← Chapters

။ မဟူရာဓား ကျုံးကျီ ၊ နှင်းမြူဓား ပိုင်ဟုန်။

Vol. 18 Ch. 252

။ မဟူရာဓား ကျုံးကျီ ၊ နှင်းမြူဓား ပိုင်ဟုန်။

Vol. 18 Ch. 252

" ငါတို့က သာမာန်ကျင့်ကြံသူတွေဆိုတာကို မမေ့နဲ့ဦး။ ကောင်းကင်ကြီးပြိုကျလာရင်တောင် ထောက်ကန်ပေးမယ့် အဓိကအင်အားစုကြီးတွေ ရှိပါသေးတယ်ကွာ။ မင်းဘာတွေကို စိုးရိမ်နေရတာလဲ။ "

အကြီးအကဲ ချန်နင်းသည် အကြီးအကဲထျန်ဖုန်းကို စ်ိုက်ကြည့်ကာ ခေါင်းကိုခါရမ်းလိုက်ပြီး အပြုံးကလေးတစ်ပွင့်ဖြင့်ပြောဆိုလိုက်သည်။

" ဒီလိုဆိုပေမယ့် လက်တလော တစ်ခုခုမှားနေတယ်လို့ ငါခံစားနေရတယ်။ ဆန်းကြယ်တဲ့ အင်အားစုတစ်စုက ဒီအရာတွေကို နောက်ကွယ်က လုပ်ဆောင်နေသလိုပဲ။ "

" အရူးယန်လို လူမျိုးကို အရင်က ဘယ်သူမှမသိတာ ဖြစ်နိုင်ပါ့မလား။ ဒါပေမယ့် ဒီအရူးယန်က သတင်းအချက်အလက်ရှာမရဘဲ ဘယ်ကမှန်းမသိ ထွက်ပေါ်လာခဲ့တယ်။ ဆယ်ရက်အတွင်းမှာပဲ သူက ကမ္ဘာပေါ်က ပါရမီရှင်တွေ အများကြီးကို အနိုင်ယူပြီး ကျော်ကြားလာခဲ့တယ်။ "

" သူ့နောက်ကွယ်မှာ ဘယ်အင်အားစုမှ မရှိဘူးလို့ပြောရင် ဒီအဖိုးကြီးကတော့ လုံးဝက်ို မယုံကြည်နိုင်ဘူး။ "

လူအိုကြီးထျန်ဖုန်းသည် လေးလံနေသော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

" အဲဒီအင်အားစုကြီးတွေက ဒီအဖြစ်အပျက်ကို စောင့်ကြည့်နေကြတာပဲ။ မင်းဘာတွေက်ို စိုးရိမ်နေရသေးတာလဲ။ "

အကြီးအကဲ ချန်နင်းသည် ခေါင်းကိုခါရမ်းကာ ထပ်မံပြောဆိုလိုက်သည်။

" ဒီလူအိုကြီး စိုးရိမ်တာက အဲဒီအင်အားစုကြီးတွေက သူတို့ကိုယ်သူတို့ မှန်ကန်တယ်ထင်ပြီး ဒီအဖြစ်အပျက်နောက်ကွယ်က လူတွေရဲ့ ကစားတာက်ို ခံလိုက်ရမှာ စိုးရိမ်လို့ကွ။ "

လူအိုကြီး ထျန်ဖုန်းသည် အေးစက်စွာ နှာမှုတ်ရင်း ပြောဆိုလိုက်သည်။

" ကောင်းပြီ။ ငါတို့ ဒီနေ့အတူရောက်လာတာက ဆက်ခံသူ ရှာဖွေမလို့ မဟုတ်ဘူးလား။ ကမ္ဘာ့အရေးကိစ္စတွေ ပြောမနေကြရအောင်ကွာ။ ဒီလူငယ်လေး နှစ်ယောက်က အရူးယန်ရဲ့ လှုံဆော်ခြင်းကို ခံလိုက်ရတာလေ။ သူတို့တွေက တကယ့်ကို အရူးအမူးတိုက်ခိုက်ကြမှာ။ "

