← Chapters

အလောင်းအစား

Vol. 21 Ch. 400

အလောင်းအစား

Vol. 21 Ch. 400

ဆေးဆိုင်ထဲတွင် လူအနည်းစုမှာ ဆွေးနွေးငြင်းခုံလို့နေကြ၏။ အပျော်သဘောဝင်ရောက်ပြောဆိုကြသော လမ်းသွားလမ်းလာများတောင် ရှိကြသည်။

" သက်ရှိထင်ရှား ဖြစ်နေဆဲ ဖြစ်တဲ့ နောက်ဆုံးဇနီးက ကွယ်လွန်သွားတဲ့သူတွေနဲ့ နှိုင်းယှဉ်မရတာမှန်ပေမဲ့၊ ရှဲ့သခင်ကြီးက အဲဒီတုန်းက သူမကို လက်ထပ်လက်ဆောင်တွေပေးဖို့ အတွက် ငွေတွေ အများကြီး သုံးခဲ့တာ။သူ မကို လက်ထပ်တုန်းကဆို သူ အင်မတန်ကိုမှ စိတ်ရင်းအမှန်နဲ့ မြတ်နိုးခဲ့မှာပဲ"

" ငွေကြေးပါတဲ့ လက်ထပ်လက်ဆောင်က ငယ်ဘဝ သူငယ်ချင်းနဲ့ရော ယှဉ်နိုင်မှာတဲ့လား။ရှဲ့သခင်ကြီး အသက်ဆယ်နှစ်မှာ သူရဲ့ ရွာ ဓားပြ အတိုက်ခံခဲ့ရတာ။ သူ ဖန်းသခင်မနဲ့ အတူ ရှိခဲ့တဲ့ နှစ်တွေက ပိုပြီးတော့ကြာသေးတယ်!"

"သာမန်မိသားစုလေးကသူဖြစ်တာလည်း ကောင်းတာပဲလေ။ကျုပ် အဲ့နေရာက ဓားပြတစ်ယောက်နဲ့သိတယ်။ သူပြောတာတော့ လင်းသခင်မများ အနားမှာ ရှိနေလို့ကတော့ ရှဲ့သခင်ကြီးက တစ်နေ့လုံးကို ပြုံးနေတော့တာပဲတဲ့။ သူ အပြုံးတွေက တောင်ပေါ်က တောရိုင်းပန်းတွေထက်တောင်မှ ပိုပြီးတောက်ပသေးတယ် ဆိုပဲ!"

"တကယ်လို့ ခင်ဗျားစိန်ခေါ်ရဲတယ်ဆိုရင် ကျုပ်တို့ လောင်းကြတာပေါ့! ရှဲ့သခင်ကြီးနဲ့ တွေ့ရင် သူ ဘယ်တစ်ယောက်ကို အချစ်ဆုံးလဲဆိုတာ ရွေးခိုင်းမယ်!"

"လောင်းမယ်!"

"...."

သိပ်မကြာလိုက်၊ သူတို့ အကောင်ထည်ဖော်လိုက်ကြ၏။

သူတို့က လောင်းကစားရုံဆီကိုတောင် တန်းပြီးသွားလိုက်ကြကာ ဒီကိစ္စအပေါ် သက်သေခံဖို့ လူတစ်ယောက်ခေါ်ကာ လောင်းကြေးထပ်လိုက်ကြ၏။

၎င်းဟာ စည်းစည်းကားကားရှိပြီး စိတ်ဝင်စားစရာကောင်းသည့်အတွက် လူပေါင်းများစွာ ထိုသို့လိုက်လုပ်အောင် ဆွဲဆောင်နိုင်ခဲ့သည်။ မျိုးစုံသော လောင်းကစားရုံကြီးများကလည်း လူအများရဲ့ တောင်းဆိုချက်ကို လိုက်လျောပြီး အလောင်းအစားကို စီစဉ်ပေးခဲ့သည်။

လောင်းကစားရုံကြီးများက ကြင်စဦးစနီးမောင်နှံဖြစ်ခါစအချိန်က ရှဲ့သခင်ကြီးနဲ့ သခင်မသုံးယောက်ရဲ့ ဆက်ဆံရေးကို လောင်းကြေးထပ်ခဲ့သည်။

ဘယ်တစ်ယောက်က အရေးပါဆုံးတစ်ယောက် ဖြစ်ခဲ့တာလဲ?!

