← Chapters

ထိပ်တန်းအဆင့်တန်ခိုးစွမ်းအား

Vol. 6 Ch. 79

ထိပ်တန်းအဆင့်တန်ခိုးစွမ်းအား

Vol. 6 Ch. 79

အခန်း (၇၉) ထိပ်တန်းအဆင့်တန်ခိုးစွမ်းအား

လုန်ယွိက ကျောက်စိမ်းရေကန်ဘေးတွင် ရပ်လျှက် ရှိသည်။

အချိန်က ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းလွန်မြောက်ခဲ့ပြီ ဖြစ်လေသည်။

သူမသည်လည်း မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်၏။ သူမနှင့် တန်းတူကျင့်ကြံသူများထဲတွင် သူမက ရှေ့သို့ အရောက်ဆုံး ဖြစ်သည်။

သို့သော်… ယခုရက်ပိုင်းအတွင်း သူမ တစ်စုံတစ်ခုကို သတိရသွားမိသည်။

ထို့ကြောင့်… သူမက ဂိုဏ်းတူညီမလေးလင်စီးယာကို စာပို့အကြောင်းကြားကာ ကျောက်စိမ်းရေကန်သို့ ခေါ်လိုက်ခြင်း ဖြစ်၏။

ယနေ့တော့… လင်စီးယာရောက်လာမည်ကို သူမ ကျောက်စိမ်းရေကန်နံဘေးတွင်စောင့်နေခဲ့ခြင်း ဖြစ်၏။

မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲအကြောင်း သူမ သတင်းကြားထားလေသည်။

အခြားအချိန်ဆိုလျှင်… သူမ သေချာပေါက် လိုက်ပါသွားမည် ဖြစ်သည်။

သို့သော်… ယခုတော့ သူမက ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်နေသည့်အတွက် ကျောက်စိမ်းရေကန်ကို စွန့်ခွာသွားရန် မဖြစ်နိုင်သေးပေ။

ထို့ကြောင့်… သူမ စုဝေးပွဲသို့ လိုက်ပါနိုင်မည် မဟုတ်ပေ။

ဤသည်က ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်ရခြင်းအတွက် ပေးဆပ်ရသည့် တန်ဖိုးပင် ဖြစ်၏။

သို့သော်… ကျောက်စိမ်းရေကန်အတွင်းသို့ ဝင်ရောက်ကျင့်ကြံရခြင်းက ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာ မြင့်တက်လာစေရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

ခွန်လွန်တောင်တွင် ကျောက်စိမ်းရေကန်လောက် ဝိညာဉ်စွမ်းအားရင်းမြစ်များ များပြားသည့်နေရာ မရှိနိုင်ပေ။ ထို့ကြောင့်… ယခုနှစ်များအတွင်း သူမ၏ ကျင့်ကြံခြင်းက အရှိန်အဟုန်ဖြင့် မြင့်မားလာခဲ့သည်။

ထိုစဉ်… အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဂိုဏ်းတူအစ်မ… ကျွန်မ ဝင်လာလို့ မရဘူး…"

အသံကြားသည်နှင့် လုန်ယွိက ခြေထောက်များကိုကြွကာ တောင်အစွန်းသို့ ပျံသန်းထွက်ခွာသွားသည်။

ထို့နောက်… လက်တစ်ဖက်ဝှေ့ရမ်လိုက်လေရာ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်သည့် လမ်းတစ်လမ်း ထွက်ပေါ်လာသည်။

မကြာမီ… ထိုလမ်းအတိုင်း လင်စီးယာ ဓားကိုစီးနှင်ပျံသန်းလာသည်ကို တွေ့ရလေသည်။

လင်စီးယာက လုန်ယွိကို တစ်ချက်အကဲခတ်လိုက်၏။ လုန်ယွိကိုကြည့်ရသည်မှာ အနည်းငယ် ဖရိုဖရဲပုံစံ ဖြစ်နေလေသည်။

လင်စီးယာက…

"ဂိုဏ်းတူအစ်မ… ကျောက်စိမ်းရေကန်မှာ တစ်ယောက်တည်းနေရတာ နည်းနည်းတော့ မလွယ်ဘူးထင်တယ်နော်…"