အကြီးအကဲချန်နင်းသည် လက်နှစ်ဖက်ကို ဝေ့ရမ်းလိုက်ပြီး လူငယ်လေး နှစ်ယောက်ကို စူးစိုက်ကြည့်လျက် ပြောဆိုလိုက်သည်။

" မဟူရာဓား ကျုံးကျီ၊ နှင်းမြူဓား ပိုင်ဟုန်..။ ဒီ ပါရမီရှင် နှစ်ယောက်က စတင်ကျော်ကြားလာကတည်းက မရှုံးနိမ့်ဖူးသေးဘူး။ သူတို့က တစ်ယောက်ကို တစ်ယောက်အမြဲ လိုလို ပြိုင်ဘက်တွေလို့ သဘောထား ခဲ့ကြတာ။ ဒါပေမယ့်လည်း အခုတော့ အရူးယန်ရဲ့ ဖိအားပေါ်ပေါက်လာပြီလေ။ ဒါကြောင့်မလို့ သူတို့တစ်ယောက်နဲ့တစ်ယောက် လာရောက်ယှဥ်ပြိုင်ကြတာပဲ။ ဒါက ကောင်းတဲ့ကိစ္စပါပဲ။ "

လူအိုကြီးထျန်ဖုန်းသည် ခေါင်းညိမ့်လိုက်ပြီး သူ့အတွေးအခေါ်များကို ခါထုတ်လိုက်ကာ ပြောဆိုလိုက်သည်။

" သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က သန်မာပြီး တစ်ယောက်က လျင်မြန်တယ်။ ဒီလူငယ်လေး နှစ်ယောက်က ငါတို့နှစ်ယောက်ရဲ့ ဆက်ခံသူဖြစ်ဖို့ သင့်တော်တယ်ကွ။ "

အကြီးအကဲချန်နင်းသည် ရယ်ကာမောကာဖြင့် ပြောဆိုလိုက်သည်။

" သူတို့နှစ်ယောက်က ငါတို့က်ို စိတ်ဝင်စားမှာ မဟုတ်ဘူး။"

" မင်းမကြိုးစားကြည့်ပဲ ဘယ်လိုလုပ် သိမှာလဲ။ "

ဒီအချိန်မှာပဲ ဝမ်ဖုန်း၊ နင်းတောက်ချီ ၊ စုန့်ချယ် တို့သည် ကောင်းကင်ပေါ်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့ကြသည်။

ဝမ်ဖုန်းသည် အနည်းငယ် မေးမြန်းစုံစမ်းကြည့်ပြီးမှ ဘာတွေဖြစ်နေသလဲဆိုတာကို နားလည်သွားသည်။ တောင်ထိပ်ပေါ်ကလူတွေက ဒီလူငယ်လေးနှစ်ယောက်၏ တိုက်ခိုက်ပွဲကို စိတ်ဝင်တစား လာရောက်ကြည့်ရှု့ကြတာဖြစ်သည်။

ဝမ်ဖုန်းဟာလည်း အလွန်အမင်းပါရမီရှိပြီး လေလွင့်ကျင့်ကြံသူများဖြစ်ကြသော လူငယ်မျိုးဆက်လေး နှစ်ယောက်ကြားက တိုက်ပွဲကို သဘာဝဆန်စွာပဲ စိတ်ဝင်စားလာခဲ့သည်။ ဝမ်ဖုန်းသည် ဒီတိုက်ပွဲကို ကြည့်ရှု့ချင်မိသည်။ ဖြစ်နိုင်ပါက သူဟာ ထိုလူငယ်လေး နှစ်ယောက်ကို ရှန်ရှန့်ကျုံဂိုဏ်း အတွင်းသို့ သွတ်သွင်းချင်နေသည်။

မနေ့က ယဲ့ဟွမ်နဲ့ ယဲ့ရှန်းအိမ်တော်မှ လူများ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်လာပြီးနောက် ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းက သန်မာသော လူများကို နတ္ထိခန်းမအတွင်းသို့ ထည့်သွင်းလိုက်ပြီး နင်းတောက်ချီနှင့် စုန့်ချယ်တို့ကိုခေါ်ဆောင်ကာ ထျန်းလန် အလယ်ပိုင်းဒေသသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

