← Chapters

။ ဖူမျိုးနွယ်မှ ဖူမေ။

Vol. 19 Ch. 255

။ ဖူမျိုးနွယ်မှ ဖူမေ။

Vol. 19 Ch. 255

ရောက်လာသူမှာ ထျန်းလန်အလယ်ပိုင်းဒေသ ရှေးဟောင်း ရှောင်းမိသားစု အစောင့်အရှောက် ၇ယောက်အနက်မှ တစ်ယောက်ဖြစ်သော ပဥ္စမမြောက်အစောင့်အရှောက် ရှောင်းဝူကွမ်မှတပါး အခြားမဟုတ်ပေ။

ရှောင်းဝူကွမ်နှင့် ချန်ထျန်းအဘိုးအို(လူအိုကြီးချန်နင်း၊လူအိုကြီးထျန်ဖုန်းတို့ကိုပြောတာပါ)နှစ်​ယောက်သည် မျိုးဆက်တူ စွမ်းအားရှင်များဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံဆင့်မှာ တာအိုအင်မော်တယ် အလယ်အလတ်အဆင့်ကိုရောက်နေခဲ့ပြီးဖြစ်သည်။

ဝမ်ဖုန်းယခင်ကတွေ့ ခဲ့သော ရှောင်းရွှမ်သည် ရှောင်းဝူကွမ်နှင့် နှိိုင်းယှဥ်ပါက တိမ်စ်ိုင်နဲ့ ရွံ့အလားပင်။

ရှောင်းမျိုးနွယ်စုတွင် တာအိုအုပ်စိုးသူအဆင့် ကျင့်ကြံသူများသည် အပြင်မျိုးနွယ်စု၏ အကြီးအကဲများသာ ဖြစ်ခွင့်ရကြပြီး တာအိုဧကရာဇ်အဆင့်ကျင့်ကြံသူများကတော့ အတွင်းမျိုးနွယ်စု၏ အကြီးအကဲများ ဖြစ်ခွင့်ရကြသည်။ တာအိုအင်မော်တယ်အဆင့်ကျင့်ကြံသူများကသာ အစောင့်အရှောက်အကြီးအကဲများဖြစ်ခွင့်ရခြင်း ဖြစ်ကြသည်။ သူတို့ဟာ ရှောင်းမျိုးနွယ်စုတွင် အသန်မာဆုံးသောပုဂ္ဂိုလ်များပဲဖြစ်သည်။

" အာ.. အဲတာက ရှောင်းမျိုးနွယ်စုရဲ့ပဥ္စမမြောက်အကြီးအကဲ ရှောင်းဝူကွမ်လား။ "

"သူက ဘာလို့ဒီရောက်နေရတာလဲ။ သူလည်းပဲ ကျုံးကျီနှင့် ပိုင်ဟုန်တို့ကို လာခေါ်တာများလား။ "

" အဲတာက ထိပ်တန်းပါရမီရှင် နှစ်ယောက်ကြားက တိုက်ပွဲပဲလေ။ ဒီလိုကြောက်စရာကောင်းတဲ့ မကောင်းဆ်ိုးဝါးအိုကြီး ရှောင်းကိုတောင် သတိပြုမိစေလိမ့်မယ်လို့ထင်မထားဘူး။ "

အဝေးတစ်နေရာမှ စောင့်ကြည့်နေသော သန်မာသည့်ပုဂ္ဂိုလ်များကလည်း ရှောင်းဝူကွမ်ကိုမှတ်မိလိုက်ကြသည်။ သူတို့အားလုံးဟာ တီးတိုးတီးတိုးရေရွတ်မိလိုက်ကြသည်။

သာမာန်ကျင့်ကြံသူများအတွက်တော့ တာအိုအင်မော်တယ်များဆိုသည်ကား အစစ်အမှန် အင်မော်တယ်များနှင့် မခြားနားပေ။ သူတို့ဟာ ထိတွေ့ခွင့်မရကြသော မြင့်မားသည့် တည်ရှိမှုကြီးများပဲဖြစ်သည်။

