← Chapters

အရှက်ရစိတ်ကြောင့် ဖြစ်ပေါ်လာသော ဒေါသ

Vol. 41 Ch. 601

အရှက်ရစိတ်ကြောင့် ဖြစ်ပေါ်လာသော ဒေါသ

Vol. 41 Ch. 601

ရိုးရှင်းသော ကန်ချက်နှစ်ချက်က လူနှစ်ယောက်ကို လွင့်ထွက်သွားစေခဲ့သည်။

ပရိသတ်များ ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။

ထိတ်လန့်နေကြလေသည်။

သူတို့အားလုံး ဆွံ့အနေကြလေသည်။

ရဲ့လင်းချန်သည် လူတိုင်း၏ အတွေးအမြင်ကို ပြန်လည် လန်းဆန်းလာစေခဲ့သည်။ သူသည် အလွန်အမင်း အံ့ဩဖွယ် ကောင်းသကဲ့သို့ ဒေါသအားလုံးကို သူ ဖြေလျှော့ပေးနိုင်ခဲ့သည်။

ရဲ့လင်းချန်သည် အစောင့်များကို လက်ညှိုးထိုး၍ မာန်မဲလိုက်သည်။

“ငါတို့ တရုတ်လူမျိုးတွေ ရိုက်နှက်ခံရပင်မယ့် မင်းတို့က မမြင်ချင်ယောင် ဆောင်ထားခဲ့တယ်၊ သူတို့က တရားမျှတမှု လိုချင်ခဲ့ပင်မယ့် မင်းတို့က သူတို့ကို တားခဲ့တယ်၊ အခု ဒီကိုရီးယားနိုင်ငံသား ကြယ်ပွင့် အကန်ခ့ရတော့ မင်းတို့က သူ့မိဘတွေထက် ပိုစိုးရိမ်နေသလိုပဲ၊ မင်းတို့ သောက်ခေါင်းတွေက ကြောင်နေတာလား၊ မင်းတို့ ဦးနှောက်တွေ ချောင်နေတာလား၊ ဒါမှမဟုတ် မင်းတို့က ကိုရီးယားနိုင်ငံက လွှတ်လိုက်တဲ့ သူလျှိုလား”

ကင်ဟျွန်းမင်ကို သည်းမခံနိုင်တော့သဖြင့် သူသည် ထိုလူကို ရိုက်နှက်ပြီး မသိချင်ယောင်ဆောင်သွား၍ ရပေသည်။ သို့သော် ကင်ဟျွန်းမင်၏ အမာခံ ပရိသတ်များနှင့် ဦးနှောက်မရှိသော အစောင့်များကို တွေးမိသည်နှင့် သူ့စိတ်ထဲ၌ လေးလံလာရသည်။

ရိုက်နှက်ခြင်းက မထိရောက်ပေ။ ယင်းက ဦးနှောက်ရောဂါ ဖြစ်ပြီး ထိုသို့သောလူများသည် စဉ်းစားဆင်ခြင်နိုင်စွမ်း လုံးဝ ကင်းမဲ့နေသည်။

*နိုင်ငံခြားသားတွေက တရုတ်လူမျိုးတွေထက် ပိုတော်တာလား၊ တရုတ်လူမျိုးတွေက ကိုယ့်နိုင်ငံကိုယ် မကာကွယ်တာက လုံးဝ အဓိပ္ပာယ်မဲ့လွန်းတယ်”

