။ ရှောင်းမိသားစု ဒေါသထွက်နေပြီ။
Vol. 19 Ch. 259
ဝမ်ဖုန်း၏စကားကို ကြားလိုက်ရမှ ဟူပေါင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ စုန့်ချယ်က သူ့ကိုဓါးတစ်ချောင်းဖြင့် သတ်ဖြတ်လိုက်မှာကို သူထိတ်လန့်နေမိခြင်းဖြစ်သည်။
"အကြီးအကဲဟူပေါင်ကရော... သူတို့နှစ်ယောက်အတွက် ဒီဂိုဏ်းချုပ်နဲ့ ယှဥ်ပြိုင်မှာလား?"
ဝမ်ဖုန်းသည် ကျုံးကျီတို့နှစ်ယောက်ကို လက်ညိုးညွှန်ပြလိုက်ပြီး အပြုံးမမည်သော အပြုံးတစ်ပွင့်ဖြင့်ပြောဆိုလိုက်သည်။
"ဟင့်အင်း... ဟင့်အင်း... အရှင်က သူတို့နှစ်ယောက်ကို ခေါ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီဆိုမှတော့ ကျွန်တော်က မနှောင့်ယှက်ရဲတော့ပါဘူး"
ဟူပေါင်သည် သူ၏လက်ကို ထပ်ခါထပ်ခါ ခါယမ်းလိုက်ပြီး ချွေးအေးများထွက်လာလျက် ပြောဆိုလိုက်သည်။
"မင်းတို့နှစ်ယောက်ကရော ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တွေ ဖြစ်လာချင်လား?"
ဝမ်ဖုန်းသည် ခေါင်းညိမ့်လိုက်ပြီး ကျုံးကျီတို့နှစ်ယောက်ကို လှမ်းကြည့်ကာ ပြောဆိုလိုက်သည်။
"ကျွန်တော်တို့ ဖြစ်ချင်ပါတယ်..."
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ကျုံးကျီတို့နှစ်ယောက်ကလည်း တုံ့ဆိုင်းမနေခဲ့ပေ။ သူတို့ဟာ ချက်ခြင်းဘဲ လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး ဝမ်ဖုန်းကို လေးလေးစားစားပြောဆိုလိုက်သည်။
သူတို့ဟာ ရှန်ရှန့်ကျုံဂိုဏ်းအကြောင်း နကန်းတစ်လုံးမှ မသိသော်လည်း အဆိုပါဂိုဏ်းမှာ တာအိုအင်မော်တယ် အလယ်အလတ်အဆင့် စွမ်းအားရှင်တစ်ယောက်ကိုတောင် သတ်ဖြတ်ခဲ့သည်ဖြစ်ရာ အဘယ်မှာလျှင် အားနည်းနိုင်မည်နည်း။
"ဒင်~~~ တာအိုအရှင်သခင် အထွတ်အထိပ်အဆင့် ထိပ်တန်းပါရမီရှင်နှစ်ယောက်ကို ဂိုဏ်းအတွင်း သွတ်သွင်းခဲ့သည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် ၅ သန်းနှင့် အဆင့်မြင့် တာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့် ၃ ကြိမ်ဆုချလိုက်သည်"
ကျုံးကျီတို့နှစ်ယောက် သဘောတူလက်ခံလိုက်ပြီးနောက် စနစ်၏ အေးစက်စက်အသံက ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
ဝမ်ဖုန်းသည် စနစ်၏အသံကို လျစ်လျူရှုထားလိုက်သည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျုံးကျီတို့နှစ်ယောက်ကို ရစ်ပတ်လိုက်ကာ ဒီနေရာမှ ထွက်ခွာဖို့ ပြင်ဆင်လိုက်တော့သည်။
"အကြီးအကဲဖူ... ရှန်ရှန့်ကျုံဂိုဏ်းဆိုတဲ့ဂိုဏ်းကို မင်းကြားဖူးသလား?" ဟူပေါင်သည် ဝမ်ဖုန်းနှင့် အခြားသူများ ထွက်ခွာသွားသည့် အရပ်မျက်နှာဖက်ကို လှမ်းကြည့်ကာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ရင်း သူ့ဘေးက ဖူမေကိုမေးမြန်းလိုက်သည်။