ရှောင်းဝူကွမ်၏ အမူအရာမှာ ထူးမခြားနားဖြစ်နေဆဲပင်။ သူဟာ ချန်ထျန်းအဘိုးအိုနှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး သူတို့နှစ်ယောက်ကို လျစ်လျူရှု့လိုက်သည်။ ဒီလူနှစ်ယောက်က ဘာတွေမို့လို့လဲ။ သူတို့ကတောင် ငါ့ကိုမနှုတ်ဆက်ရင် ငါကလည်း အရေးလုပ်ပြီး နှုတ်ဆက်စရာမလိုဘူး။

ကောင်းကင်ကို နဖူးနှင့်တက်တိုက်မတက် မောက်မာနေသော ရှောင်းဝူကွမ်ကို တွေ့မြင်လိုက်ရသည့်အခါ ချန်ထျန်းအဘိုးအိုနှစ်ယောက်ကလည်း မျက်နှာလွှဲလိုက်ကြသည်။ သူတို့ဟာ ရှောင်းဝူကွမ်ကို အရေးလုပ်ဆက်ဆံမနေခဲ့ပေ။

သူတို့သုံးယောက်စလုံးဟာ ခေတ်တစ်ခေတ်ရဲ့ ကျော်ကြားသောပုဂ္ဂိုလ်များပဲ ဖြစ်သည်။ သူတို့ဟာ ငယ်ရွယ်စဥ်က ကတောက်ကစ အနည်းငယ်လည်းရှိခဲ့လေသည်။ ယခု သူတို့အားလုံးသည် တာအိုအင်မော်တယ်များဖြစ်ကြသည်။ သူတို့ဟာ ငယ်ရွယ်စဥ်ကလို တွေ့ရာသချိုင်းဓားမဆိုင်းဘဲ ရန်ဖြစ်ခြင်း မရှိတော့သော်လည်း ယခုအချိန်ထိ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံသည့်အခါ ချေမိုးနေကြဆဲပင်။

" မင်းတို့ရဲ့ ပါရမီတွေက အရမ်းကောင်းတယ်။ မင်းတ်ို့သာ ငါတို့ရှောင်းမျိုးနွယ်ကို ဝင်ရောက်လာမယ်ဆိုလျှင် ရှောင်းမျိုးနွယ်ရဲ့ အမည်နာမကို ဆက်ခံခွင့်ရှိလိမ့်မယ်။ ပြီးတော့ ရှောင်းမျိုးနွယ်ရဲ့အစစ်အမှန်မျိုးဆက်တွေနဲ့ မကွာခြားတဲ့ ဆက်ဆံပုံတွေကိုလည်း ရရှိလိမ့်မယ်။ "

ရှောင်းဝူကွမ်သည် အောက်ဘက်ရှိ ကျုံးကျီနှင့်ပိုင်ဟုန်းတို့ကို စိုက်ကြည့်လိုက်ပြီး ထူးမခြားနားလေသံဖြင့်ပြောဆိုလိုက်သည်။ သူ၏ လေသံမှာ နူးညံ့သော်လည်း ခေါင်းလောင်းတီးသံကြီးအလား ကမ္ဘာတခွင် ပျံ့ နှံ့သွားခဲ့လေသည်။

" ဘာကြီး "

" သေချာပါပြီကွာ "

" ဟေး.. ရှေးဟောင်းမျိုးနွယ်စုတွေက သူတို့ထက်ကျော်လွန်တဲ့ အင်အားစုမျိုး ထွက်ပေါ်မလာစေချင်ဘူးလေ။ ဒါကြောင့်မလို့ ရှောင်းမျိုးနွယ်က ရှောင်းဝူကွမ်ကိုယ်တိုင် ရောက်လာပြီး ကျုံးကျီတို့နှစ်ယောက်ကို လာခေါ်တာ ဖြစ်လိမ့်မယ်။

ရှောင်းဝူကွမ်၏ စကားဆုံးသွားသည့်အခါ အဝေးတစ်နေရာရှိ ကျင့်ကြံသူများအားလုံးသည် တစ်ယောက်တစ်ပေါက် စတင်ပြောဆိုလိုက်ကြသည်။ သူတို့ဟာ ကျုံးကျီကို မနာလိုဖြစ်နေသောအမူအရာများဖြင့် လှည့်ကြည့်မိလိုက်ကြသည်။