သူ့စိတ်ထဲ၌ ဝမ်းနည်းစိတ် ပေါ်ထွက်လာရသည်။

တရုတ်နိုင်ငံသည် နှစ်ပေါင်း ငါးထောင်ကျော်ကြာ ယဉ်ကျေးမှု ထွန်းကားသော နိုင်ငံဖြစ်သည်။ ဘယ်လိုလုပ် လူအများက ကိုရီးယားနိုင်ငံ၏ ဦးနှောက်ဆေးခြင်း ခံရမည်နည်း။ တရုတ်နိုင်ငံသည် အသိအမှတ်ပြုခံရမည့် နိုင်ငံဖြစ်သော်လည်း ၎င်း၏လူမျိုးများသည် မိမိတို့နိုင်ငံရှိ နိုင်ငံခြားသားများကို ရင်ဆိုင်ရဲသည့် သတ္တိ မရှိကြကာ သူတို့အား လေးစားပြနေပြီး မိမိတို့၏ သိက္ခာအား ကျဆင်းစေခဲ့သည်။ ထိုအတွက် သူ ဘယ်လိုလုပ် ဝမ်းမနည်းဘဲ နေနိုင်မည်နည်း။

ထို့ကြောင့် ရဲ့လင်းချန် ဒေါသူပုန် ထလာရသည်။ အကြောင်းရင်းကို သူ နားမလည်သော်လည်း သူ့ဒေါသကို ဖြေလျှော့ပစ်မှ ရပေမည်။

အဖြစ်အပျက်က ရုတ်တရက် ထိန်းချုပ်ရ ခက်ခဲလာ၏။ ဘေးမှ ကြည့်နေသူများက ပိုတိုးလာပြီး အခြေအနေက ပို၍တောင်မှ ဆိုးရွားလာသည်။ Gala နွေဦးပွဲတော်၏ စူပါစတားအချို့တောင်မှ သတင်းရပြီး ရုန်းရင်းဆန်ခတ် အခြေအနေကို ကြည့်ရန် ထွက်လာကြသည်။

လူတိုင်း အမှန်တကယ်ကို ထိတ်လန့်နေ၏။ ဘေးအန္တရာယ်က လက်တစ်ကမ်းအလိုတွင် ဖြစ်၍နေသည်။ Gala နွေဦးပွဲတော်က မပြီးသေးသော်လည်း ရန်ပွဲက ဖြစ်နေပြီလော။ အနုပညာရှင်များသည် သူတို့၏ အပြောအဆိုနှင့် အပြုအမူကို ဂရုစိုက်သင့်သည် မဟုတ်ပါလား။ သူတို့သည် ပုံမှန်အားဖြင့် သူတို့ ပြောလိုက်သည့် စကားတိုင်းကို သတိထားကြသည်။ ဤသို့သော ဆူညံမှုကြီး ပြုလုပ်လိုက်ခြင်းက သတ္တိကောင်းလွန်းလှပေသည်။

လူတစ်ယောက်ချင်းစီ၌ မတူညီသော အတွေးများ ရှိနေသော်လည်း သူတို့အားလုံးသည် ရဲ့လင်းချန် လွန်လွန်းနေပြီဟု ခံစားမိနေကြသည်။

ကင်ဟျွန်းမင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ရဲ့လင်းချန်က ကမောက်ကမ အခြေအနေ ဖြစ်အောင် လုပ်ပြီး သူ့ကိုယ်သူ ဆွဲချနေလေသည်။

သို့သော် ကျန်လူအုပ်ကြီး၏ အတွေးမှာမူ ပို၍ ရိုးရှင်းနေသည်။

“ကောင်းလိုက်တဲ့ကန်ချက်”

“ရဲ့နတ်ဘုရား၊ မင်းက အချောဆုံးပဲ”

“ဒီကန်ချက်က တရုတ်လူမျိုးတွေရဲ့ ကျောရိုးကို ခိုင်မာလာစေတာပဲ၊ ကောင်းတယ်”

“ဒီလုံခြုံရေးအဖွဲ့က အမှိုက်သာသာပဲ၊ နည်းတောင်နည်းသေးတယ်”

