← Chapters

။ အထွတ်အထိပ်၌ အထီးကျန်ခြင်း။

Vol. 19 Ch. 260

။ အထွတ်အထိပ်၌ အထီးကျန်ခြင်း။

Vol. 19 Ch. 260

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဇစ်မြစ်ကဘာများလဲ?" ရှောင်းချန်တောက်သည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး နက်ရှိုင်းသောလေသံဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော်လည်းမသိဘူး.. အဲ့ဒီဂိုဏ်းက ထျန်းလန်အလယ်ပိုင်းဒေသမှာ ရုတ်တရက်ထွက်ပေါ်လာခဲ့တာ.. သူတို့ရဲ့နောက်ခံက ထူးခြားဆန်းကြယ်ပြီး မခန့်မှန်းနိုင်ဘူး ၊ ရှောင်းဝူကွမ်လို စွမ်းအားရှင်တစ်ယောက်ကို ဓါးတစ်ချက်နဲ့ သတ်ဖြတ်ဖို့ဆိုတာက မလွယ်ကူဘူးမဟုတ်လား" ရှောင်းချန်းသည် အလေးအနက်လေသံဖြင့် ပြောဆိုလိုက်သည်။ ရှောင်းဝူကွမ်သတ်ဖြတ်ခံရသည်ဖြစ်ရာ မျိုးနွယ်စုအစောင့်အရှောက်တစ်ဦးဖြစ်သော ရှောင်းချန်းသည်လည်း လွန်မင်းစွာ ဒေါသထွက်နေလေသည်။

သို့ပါသော်လည်းသူဟာ ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားကိုတော့ အထင်သေးရဲခြင်းမရှိပေ။ ရှောင်းမိသားစုသည် ထျန်းလန်အလယ်ပိုင်းဒေသတွင် ထိပ်တန်းအဆင့်မိသားစုကြီးဖြစ်နေသည်မှာ နှစ်ကာလများစွာ ကြာညောင်းနေပြီ​ဖြစ်သည်။ ထိုသို့ရပ်တည်နိုင်ခြင်းမှာ သူတို့၏ တုဖက်ကင်းသော ခွန်အားကြောင့်သာမက အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဥ်းစားတတ်သော အပြုအမူ​ကြောင့်လည်းဖြစ်ပေသည်။

"ဒီဂိုဏ်းချုပ်က ဘိုးဘေးအိုကြီးကို ဆင့်ခေါ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းအပေါ် စီရင်စေချင်တယ်... ဒီမတော်တဆမှုအတွက် ဘိုးဘေးအိုကြီးကို အခြားသန်မာသူတစ်ယောက်ရဲ့ အကူအညီကို တောင်းခံခိုင်းလိုက်ရမယ်" ရှောင်းချန်တောက်သည် တစ်ခဏကြာ စဥ်းစားလိုက်ပြီးနောက် ကျယ်လောင်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါက.... မျိုးနွယ်စုခေါင်းဆောင် ဘိုးဘေးတွေရဲ့ စွမ်းအားနဲ့ဆိုရင်တောင် လုံလောက်နေသင့်နေပြီလေ... တကယ်လို့များ ဘိုးဘေးတွေရဲ့ အဆက်အသွယ်ကို အသုံးပြုပြီး အခြားဒေသက ​ကျင့်ကြံသူကြီးတွေကို အကူအညီ​တောင်းမယ်ဆိုရင် ပေးရမယ့်တန်ဖိုးက မြင့်မသွားလွန်းဘူးလား?" ​ရှောင်းချန်းသည် တုံ့ဆိုင်းသွားပြီး ပြောဆိုလိုက်သည်။

သူက ရှန်ရှန့်ကျုံဂိုဏ်းအပေါ် အလွန်အမင်းအလေး ပေးသော်လည်း ဘိုးဘေးများမှာ တာအိုအင်မော်တယ်အဆင့်ထက် ကျော်လွန်သော တည်ရှိမှုကြီးများဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်းကို ရင်ဆိုင်ဖို့ ဘိုးဘေးတွေကတောင် လုံလောက်နေပြီမဟုတ်ဘူးလား?။ ဘာဖြစ်လို့များဘိုးဘေးတွေရဲ့ အဆက်အသွယ်တွေကို အသုံးပြုရမှာလဲ?။