ဟု မေးလိုက်၏။

လင်စီးယာက ကျောက်စိမ်းရေကန်အနီးသို့ မကပ်ရဲပေ။  သူမ စီးနှင်လာသည့်ဓားကို တောင်အစွန်းတွင် ရပ်တန့်လိုက်သည်။

လုန်ယွိက…

"အင်း… နည်းနည်းတော့ ဒုက္ခရောက်တာပေါ့… ၊ ဒါနဲ့… ဂိုဏ်းတူညီမလေး မှော်ဝင်တိမ်တိုက်စုဝေးပွဲကို သွားမှာလား…"

လင်စီးယာက…

"ဟင့်အင်း… မသွားဖြစ်ဘူး… ၊ နောက် (၂)ရက်လောက်နေရင် မူလဝိညာဉ်အဆင့်တက်ရောက်နိုင်ဖို့ တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ထားတယ်… ၊ နောက်တစ်ခေါက်မှပဲ သွားဖြစ်မယ် ထင်တယ်…"

ထို့နောက်… လင်စီးယာက လုန်ယွိကို အပြုံးမျက်နှာလေးဖြင့်ကြည့်ရင်း စ နောက် လိုက်သည်။

"ဘာလဲ… ဂိုဏ်းတူအစ်မက ကျွန်မကို လွမ်းနေလို့ လှမ်းခေါ်လိုက်တာလား…"

အမှန်တော့… လုန်ယွိ သူမကို ရုတ်တရက် လှမ်းခေါ်လိုက်သည့်အတွက် လင်စီးယာ အံ့အားသင့်နေရခြင်း ဖြစ်သည်။

လုန်ယွိက လင်စီးယာကို ကြည့်လိုက်သည်။

ဒီဂိုဏ်းတူညီမလေးက သူမကို အမြဲတမ်း ရင်းရင်းနှီးနှီးဆက်ဆံလေ့ရှိလေသည်။ သူမစိတ်ထဲတွင်လည်း လင်စီးယာနှင့် ရင်းနှီးသလို ခံစားရသည်။

ထို့ပြင်… လင်စီးယာ၏ အမူအကျင့်လေးများကလည်း သဘောကျစရာ ဖြစ်လေရာ လုန်ယွိ သူမကို ခပ်စိမ်းစိမ်းနေစရာ အကြောင်းမရှိပေ။

လုန်ယွိက လင်စီးယာကို ကြည့်လိုက်ရင်း…

"မေးစရာလေးတစ်ခုရှိလို့ ခေါ်လိုက်တာပါ ဂိုဏ်းတူညီမလေး… ၊ ဟိုးအရင်တုန်းက ငါ ရေကူးနေတဲ့ နဂါးပုံတစ်ပုံကို မှတ်တမ်းမှော်ဝင်ပစ္စည်းလေးတစ်ခုနဲ့ မင်း မှတ်တမ်းတင်ထားတယ် မဟုတ်လား…"

လုန်ယွိစကားကြောင့် လင်စီးယာ ကြက်သေသေသွားလေသည်။

သူမ အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရသည်။

"ဂိုဏ်းတူအစ်မ… ကျွန်မ… ကျွန်မက အပျော်သက်သက် နောက်လိုက်တာပါ…"

လုန်ယွိက လင်စီးယာကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်လိုက်ရင်း…

"အင်းပါ… ငါ သိပါတယ်… ၊ ဒါပေမဲ့ အဲဒီပစ္စည်းလေး ငါ ပြန်ရနိုင်မလားလို့…"

ယခုတစ်ကြိမ်မှာတော့ လင်စီးယာ လုန်ယွိရှေ့တွင် ခေါင်းမဖော်ရဲတော့ပေ။

သူမက ခပ်တိုးတိုးလေသံဖြင့်…

"အဲဒီပစ္စည်းလေး… ပျောက်သွားပြီ ဂိုဏ်းတူအစ်မ…"

"………………"

လုန်ယွိ ဆွံ့အသွားသည်။

လင်စီးယာက အလျှင်အမြန်ပင် ဖြေရှင်းချက်ပေးလိုက်သည်။

"ကျွန်မ… ကျွန်မ အခုပဲ ပြန်ရှာလိုက်ပါ့မယ်…ဂိုဏ်းတူအစ်မ…"

