာကြောင့် သူ့ကို ခင်ပွန်း အဖြစ်နဲ့ ရွေးချယ်ခဲ့ခြင်းပင်။ နောက်တော့ သူရဲ့ ပထမဇနီးနှင့် ယောက္ခထီးဖြစ်သူကွယ်လွန်သွားခဲ့တာကြောင့် သူဟာ တောင်ပေါ်စခန်းကို အလိုလိုပင် အမွေဆက်ခံရရှိခဲ့၏။ ထိုအခါမှာသာ သူက ဓားပြတွေကို တိုက်ပွဲဆီခေါ်သွားခဲ့သည်။

ထိုဓားပြက လူကောင်းတစ်ယောက် မဟုတ်ခဲ့ပေမဲ့ သူက ကိုယ့်စကားကိုယ်တည်တဲ့သူတစ်ယောက်ဖြစ်ခဲ့သည်။ ရှဲ့သခင်ကြီး လူရိုင်းတွေကို နှိမ်နင်းခဲ့တဲ့ အတွက်ကြောင့် ဖမ်းဆီးခံထားရတဲ့ အပြစ်ကင်းတဲ့ လူတွေ ဘယ်နှယောက်တောင်မှ လွတ်မြောက်နိုင်ခဲ့ရလဲ?

လူပေါင်းများစွာက ဤအနည်းငယ်မျှသော

ကောင်းမှုလေးကို သတိတရရှိခဲ့ကြသည်။

ဓားပြတွေရဲ့ မိသားစုဝင်တွေကတော့…..

သူတို့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် မလုပ်ခဲ့ကြသည်မှာ နှစ်ချီနေလေပြီ။ ရှဲ့သခင်ကြီး အရာရှိတစ်ယောက်ဖြစ်လာတော့မှသာ အချင်းချင်း ပြန်ဆက်သွယ်ခဲ့ကြ၏။

ငယ်စဉ်ကတည်းက အပြင်မှာ ကြီးပြင်ခဲ့ပြီး တာအိုဘုရားကျောင်းမှာ ပျိုးထောင်ခြင်းခံခဲ့ရတဲ့ ရှဲ့သခင်မလေးဆိုသူလည်း ရှိ၏။ အရင်ကဆိုရင် သူမဟာ မြို့ပြင်မှာ ကောင်းမှုတွေ အများကြီးတောင် လုပ်ခဲ့ဖူးသည်။

ဒိလိုလူတစ်ယောက်က သခင်မကြီး ပြောသလိုမျိုး သူမကို သတ်ချင်နေတဲ့ သူတစ်ယောက်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

" သခင်မကြီး၊ တကယ်လို့သာ အဘွားတစ်ယောက်က ကိုယ့်မြေးကို ဒီလိုမျိုး မြင်နေရင် ခင်ဗျားရဲ့ မြေးက ဒုစရိုက်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့တယ်ဆိုပြီး လူတိုင်းထင်ကုန်ကြမယ်မဟုတ်လား?" တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်၏။

" သူမက အမြဲတမ်း မကောင်းမှုကို ကျူးလွန်နေတာပဲလေ! ငါ့ခြေထောက်တွေကို ကြည့်ပါလား! သူမက အဖေဖြစ်သူကိုတောင် သူ့ညီအစ်ကိုတွေနဲ့ မသင့်မမြတ်ဖြစ်အောင်လို့ လှုံ့ဆော်ပေးနေသေးတာ!' သခင်မကြီးက အမြန်ထပ်ပြောလိုက်၏။

သူမရဲ့ စကားကြောင့် လူတိုင်းဝိုင်းရယ်ကြသည်

" ခင်ဗျားဘာသာခင်ဗျား ချော်လဲတာလေ ဒါကို လူတချို့ မြင်လိုက်တယ်နော်။နောက်ပြီး ခင်ဗျားသားက သူ့ညီအစ်ကိုတွေနဲ့ အဆင်မပြေဘူးဆိုရင် အမေလုပ်သူရဲ့ အမှားကြောင့် မဟုတ်လား? ဘယ်လိုလုပ်ပြီး ကိုယ့်မြေးကို အပြစ်တင်နိုင်ရတာလဲ? အငယ်က အပြစ်အတွက် တာဝန်ရှိမှာတဲ့လား?"

နောက်တစ်ယောက်ကလည်း မနေနိုင်ဘဲ ဝင်ပြီး ရေရွတ်ပြောဆိုလိုက်သည်။

သခင်မကြီးမှာ စိတ်မချမ်းမသာ ဖြစ်သွားရတော့သည်။

" သူမ အမေက တကယ့်ဓားပြအစစ်တစ်ယောက်ဆိုတာ နင်တို့မှ မသိဘဲ သူက မျက်တောင်တစ်ချက်မခတ်ပဲ သတ်ဖြတ်ခဲ့တဲ့သူ! သူ့အမေကြောင့် မဟုတ်ရင် အဲ့တုန်းက ငါ့သားခမျာ တောင်ပေါ်စခန်းဆီ ပြန်ပေးဆွဲခံခဲ့ရမှာ မဟုတ်ဘူး။ သူ အ

ကြာကြီး ဓားပြတစ်ယောက် ဖြစ်ခဲ့မှာလဲ မဟုတ်သလို ငါ့တို့ သားအမိနှစ်ယောက် ခပ်တန်းတန်းဖြစ်ခဲ့မှာလဲ မဟုတ်ဘူး!" သခင်မကြီးက တခြားသူတွေ နားမလည်မှာကို စိုးရိမ်တာကြောင့် သူမက လှည့်ပြီး လူတိုင်းကို သေချာ ရှင်းပြလိုက်၏။

" အဲ့ဒီ ဖန်းသခင်မက တုတ်ခိုင်ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ မွေးလာတာ။ သူမရဲ့ ပင်ကိုယ်စရိုက်ကလည်း ကြမ်းကြုတ်ရက်စက်တဲ့အပြင် ငါ့သားကိုလည်း အသက်မရှုနိုင်အောင်ကို ဖိနှိပ်ထားခဲ့တာ၊ ဒါကြောင့်မလည်း သူမ စောစောစီးစီး သေသွားလို့သာပေါ့။ မဟုတ်ရင် ငါ့သားက လူရိုင်းတွေကို နှိပ်နင်းချင်ရင်တောင်မှ လုပ်နိုင်မှာ မဟုတ်ဘူး!