ဝမ်ဖုန်းနှင့် အခြားသူများ ဤနေရာတွင် ရှိနေခဲ့စဥ်က သူသည် အလွန်အမင်းကို မသက်မသာခံစားခဲ့ရသည်။ စုန့်ချယ်၏ဓားချက်က သူ့စိတ်အာရုံအတွင်း မြဲမြံစွာ ခတ်နှိပ်ထားလိုက်ပြီး သူ့ကိုတုန်ယင်လာစေခဲ့သည်။ သူဟာ အသက်တောင်ဝဝ မရှုရဲခဲ့ပါပေ။
"ဒီလိုခွန်အားမျိုးနဲ့ဆိုတော့ ငါထင်တာ.. သူ့တို့ကပုန်းကွယ်နေတဲ့ရှေးဟောင်းမျိုးနွယ်စုက ဂိုဏ်းတစ်ဂိုဏ်းပဲ ဖြစ်ရမယ်" ဖူမေသည် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူမ၏လှပသော မျက်ဝန်းလေးများဟာ ကျဥ်းမြောင်းသွားပြီး လေးနက်စွာ ပြောဆိုလိုက်သည်။
ဤအချိန်တွင် ဖူမေကတောင်မှ ထိတ်လန့်နေခဲ့ပြီဖြစ်သည်။ တစ်ချိန်တည်းမှာပဲ သူမသည် ဝမ်ဖုန်းနှင့် အခြားသောသူများ၏ မူလဇစ်မြစ်ကို ပိုမိုသိချင်လာခဲ့သည်။
ဟူပေါင်က ခေါင်းညိမ့်ကာ ခေါင်းငုံ့လိုက်ပြီး တစ်စုံ တစ်ခုကို တွေးတောနေလိုက်သည်။
"အကြီးအကဲဟူပေါင်.. သူတို့နောက်ကို လိုက်သွားပြီး ကြည့်ရှုကြရအောင်လား" ဖူမေသည် အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။
"မင်း... သေချင်နေတာလား? ငါတို့နှစ်ယောက်ပူးပေါင်းတိုက်ခိုက်ရင်တောင် အဲ့ဒီလူကို တားဆီးနိုင်မှာမဟုတ်ဘူးကွ..." ဟူပေါင်က ဖူမေကိုလည်ပြန်လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"ရှင်ဘာတွေကို ကြောက်နေရတာလဲ? သူတို့က ရှောင်းမျိုးနွယ်စုနဲ့ ရန်ငြိုးရှိလို့ ရှောင်းဝူကွမ်ကို သတ်ဖြတ်လိုက်တယ်လို့ ပြောတာကို ရှင်မကြားဘူးလား.. ဒီလိုမှမဟုတ်ရင် ရှင်အခုထိ အသက်ရှင်နေလိမ့်ဦးမယ်လို့ ထင်နေတာလား?" ဖူမေသည် ဟူပေါင်ကို လှမ်းကြည့်ကာပြောဆိုလိုက်သည်။
ထိုသို့ပြောလိုက်ပြီးနောက် သူမက ဟူပေါင်ကို လျစ် လျူရှုထားလိုက်ပြီး ဝမ်ဖုန်းနှင့် အခြားသောသူများ ထွက်ခွာသွားသည့် အရပ်ဘက်သို့ လိုက်ပါသွားတော့သည်။ ဒါကိုမြင်တော့ ဟူပေါင်ကလည်း အံတင်းတင်းကြိတ်လိုက်ပြီး ဖူမေရဲ့အနောက်ကို လိုက် ပါသွားခဲ့လေသည်။
"အရာအားလုံး.. ပြောင်းလဲကုန်တော့မယ်"
"အဲ့ဒီကျင့်ကြံသူအင်အားစုက ဘယ်နေရာက ရောက်လာခဲ့တာလဲ?"
"ရှောင်းဝူကွမ် သေသွားပြီဆိုတော့ ရှောင်းမိသားစုက တကယ့်ကိုဒေါသထွက်နေတော့မှာပဲ... ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ရှောင်းမိသားစုကြားက ထိတ်လန့်စရာတိုက်ပွဲက ထျန်းလန်အလယ်ပိုင်းဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေတော့မယ်"
"ဟုတ်တယ်... မုန်တိုင်းကြီးတစ်ခုတော့ လာနေပြီ"
ဖူမေတို့နှစ်ယောက် ထွက်ခွာသွားသည့်အခါ အဝေးတစ်နေရာမှ စောင့်ကြည့်နေသော ကျင့်ကြံသူများသည် သတိပြန်လည်လာကြသည်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ထိတ်လန့်တကြား ဆွေးနွေးပြောဆိုမိလိုက်ကြသည်။
...........