ဖြစ်နိုင်ပါက ဘယ်သူကများ လေလွင့်ကျင့်ကြံသူ ဖြစ်ချင်ပါမည်နည်း။ ထျန်းလန်အလယ်ပိုင်းဒေသသည် ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ ကမ္ဘာလောကကြီးပင် မဟုတ်ပါလော။ ရှေးဟောင်းမျိုးနွယ်စုတစ်ခုခု သို့မဟုတ် ဂိုဏ်းတစ်ခုခု၏ ကျောထောက်နောက်ခံမရှိပါက အထွတ်အထိပ်ကို ရောက်ဖို့ဆိုသည်ကား မရေရာသည့် အိပ်မက်တစ်ခုသာဖြစ်လေသည်။

ကျင့်ကြံသူတိုင်းဟာ ကောင်းကင်ပေါ်တွင်ရှိနေကြသော အကြီးအကဲသုံးယောက်လို တာအိုဒဏ္ဍာရီနယ်ပယ်အဆင့်ထိရောက်အောင် ကျင့်ကြံချင်ကြလေသည်။ လေလွင့်ကျင့်ကြံသူနှစ်ယောက်ဖြစ်သော ချန်ထျန်းအဖိုးအိုနှစ်ယောက်သည် တာအိုအင်မော်တယ်အစောပိုင်းအဆင့်ကို ရောက်ရှိခဲ့ခြင်းမှာ အင်မတန်မှ ကံကောင်းလွန်းသောကြောင့်ဖြစ်သည်။

( ဒဏ္ဍာရီနယ်ပယ်ဆိုတာ တာအိုအင်မော်တယ်အဆင့်ကိုပြောတာပါ )

အင်အားစုကြီးများက လေလွင့်ကျင့်ကြံသူများကို အထွတ်အထိပ်အခြေအနေကို မရောက်ရှိစေချင်ကြပေ။

အမှန်တရားမှာ များသောအားဖြင့် ခါးသီးကြလေသည်။ အဆိုပါ အင်အားစုကြီးများသည် ထျန်းလန်အလယ်ပိုင်းဒေသကို နှစ်ပေါင်းများစွာ ထိန်းချုပ်လာခဲ့ကြသည်။ သူတို့ဟာ လေလွင့်ကျင့်ကြံသူများထဲမှ ထိပ်တန်းထူးချွန်သူများကို အဘယ်မှာလျှင် ပေါ်ပေါက်စေချင်မည်နည်း။

သို့ပါသော်လည်း တာအိုအင်မော်တယ်အဆင့် လေလွင့်ကျင့်ကြံသူများ ထွက်ပေါ်လာခဲ့သည်ဖြစ်ရာ အဆိုပါအင်အားစုကြီးများမှာလည်း လွယ်လင့်တကူရန်မစရဲကြပေ။

" မကောင်းဆိုးဝါးအိုကြီးရှောင်း မင်းဘာကိုဆိုလိုတာလဲ။"

ကျုံးကျီတို့နှစ်ယောက်ပြန်မပြောရသေးခင်မှာပဲ ချန်ထျန်းအဘိုးအိုနှစ်ယောက်က သည်းခံနိုင်စွမ်းမရှိတော့ပေ။ သူတို့ဟာ ခြေတစ်လှမ်းလှမ်းလိုက်သည့်အခါ ရှောင်းဝူကွမ်၏ ရှေ့သ်ို့ ချက်ချင်းရောက်သွားကြသည်။ သူတို့သည် ရှောင်းဝူကွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အော်ဟစ်ပြောဆိုလိုက်သည်။

ရှောင်းဝူကွမ်သည် တာအိုအင်မော်တယ်အလယ်အလတ်အဆင့်ကို ရောက်ရှိပြီးဖြစ်သည်။ သို့ပါသော်လည်း သူတို့နှစ်ယောက်က ပူးပေါင်းတိုက်ခိုက်ရန် ဝန်မလေးကြပေ။ လေလွင့်ကျင့်ကြံသူများအနေဖြင့် သူတို့တွင်ဆက်ခံသူများ မရှိကြပါပေ။