" နင်တို့တွေ ဖန်းသခင်မက ဘယ်လိုပုံစံလဲဆိုတာ တွေးကြည့်နိုင်မှာတောင် မဟုတ်ဘူး။ ပြောရမယ်ဆိုရင် သူမက ငါ့မြေးအကြီးဆုံးက ဖန်းသခင်မနဲ့ တော်တော်လေး ဆင်တူတယ်" သခင်မကြီးက

တွေးကြည့်ပြီး ပြောလိုက်သည်။

ရှဲ့ဖင်းကန်းသည်လည်း ဤဆေးခန်းသို့ လာဖူး၏။

သူရဲ့ နေ့စဉ်လုပ်ငန်းအနေနဲ့ စုံစမ်းစစ်ဆေးရတာ၊ သွားလာရတာမျိုးရှိသည်။ သူ ဆေးတချို့ ဝယ်ဖို့လည်း မကြာမကြာ လာတတ်သေး၏။

တစ်ချိန်က သူ အရာရှိဖြစ်လာပြီး မြင်းစီးလျက် မြို့ဂိတ်တံခါးတွေကို ဖြတ်ခဲ့တဲ့ လမ်းတစ်လျှောက် လူတွေ စုဝေးကာ သူ့ကို ဝိုင်းကြည့်ခဲ့ကြသည်။သူ့အပေါ် နက်နဲတဲ့ ထင်မြင်ချက်တွေ ရှိခဲ့ကြ၏။

ရှဲ့သခင်လေးလိုမျိုး အမျိုးသမီးတစ်ယောက်ဆိုရင်တော့၊ သူမက တကယ်ကို…..

ကြောက်စရာကောင်းမည်ပင်။

" ရှဲ့သခင်လေးက လွန်ခဲ့တဲ့ တစ်နှစ်က အမှုကြီးတစ်ခုကို ဖြေရှင်းနိုင်ခဲ့တယ်။ဒီ အမှုမှာဆိုရင်၊ အပြစ်ကင်းတဲ့ အမျိုးသမီးအယောက်တစ်ရာတောင် သေခဲ့ရတာ။ သူက မင်းသမီးခင်ပွန်းရဲ့ မိသားစုကိုတောင်မှ ဆန့်ကျင်နိုင်ခဲ့တယ်။ ဒီလို ရဲရင့်မှုမျိုးဆိုတာ သာမန်လူတစ်ယောက် လုပ်နိုင်တဲ့ အရာတစ်ခု မဟုတ်ဘူး။ သခင်မကြီးပြောနေတဲ့ ဖန်းသခင်မက ဘယ်လိုလူလဲဆိုတာ ကျွန်တော်တို့ မသိဘူ၊ ဒါပေမဲ့ ခင်ဗျား သေချာ စဉ်းစားကြည့်မယ်ဆိုရင်…. သူမက အဲ့လောက်ဆိုးတဲ့သူတစ်ယောက်ဆိုရင် အခုလို ရဲရင့် ပြတ်သားပြီးတော့သမာဓိရှိတဲ့ သားတစ်ယောက်ကို မွေးပေးခဲ့မှာတဲ့လား?"

"နောက်ပြီး… သခင်မကြီးက တောင်ပေါ်ဓားပြ

စခန်းကို အရမ်းကြီး ပေါ့ပေါ့တန်တန် တွေးနေတာမဟုတ်ဘူးလား?"

ထိုစကားတွေကို ပြောနေခဲ့သူမှာ ပညာသင်ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူဟာ လူတွေကြားမှာ ရပ်နေခဲ့၏။၊

လေးနက်နေသော မျက်နှာထားဖြင့် သူက "တောင်ပေါ်စခန်းမှာက လူတွေအများကြီး ရှိနေတာ၊ သူတို့အားလုံးသာ ပြစ်မှုတွေ ကျူးလွန်းနေတဲ့ကလိမ်ကကျစ်ကျတဲ့သူဆိုရင် ရှဲ့သခင်ကြီး က သူတို့ကို ထွက်သွားအောင် လုပ်နိုင်မှာ မဟုတ်ဘူး။"

"ကျွန်တော့်အထင် ရှဲ့သခင်ကြီး ဓားပြတွေရဲ့ ခေါင်းဆောင် ဖြစ်မလာခင်ကတည်းက တောင်ပေါ်စခန်းမှာ စည်းမျဉ်းတချို့ ချမှတ်ထားပြီး ဖြစ်ရမယ်။ဒါကို ကြည့်မယ်ဆိုရင် ဖန်းသခင်မရဲ့ ဆောင်ရွက်ချက်တွေက ရှဲ့သခင်ကြီးထက်

တောင် သာနေသေးတယ်"

ပညာသင်ကျောင်းသားသည် စကားဆုံးသည်နှင့် သူ့ကိုယ်သူ ခေါင်းညိတ်ထောက်ခံလိုက်သေး၏။

••••

All Chapters