"ထွက်လာခဲ့..."
ရှေးဟောင်းတောင်းတန်း အနက်ပိုင်းတစ်နေရာသို့ ပျံသန်းသွားနေသော ဝမ်ဖုန်းနှင့်အခြားသူများသည် ရုတ်တရက်မတ်တပ်ရပ်လိုက်သည်။ ဝမ်ဖုန်းက ဒဲ့တိုးပဲပြောဆိုလိုက်လေသည်။
"တာအိုရောင်းရင်းတို့ကို နှုတ်ဆက်ပါတယ်..."
ဖူမေနှင့် ဟူပေါင်တို့သည် လေထုအတွင်းမှ ထွက်ပေါ်လာကြပြီး ဝမ်ဖုန်းကို လက်သီးဆုပ်ဂါရဝပြုကာ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"ဘာကိစ်စလဲ?"
ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တက်ရပ်နေပြီး ပေါ့ပါးသောလေသံဖြင့် မေးမြန်းလိုက်သည်။
"အရှင်က.. ရှောင်းမျိုးနွယ်စု အစောင့်အရှောက်အကြီးအကဲဖြစ်တဲ့ ရှောင်းဝူကွမ်ကို သတ်ဖြတ်လိုက်ပြီဆိုတော့ ရှောင်းမျိုးနွယ်ကတော့ အရမ်းကိုဒေါသဖြစ်နေတော့မှာ.. ၊ အရှင်တို့ရဲ့ ခွန်အားကသန်မာပေမယ့်လည်း ရှောင်းမျိုးနွယ်စုရဲ့ အမွေအနှစ်တွေက လုံးဝကို နက်ရှိုင်းလွန်းလှတယ် ၊ အရှင်တို့သတိထားဖို့ လိုပါလိမ့်မယ်" ဖူမေသည် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက တည်ရှိနေသေးတော့ ထျန်းလန်ဒေသမှာ သိပ်မကြာခင် ရှောင်းမျိုးနွယ်ဆိုတာ လုံးဝပျောက်ကွယ်သွားရလိမ့်မယ်" ဝမ်ဖုန်းသည် ပြုံးလျက် ပြောဆိုလိုက်သည်။
"ဘာ....!"
ဖူမေနှင့်ဟူပေါင်တို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အံ့အားတသင့်ရေရွတ်မိလိုက်ကြသည်။ ယင်းနောက်မှ ဝမ်ဖုန်းကို မယုံကြည်နိုင်သော အမူအရာများဖြင့် လှည့်ကြည့်မိလိုက်ကြသည်။
ဘယ်လိုကြောက်လန့်စရာခွန်အားမျိုးက ဒီလိုစကားမျိုးကို ပြောရဲရတာလဲ?။
ထိတ်လန့်သွားကြပြီးနောက် ဖူမေနှင့် ဟူပေါင်တို့သည် သူတို့ဟာ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ရန်သူမဖြစ်သင့်ဘူးလို့ တွေးမိလိုက်ကြသည်။ ဝမ်ဖုန်း၏စကားက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ စုန့်ချယ်၏ ခွန်အားကတောင် သူတို့ကို ထိတ်လန့်စေခဲ့ပြီးပြီ ဖြစ်သည်။
"ကျွန်မအရဲစွန့်ပြီး မေးပါရစေ...ရှန်ရှန့်ကျုံဂိုဏ်းက....?" ဖူမေသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး မေးမြန်းလိုက်သည်။
ဖူမေ၏စကားဆုံးသွားသည့်အခါ ဟူပေါင်က အသာအယာနားစွင့်နေလိုက်သည်။ သူက ဖူမေကို နှလုံးသားထဲမှာ လေးစားကြည်ညိုလာပြီဖြစ်သည်။ ဖူမေက ဒီလူတွေရဲ့ အချက်အလက်က်ိုတောင် တိုက်ရိုက်မေးမြန်းရဲလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ကျုံးကျီနှစ်ယောက်ကလည်း နားစွင့်နားထောင်နေကုန်ကြသည်။ သူတို့ဟာ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ခဲ့သော်လည်း အဆိုပါဂိုဏ်းအကြောင်းကို နကန်းတစ်လုံးမှ သိမထားခဲ့ပေ။
"ရှန်ရှန့်ကျုံဂိုဏ်းကသာ ထာဝရရှင်သန်သူဆိုရင် လောကမှာ အခြားသော ထာဝရရှင်သန်သူမရှိနိုင်ဘူး ၊ ရှန်ရှန့်ကျုံဂိုဏ်းက နတ်ဘုရားတစ်ပါးဆိုရင် လောကမှာ အခြားနတ်ဘုရားတစ်ပါးမရှိနိုင်ဘူး... ဒါက ရှန်ရှန့်ကျုံဂိုဏ်းပဲ!"