နောက်ဆုံးတော့ သူတို့နှစ်ယောက်သည် သဘောကျသည့်လူငယ်နှစ်ယောက်ကို တွေ့ရှိခဲ့ပြီးဖြစ်သည်။ သို့ပါသော်လည်း မကြာခင်မှာ ရှောင်းဝူကွမ်က ရောက်လာပြီး သူတို့လက်ထဲက လုယူချင်ခဲ့သည်။ သူတို့အဘယ်မှာ ခွင့်ပြုနိုင်မည်နည်း။

" မင်းတို့နှစ်ယောက်.. မင်းတို့နှစ်ယောက်က သူတို့ကိုလက်ခံဖို့အဆင့်မမှီသေးဘူး။ "

ရှောင်းဝူကွမ်သည် ဒေါသထွက်နေသော ချန်ထျန်းအဖိုးအိုနှစ်ယောက်ကို စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။

" မောက်မာလွန်းတယ် "

" မကောင်းဆိုးဝါးအိုကြီးရှောင်း မင်းကရှောင်းမျိုးနွယ်စုရဲ့ အစောင့်အရှောက်အကြီးအကဲဖြစ်နေတာနဲ့တင် ငါတို့မင်းကို မထိရဲဘူးလို့မထင်လိုက်နဲ့။ ငါတို့နှစ်ယောက်ပူးပေါင်းပြီး မင်းကို မြေကြီးပေါ် ပြားပြားဝပ်တဲ့အထိ ရိုက်နိုင်တယ်ကွ။ "

ရှောင်းဝူကွမ်၏ စကားကို ကြားလိုက်ရသည့်အခါ အဖိုးအိုချန်ဖုန်းသည် ဒေါသထွက်လာခဲ့ပြီး သူ၏ အရှိန်အဝါများက မြင့်တက်လာကာ ပတ်ဝန်းကျင်လေထုကို တုန်ခါစေခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံးဟာ အဆိုပါဖိအားကြီးအောက်တွင် လေးလံသွားပုံပေါ်သည်။

အဝေးတစ်နေရာရှိ ကျင့်ကြံသူများသည် ဤစွမ်းအားကို ခံစားလိုက်ရသည့်အခါ ခန္ဓာကိုယ်များတုန်ယင်သွားကြသည်။ သူတို့ဟာ ကြောက်ရွံ့နေကြသလို တချိန်တည်းမှာလဲ စိတ်လှုပ်ရှားနေကြသည်။ ဒီကနေ့မှာ ထိပ်တန်းပါရမီရှင် နှစ်ယောက်ရဲ့ တိုက်ပွဲအပြင် တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်တွေရဲ့ တိုက်ပွဲကိုရော မြင်ခွင့်ရတော့မှာလား။

အချို့သော အရိပ်အကဲကြည့်တတ်သည့် စောင့်ကြည့်သူများသည် ခပ်ဝေးဝေးကို ဆုတ်ခွာသွားလိုက်ကြသည်။ အကယ်၍များ တာအိုအင်မော်တယ်အဆင့် စွမ်းအားရှင်များ စတင်တိုက်ခိုက်မည်ဆိုပါက သူတို့ဟာ ကြားထဲမှ အမြှောက်စာလေးများဖြစ်သွားနိုင်ပေသည်။

" ဟား..ဟား..ဟာ.. ချန်ထျန်းအဖိုးအိုနှစ်ယောက်အပြင် လူအိုကြီးရှောင်းလဲရှိနေပါလား။ ဒီလူငယ်လေးနှစ်ယောက်က တကယ့်ကို တော်တာပဲဟေ့။ "

ချန်ထျန်းအဖိုးအိုနှစ်ယောက်က ဒေါသထွက်နေပြီး ရှောင်းဝူကွမ်းကိူ ပူးပေါင်းတိုက်ခိုက်တော့မည့်အချိန်မှာပဲ ခမ်းနားကြီးကျယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံကြီးတစ်ခုသည် အရပ်လေးမျက်နှာမှ ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် တဆက်ထဲဆိုသလိုပဲ ရှောင်ဝူကွမ်းနှင့် အခြားသောသူများ၏ အရှေ့သို့ မှုန်ဝါးဝါးပုံရိပ်တစ်ခုထွက်ပေါ်လာလေသည်။