သူမက စကားဆက်ပြောလိုက်သည်။

"အဲဒီပစ္စည်း ဘယ်သူယူသွားလဲဆိုတာ ကျွန်မ သိပါတယ်… ၊ ဒီရက်ပိုင်းအတွင်း ပြန်တောင်းလိုက်ပါ့မယ်…"

လုန်ယွိက …

"ဘယ်သူယူသွားတာလဲ…"

လင်စီးယာက…

"အရင်ကတော့… ဂိုဏ်းတူအစ်မချီလင်ယူသွားတာပဲ… ၊ ဒီရက်ပိုင်း ကျွန်မ သူ့ဆီသွားမေးလိုက်ပါ့မယ်…"

ပြီးမှ လင်စီးယာက တစ်စုံတစ်ခုကို သိချင်ဟန်ဖြင့် လုန်ယွိကို ကြည့်လိုက်ပြီး…

"အဲဒီမှော်ဝင်မှတ်တမ်းပစ္စည်းလေးကို အရင်တုန်းက ဂိုဏ်းတူအစ်မ စိတ်မဝင်စားပါဘူး… ၊ အခုမှ ဘာလို့ ရုတ်တရက်ကြီး ပြန်တောင်းရတာလဲ…"

ထိုမှတ်တမ်းပစ္စည်းလေးက လုန်ယွိ နဂါးပုံစံဖြင့် ရေကူးနေသည်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပြီး တကယ်တမ်း လုန်ယွိ၏ အဝတ်မပါ ရေချိုးနေသည့်ခန္ဓာကိုယ်ကို မှတ်တမ်းတင်ထားခြင်း မဟုတ်ပေ။

လုန်ယွိက မျက်ခုံးများကို တွန့်ချိုးထားပြီး တိတ်ဆိတ်နေလေသည်။

သူမက ကလေးတစ်ယောက် မဟုတ်တော့ပေ။

သာမန်အခြေအနေတွင်… သူမ၏ နဂါးပုံစံကို အခြားသူများတွေ့မြင်သည်က ပြဿနာမရှိသော်လည်း ယခုတော့ အနည်းငယ် မသိုးမသန့် ခံစားနေရသည်။

လွန်ခဲ့သည့်အချိန်များတွင် တစ်စုံတစ်ယောက်က သူမကို တိတ်တဆိတ်ကြည့်ရှုနေသည်ဟု သူမ ထူးဆန်းစွာ ခံစားနေရသည် မဟုတ်ပါလား။

ထိုခံစားချက်က သူမကို စိတ်မသက်မသာ ဖြစ်စေလေသည်။

ထို့ကြောင့်… သူမက တောင်တွေး မြောက်တွေး အတွေးလွန်ကာ ထိုမှတ်တမ်းပစ္စည်းလေးကို ပြန်လိုချင်နေခြင်း ဖြစ်သည်။

လုန်ယွိက…

"အဲဒီမှတ်တမ်းပစ္စည်းလေးကို တစ်ယောက်ယောက်များ ဖွင့်ကြည့်ပြီးသွားပြီလား…"

လင်စီးယာက…

"အဲဒီ ပစ္စည်းလေးကို ကျွန်မ ချိတ်ပိတ်ထားပါတယ် ဂိုဏ်းတူအစ်မ… ၊ တစ်ယောက်ယောက်က ဖွင့်ကြည့်တယ်ဆိုရင် ကျွန်မ သိမှာပဲပေါ့… ၊ ဒါပေမဲ့ အခုချိန်ထိတော့ တစ်ယောက်မှ ဖွင့်မကြည့်ရသေးဘူးထင်တယ်…"

ထိုမှတ်တမ်းပစ္စည်းလေးက နှစ်ပေါင်းအနည်းငယ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခုမှ လုန်ယွိက အဘယ့်ကြောင့် ရုတ်တရက် ပြန်လိုချင်ရပါသနည်း။

သူမ လုန်ယွိ၏ မျက်နှာကိုတစ်ချက်အကဲခတ်ကြည့်လိုက်သော်လည်း လုန်ယွိက အရင်အတိုင်း ခံစားချက်ကင်းမဲ့နေဆဲ ဖြစ်သည်။