ဝမ်ဖုန်းသည် ဖူမေတို့နှစ်ယောက်ကို လှမ်းကြည့်ပြီး ပေါ့ပါးစွာ ပြောဆိုလိုက်သည်။ ထိုသို့ပြောလိုက်ပြီးနောက် ဝမ်ဖုန်းဟာ သူတို့နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး အခြားသောသူများနှင့် ဆက်လက်ထွက်ခွာသွားတော့သည်။
ဝမ်ဖုန်းနှင့်အခြားသောသူများ ထွက်ခွာသွားပြီး အတော်ကလေးကြာသည့်တိုင်အောင် ဖူမေနှင့် ဟူပေါင်တိို့သည် သတ်ိပြန်လည်မလာကြသေးပေ။ ဝမ်ဖုန်း၏ စကားလုံးများက မိုးချိန်းသံကြီးကဲ့သို့ သူတို့၏ စိတ်ဝိညာဥ်ကို တုန်ခါစေခဲ့လေသည်။
အချိန်အတော်ကလေးကြာမှသာ သူတို့ဟာ ပြန်လည်သတိဝင်သွားကြသည်။ သူတို့က အခြားသူများ ထွက်ခွာသွားသည့်အရပ်ဖက်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ကြပြီးနောက် သူတို့လည်းပဲ ပျောက်ကွယ်သွားလေတော့သည်။
...........
ဖူမေရော ဟူပေါင်ကပါ သိရှိထားကြလေသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ပေါ်ပေါက်လာခြင်း ထျန်းလန်အလယ်ပ်ိုင်းဒေသအတွင်း အပြောင်းအလဲများစွာဖြစ်ပေါ်စေလိမ့်မည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ နားမလည်နိုင်လောက်သော ခွန်အားက မည်သည့်ရှေးဟောင်းမျိုးနွယ်စုကြီးကိုမဆို အလေးအနက်ထားဆက်ဆံစေရမည်ပဲဖြစ်သည်။
ရှန်ရှန့်ကျုံဂိုဏ်း ဂိုဏ်းဌာနသို့သွားရောက်ရန် ရှေးဟောင်းတောင်းတန်းအနက်ပိုင်းအတွင်းသို့ ဝမ်ဖုန်းနှင့် အခြားသူများ ဝင်ရောက်သွားချိန်တွင် ထျန်းလန်အလယ်ပိုင်းဒေသရှိ ရှောင်းမျိုးနွယ်စုဌာနတွင် ဖြစ်သည်။
ကောင်းကင်ယံထိတောင် ထိုးထွက်မြင့်တက်နေသော ဧရာမတောင်ထိပ်ကြီးတစ်ခုရှိလေသည်။ အဆိုပါဧရာမတောင်ထိပ်ကြီး၏ အပေါ်တွင်ခမ်းနားကြီးကျယ်သော နန်းတော်ကြီးများ အစီအရီရှိနေခဲ့သည်။ ကြီးမားသောတောင်တန်းကြီး၏ ထိပ်တွင် မိူးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး လျှပ်စီးများလည်း တလက်လက်လင်းလက်နေကာ ကောင်းကင်ကြီးတစ်ခုလုံးက မဲမှောင်တလှည့် လင်းလက်တစ်လှည့်ဖြစ်နေခဲ့သည်။
တောင်၏အပြင်ဘက်မှာတော့ မိုးကောင်းကင်ဟာ ကြည်လင်နေပြီး တိမ်များတောင် ကင်းစင်နေသည်။ ဤသည်က တောင်ပေါ်ရှိ အခြေအနေနှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်သည်။
"ဘာဖြစ်နေတာလဲ?... မျိုးနွယ်စုခေါင်းဆောင်က ဘယ်လောက်တောင် အမျက်ထွက်နေလို့ ကောင်းကင်ကြီးတောင် အရောင်ပြောင်းသွားရတာလဲ?"