ရောက်လာသောသူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဗလာဖြစ်နေခဲ့သည်။ သူ၏ကြွက်သားများမှာ စတီးချောင်းများအလား မာကျောပုံပေါ်လေသည်။ သူ၏ ရင်ဘက်ပေါ်တွင် ​ကျားခေါင်းပုံဆေးမင်ကြောင် တစ်ခုကို ထိုးထားလေသည်။ အဆိုပါ ဆေးမင်ကြောင် ကို စိုက်ကြည့်သူများ၏ နှလုံးသားများသည် တုန်ယင်သွားကြသည်။

" အနီရောင်ကျားမျိုးနွယ်စု(ချစ်ဟူမျိုးနွယ်စု) က ဟူပေါင် "

" မင်းတို့အနီရောင်ကျားမျိုးနွယ်ကလည်း ကျုံးကျီတို့ကို ခေါ်ချင်နေတာလား။ "

ရောက်လာသော ပုဂ္ဂိုလ်ကိုတွေ့မြင်လိုက်ရသည့်အခါ ချန်ထျန်းအဖိုးအိုနှစ်ယောက်သည် ထိတ်လန့်သွားပြီး ကျယ်လောင်စွာမေးမြန်းလိုက်သည်။

ရှောင်းဝူကွမ်သည်လည်း မျက်မှောင်ကြုတ်လိုက်ကာ သူ၏ အမူအရာက ပိုမိုလေးနက်လာခဲ့သည်။ ဟူပေါင်၏ ကျင့်ကြံဆင့်မှာ သူ၏ကျင့်ကြံဆင့်နှင့် မတိမ်းမယိမ်းဖြစ်သည်။ ဒါ့အပြင် အဆင့်အတန်းချင်းကလည်း သိပ်မကွာပေ။ ထိုသူကပါ ကျုံးကျီ တို့နှစ်ယောက်ကိုလိုချင်နေသည်ဆိုပါက သူအခက်အခဲတွေ့ရတော့မှာပဲ ဖြစ်သည်။

" သူတို့နှစ်ယောက်က အရမ်းကိုအံ့သြစရာကောင်းလွန်းတယ်လေ။ ဒီတော့လူတွေက ခေါ်ချင်ကြမှာပဲပေါ့။ ငါတို့အနီရောင်ကျားမျိုးနွယ်စုကလည်း ခြွင်းချက်မဟုတ်ပါဘူးကွ။ "

ဟူပေါင်သည် ချန်ထျန်းအဖိုးအိုနှစ်ယောက်ကို စိုက်ကြည့်ပြီး ပြုံရယ်လိုက်သည်။

ဟူပေါင်၏ အတည်ပြုစကားကိုကြားလိုက်ရသည့်အခါ ချန်ထျန်းအဖိုးအိုနှစ်ယောက်၏ မျက်နှာများသည် မဲမှောင်သွားကြသည်။ မကောင်းဆိုးဝါးအိုကြီးရှောင်း တစ်ယောက်တည်းသာဆိုပါက သူတို့နှစ်ယောက် ပူးပေါင်းပြီး မြေပြင်မှာပြားကပ်နေအောင် ဆော်ပလော်တီးပစ်လိုက်မှာပဲဖြစ်သည်။ ပြောရပါလျှင် သူတို့နှစ်ယောက်သည် ရှောင်းဝူကွမ်နှင့် ကတောက်ကစအနည်းငယ်လဲ ဖြစ်ခဲ့ဖူးသည်။ ဒါ့အပြင် ဤတိုက်ပွဲမှာ လူငယ်မျိုးဆက်လေးနှစ်ယောက်အတွက် တိုက်ခိုက်ကြခြင်းဖြစ်ရာ ရှောင်းမိသားစုကလည်း အများကြီးအလေးပေးတွေးတောနေမှာ မဟုတ်ပါပေ။