“မြေယိုးတွေ၊ ဒီလုံခြုံရေးတွေ မျက်နှာလိုက်တာ အသိသာကြီးပဲ၊ ကင်ဟျွန်းမင်က လူကို တွန်းလိုက်တုန်းက လေတောင် မလည်ဘူး၊ ရဲ့နတ်ဘုရားက ပြန်လုပ်တာနဲ့ အတင်းတွေ မရတော့တာပဲ၊ အဲ့ဒါ ဘာသဘောလဲ၊ ငါ တရုတ်နိုင်ငံမှာတောင် မဟုတ်တော့ဘူးလို့ ထင်မိသွားတာ၊ ကင်ဟျွန်းမင်က မင်းအဖေလား၊ ဘာလား”

“ခွေးငတုံးတွေ”

“ငါ့ခွေးတောင်မှ သခင်ကို ဘယ်လို ကူညီရမလဲ သိသေးတယ်၊ ဒီလူတွေက ခွေးထက် ပိုဆိုးတယ်”

လုံခြုံရေးများ၏ အပြုအမူက ဒေါသကို ပို၍ ဆွပေးစေခဲ့သည်။ ရှက်ရွံ့မိသည့်အပြင် သစ္စာဖောက်ခံရသလိုပါ ခံစားရပြီး လူအုပ်ကြီးက အော်ဟစ်၍ ဆဲဆိုနေကြသည်။

အကန်ခံလိုက်ရသည့် လုံခြုံရေးသည် သူ့ဗိုက်ကို ကိုင်၍ ထရန် ကြိုးစားလေသည်။ သူ့မျက်နှာ တစ်ခုလုံး ဖုန်များ ပေကျံနေပြီး ရဲ့လင်းချန်အား ဒေါသတကြီး စိုက်ကြည့်လာသည်။

“မင်းက ငါ့ကို ကန်တယ်ပေါ့လေ”

“ဟုတ်တယ်၊ ဘာဖြစ်လဲ”

ရဲ့လင်းချန်က အေးစက်စက် ပြန်ပြောပြီးနောက် ခနဲ့လိုက်သည်။

“မင်းကို သတ္တိမရှိဘူးလို့ ငါ ထင်နေတာ၊ လက်စသက်တော့ မင်းက ကိုယ့်လူမျိုးကိုယ် ဘယ်လို ပြန်ကိုက်ရမလဲ ဆိုတာကိုပဲ သိတာကိုး”

အခြား လုံခြုံရေးများက သူတို့လူ ရိုက်နှက်ခံရသည်ကို မြင်သောအခါ ရှေ့တိုးရန် ပြင်လာသော်လည်း စီနီယာအချို့၏ တားဆီးခြင်း ခံလိုက်ရသည်။

“မင်းတို့ ဘာလုပ်မှာလဲ၊ အခြေအနေက ဒီလောက်နဲ့တင် ကမောက်ကမ ဖြစ်နေပြီ”

“ဘာဖြစ်လဲ၊ သူ့မှာ လူတစ်ယောက်ကို ချရဲတဲ့ သတ္တိ ရှိတယ်ဆိုရင် ဘာလို့ ကျွန်တော်တို့က သူ့ကို ကြောက်ရမှာလဲ”

“သူ ဘယ်သူလဲဆိုတာ မင်းတို့ မေ့နေပြီလား၊ သူက ဧရာမ စပါးအုံးမြွေကြီးရဲ့ ပါးစပ်ထဲကနေ အသက်ရှင်ခဲ့တဲ့ ရက်စက်တဲ့ ရဲ့နတ်ဘုရားပဲ၊ ငါတို့ သူ့ကို ချနိုင်တယ်လို့ မင်းတို့ ထင်လား”

“ကျွန်တော် နားလည်ပါပြီ”

အစောပိုင်းက အလွန် သွေးပူနေသော လုံခြုံရေးသည် မကြာခင်မှာပင် ရှေ့တိုးနေရာမှ ရပ်တန့်သွားသည်။

“ဒါ ငါတို့နဲ့ ဘာမှမဆိုင်ဘူး၊ ငါတို့ ဝင်ပါဖို့ မသင့်တော်တော့ ဘေးထွက်နေလိုက်၊ ပြဿနာထဲ ဝင်မပါနဲ့၊ သူတို့ဘာသာ ပြဿနာ ရှာမိအောင် ထားထားလိုက်”