"ငါလည်းမသိဘူး... ဂိုဏ်းအစောင့်အရှောက်အကြီးအကဲတွေအားလုံး အဓိကခန်းမကြီးကို သွားကြ ရတယ်လို့ကြားတယ်... တစ်ခုခုတော့ဖြစ်နေပြီထင်တယ်"
"ငါတို့ရှောင်းမျိုးနွယ်စုက ထျန်းလန်အလယ်ပိုင်းဒေသရဲ့ ထိပ်တန်းမျိုးနွယ်စုကြီးတစ်ခုပဲလေ.. ဘယ်သူကများ ရှောင်းမျိုးနွယ်စုကို အလွယ်တကူရန်စရဲတာလဲ"
"ဘယ်သူသိမှာလဲကွ... ဒါပေမယ့် ခေါင်းဆောင်ကတော့ အရမ်းကိုဒေါသထွက်နေပြီ ၊ ဘိုးဘေးရဲ့ အမျက် ဒေါသကို သွေးတွေကပဲ ဆေးကြောန်ိုင်တော့မှာ.. ဘယ်သူပဲဖြစ်ဖြစ် ရှောင်းမိသားစုကို ရန်စရဲတယ်ဆိုမှတော့ သူတို့ရဲ့အဆုံးသတ်က သေခြင်းပဲရှိမှာပေါ့"
တောင်ထိပ်ပေါ်ရှိ နန်းတော်ကြီးတစ်ခုအတွင်းတွင် ရှောင်းမျိုးနွယ်စု တပည့်များသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးလုမတတ် ဖြစ်နေခဲ့သည့် အဆိုပါမြင်ကွင်းကို မော့ကြည့်ရင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြခြင်းဖြစ်သည်။
အဓိကခန်းမကြီးထဲတွင် ရှောင်းမျိုးနွယ်စုခေါင်းဆောင် ရှောင်းချန်တောက်၏ မျက်နှာကမဲမှောင်နေလေသည်။ သူဟာ ပေါက်ကွဲလုမတတ် မီးတောင်ကြီးကဲ့သို့ ဖြစ်နေခဲ့ပြီး ကြောက်လန့်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။ အဆိုပါထိတ်လန့်စရာအရှိန်အဝါများသည် ခန်းမကြီးတစ်ခုလုံးကိုတောင် တသိမ်သိမ့် တုန်ခါစေခဲ့လေသည်။
လေးလံသော အဆိုပါဖိအားကြောင့် ရှောင်းမျိုးနွယ်စုအစောင့်အရှောက်အကြီးအကဲအားလုံး၏ အမူအရာများသည် တောင့်တင်းသွားကြသည်။ သူတို့၏ မျက်နှာများကလည်း ဒေါသထွက်နေကြလေသည်။
"ရှောင်းဝူကွမ်ရဲ့ သေဆုံးခြင်းကိုသွေးကြွေးနဲ့ ပြန်ပေးဆပ်စေရမယ်... အဲ့ဒီရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးပဲဖြစ်ပါစေ သူတို့ကိုဖျက်စီးပစ်ရမယ်" ရှောင်းချန်တောက်သည် အောက်ဖက်ရှိ မျိုးနွယ်အစောင့်အရှောက်အကြီးအကဲများကို ဝေ့ဝဲကြည့်လိုက်ပြီး အေးစက်စွာပြောဆိုလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်၌ အဆုံးအစမဲ့သော သတ်ဖြတ်ခြင်း အရှိန်အဝါများ စုစည်းသိပ်သည်းလာလျက်ရှိသည်။ ထိုအရှိန် အဝါများက ကောင်းကင်ပေါ်သို့ တရွေ့ရွေ့မြင့်တက်သွားကြပြီး ကောင်းကင်ပေါ်၌ တိမ်မဲများကို ဖြစ်ပေါ်စေလျက် မိုးချိန်းသံများ အဆက်မပြတ် မြည်ဟီးလာစေသည်။
"မျိုးနွယ်စုခေါင်းဆောင်... ရလာတဲ့သတင်းတွေအရ ရှောင်းဝူကွမ်ကို ရှန်ရှန့်ကျုံဂိုဏ်းက စွမ်းအားရှင်တစ်ယောက်က ချက်ချင်းကို ခေါင်းဖြတ်သုတ်သင်ပစ်လိုက်တာတဲ့... ဒီလိုဆိုမှတော့ ကျုပ်တို့ဘိုးဘေးကိုနှိုးလိုက်သင့်သလား?"