← Chapters

သဘောအကျဆုံး

Vol. 21 Ch. 399

သဘောအကျဆုံး

Vol. 21 Ch. 399

ဓားပြတွေ စစ်တိုက်ခဲ့သည့် ဖြစ်စဉ်အား စာအုပ်ထဲတွင် ရေးမှတ်ထားခဲ့၏။

ဓားပြရှဲ့၏ တောင်ပေါ်စခန်းတွင် အားကောင်းမောင်းသန် အမျိုးသား အယောက် ၃၀၀၀၊ သက်ကြီး ရွယ်အိုများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးများက အယောက်

၃၀၀၀ ရှိပြီး ထိုဒေသတွင် အကြီးဆုံးသော တောင်ပေါ်စခန်းတစ်ခု ဖြစ်၏။

စစ်ပွဲများ စတင်ခဲ့သည်နှင့် နယ်စပ်က ခံစစ်မှာ ကျရှုံးသွားခဲ့ကာ စစ်ကူများ ရောက်လာဖို့လည်း အချိန်မရှိခဲ့ပေ။ တောင်ပေါ်ဓားပြစခန်းတွင် လက်နက်တချို့ ရှိသော်လည်း အရည်အသွေးနိမ့် သံချပ်ကာများ၊ ဓားများနှင့် အမြှောက်များသာ ဖြစ်ကြသည်။ ဓားပြများစွာသည် တူရွင်းများ၊ ကောက်ဆွများနှင့် ထွန်ခြစ်တို့ကို ယူကာ တိုက်ပွဲဝင်ခဲ့ကြ၏။

သူတို့တွေက အနောက်ကနေဝန်းရံပြီး လျက်တစ်ပြတ်တိုက်ခိုက်ခဲ့ကြကာ စစ်သည်တွေနှင့် မြင်းတွေကို မောင်းထုတ်ခဲ့ကြသည်။

မြိုထဲကို ဝင်လာပြီးတဲ့နောက်၊ ရှဲ့နျိုရှန်းသည် ကျန်ရှိနေသော မြို့စောင့်တပ် စစ်သူကြီးများကို

ခေါ်ကာ လူအရေအတွက်ကို စစ်ဆေးရေတွက်ပြီးတဲ့နောက် တော်ဝင်မင်းဆရာကြီးနဲ့အတူ ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။

သူဟာ လူရိုင်းတွေ ထပ်ပြီးအနားမလာနိုင်တော့အထိ နှိမ်နင်းခဲ့သည်။

နောက်ပိုင်း စစ်ကူတွေ ရောက်လာတဲ့ အချိန်မှာတော့ သူဟာ စစ်အာဏာကို အပြည့်အဝယူခဲ့ပြီး လူပေါင်းများစွာကို ဦးဆောင်လျက် ရန်သူ့စခန်းကို ဝင်ရောက်စီးနင်းပြီးတဲ့နောက် လူရိုင်း ခေါင်းဆောင်အား ခေါင်းဖြတ်သတ်ခဲ့သည်။ထိုအခါမှသာ စစ်ပွဲဟာ အဆုံးသတ်သွားခဲ့၏...

ဒီအကြောင်းတွေကို နယ်စပ်မြို့က လူတိုင်း သိထားကြသည်။ နောက်ပိုင်းမှာတော့ သူတို့ မြို့တော်ဆီရောက်အောင် ရေးသားဖြန့်ဝေခဲ့ကြ၏။

သူက လူရိုင်းတွေကို အရင်ဆုံး သုတ်သင်ခဲ့ပြီးတဲ့နောက် ငွေပမာဏမြောက်များစွာကို ပေးခဲ့သည်။ သူ့ကိုယ်သူ ဓားပြတစ်ယောက်အဖြစ် ပြန်သုံးသပ်ကာ သူရဲ့ သဘောထားတွေဟာ စိတ်ရင်းအမှန်ဖြစ်ခဲ့၏။