“အင်း”

လုံခြုံရေးများသည် သူတို့ အချင်းချင်း ပြောဆိုကြပြီး မလှုပ်ကြတော့ပေ။ သူတို့သည် ဘာတွေဖြစ်နေသလဲ ဆိုသည်ကို မသိသကဲ့သို့ ပြုမူပြီး လူအုပ်ကြီးအား စိတ်မပါစွာ တားဆီးနေသည်။

ယခင်က ပြောဆိုနေသော လုံခြုံရေးများသည် ထိုသို့ ပြောနေခြင်းက အဓိပ္ပာယ် မရှိကြောင်း သတိပြုမိသွားသည်။ သူတို့သည် အမြီးကုပ်နေသော ခွေးတစ်ကောင်ကဲ့သို့ ငြိမ်သက်နေ၏။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျင် သူတို့သည် သန်မာသူကို ကြောက်ရွံ့ပြီး အားနည်းသူကို အကြမ်းဖက်တတ်သည့် လူမျိုးများ ဖြစ်သည်။

ကင်ဟျွန်းမင်၏ အခြေအနေက အလွန် ဆိုးရွားနေပြီး လက်ရှိတွင် သူသည် သူ့ဗိုက်ကို အုပ်ထားလေသည်။ သူ၏ မျက်နှာက နာကျင်မှုကြောင့် ခရမ်းရောင် သမ်းနေကာ သက်တော်စောင့် နှစ်ယောက်က သူ့အား ဘေးတစ်ဖက်စီမှ ထိန်းထားရသည်။ ကျန်သက်တော်စောင့် လေးယောက်မှာမူ သူတို့၏ ကျဉ်စက်များ ကိုင်၍ ရဲ့လင်းချန်ကို ဝိုင်းထားသည်။

ကင်ဟျွန်းမင်: “$$$@@@”

သက်တော်စောင့်များ: “$$$@@@”

သူတို့၏ လေသံက တင်းမာပြီး မည်သူမှ ဘာပြောနေမှန်း နားမလည်ကြသော်လည်း ၎င်းက ကောင်းသော စကား မဟုတ်မှန်း သိနေသည်။

တစ်ခဏကြာသော် သက်တော်စောင့် ခြောက်ယောက်လုံးက ရှေ့တိုးလာပြီး ရဲ့လင်းချန်ကိုသာ အာရုံစိုက် နေကြသည်။ သူတို့သည် ကျဉ်စက်ကို ကျစ်ကျစ်ပါအောင် ကိုင်၍ မကြည်လင်သော အကြည့်များဖြင့် ကြည့်နေသည်။

သက်တော်စောင့်များ၏ အမူအရာက သုန်မှုန်နေ၏။ သူတို့သည် တရုတ်နိုင်ငံ၌ ရှိနေသည်မှာ အနည်းငယ် ကြာပြီး ဖြစ်ပြီး ကင်ဟျွန်းမင်နောက်သို့ တစ်ချိန်လုံး လိုက်ပြီး လူတိုင်းအား မောက်မောက်မာမာ ဆက်ဆံခဲ့သည်။ ပရိသတ်တစ်ဖွဲ့က သူတို့အား ဆက်တိုက် ဝိုင်းခဲ့ပြီး အားလုံးက မိန်းကလေးများ ဖြစ်သည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်များကဲ့သို့ ထင်မှတ်လာပြီး ဂုဏ်သိက္ခာမြင့်သော လူများသည် အမျိုးမျိုးသော အစီအစဉ်များနှင့် စီးပွားရေးပွဲများ တက်သည့်အခါတိုင်း သူတို့အား တလေးတစား ဆက်ဆံကြသည်။ သူတို့သည် အရာရာကို ပိုင်စိုးပြီး တရုတ်လူမျိုးများထက် သာသည်ဟု ထင်မှတ်နေလေသည်။