လုန်ယွိက လင်စီးယာကို ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

ထိုမှတ်တမ်းပစ္စည်းလေးကို မည်သူမှ မကြည့်ရသေးလျှင်လည်း ကောင်းသည့်ကိစ္စပဲ ဖြစ်သည်။

ကြည့်စရာဘာမှမရှိသော်လည်း မည်သူမှ မကြည့်ရသေးလျှင် သူမ ပိုပြီး စိတ်သက်သာရာရမိမည် ဖြစ်သည်။

………………

ကျန်းလန် မရဏဂူသို့ ပြန်လာခဲ့သည်။

သူက စနစ်တွင် အလျှင်စလို မှတ်ပုံတင်ခြင်း မပြုလုပ်သေးပေ။

အရင်ဆုံး သားရဲဥလေးကို တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး ဝိညာဉ်ဆေးရေများဖြင့် လောင်းလိုက်သည်။

သူ အိပ်မက်ကမ္ဘာထဲရောက်နေသည့် အချိန် (၁၀)နှစ်အတွင်းမျာလည်း သားရဲဥလေးကိုတော့ ဝိညာဉ်ဆေးရည်များလောင်းပေးရန် မပျက်ကွက်ခဲ့ပေ။

သို့သော်… နှစ်ပေါင်း (၁၀၀) ကြာမြင့်ခဲ့သည့်တိုင် သားရဲဥလေးကတော့ မည်သည့်အကောင်မှ ပေါက်မလာခဲ့ပေ။

သာမန်သစ်ပင်တစ်ပင်ကို နှစ်ပေါင်း (၁၀၀)ခန့် ဝိညာဉ်ဆေးရည်များ လောင်းပေးနေလျှင်တောင်မှ သိစိတ်ဝိညာဉ်ထွက်ပေါ်လာသည့် သစ်ပင်တစ်ပင်ဖြစ်နေလောက်ပေပြီ…။

သားရဲဥလေးကတော့ တုတ်တုတ်မှ မလှုပ်ခဲ့ပေ။

"ကြည့်ရတာ အကောင်မပေါက်တော့တဲ့ တကယ့်သစ်ဥဖြစ်သွားပြီ ထင်တယ်…"

ကျန်းလန် တွေးလိုက်သည်။

သစ်ဥသာဆိုလျှင်တော့ ဘယ်တော့မှ အကောင်ပေါက်လာမည် မဟုတ်တော့ပေ။

သို့သော်… ကျန်းလန် စိတ်ထဲ မထားပေ။ သူက ဤသားရဲဥလေးကို ဆက်ပြီး မွေးမြူထားချင်မိသည်။

နှစ်ပေါင်း (၁၀၀) ကျော် ပြုစုပျိုးထောင်ခဲ့ပြီးမှတော့ ကျန်းလန်အတွက် ကျင့်သားလည်းရနေပြီဖြစ်သလို သံယောဇဉ်လည်း တွယ်နေမိပြီ ဖြစ်သည်။

သားရဲဥလေး၏ကိစ္စများပြုလုပ်ပြီးနောက် ကျန်းလန် တင်ပျဉ်ခွေထိုင်လိုက်သည်။

"စနစ်… ငရဲတံခါးအနားမှာ မှတ်ပုံတင်မယ်…"

အချိန် (၁၀)နှစ်ကြာ စနစ်တွင် မှတ်ပုံမတင်ခဲ့သောကြောင့် မည်သို့သော အဖိုးတန်ပစ္စည်းများ ရရှိမည်လဲဟု ကျန်းလန် သိချင်နေမိသည်။

[ ဒင် ! ]

[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်… ၊ မဟာတာအိုမှ ပေးအပ်တဲ့လက်ဆောင်ကိုရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ ယခုတစ်ကြိမ် သင်ရရှိတာကတော့ ထိပ်တန်းတန်ခိုးစွမ်းအားဖြစ်တဲ့ 'အန္တရယ်ကိုးသွယ်' စွမ်းအားကို ရရှိပါတယ်…]