သို့ပါသော်လည်း ထျန်းလန်အလယ်ပိုင်းဒေသက်ို စတင်ဝင်ရောက်လာတာနဲ့ တပြိုင်နက် ပြပွဲကောင်းကြီးတစ်ခုနှင့် တွေ့ကြုံရလိမ့်မည်ဟု ဝမ်ဖုန်းတစ်ယောက် တွေးထင်မထားခဲ့ပါ။

ဤရှေးဟောင်းတောင်တန်းနယ်မြေသည် ထျန်းလန်အလယ်ပိုင်းဒေသအတွင်းရှိ ကြီးမားသောတောင်တန်းနယ်မြေတစ်ခုဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးအကြားရှိ ရတနာပစ္စည်းများစွာလည်း ရှိနေသည့်အပြင် စွမ်းအားကြီး မကောင်းဆိုးဝါးများလည်း ကိန်းဝပ်နေထိုင်ကြသည်။

ဒီလူငယ်လေးနှစ်ယောက် ဒီနေရာတွင် လာရောက်ယှဥ်ပြိုင်တိုက်ခိုက်ရခြင်းမှာ သူတို့အကြောင်းကို လူမသိစေရန်ဖြစ်သည်။ သို့ပါသော်လည်း ကျင့်ကြံသူပေါင်းများစွာက သူတို့အကြောင်းတစ်နည်းနည်းဖြင့် စုံစမ်းသိရှိသွားကာ ဆိတ်ငြိမ်ခြင်းတောင်တန်းများအတွင်းသို့ ရောက်လာခဲ့ကြသည်။ သူတို့ရဲ့ အရှိန်အဝါများကို အာရုံခံမိပြီးနောက် လူပေါင်းများစွာက ပြပွဲကို ကြည့်ရှုရန်ပျော်ရွှင်စွာ ရောက်လာခဲ့ကြခြင်းဖြစ်သည်။

လူအိုကြီး ချန်းနင်တို့ နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် စနောက်နေခဲ့ကြခြင်းပဲဖြစ်သည်။ ကျုံးကျီ နှင့် ပိုင်ဟုန်တို့နှစ်ယောက်၏ လုပ်ဆောင်နိုင်စွမ်းက သူတို့ကို စိတ်ဝင်စားစေမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်သည်။

အုန်း..

ဒီအချိန်မှာပဲ မဟူရာဓားကျုံးကျီနှင့် နှင်းမြူဓားပိုင်ဟုန်းတို့ မတ်တပ်ရပ်နေခဲ့ကြသော နေရာရှိ မိုးကောင်းကင်မှာ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်ကြီးတစ်ခုလုံးမှာ မဲမှောင်သွားပြီး သူတို့နှစ်ယောက်ထံမှ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့ကာ လေထုက်ို တုန်ခါစေခဲ့သည်။

" ဟာ "

" တာအိုအရှင်သခင် အထွတ်အထိပ် "

" မဟူရာဓား ကျုံးကျီ ၊နှင်းမြူဓား ပိုင်ဟုန်းတို့က လေလွင့်ကျင့်ကြံသူထဲက အတော်ဆုံး ပါရမီရှင်တွေအဖြစ်ထိုက်တန်ပါတယ်လေ။ သူတို့က တကယ့်ကို ကြောက်စရာကောင်းတာပဲ။ "

" ဟုတ်တယ်။ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံဆင့်က အဓိကဂိုဏ်းကြီးတွေက တပည့်တွေထက်တောင် သာလွန်နေပြီ။ အဓိကဂိုဏ်းကြီးတွေရဲ့ အစစ်အမှန်ပါရမီရှင်ကပဲ သူတို့နဲ့ ယှဥ်ပြိုင်နိုင်တော့မှာကို ငါစိုးရိမ်မိတယ်။"

" သူတို့နှစ်ယောက်ထဲမှာ ဘယ်သူကသန်မာပြီး ဘယ်သူကပိုအားနည်းမလဲ မသိဘူးနော်။ "

" ဒါကတော့ ပြောဖို့ခက်တယ်။ သူတို့နှစ်ယောက်လုံးက နာမည်ကျော်ကြားတာခြင်း အတူတူပဲလေ။ ပြီးတော့ ကျင့်ကြံဆင့်ကလည်း တူနေသေးတယ်။ လက်ရည်တူဖြစ်နေမှာတောင် စိုးရိမ်နေရတယ်။ "