ထျန်းလန်အလယ်ပိုင်းဒေသသည် အလွန်အမင်းကျယ်ဝန်းပေသည်။ မြောက်များစွာသောရှေးဟောင်းမျိုးနွယ်စုကြီးများအပြင် ပုန်းအောင်းကျင်ကြံနေကြသော မကောင်းဆိုးဝါးအိုကြီးများလည်း ရှိနေသေးသည်။ ရှောင်းမိသားစု၏ ဘိုးဘေးများသည် ထိုကဲ့သို့သော မကောင်းဆိုးဝါးအိုကြီးများကို သိရှိထားပေသည်။

ဒါက ရှောင်းမိသားစုဘိုးဘေးမျာ နှစ်ပေါင်းများစွာကြာ တည်ဆောက်ခဲ့သော အဆက်အသွယ်များဖြစ်သည်။ ဒါကိုပဲရှောင်းမိသားစု၏ အမွေအနှစ်ဟုဆိုရပါလိမ့်မည်။ ထိုအဆက်အသွယ်များကို တစ်ကြိမ်တစ်ခါအသုံးပြုလိုက်ပါက ရှောင်းမိသားစု၏ အမွေအနှစ်များကို အသုံးပြုလိုက်ခြင်းနှင့် တူညီပေသည်။

"သတိထားတာက မမှားယွင်းပါဘူးလေ ၊ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ မူလဇစ်မြစ်က အရမ်းကိုလျှို့ဝှက်ဆန်း ကြယ်လွန်းတယ်... အဲ့ဒီဂိုဏ်းကိုသာ ဖျက်စီးနိုင်လိုက်ရင် ငါတို့ရှောင်းမိသားစုကလည်း အကျိုးအမြတ်အများကြီး ရရှိလာလိမ့်မယ်" ရှောင်းချန်တောက် သည် မျက်ဝန်းများကို မှေးကျဥ်းလျက် တည်ငြိမ်စွာပြောဆိုလိုက်သည်။

ရှောင်းချန်တောက်၏စကားကို ကြားလိုက်ရသည့်အခါ ရှောင်းမိသားစုအကြီးအကဲများသည် ငြိမ်သက်သွားပြီး ဘယ်စကားကိုမှ ဆက်လက်ပြောဆိုခြင်းမရှိတော့ပေ။

သူတို့ဟာ သူတို့ရင်ဆိုင်နေရသောရန်သူ၏ အဆင့်အတန်းကိုတောင် တိတိကျကျသိမထားပေ။ ဒါကသနားစရာ ကောင်းလှပေသည်။

.........

ရှေးဟောင်းတောင်တန်းများ၏ အတွင်းပိုင်းတွင် ဝမ်ဖုန်းတို့အဖွဲ့သည် တောင်ကြားလေးတစ်ခုရှေ့၌ ရပ်တန့်လိုက်ကြသည်။

သူတို့တစ်တွေ မြေပြင်ပေါ်ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ဖုန်းနှင့် အခြားသောသူများသည် မြက်ပင် ၊ သစ်ပင်များ၏ မွှေးရနံများကို ခံစားမိလိုက်ကြသည်။ သူတို့ဟာ ခေါင်းမော့လျက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ တောင်ကြားလေး၏ထိပ်မှ စီးဆင်းလာသော အဖြူရောင် ရေတံခွန်ကြီးတစ်ခုကို တွေ့မြင်လိုက်ရသည်။ အဆို ပါရေတံခွန်ကြီးသည် တောင်ကြားအောက်ခြေရှိ ​ကျောက်စိမ်းကဲ့သို့ ကြည်လင်သော ရေကန်တစ်ခုအတွင်းသို့ စီးဆင်းဝင်ရောက်နေခြင်းဖြစ်သည်။

ရေကန်မျက်နှာပြင်ပေါ်တွင် မြူနှင်းငွေ့များ ခပ်ပါးပါးရှိနေလေသည်။ ဒါကကောင်းကင်ဘုံနန်းဆောင်မှ ရေကန်ငယ်လေးအလားပင် တကယ့်ကိုလှပလွန်းပေသည်။

"ခုချိန်ကစပြီး ဒီနေရာက ထျန်းလန်အလယ်ပိုင်းဒေသအတွင်းမှာရှိတဲ့ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းဌာနပဲ" အကြည့်တစ်ချက်ဖြင့်ပင် ဝမ်ဖုန်းသည် စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်လေသည်။