သခင်မသုံးယောက်ရဲ့ ဇာတ်ကြောင်းများကို ရေးပေးထားတာကြောင့် လောင်းကြေးထပ်သူများ အနေနဲ့ ရှင်းရှင်းလင်းလင်း နားလည်နိုင်၏။

ဒီ အလောင်းအစား ဘယ်လို အဆုံးသတ်မလဲ ဆိုတာကတော့….

တရားမျှတမှုရှိရန်အတွက် ရှုထောင့်မျိုးစုံကနေ အကဲဖြတ်ကြရမည်။

ပြဇာတ်တစ်ခုတင်ဆက်ဖို့ ပြင်ဆင်နေကြသူတွေတောင် ရှိ၏။ ရှဲ့သခင်ကြီးပြန်လာတဲ့ အချိန်ကျလျှင် သူတို့က သရုပ်ဆောင်ဖို့အတွက် ရှဲ့အိမ်တော်ကို ဝင်ကြလိမ့်မည်။ ဒီတော့မှ ရှဲ့သခင်ကြီး ဘယ်တစ်ယောက်ကို အရင်ရွေးမလဲဆိုတာကို ကြည့်ကြရမည်။ အလိုလိုပင်၊ ရှဲ့သခင်ကြီး အရင်ဦးဆုံး ရွေးလိုက်တဲ့ တစ်ယောက်ကို ပိုပြီး အလေးထားရွေးချယ်ကြလိမ့်မည်။

ဒါတင်မကသေး၊ သူတို့က ရှဲ့သခင်ကြီးကို စားသောက်ဆိုင်ဆီလာပြီး သောက်ရန်အတွက် ဖိတ်ခေါ်ပြီး မူးအောင်လုပ်ဖို့ ပင် စီစဉ်ထားကြသေးသည်။ သူတို့က ရှဲ့သခင်ကြီးကို ခံစားချက် အစစ်အမှန်တွေ ပေါ်ထွက်လာစေချင်ကြသည်။

အဲဒီကနေမှ….

သူတို့စဉ်းစားပြီး နောက်ဆုံး အဖြေတစ်ခု ကျိန်

သေပေါက် ထုတ်နိုင်မှာ!

အချိန်တိုလေးအတွင်းမှာပင်၊ လူပေါင်းများစွာက စီစဉ်မှုတွေ လုပ်ပြီးသွားခဲ့လေပြီ။

ထိုစဉ်၊ရှဲ့ချောင်မှာတော့ သူမ အဖေတစ်ယောက် မြို့ပြင်ရောက်နေတာတောင်မှ မြို့ထဲမှာ နာမည်ကြီးတဲ့ လူတစ်ယောက်ဖြစ်နေတာကို မသိခဲ့ချေ။

သူမက မော့ချူးရှန်းအသွင်သို့ လဲလှယ်ဝတ်ဆင်ပြီး လိမ်းချယ်ရုပ်ဖျက်လျက် ကြမ္မာဥယျာဉ်ဆီသို့ သွားခဲ့သည်။

ဆိုင်ရှင်ချန်းမှာ သူမကို အချိန်အကြာကြီး စောင့်နေခဲ့၏။ သူမကို တွေ့တာနဲ့ မြန်မြန်ဆန်ဆန်ပဲ

"သူဌေး၊ မနေ့က လူတစ်ယောက်လာပြီးတော့ ဖုန်းရွှေကြည့်ပေးဖို့ အတွက် သူဌေးကို ဖိတ်ခဲ့ပါတယ်။ သူက သူဌေးအလုပ်လက်ခံမလားဆိုတာ မေးခိုင်းလိုက်ပါတယ်"

" ဘာလို့ လက်မခံရမှာလဲ" ရှဲ့ချောင်မေးလိုက်၏။

သူမ တတ်နိုင်လျှင် ဒီလို အလုပ်မျိုးကို လက်ခံမည် ဆိုတဲ့အကြောင်း ဆိုင်ရှင်ကို အရင်ကတည်းက ပြောထားခဲ့သည်။

သူမ ဆေးတွေဝယ်နိုင်ရန်အတွက် ပိုက်ဆံများများရှာချင်ခဲ့သည်။

"ဒါပေမဲ့ သူ့မိသားစုက တခြား ဖုန်းရွှေဆရာကြီးတွေကိုလည်း ဖိတ်ထားတယ်လို့ ပြောပါတယ်။ဆရာကြီးတွေ အများကြီးရှိနေမှာမလို့…." ဆိုင်ရှင်

မှာ အခက်တွေ့နေ၏။

ပညာရှင်ဆရာကြီးတွေဆိုတာ အလွန်ကိုမှ ဂုဏ်သိက္ခာရှိတဲ့သူတွေ!