ကျုံးကျီတို့ထံမှ ထွက်ပေါ်လာသော စွမ်းရည်အရှိန်အဝါများက််ို ခံစားလိုက်ရသည့်အခါ အဝေးတစ်နေရာရှိ တောင်တန်းများပေါ်တွင် ကြည့်ရှု့နေသော သန်မာသည့်ကျင့်ကြံသူများသည် သက်ပြင်းရှိုက်လိုက်မိကြသည်။ သူတို့ဟာ စကားစမြည်ပြောဆိုနေကြပြီး သူတို့၏ မျက်ဝန်းများက လူငယ်လေးနှစ်ယောက်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့ကြသည်။ ဤသည်မှာ ရှားမှရှားသော တိုက်ပွဲပဲဖြစ်သည်။ ဝမ်ဖုန်းတို့အုပ်စုကတော့ တည်​ငြိမ်သော အမူအရာရှိနေဆဲပင်။ ဝမ်ဖုန်းသည် လက်ဝေ့ရမ်းလိုက်သည့်အခါ စားပွဲတစ်လုံးသည် တောင်ထိပ်ပေါ်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ နဥ်းတောက်ချီနှင့် စုန့်ချယ်တို့သည် လက်ဖက်ရည်သောက်ရင်းဖြင့် လူငယ်လေးများအကြားရှိ တိုက်ပွဲကို စောင့်ကြည့်နေခဲ့ကြသည်။

တောင်ထိပ်ပေါ်တွင် ကျုံးကျီ၏ မျက်လုံးများသည် လှုပ်ရှားသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ထက်မြသည့်အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျုံးကျီ၏ ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားစွမ်းအင်ကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ယံပေါ်ရှိ တိမ်မဲကြီးများသည် ဤဓားစွမ်းရည်၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။ တိမ်မည်းများအကြား အက်ကြောင်းမှနေ၍ နေရောင်ခြည်များသည် ကျုံးကျီ၏ အပေါ်သို့ ဖြာဆင်းလျက်ရှိသည်။ သူ့ကို ကြည့်ရှု့ရသည်မှာ ဓားနတ်ဘုရားအလားပင်။

မဟူရာဓား ကျုံးကျီကို မဟူရာဓားသမားဟုခေါ်ဆိုရခြင်းမှာ သူ၏ကြောက်မယ်ဖွယ်ကျင့်ကြံဆင့်ကြောင့်သာမက သူ့လက်ထဲရှိ မဟူရာဓားကြောင့်ပဲဖြစ်သည်။ ထိုပိန်းပိတ်အောင်မှောင်မည်းနေသော မဟူရာဓားမှာ လူအများကို စားသုံးနိုင်သည်ဟု ဆိုသည်။ ကျုံးကျီဟာ ထိုဓားကို ရှေးဟောင်းနယ်မြေတစ်ခုမှ ရှာတွေ့လာခဲ့ပြီး ကျော်ကြားလာခဲ့သည်ဟု ဆိုရိုးများရှိကြပေသည်။

ကျုံးကျီသည် ထိတ်လန့်ဖွယ်ကောင်းသော ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်သည့်အခါ နှင်းမြူဓားပိုင်ဟုန်ကလည်း လုံးဝကို အားနည်းမနေခဲ့ပေ။ သူဟာလည်း ရှည်လျားသော မိုးပြာရောင်ဓားရှည်ကြီးကို ထုတ်ယူလိုက်ပြီး အေးစက်ပြီး ထက်မြသည့်ဓားစွမ်းရည်တစ်ခုက သူ့ထံမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းဓားစွမ်းအင်သည် မိုးကောင်းကင်ကို စုတ်ဖြဲသွားပြီး ကျုံးကျီ၏ လွှမ်းမိုးနိုင်သော ဓားစွမ်းအင်နှင့် ထိပ်တိုက်ရင်ဆိုင်မိသွားသည်။

အုန်း...