ဝမ်ဖုန်း၏ဘေးနားတွင်ရှိနေသော စုန့်ချယ်နှင့် နဥ်းတောက်ချီတို့ကလည်း တစ်ညီတစ်ညွတ်တည်း ခေါင်းညိမ့်လိုက်ကြသည်။ ဤတောင်ကြားလေးသည် ရှေးဟောင်းတောင်တန်းအနက်ပိုင်းဒေသ၌ တည်ရှိခြင်းဖြစ်သည်။ ဤသည်မှာ ကမ္ဘာ့အပြင်ဘက်ရှိ နတ်ဘုံတမျှ ခမ်းနားလှပနေသေးသည်။ ဒီနေရာကိုသုခဘုံဟု ပြောဆိုလျှင်တောင် လွန်အံ့မည်မထင်ပေ။

"သေးနုပ်တဲ့လူသားလေးတွေ... ဒီဘုရင်ရဲ့နယ်မြေကို ကျူးကျော်ရဲတယ်လား"

ဒီအချိန်မှာပဲ နက်ရှိုင်းသောလေသံတစ်ခုသည် တောင်ကြားတစ်ခွင် ပဲ့တင်ထပ်သွားလေသည်။ ဝမ်ဖုန်းဘေးတွင် ရှိနေကြသော ကျုံးကျီနှင့်ပိုင်ဟုန်တို့သည် ထိတ့်လန့်သွားကြပြီး အသံလာရာဘက်ကို လှည့်ကြည့်လိုက်ကြသည်။ သို့ပါသော်လည်း ဝမ်ဖုန်းနှင့်အခြားသူများကတော့ လုံးဝကို အံ့အားသင့်ခြင်းမရှိပေ။ သူတို့ဟာ ဤတောင်ကြားထဲတွင် ဒဏ္ဍာရီ အဆင့် မကောင်းဆိုးဝါးများရှိနေကြောင်းကို အစောကတည်းကသိရှိကြပြီးဖြစ်သည်။ သို့ပါသော်လည်း ဝမ်ဖုန်းနှင့် အခြားသောသူများကတော့ တုံ့ဆိုင်းခြင်းမရှိဘဲ တောင်ကြားထဲကို သက်ဆင်းလာခဲ့ပေသည်။ (ဒဏ္ဍာရီနယ်ပယ် = တာအိုအင်မော်တယ်အဆင့်)

ဝမ်ဖုန်းနှင့် အခြားသောသူများ၏ မျက်စိများအောက်တွင် မှိန်ဖျော့ဖျော့အရိပ်တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ ထိုအမျိုးသားမှာ ၂ မီတာကျော်ခန့် အရပ်မြင့်ပြီး သူ့ခန္ဓာကိုယ်မှာ ကြွက်သားအမြောင်းမြောင်းများ ထနေခဲ့သည်။ သူ၏ဆံပင်တစ်ပင်မျှ မရှိသော ဦးခေါင်းပြောင်ပြောင်က နေရောင်အောက်တွင် တလက်လက်တောက်ပနေပေသည်။ သူ့မျက်ခုံးများကလည်း ဆေးချယ်ထားသကဲ့သို့ နက်မှောင်နေပေသည်။

ထိုလူထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အရှိန်အဝါများသည် ဝမ်ဖုန်းနှင့်အခြားသောသူများဆီ ပျံ့လွင့်လာပေသည်။ ဝမ်ဖုန်းတို့ဘေးတွင်ရှိနေသော ကျုံးကျီတို့နှစ်ယောက်၏ နဖူးများပေါ်၌ ချွေးစေးများပင် ထွက်လာလေပေသည်။

"ရှေးဟောင်းသားရဲ​ကြီးတစ်ဖြစ်လဲ ရေခဲင်္ခြသေ့ဘုရင်သည် တာအိုအင်မော်တယ်အစောပိုင်းအဆင့်တွင်ရှိနေပြီး သူရဲ့ခွန်အားကတာအိုအင်မော်တယ် နှောင်းပိုင်းအဆင့် လူသားကျင့်ကြံသူများနဲ့ ရင်ဆိုင်နိုင်စွမ်းရှိသည်... ၊ သူ၏ 'ဘုံကိုးလွှာ နှင်းမြူဟိန်းဟောက်သံ'က တာအိုအင်မော်တယ်နှောင်းပိုင်းအဆင့်ရှိ လူသားကျင့်ကြံသူများကိုတောင် သတ်နိုင်ပါသည်"