ဧကရာဇ်သည် သူဟာ စိတ်ရင်းမှန်ပြီးတော့ ပါရမီစွမ်းရည်တွေကို လိုလိုလားလား ပေးဆပ်ရန်ဆန္ဒရှိတယ်လို့ တွေးမိခဲ့ရာ သူ့ကို အဆင့်လေး အရာရှိအဖြစ်လည်းကောင်း၊ သူရဲ့ သားအကြီးဆုံး ရှဲ့ဖင်းကန်းကိုတော့ အဆင့်ရှစ် အုပ်ချုပ်သူ အဖြစ်လည်းကောင်း ခန့်အပ်ခဲ့ကာ ဓားပြတွေကို ခေါ်ဆောင်ခဲ့၏။

ဒီဆောင်ရွက်ချက်တွေဟာ ရှဲ့ဖင်းကန်းရဲ့ သူရဲကောင်းဆန်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ခဲ့ပုံပင်။

ဒါပေမဲ့၊ သေချာ စဉ်းစားကြည့်မယ်ဆိုရင်၊ ဒီကမ္ဘာပေါ်မှာ ဓားပြတွေအများကြီးမရှိလို့လား?

ဘယ်တောင်ကများ လူတွေ မဝှက်ထားတာရှိလို့လဲ။

ရှဲ့ဖင်းကန်းရဲ့ လက်အောက်ကလူတွေကျမှ နာခံပြီး၊ သူရဲကောင်းဆန်ဆန်နဲ့ စစ်ပွဲကိုသွားပြီး ရန်သူကို သတ်ဖြတ်ဖို့ ဆန္ဒရှိနေရတာလဲ?

ဒါတင်မက၊ တော်ဝင်မင်းဆရာကြီးသည်ရှဲ့ဖင်းကန်း ခေါင်းဆောင် ဖြစ်မလာခင်က ဓားပြတစ်ဦးဖြစ်၏။ ဖန်းမိသားစုရဲ့ အဖေနဲ့သားသာ ပြိုင်ဘက်ကင်းလောက်အောင်ရက်စက်ကြမ်းကြုတ်နေကြမည်ဆိုလျင် တော်ဝင်မင်းဆရာကြီးသည် ယခုအချိန်ထိ ရှင်သန်နိုင်ခဲ့မည်

လော?

သူ ဘယ်လိုလုပ်ပြီး သူတို့ကို ကူညီနိုင်မှာလဲ?

ဒါကြောင့် ဘယ်လိုပဲဖြစ်နေပါစေ ဖန်းသခင်မဟာ ရက်စကြမ်းကြုတ်ပြီး မကောင်းတဲ့သူတစ်ယောက်ဆိုတာကို သူတို့ မယုံကြည်ပေ။

ပညာတော်သင် ကျောင်းသားက အကြောင်းပြချက် ခိုင်လုံစွာနဲ့ ထောက်ပြပြောဆိုသွားခဲ့ကာ သခင်မကြီးမှာ ဒီကောင်လေး အသိတရားမရှိဘူးလို့ ခံစားလိုက်ရ၏။ "မင်းက ဘာလို့ ဓားပြတွေဘက်က ပြောပေးနေရတာလဲ? ဓားပြတိုက်တဲ့သူတွေက ကျိုးကြောင်းသင့်နေလို့လား? သူမက လူကောင်းတစ်ယောက် မဟုတ်ဘူး! မင်း ဘာမှလည်း မသိဘဲနဲ့!"

"ဒါဖြင့်ရင် ရှဲ့သခင်ကြီးက ကိုယ်ဆန္ဒနဲ့ကိုယ် ဓားပြတစ်ယောက် ဖြစ်လာတာလား" ပညာသင်ကျောင်းသားက ခနဲ့လိုက်၏။

သခင်မကြီးမှာ အံကြိတ်လျက် "သူမ ကြောင့်သာ မဟုတ်ရင် ငါ့သားက ဓားပြဖြစ်လာမှာ မဟုတ်ဘူး"

" ဖန်းသခင်မကြောင့် မဟုတ်ရင် ခင်ဗျားသားက အရာရှိတစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး!"

သခင်မကြီးရဲ့ မျက်နှာအမူအရာမှာ မူမှန်မနေ။ သူမ ထိုလူငယ်ကိုစိုက်ကြည့်ရင်း အသက်ရှူမရတော့သလို ခံစားလိုက်ရ၏။

အခုကာလမှာ လူတွေက ဘယ်ဟာမှားသလဲ ဘယ်ဟာ မှန်သလဲဆိုတာ မသိကြတော့ဘူးပဲ!