ဓားနှစ်ချောင်းတစ်ခုနှင့်တစ်ခု ထိမိသွားသည့်အခါ အဆိုပါ နေရာကို ဗဟိုပြု၍ လေထုသည် အက်ကွဲသွားခဲ့သည်။ လေထုအတွင်း၌ ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများဖြစ်ပေါ်လာလေသည်။

ဤအချိန်တွင် ကျုံးကျီရော ပိုင်ဟုန်ရောက မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိကြသလို သူတို့ကို ကြည့်ရှုနေသည့်လူများကိုလည်း ဂရုမစိုက်အားတော့​ပေ။ သူတို့ဟာ သူတို့တစ်ယောက်ချင်းစီ၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များသာ ရှိနေခဲ့သည်။

သူတို့ဟာ တစ်ဦးချင်းစီရဲ့ သန်မာသောရန်သူများပဲဖြစ်သည်။ ဤတိုက်ပွဲတွင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ခြေနင်းကျောက်တုံးအဖြစ်အသုံးပြုကာ တာအိုအုပ်စိုးသူ အဆင့်သို့ တက်ရောက်လိုကြသည်။ ယင်းနောက် အရူးယန်ကို တိုက်ခိုက်လိုကြသည်။

" မဟူရာဓားခုတ်ပိုင်းချက် "

ကျုံးကျီ၏ နှုတ်ဖျားမှ တိုးညှင်းသောအသံတစ်သံထွက်ပေါ်လာသည်။ သူဟာမြေပြင်ပေါ်ခြေဆောင့်နင်းလိုက်သည့်အခါ မြေကြီးဟာ အက်ကွဲသွားခဲ့ပြီး သူ၏ခန္ဓာကိိုယ်ဟာလည်းအရှိန်အဟုန်ဖြင့် ခုန်ထွက်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ ဆန်းကြယ်သော ချီစွမ်းအင်များသည် ပွတ်ပွတ်ဆူလာခဲ့ကာ တစ်စုံတစ်ခု၏ စွဲ့ညို့ခြင်းခံလိုက်ရသလိုမျိုး အရူးအမူးပြေးလွှားသွားပြီး မဟူရာဓားအပေါ်၌ စုရုံးသွားခဲ့ကြသည်။

လွှမ်းမိုးနိုင်လွန်းသော သေစေနိုင်လောက်သည့် ဓားစွမ်းအင်တစ်ခု မွေးဖွားလာခဲ့လေသည်။ အဆ်ိုပါကောင်းကင်နှင့်မြေကြီးကို ဖျက်စီးနိုင်စွမ်းရှိသော ဓားစွမ်းအင်အရှိန်အဝါများက အဝေးတစ်နေရာရှိ ကျင့်ကြံသူများအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

ကျုံးကျီသည် တုံ့ဆိုင်းမနေဘဲ သူ့လက်ထဲကဓားကို လွှဲရမ်းလိုက်သည်။ လွှမ်းမိုးနိုင်လွန်းပြီး သေစေနိုင်လောက်သောဓားစွမ်းအင်တစ်ခုသည် ကန့်လန့်ဖြတ်ဖြစ်ပေါ်လာခဲ့ပြီး ပိုင်ဟုန်းဘက်သို့ ခုတ်ပိုင်းဝင်ရောက်သွားခဲ့သည်။

ထိုဓားတွင် ပါဝင်နေသောစွမ်းအင်များက လူအိုကြီးချန်နင်းတို့ကိုတောင် တုန်လှုပ်သွားစေခဲ့သည်။

ဓားစွမ်းအင်ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အရာရာဟာ အမှုန့်ခြေခံလိုက်ရလေသည်။

ပတ်ဝန်းကျင်လေထုသည် ဒီဓားစွမ်းရည်ကြောင့် တစ်စစီစုတ်ပြဲသွားသည်။ စက္ကူတစ်ရွက်ကိုအလယ်မှ စုတ်ဖြဲလိုက်သည့်အလား လေထုဟာ ပြဲစုတ်သွားခြင်းဖြစ်သည်။

ကျုံးကျီ၏ စွမ်းအားကြီးသော ဓားချက်ကိုရင်ဆိုင်လိုက်ရသော်လည်း ပိုင်ဟုန်း၏ မျက်နှာကတော့ တည်ငြိမ်နေဆဲပင်။ သူသည် မတ်တပ်ရပ်နေရင်းမှ လက်ထဲရှိနှင်းမြူဓားကို ပင့်မြှောက်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများသည် ရှည်လျားသော ဓားရှည်အတွင်းသို့ စီးဆင်းဝင်ရောက်သွားသည်။ ယင်းနောက်အေးစက်သော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