သူစိတ်အာရုံအတွင်း မြည်ဟီးထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်း၏ မျက်လုံးများကို အနည်းငယ်လှုပ်ရှားသွားစေခဲ့သည်။ ရှေးဟောင်းသားရဲများသည် သာမန်မကောင်းဆိုးဝါးများ မဟုတ်ကြပါပေ။ သူတို့တွင် အလွန်အမင်းသန်မာသော သွေးမျိုးဆက်ရှိပေသည်။ သူတို့သာ ကောင်းကောင်းမွန်မွန်ကျင့်ကြံပါက တာအိုနတ်ဘုရားအဆင့်သို့ ရောက်ရန် မခက်ခဲပါပေ။

"ဒီဘုရင်က ကြင်နာတတ်ပါတယ်.. မင်းတို့ကို နောက်ဆုံးအနေနဲ့ ထွက်သွားခွင့်ပေးမယ်" ရေခဲ ​ခြင်္သေ့ဘုရင်သည် ဝမ်ဖုန်းနှင့်အခြားသောသူများကို ထူးမခြားနားစိုက်ကြည့်လိုက်ပြီး အေးစက်သောလေသံဖြင့် ပြောဆိုလိုက်သည်။ သူ၏အသံဟာ တောင်ကြားတစ်ခုလုံးကို တုန်ခါစေခဲ့သည်။

သာမန်မကောင်းဆိုးဝါးမျာကတောင် သူတို့၏ ကိုယ်ပိုင်နယ်မြေကို ကြီးမားသော ခင်တွယ်မှုရှိကြပေသည်။ သူ့လို ​ရှေးဟောင်းသားရဲတစ်ကောင်ဆိုပါက ပြောစရာမလိုပေ။ ဒီလူသားတွေက သူ့နယ်မြေကို ကျူးကျော်ရဲမှတော့ ရိုင်းစိိုင်းတဲ့အတွက် အ​ပြစ်မတင်နဲ့တော့။

"ဒီဂိုဏ်းချုပ်ကလည်း မင်းကိုအခွင့်အရေးတစ်ခုပေးမယ်... ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အ​စောင့်အရှောက်သားရဲဖြစ်လာလိုက်စမ်းပါ ၊ ဒီလိုမှမဟုတ်ဘဲ ဒီဂိုဏ်းချုပ်စတင် လှုပ်ရှားရင် မင်းမှာတောင်းပန်ဖို့ အခွင့်အရေးမရှိတော့မှာကို စိုးရိမ်မိတယ်"

ရေခဲခြင်္သေ့ဘုရင်၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်သည်။

ဝမ်ဖုန်း၏အနောက်တွင်ရှိနေကြသော ကျုံးကျီတို့နှစ်ယောက်သည် ထိုစကားများကိုကြားလိုက်ရသည့်အခါ သူတို့၏မျက်ဝန်းများသည် လင်းလက်တောက်ပလာကြသည်။ သူတို့က ဝမ်ဖုန်းကို အရမ်းလေးစားမိနေပြီဖြစ်သည်။

ယခုရောက်ရှိလာသော ထူးခြားဆန်းကြယ်သည့်လူသည် သူတို့၏ စိတ်ဝိညာဥ်ကိုတောင် တုန်ခါစေခဲ့ပြီး ထိုလူနှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူတို့သည် ငရဲပြည်သို့ ခြေတစ်လှမ်း လှမ်းမိလျှက်သားကဲ့သို့ ခံစားလိုက်ကြရလေသည်။ သို့ပါသော်လည်း ဂိုဏ်းချုပ်ကတော့ အစဥ်အမြဲတည်ငြိမ်သော မျက်နှာထားဖြင့် ပြောဆိုနေနိုင်သေးသည်။ ဤကဲ့သို့သော စိတိနေစိတ်ထားမှာ တစ်ကယ့်ကို ကြီးမြတ်လှပေသည်။