အခုတော့ အနီရောင်ကျားမျိုးနွယ်စုကလည်း ရောက်လာတယ်တဲ့လား။ သူတို့နှစ်ယောက် မကောင်းဆိုးဝါးအိုကြီးရှောင်း နှင့် ဟူပေါင်တို့ကို တပြိုင်နက် တိုက်နိုင်မတိုက်နိုင်ကိုအသာထား သူတို့ဟာ ရှေးဟောင်းမျိုးနွယ်စုကြီး နှစ်ခုကို တစ်ချိန်တည်းမှာ ရန်စဝံ့ခြင်းမရှိကြပါပေ။

အဝေးတစ်နေရာရှိ စောင့်ကြည့်နေသော ကျင့်ကြံသူများသည် ဤမြင်ကွင်းကို ထိတ်ထိတ်လန့်လန့်ဖြစ် စိုက်ကြည့်နေကြသည်။ တာအိုအင်မော်တယ်အဆင့် ပုဂ္ဂိုလ်ကြီးလေးယောက်လုံး တပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။ ထို့အတွက်ကြောင့် သူတို့ဟာ အသံမထွက်မိအောင် ငြိမ်ကုတ်နေကြရသည်။

" ခစ် ခစ် ခစ်.."

ဟူပေါင်နှင့် အခြားသူများ တစ်ယောက်ကိုတစ်ယောက်စူးစိုက်ကြည့်နေစဥ်မှာပဲ ရယ်မောသံလေးတစ်သံသည် ထွက်ပေါ်လာခဲ့သည်။ ဟူပေါင်နှင့် အခြားသောသူများ၏ ခန္ဓာကိုယ်သည် တုန်ခါသွားကြပြီး လှည့်ကြည်မိလိုက်ကြသည်။

တောင်ထိပ်ပေါ်ရှိ ဝမ်ဖုန်းတို့အုပ်စုသည်လည်း မော့ကြည့်မိလိုက်ကြသည်။

ကောင်းကင်ပေါ်မှ ပုံရိပ်လေးတစ်ခု သက်ဆင်းလာလေသည်။ သူမဟာ ရေကဲ့သို့သော အပြာရောင်စကပ်ရှည်ကို ဝတ်ဆင်ထားပြီး ဖြူဖွေးသော အသားအရေကို ပိုင်ဆိုင်ထားသည်။ မြေခွေးလုံမပျိုလေး၏ မျက်လုံးများကဲ့သို့ လှပသည့် မျက်ဝန်းများလည် ရှိနေသည်။ ချယ်ရီရောင်နှုတ်ခမ်းပါးလေးများ ၊ လေးကိုင်းသဏ္ဍာန်မျက်ခုံးများ စသည့်စသည့် အလှအပများစွာဖြင့် တန်ဆာဆင်ထားပြီး အင်မတန်မှချောမောလှပ လှပေသည်။

သူမ၏ ခန္ဓာကိုယ်အတွင်းအပြင်မှာ သိမ်မွေ့ကျော့ရှင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည်။

အဝေးတစ်နေရာရှိ စောင့်ကြည့်နေကြသော ကျင့်ကြံသူများ အားလုံးကလည်း ဗလာမျက်ဝန်းများဖြင့် မော့ကြည့်မိလိုက်ကြသည်။

ရောက်လာသောသူကို တွေ့မြင်လိုက်ရသည့်အခါ ရှောင်းဝူကွမ်တို့ တာအိုအင်မော်တယ် လေးပါးသည် တုန်ယင်သွားကြပြီး သူတို့ရဲ့ မျက်နှာအမူအရာများက ပို၍တောင်လေးနက်လာကြသည်။

" ဖူမေ ၊ မင်းတို့ ဖူကလန်ကလဲ ဒီလူငယ်လေး နှစ်ယောက်ကို လာခေါ်တာလား။ "

ရှောင်းဝူကွမ်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။ သူဟာ ရောက်လာသောသူ၏ အလှတရားအပေါ် နစ်မွန်းခြင်းမရှိဘဲ ထိတ်လန့်တကြား မေးမြန်းလိုက်သည်။

All Chapters