ဖန်းသခင်မက ဓားပြတစ်ယောက် အနေနဲ့ မွေးလာတာ။ သူမသားက ဓားပြတစ်ယောက်ဖြစ်လာဖို့ တွန်းအားပေးခံခဲ့ရတာ။ ဘယ်လိုလုပ် တူမှာလဲ။သူတို့မိသားစုက အမြဲတမ်းပါဝင်ပတ်သက်နေလို့ သူတို့ကို အမြဲတမ်း ဓားပြတွေလို့ မြင်နေကြတာ!

ဒါပေမဲ့လည်း သူမ ဒီလူငယ်ကို အနိုင် ပြန်မချေပနိုင်ဘူး!

သခင်မကြီးမှာ အလွန် ဒေါသထွက်ကာ ဇွဲကောင်းနေဆဲပင်။ " ဘာပဲဖြစ်နေနေ၊ ငါရဲ့ အိမ်ကိုပဲ ပြန်မယ်!"

" အဘွားရှဲ့၊ အဘွားက အိမ်ပြန်လိုက်ရင်…သမီးကရော" ကျားဟွမ်မှာ အနည်းငယ် စိုးရိမ်နေ၏။

" ဘာတွေ စိုးရိမ်နေတာလဲ။ နင့်မိဘတွေကို လာတောင်းရမ်းဖို့ ပြောလိုက်။ အချိန်ကျရင် ငါလာပြီးတော့ နင့်ကိုယ်စား သဘောတူပေးမယ်"

"မိန်းကလေး ဘက်က တောင်းရမ်းရမှာလား" ကျားဟွမ် ထိတ်လန့်သွား၏။

" အကုန်လုံးက အတူတူပဲ။နောက်ဆုံးမှာ အောင်မြင်နိုင်သ၍ အကုန် အဆင်ပြေတယ်။အဲ့လိုမထင်ဘူးလား?"

သခင်မကြီးသည် သူမကို နှစ်သိမ့်ပေးရင် အစေခံတွေကို စိုက်ကြည့်လိုက်၏။ သူမကို ပြန်ပို့ပေးဖို့ သူတို့ကို မခိုင်းရဲ။ ဒီလူတွေ သူမကို ဒုတိယသားရဲ့ အိမ်ဆီ ပြန်ခေါ်သွားမှာကို သူမ ကြောက်နေလေသည်။

သူမ ငွေတုံးတစ်ချို့ ထုတ်လိုက်ပြီး မြင်းလှည်းတစ်စီး ငှားခိုင်းလိုက်၏။

အဲ့တော့မှာသာ သူမ ပြန်သွားတော့သည်။

သူမ ပြန်သွားသည်နှင့် ဓားပြရှဲ့ အကြောင်း ပြောနေကြသည့် လူများမှာ ပိုပြီး သိချင်သွားကြ၏။

"အဲဒီ ရှဲ့သခင်ကြီးက မိန်းမသုံးယောက်ယူခဲ့တာမလား။ မင်းပြောကြည့်စမ်း၊ ဘယ်တစ်ယောက်ကို သူ သဘောအကျဆုံး ဖြစ်မယ်ထင်လဲ" လူတစ်ယောက်က မေးလိုက်၏။

" သူ့ ပထမဇနီးပဲပေါ့!"

" မဟုတ်သေးဘူး။ ပထမ ဇနီးက ကောင်းပေမဲ့

သူမက ကြမ်းကြုတ်တယ် ငါကြားတာတော့ ဒုတိယမိန်းမက သာမန်အရပ်သားတစ်ယောက်ရဲ့ သမီးတဲ့။ သူမက မိသားစုငယ်လေးကနေလာတာ။ ဒီတော့ သူမ ဖြစ်လောက်တယ်!"

" အဲ့နောက်က တစ်ယောက်ကျတော့ရော"

" အဲ့နောက်က တစ်ယောက်လား။ သူတို့က ကွာရှင်းလိုက်ပြီးတော့ သူမက အသက်ရှင်နေတုန်းပဲတဲ့လေ။ အသက်ရှင်နေသေတဲ့သူက သေသွားတဲ့ နှစ်ယောက်လောက် အရေးမပါတာ ကျိန်းသေပဲကို…"

••••

All Chapters