"ဒီဘုရင်က နှစ်ပေါင်းများစွာကြာတဲ့အထိ ပြိုင်ဘက်ကင်းဖြစ်နေခဲ့တာ... ဒီဘုရင်ကို ဒီလိုမျိုးပြောရဲတဲ့လူမရှိတာ ကြာပါရော့လား.. မင်းတို့လူသားလေးတွေ တစ်ကယ့်ကို သတ္တိမခေကြဘူးပဲ"

"ထားလိုက်ပါတော့လေ.. မင်းတို့ဒီလောက်တောင် သတ္တိရှိနေမှတော့ ဒီဘုရင်က မင်းတို့ကို မျက်နှာသာ ပေးလိုက်ပါ့မယ် ၊ မင်းတို့ရဲ့ အသားသေးသေးလေးတွေက ဒီဘုရင်ရဲ့ သွားကြားထဲတောင် ညပ်မှာမဟုတ်ဘူး"

ထိုသို့ပြောလိုက်ပြီးနောက် ရေခဲခြင်္သေ့ ဘုရင်သည် သူ၏ မူလသွင်ပြင်အဖြစ်သို့တောင် ပြောင်းလဲမသွားဘဲ ရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်လေသည်။ သူ့အောက်ခြေရှိ မြေပြင်သည် အက်ကွဲရာများ ဖြစ်ပေါ်လာလေသည်။ သူက လက်သီးတစ်ချက် အသာအယာထိုးသွင်းလိုက်သည့်အခါ တောင်ကြားတစ်ခုလုံးရှိ ဆန်းကြယ်သော ချီစွမ်းအင်များသည် ရုတ်တရက်စုစည်းသွားကြပြီး နေမင်းကဲ့သို့ ဝင်းလက်သောအရောင်အဝါများ ထုတ်လွှတ်နေသည့် ဧရာမလက်သီးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ဤအချိန်တွင် တောင်ကြားတစ်ခုလုံး၌ အရာအားလုံးရပ်တန့်သွားပုံပေါ်သည်။

သို့ပါသော်လည်း နောက်တစ်ခဏအကြာတွင် လက်သီးချက်ကြီးသည် ပြေးထွက်သွားလေသည်။ ထိုလက်သီးချက် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ ပျက်စီးသွားပြီး လေထုဟာလည်း ကြီးမားသောအက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေသည်။ လက်သီးတစ်ချက်ဖြင့် ကမ္ဘာကြီးဟာ ထက်ခြမ်းပိုင်းခံလိုက်ရပုံပေါ်သည်။

စုန့်ချယ်၏ ခွန်အားကို ယခင်ကတွေ့မြင်ဖူး၍သာမဟုတ်ပါက ကျုံးကျီနှင့်ပိုင်ဟုန်တို့သည် အသက်အတွက် ထွက်ပြေးတိမ်းရှောင်ပြီး ဖြစ်ကြပေလိမ့်မည်။ သူတို့က ရေခဲခြင်္သေ့ဘုရင်၏ ကျင့်ကြံဆင့်ကို အတိအကျ သိရှိခြင်းမရှိသော်လည်း ရေခဲခြင်္သေ့ဘုရင်၏ ခန္ဓာကိုယ်မှကြောက်လန့်ဖွယ်အရှိန်အဝါများကို ခံစားနေရဆဲပင်။ အဆိုပါလူမှာ ရှောင်းမျိုးနွယ်စုအကြီးအကဲ ရှောင်းဝူကွမ်ထက်တောင် ပို၍ထိတ်လန့်ဖွယ်ကောင်းသေးသည်။

သူတို့ထံ ပြေးဝင်လာသော ထိတ်လန့်ဖွယ်လက်သီးချက်ကြီးကို ကြည့်ရင်းဝမ်ဖုန်း၏ နှုတ်ခမ်းသားများသည် တွန့်ကွေးသွားသည်။ သူက လက်နှစ်ဖက်နောက်ပစ်လျက် မတ်တက်ရပ်နေသော ရေခဲခြင်္သေ့ဘုရင်ကို လှမ်းကြည့်လိုက်လေသည်။ ဤလက်သီးချက်မှာ အလွန်အမင်းကြီးမြတ်ပုံပေါ်သော်လည်း ရေခဲခြင်္သေ့ဘုရင်က သူ၏ခွန်အားအကုန်အသုံးမပြုခဲ့ကြောင်း ဝမ်ဖုန်းတစ်ယောက် သိရှိနိုင်ပေသည်။

ရေခဲခြင်္သေ့ဘုရင်၏ မျက်လုံးထဲတွင် သူတို့ထဲက တစ်ချို့တစ်ဝက်ကို သတ်ဖြတ်လိုက်တာကတောင် လုံလောက်နေပြီဖြစ်သည်။ ဒါဆိုဘာလို့များ ခွန်အားကုန်အသုံးပြုနေရဦးမလဲ?