[ အန္တရယ်ကိုးသွယ်စွမ်းအား : ထိပ်တန်းအဆင့်စွမ်းအားတစ်ခုဖြစ်ပြီး နွားရိုင်းကိုးကောင်စွမ်းအားကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်တယ်… ၊ ဒါက အင်မော်တယ်စွမ်းအားကျင့်စဉ်ဖြစ်တယ်… ၊ 'ဝိညာဉ်ဖိနှိပ်စွမ်းအား' နှင့် 'နွားရိုင်းကိုးကောင်စွမ်းအား' ကို ကျင့်ကြံအောင်မြင်ထားသူသာ ဒီစွမ်းအားကို အသုံးပြုနိုင်မှာ ဖြစ်တယ်…]

အန္တရယ်ကိုးသွယ်စွမ်းအားကို ကြည့်ပြီး ကျန်းလန် များစွာ အံ့အားသင့်သွားမိသည်။

အကြောင်းမှာ… ထိုစွမ်းအားကို ကျန်းလန် မည်သို့မှ မကျင့်ကြံနိုင်သောကြောင့်ဖြစ်သည်။

သူမ မည်မျှ ကြိုးစားသင်ယူပါစေ ထိုစွမ်းအားအကြောင်း နားလည်နိုင်ခြင်း မရှိပေ။

သူ့အနေဖြင့် နွားရိုင်းကိုးကောင်စွမ်းအားကို အောင်မြင်အောင် အရင်ဆုံး ကျင့်ကြံရမည် ဖြစ်သည်။ ပြီးမှ… အန္တရယ်ကိုးသွယ်စွမ်းအား၏ စွမ်းအားနိဒါန်းအမှန်ကို သိရှိရမည် ဖြစ်သည်။

သို့သော်… နွားရိုင်းကိုးကောင်စွမ်းအားက အန္တရယ်ကိုးသွယ်စွမ်းအားအဖြစ် မည်သို့အဆင့်တက်သွားမည်ကို ကျန်းလန် သိချင်နေမိသည်။

"ဒီစွမ်းအားက ဘယ်လိုစွမ်းအားမျိုးလဲ… ၊ အရမ်းအစွမ်းထက်သလား မပြောတတ်ဘူး…"

ကျန်းလန် ရေရွတ်လိုက်သည်။

ထို့နောက်… ကျန်းလန် ထိုအကြောင်းကို မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။

နွားရိုင်းကိုးကောင်စွမ်းအားကို ကျင့်ကြံအောင်မြင်ပြီးလျှင် အသေးစိတ်သိရှိရမည်ပဲ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ… အချိန် (၁၀)နှစ်ကြာ စနစ်တွင်မှတ်ပုံမတင်ခဲ့သည့်အတွက် ရရှိသည့်အရာက အတော်လေးတော့ အဖိုးတန်နိုင်လေသည်။

သို့သော်… ယခင်ကရရှိခဲ့သည့် မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာနှင့် မိုးနဲ့မြေကိုဖန်ဆင်းခြင်း ဆေးလုံးမျိုးကတော့ အမှန်တကယ် ရရှိရန် ခက်ခဲလှသည်။

ကျန်းလန် ခေါင်းတစ်ချက်ခါရမ်းလိုက်ပြီး ကျင့်ကြံရန် စိတ်အာရုံစူးစိုက်လိုက်သည်။

လောလောဆယ်တွင် သူ့အနေဖြင့် ကျင့်ကြံခြင်းအဆင့်တက်နိုင်မည် မဟုတ်သေးပေ။

သို့သော်…  ကျင့်ကြံခြင်းဆိုသည်က အဆက်မပြတ်ကျင့်ကြံနေရမည်ဖြစ်ပြီး ရပ်တန့်ရန် မဖြစ်နိုင်ပေ။

ကျင့်ကြံသူတစ်ယောက် လက်ရှိရောက်နေသည့် ကျင့်ကြံခြင်းအဆင့် ပိုမိုအားကောင်းလာစေရန်လည်း အဆက်မပြတ် ကျင့်ကြံခြင်း ပြုလုပ်ရမည် ဖြစ်လေသည်။

ကျင့်ကြံခြင်းအဆင့်တက်ရန်နှင့် လက်ရှိကျင့်ကြံခြင်းအဆင့် ပိုမိုအားကောင်းအောင်ကျင့်ကြံရန်မှာ အညီအမျှ အရေးကြီးသည့်အချက် ဖြစ်သည်။