ဆရာတစ်ယောက်ကို ဖိတ်ပြီး နောက်ထပ်ဆရာတစ်ယောက်ကိုလည်း ဖိတ်ထားတယ်ဆိုရင် သူတို့က မကျေမနပ်ဖြစ်ကြမှာပဲ။

ရှဲ့ချောင်ကတော့ ဒါတွေကို ဂရုစိုက်မနေ၊ " ပြဿနာမရှိဘူး အဲဒီလူထပ်လာလို့ရှိရင် လက်ခံလိုက်ပါ၊ ဘယ်ချိန်လို့ ဆုံးဖြတ်ထားလဲ"

" သူဌေး အားတယ်ဆိုရင် သန်ဘက်ခါမနက်ကျ သူဌေးကို ကြိုဖို့ မြင်းလှည်းတစ်စီး လွှတ်လိုက်ပါမယ်" ဆိုင်ရှင်က ပြန်ဖြေလိုက်သည်။

သန်ဘက်ခါလား?

သန်ဘက်ခါကျရင် ကျောင်းဖွင့်တော့မှာ။

ဒါပေမဲ့လည်း၊ အဆင်ပြေပါတယ်လေ သူမ ပျက်ကွင်ခွင့်ယူလိုက်ရုံပေါ့။

ပိုက်ဆံရှာဖို့က ပိုအရေးကြီးတာပဲဟာ

နေ့လင်းခင်း၌၊ စရံငွေ အဖြစ် ရွှေတုံးတစ်ရာကို အစေခံများက လာပို့ခဲ့ကြသည်။

သူတို့က ချမ်းသာတဲ့သူတွေပဲ!

အခုဆိုလျှင် ရှဲ့ချောင် ပိုလို့တောင် တက်ကြွသွားခဲ့

လေပြီ။သူမ အနောက်ဘက်ခြံဝင်းဆီသွားက သာ့ရှုန်းအား တီကောင်ခြောက်တွေ ပိုပြီး ကျွေးခဲ့သည်။ သူမ တစ်ခုခုလိုအပ်ရင် သာ့ရှုန်းကို အကူညီတောင်းရဦးမှာပင်။

တစ်ယောက်တည်းသွားရမှာက ပင်ပန်းလွန်းတယ်လေ

တစ်ဖက်မှာလည်း သခင်မကြီးသည် သူမရဲ့ အိမ်ကို တကယ်ကြီး ပြန်သွားခဲ့၏။

ရှဲ့မန်ရှန်းနဲ့ ဇနီးဖြစ်သူတို့ အလုပ်ကနေ အိမ်ပြန်ရောက်တဲ့ အချိန် သူ့တို့အမေ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာကို မြင်လိုက်ကြရာ စိတ်ဆိုးမာန်ဆိုးဖြစ်သွားကြသည်။

" အမေ အဲ့မှာ တစ်ညလေးပဲ နေရသေးတယ်၊ ဒီ

လို ဖြစ်လာရတယ်ပေါ့! ရှဲ့ဖင်းကန်းက အမေ့လို လူကြီးတစ်ယောက်ကိုတောင် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံရဲနေတာပဲ။ သူ ဆက်ပြီးတော့ အရာရှိမဖြစ်သင့်တော့ဘူး။ ကျွန်တော် လူတစ်ယောက်ရှာပြီး ဒီကိစ္စကို ဆွေးနွေးရမယ်"

ဤတိုင်းပြည်သည် လူကြီးမိဘတွေအပေါ်သိတတ်မှုကို အခြေခံထားကာ အုပ်ချုပ်နေ၏။ သူသာ သူ့အမေရဲ့ကိစ္စကို အသုံးချပြီး ရှဲ့ဖင်းကန်းကို ချိန်းခြောက်မယ်ဆိုရင် သူ ဣန္ဒြေရရနေနိုင်တော့ မှာ မဟုတ်ဘူး!

သခင်မကြီးမှာ ဒေါသထွက်ကာ စိတ်ထိခိုက်နေ၏။ "ငါ့ဟာငါ အပြင်မှာ ချော်လဲတာ၊ သူ့ကိုသွားရှာနေလို့လည်း ဘာမှ အသုံးမဝင်ဘူး!"

••••

All Chapters