"ငါက အရပ်လေးမျက်နှာမှာ ပြိုင်ဘက်ကင်းတဲ့ ရေခဲခြင်္သေ့ဘုရင်ပဲ... ငါထွက်ပေါ်လာတဲ့အခါ ဆိတ်ငြိမ်ခြင်း ရှေးဟောင်းတောင်တန်းတွေကတောင် တုန်လှုပ်သွားကြရလိမ့်မယ် ၊ ဒါပေမယ့်လည်း ငါ့ရဲ့ခွန်အားကို ပြသဖို့ လူသားပုရွက်ဆိတ်အနည်းငယ်ကို သတ်ဖြတ်လိုက်ရတာကတော့ တကယ့်ကို စိတ်မကောင်းစရာပါလား"

"ဒီကြီးမြတ်တဲ့ ရှေးဟောင်းတောင်တန်းကြီးတစ်ခွင်မှာ ပြိုင်ဘက်တစ်ယောက်ရှာဖို့ဆိုတာ တယ်လည်း အခက်သားလား ၊ ငါ.. ရေခဲင်္ခြသေ့ဘုရင်က တကယ့်ကို အထွတ်အထိပ်မှာ အထီးကျန်ဆန်နေပြီပဲ...."

ရေခဲခြင်္သေ့ဘုရင်သည် သက်ပြင်းဖွဖွချလိုက်သည်။ သူဟာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ထွက်ခွာရန် နောက်လှည့်လိုက်လေသည်။ လက်သီးချက်ကို ထုတ်ဖော်လိုက်ပြီးသည့်နောက် သူက ဝမ်ဖုန်းနဲ့ အခြားသောသူများကိုတောင် လုံးဝလှည့်မကြည့်ခဲ့ပေ။ သူ၏ အမြင်တွင် သူဆိုသည့် ရေခဲခြင်္သေ့ဘုရင်က ပြိုင်ဘက်ကင်းဖြစ်ပေသည်။ လက်သီးတစ်ချက်ဆိုရင်တောင်မှ လူသားတွေက အဘယ်မှာ ခုခံနိုင်မည်နည်း။

သူက ခွန်အားကုန် အသုံးမပြုခဲ့ပေ။ သူ့လိုပြိုင်ဘက်ကင်းရေခဲင်္ခြ့သေ့ဘုရင် တစ်ပါးအနေဖြင့် လူသားအချို့ကို သတ်ဖြတ်ဖို့ ခွန်အားကုန်အသုံးပြုရန် လိုလိမ့်ပါဦးမည်လော။သူသည် လက်သီးတစ်ချက်ကို အသာအယာပစ်သွင်းလိုက်သော်လည်း အဆိုပါ လက်သီးကပင် လူသားတို့အတွက် နတ်ဘုရား၏ လက်သီးချက်ကဲ့သို့ ကြောက်လန့်ဖွယ်ကောင်းနေပြီဖြစ်သည်။

ဤသည်မှာ အထွတ်အထိပ်၌ ရပ်တည်နေရသည့် အထီးကျန်ဆန်ခြင်းပဲဖြစ်သည်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ၏ခွန်အားကို သဘောတူနားမလည်နိုင်ကြပေ။

ဆိတ်ငြိမ်ခြင်းရှေးဟောင်းတောင်တန်းနယ်မြေတစ်ခွင် လုံးတွင် မကောင်းဆိုးဝါးအိုကြီး တစ်ချို့မှလွဲ၍ သူနှင့် ရင်ဆိုင်နိုင်သူဟူ၍ တစ်ဦးတစ်ယောက်မှ မရှိပါပေ။ ထို့အတွက်ကြောင့် ဆိတ်ငြိမ်ခြင်းရှေးဟောင်းတောင်တန်းတွင် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းဟု ပြောဆိုခြင်းကလည်း လွန်အံ့မည်မထင်ပေ။

All Chapters