" နှင်းမြူဓား တစ်ချက်"

ပိုင်ဟုန်း သည် ဓားရှည်ကိုလွှဲရမ်းလိုက်သည့်အခါ သူ့အနားရှိ လေထုဟာ တားမြစ်နယ်မြေတစ်ခုအလား ဖြစ်သွားပြီး ရေခဲသလင်းကျောက်များဖြစ်ပေါ်လာခဲ့သည်။ ဤဓားဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အရာအားလုံးဟာ အေးခဲသွားလေသည်။ အရိုးခိုက်အောင်အေးသော အေးစိမ့်မှု အရှိန်အဝါများက စောင့်ကြည့်နေသည့်လူများကို တုန်ယင်သွားစေခဲ့သည်။

ဤဓားထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကမ္ဘာကြီးတစ်ခုလုံး အေးခဲသွားပေလိမ့်မည်။

နှင်းမြူဓား၏ အမည်နာမမှာ ထိတ်လန့်ဖွယ်ကောင်းလှပေသည်။

စာဖတ်သူများအားလုံး မင်္ဂလာပါဗျာ။ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့..

အလွဲလေးတစ်ခု အသိပေးချင်လို့ပါ။

鲁布(လွီပု)(lu bu)

李白(လီပိုင်) (Li Bai)

ဒီနှစ်ယောက်နာမည် အသုံးမှားသွားလို့ပါ။

MTLစာစဥ်မလို့ဘာသာပြန်ရ ထောက်ပါတယ်။ ဥပမာ တုကူချိုးပိုင်ကို Tugu begging(သူတောင်းစားတုကူ)၊ TuguQifeng(တုကူချီဖုန်း)၊ Tugu seeks defeat.. စသည်ဖြင့် အမျိုးမျိုးသုံးနှုန်းခဲ့သည့်အပေါ်မှ တရုတ် ဒဏ္ဍာရီနဲ့ ပုံပန်းနဲ့အများဆုံးကိုက်ညီသည့် အမည်ကို ကောက်နုတ်ရွေးချယ်ခဲ့ပါတယ်။

တစ်ခါ Tongfang Bubai(တုံဖန်းပုပိုင်)ကိုလည်း East is undefeat ,Dongfang invincible စသည်ဖြင့် အသုံးများစွာသုံးထားတာကိုတွေ့ရပါတယ်။

တစ်ဖန် တုကူကျန်းကိုလည်း Tugu swordတစ်ဖုံ Tugu Jianတစ်ဖုံ သုံးထားသေးပါတယ်။(E sub ကmachine translate မလို့ပါ)

အထက်ပါအချက်များကို E sub တစ်ကူးတစ်က သွားဖတ်တဲ့လူတွေဆို သိမှာပါ။

ဒါတွေကတော့ အကြောင်းပြချက်တွေပေါ့ဗျာ..

ဘာပဲဖြစ်ဖြစ် မှားတာက မှားတာပါပဲ..

ဘာသာပြန်သူရဲ့ လိုအပ်ချက်လို့ ဝန်ခံပါတယ်။နောင်မှာ ဆတိုးကြိုးစားသွားပါ့မယ်။

ခုချိန်ကစပြီး ဆင့်ခေါ်ထားတဲ့ လွီပုဟာ လီပိုင်၊ နောက်ကျရင် လွီပုအစစ်ပါလာမှာပါ။

ဆိုတော့ အမှန်အတိုင်းပြောင်းလဲခေါ်ဝေါ်သွားပါ့မယ်ဗျ။

-လွီပုက စစ်သူကြီး

-လီပိုင်က တရုတ်ဒဏ္ဍာရီထဲက အရက်မူးသိုင်းဝိဇ္ဇာ။(HOKမှာလည်း ပါ့ပါတယ်)မှားယွင်းစွာ ဘာသာပြန်ဆိုမှုအပေါ် တောင်းပန်အပ်ပါတယ်။

All Chapters