သူတို့ သတိမထားမိလိုက်သည့် အချိန်၌ တစ်စုံတစ်ယောက်က ကင်ဟျွန်းမင်ကို ရိုက်နှက်သွားသဖြင့် ယင်းက သူတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားနေကြရသည်။ သူတို့သည် အလွန်အမင်း ဒေါကန်ကာ အရှက်ခွဲ ခံရသည်ဟု မှတ်ယူနေ၏။

ထိုမြင်ကွင်းက လူတိုင်းကို စိုးရိမ်သွားစေသည်။ မိန်းကလေးသည်လည်း အငိုရပ်သွားပြီး ရဲ့လင်းချန်အား စိုးရိမ်တကြီး ကြည့်လာသည်။

“ရဲ့နတ်ဘုရား သတိထား”

“ချီးပဲ၊ ဒီသက်တော်စောင့်တွေက တကယ်ကြီး လူတွေကို ရိုက်ရဲတာလား”

“ကင်ဟျွန်းမင် တိုက်ပေါ်ကနေ ခုန်ချသင့်တယ်၊ တရုတ်လူမျိုးတွေကို လွယ်လွယ် အနိုင်ကျင့်လို့ရတယ်လို့ သူ တကယ်ကြီး ထင်နေတာလား”

“ထွက်သွားစမ်း၊ သူကများ ငါတို့မြေပေါ်မှာ ပြဿနာရှာရဲတယ်ပေါ့လေ”

“အားလုံး ရဲ့နတ်ဘုရားကို သွားကူရအောင်”

“အသုံးမကျတဲ့ အစောင့်တွေ၊ လူတွေကို ရိုက်နှက်တာကို ခွင့်မပြုထားဘူးလို့ သူတို့ ခုနက ပြောခဲ့တာ မဟုတ်လား၊ အခု မင်းတို့တွေ ဘာလုပ်နေတာလဲ၊ ကြည့်ပဲ ကြည့်နေတော့မှာလား”

“လခွမ်း၊ ခုနက နိုင်ငံခြားသားတွေကို ကူညီဖို့ အရမ်း တက်ကြွနေပြီးတော့ အခု ငါတို့ကို တားဖို့ ကြိုးစားနေတာလား၊ ဒါ ဘာသဘောလဲ၊ ဒါ ဘယ်‌လိုတောင် ရူးမိုက်တာလဲ”

“ငါတို့နိုင်ငံအတွက် အရှက်ရစရာပဲ၊ ငါတို့နိုင်ငံရဲ့သစ္စာဖောက်တွေ”

အစောင့်များ၏ မလှုပ်မယှက် အပြုအမူကို မြင်ပြီး လူတိုင်း အဆုတ်ကွဲမတတ် အော်ဟစ်လာသည်။

သူတို့၏ တာဝန်က ဘာများလဲ၊ နိုင်ငံခြားသားများကို ကာကွယ်ပြီး ကိုယ့်လူမျိုး အနိုင်ကျင့်ခံရသည်ကို ကြည့်နေရန်လား။ ရဲ့လင်းချန်က ကင်ဟျွန်းမင်ကို သင်ခန်းစာပေးချိန်တွင် သူတို့က ဖြေရှင်းချက် ပေးရန် အသည်းအသန် တောင်းဆိုခဲ့သည်။ သူ့အား ဝိုင်းထားပြီး ရိုက်နှက်ခံရမည့်အရေးနှင့် ကြုံရချိန်တွင် သူတို့က မမြင်ချင်ယောင်ဆောင်ထားကြသည်။ ယင်းက သူတို့ လူတွေကို အကျိုးပြုပုံလေလား။