ကျန်းလန်အနေဖြင့်… မရှိမှုအာကာသအဆင့်တွင် အချိန်အတော်လေး ကြာမြင့်ဦးမည် ဖြစ်သည်။

ထို့ကြောင့်… သူ့အနေဖြင့် မရှိမှုအာကာသအဆင့်နှင့် သက်ဆိုင်သည့် တန်ခိုးစွမ်းအားများစွာကို မြင့်တက်လာစေရန် ဆက်လက်ကျင့်ကြံရမည် ဖြစ်သည်။

အမြဲတမ်း စွမ်းအားကြီးမားအောင် ကျင့်ကြံနေခြင်းက ရုတ်တရက်ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကို ကိုင်တွယ်ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ကြိုတင်မသိမြင်နိုင်သည့် အခြေအနေများအတွက် အမြဲတမ်း ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။

အန္တရယ်ဆိုသည်က ရောက်လာမည်ဟု အသိပေးပြီးမှ ရောက်လာမည့်အရာ မဟုတ်ပေ။ ထို့ကြောင့်… အန္တရယ်ကြုံရသည်နှင့် ချက်ချင်းတုံ့ပြန်နိုင်စွမ်းရှိရန် လိုအပ်သည်။

လောလောဆယ်တွင်တော့… ကျန်းလန်အနေဖြင့် နွားရိုင်းကိုးကောင်စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်အောင်ကျင့်ကြံထားရန် လိုအပ်သည်။

မရှိမှုအာကာသအဆင့်သို့ တက်ရောက်ပြီးနောက် နွားရိုင်းကိုးကောင်စွမ်းအားက နွားရိုင်းခုနစ်ကောင်စွမ်းအားမှ နွားရိုင်းရှစ်ကောင်စွမ်းအားအထိ မြင့်တက်လာသည်။

သူ ဆက်ပြီးကျင့်ကြံမည်ဆိုလျှင် နွားရိုင်းကိုးကောင်စွမ်းအားကို ကျင့်ကြံအောင်မြင်တော့မည် ဖြစ်၏။

ထို့ပြင်… အခြားသော မန္တန်များ ၊ ကျင့်စဉ်များနှင့် တန်ခိုးစွမ်းအားများကိုလည်း အဆင့်မြင့်တက်လာအောင် ထပ်မံ ကျင့်ကြံရဦးမည်ဖြစ်သည်။

နွားရိုင်းကိုးကောင်စွမ်းအားကို ကျန်းလန် (၃)ရက်တိတိ ကျင့်ကြံနေခဲ့သည်။

(၃)ရက်ပြည့်သည့်နေ့တွင်တော့ နွားရိုင်းရှစ်ကောင်စွမ်းအားသို့ အဆင့်တက်ရောက်နိုင်ခဲ့သည်။

သို့သော်… နွားရိုင်းရှစ်ကောင်စွမ်းအားကို ချက်ချင်းအသုံးပြုရန် မဖြစ်နိုင်သေးပေ။ သူအတွက်မှာတော့ နွားရိုင်းခုနစ်ကောင်စွမ်းအားသည်ပင် အတော်လေး ကြီးမားပြင်းထန်နေပြီ ဖြစ်သည်။

ယခုဆိုလျှင်… ကျန်းလန်က မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့်ကျင့်ကြံသူများကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။

သူသာ နွားရိုင်းကိုးကောင်စွမ်းအားကို ကျင့်ကြံအောင်မြင်သွားလျှင် အင်မော်တယ်များကိုပင် တိုက်ခိုက်နိုင်မည်လား မပြောတတ်ပေ။

ရင်ဆိုင်ချင်မှလည်း ရင်ဆိုင်နိုင်ပေလိမ့်မည်…။

ထို့ပြင်… နွားရိုင်းကိုးကောင်စွမ်းအားကို ကျင့်ကြံအောင်မြင်ပြီးလျှင် အန္တရယ်ကိုးသွယ်စွမ်းအားကို ဆက်လက်ကျင့်ကြံရပေဦးမည်။

All Chapters