သူတို့ ကြောက်လျင်တောင်မှ အနည်းဆုံး ထိုသက်တော်စောင့်များကို သတိပေးခြင်း သို့မဟုတ် အကြံပေးခြင်း ပြုလုပ်သင့်သည် မဟုတ်ပါလော။ ဟန်ပြသက်သက် လုပ်ရင်တောင်မှပေါ့လေ။ သူတို့၌ သတ္တိရော သိက္ခာပါ မရှိမှန်း သိသာနေ၏။

“@@@@$$$$”

ကင်ဟျွန်းမင်က မုန်းတီးသော လေသံဖြင့် ဒေါသတကြီး အော်ဟစ်လာသည်။

“ချီးပဲ၊ သူတို့ ပြေးတက်လာပြီ”

“ရဲ့နတ်ဘုရား သတိထား”

သက်တော်စောင့် ခြောက်ယောက်လုံးက အလွန် အရပ်ရှည်ကြသည်။ အနက်ရောင် ဝတ်စုံနှင့် နေကာမျက်မှန်ကို တပ်ဆင်ထားသည့် သူတို့၏ မျက်နှာများက ခက်ထန်နေ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့သည် သွားရှုပ်၍ ရသည့် လူစားမျိုးပုံ ပေါက်မနေသလို သူတို့အားလုံးက အလွန် ကြံ့ခိုင်သန်မာလှသည်။

ထို့အပြင် သူတို့အားလုံးက အထူးလေ့ကျင့်ရေးများ ဆင်းခဲ့ဖူးပြီး သိုင်းပညာရှင်များ ဖြစ်ကြောင်း သိသာပေသည်။

ခြောက်ယောက်လုံးသည် ရဲ့လင်းချန်ကို ဝိုင်း၍ တိုက်ခိုက်လာသောအခါ ဘေးပတ်ဝန်းကျင်မှ လူများ၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲကုန်သည်။ လူတိုင်း ရဲ့လင်းချန်အတွက် စိုးရိမ်ပူပန်လာကြသည်။

“ရဲ့နတ်ဘုရား”

“သတိထား”

“ငါတို့ဘက် ပြေးလာခဲ့၊ ငါတို့ သူတို့ကို ချပစ်မယ်”

လူတိုင်း အော်ဟစ်‌ ပြောဆိုလာသည်။

လူတစ်ချို့သည် ရဲ့လင်းချန်အပေါ် ယုံကြည်မှုရှိပြီး ရဲ့လင်းချန်က ကောင်းကောင်း တိုက်ခိုက်နိုင်မည်ဟု ယုံကြည် ထားသည်။ သူသည် နတ်သားရဲဟု ပြောနိုင်သည့် ဧရာမ စပါးအုံးမြွေကြီးကိုပင် အနိုင်ယူနိုင်စွမ်း ရှိသူပင် မဟုတ်ပါတကား။

“သူတို့ကို ချပစ်လိုက် ရဲ့နတ်ဘုရား”

“သူတို့ကို ဘာမှ ညှာမနေနဲ့”

“သူတို့ကို လူစိတ်ရှိအောင် သင်ပေးပြီးတော့ တရုတ်လူမျိုးတွေကို ဖိနှိပ်လို့မရဘူးဆိုတာကို ပြပစ်လိုက်”

အမာခံ ပရိသတ်များထံမှ အော်သံ အချို့က ရှိနေဆဲပင်။

“ဟားဟားဟား … သူ့ကို ချပစ်၊ ငါ့ဟျွန်းမင်အတွက် လက်စားချေပစ်လိုက်”

“ဟျွန်းမင်၊ ရှင်က အချောဆုံးပဲ၊ ရှင်က အရိုက်ခံရပြီးတာတောင်မှ သိပ်ချောနေတုန်းပဲ၊ ကျွန်မ ရှင့်ကို သေမတတ် ချစ်တယ်နော်”

“ဟျွန်းမင် နာသွားလား၊ ကျွန်မ နှလုံးသားတော့ အရမ်း နာကျင်သွားတာပဲ”

…

All Chapters