← Chapters

။ ကောင်းကင်ဘုံခရီးနှင်ခြင်း ဧကရီ။

Vol. 19 Ch. 263

။ ကောင်းကင်ဘုံခရီးနှင်ခြင်း ဧကရီ။

Vol. 19 Ch. 263

ထျန်းလန်အလယ်ပိုင်းဒေသရှိ လျှို့ဝှက်ဆန်းကြယ်သော နန်းတော်ကြီးတစ်ခုအတွင်းတွင် လင်းယွင်ယွမ်ကျဲသည် လူအိုကြီးတစ်ယောက်၏ အရှေ့၌ လေးလေးစားစား မတ်တက်ရပ်နေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးကို လက်ဖဝါးတစ်ဖက်ဖြင့် အုပ်ကာကာ ရန်စခဲ့သော လင်းယွင်ယွမ်ကျဲသည် ယခုအချိန်မှာတော့ အသက်တောင်ဝအောင်မရှုရဲပေ။ သူဟာ သူ့အရှေ့ကပုံရိပ်ကို အလွန်အမင်းလေးစား ကြောက်ရွံ့ပုံပေါ်​လေသည်။

"အစီအစဥ်က ဘယ်လိုလဲ?..."

ရှေးဆန်ပြီး ခတ်ထန်သော အသံတစ်သံသည် ဆန်းကြယ်သော နန်းတော်ကြီးအတွင်း ထွက်ပေါ်လာခဲ့သည်။ အရှေ့ကလူရိပ်သည် အနောက်လှည့်လာသည့်အခါ သူ၏သာမန်ဆန်သော မျက်နှာကို လှစ်ဟပြလိုက်လေသည်။ ၎င်းမှာ အရေးအကြောင်းများပြည့်နေသော သာမန်အဖိုးအိုတစ်ယောက်၏ မျက်နှာဖြစ်သည်။ ထိုသူသာ လူအုပ်အလယ်တွင်ရှိနေပါက အနည်းငယ်မျှထူးဆန်းခြင်းမရှိဘဲ သာမန်လူတစ်ယောက်ဖြစ်သာ သတ်မှတ်ခံရမည်ဖြစ်သည်။

"ဆရာ့ကို သတင်းပို့ပါတယ်... အရာအားလုံးက ဆရာမျှော်လင့်ထားတဲ့အတိုင်းပါပဲ ၊ ချီလုံမျိုးနွယ်စုဘက်က စိတ်ယိမ်းယိုင်လာပါပြီ ၊ ဇာမဏီမျိုးနွယ်စုနဲ့ ရွှမ်ကျီးမျိုးနွယ်စုတို့ကတော့ ကျွန်တော်တို့နဲ့ တိတ်တဆိတ်မဟာမိတ်ဖွဲ့ဖို့ ကတိပြုပြီးပါပြီ"

အဖိုးအို၏ အမေးစကားကို ကြားလိုက်ရသည့်အခါ လင်းယွင်ယွမ်ကျဲသည် လေးလေးစားစားဖြင့် အလျှင်အမြန် ဖြေဆိုလိုက်သည်။

"အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၅ စုရဲ့ခွန်အားကို အထင်သေးလို့မရဘူး.. ငါတို့တွေ ချီလုံမျိုးနွယ်စုသာမက ချစ်ဟူမျိုးနွယ်စုကိုပါ အပါခေါ်သွင်းရမယ် ၊ ဒီရှေးဟောင်းမျိုးနွယ်စုကြီး ၄ စုက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၅ စုလောက်မသန်မာပေမယ့်လည်း သူတို့ရဲ့ နောက်ခံတွေကတော့ မတိမ်းမယိမ်းပဲ"

လူအိုကြီးသည် ခေါင်းညိမ့်လိုက်ပြီး တိုးဖွသောလေသံဖြင့်ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ... ဒီတပည့်က ဆရာရဲ့ရည်မှန်းချက်ကို အလျှင်အမြန်ဖြစ်မြောက်အောင် ကြိုးပမ်းပေးပါ့မယ်"

"ဒီဆရာက မင်းကိုကူညီဖို့ ဂိုဏ်းတူအကိုကြီးတွေကို စေလွှတ်ပေးမယ်... ထျန်းလန်ဒေသကို အုပ်စိုးဖို့ အကောင်းဆုံးကြိုးစားပါလေ"

"ငါတို့.. ထျန်းလန်ဒေသကို အုပ်စိုးပြီးမှ ရှန်းရွှမ်ဒေသကို ရင်ဆိုင်မှန်ဆိုရင် အနိုင်ရဖို့ အခွင့်အလမ်းပိုများလာလိမ့်မယ်"

လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တက်ရပ်နေသော လူအိုကြီး၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု တောက်ပလာခဲ့လေသည်။

"ဂိုဏ်းတူအကိုကြီးတွေရဲ့ အကူအညီနဲ့ဆိုရင် ချီလုံမျိုးနွယ်စုနဲ့ ချစ်ဟူမျိုးနွယ်စုကိုရင်ဆိုင်ဖို့ ဒီတပည့်လုံလောက်အောင် ယုံကြည်မှုရှိပါပြီ" လူအိုကြီး၏ စကားကို ကြားလိုက်ရသည့်အခါ လင်းယွင်ယွမ်ကျဲ ၏ မျက်နှာထက်၌ ပျော်ရွှင်သောအမူအရာတစ်ခု ဖြစ်ပေါ်လာပြီး အလျှင်စလိုပြောဆိုလိုက်လေသည်။

.......

ရှန့်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမအတွင်းတွင် ဝမ်ဖုန်း၏ မျက်နှာက မဲမှောင်နေခဲ့သည်။

ကောင်းပေစွ!... ငါနည်းနည်းလောက်သတိလွတ်သွားတာနဲ့ အဲ့ဒီညီအစ်ကိုနှစ်ယောက် ခိုးထွက်သွားပြန်ပြီလား?။ ပြီးတော့ ရေခဲခြင်္သေ့ဘုရင်ကိုတောင် ဆွဲခေါ်သွားသေးတယ်။

"ဂိုဏ်းချုပ်... ကုချိုးတို့ညီအစ်ကိုနှစ်ယောက်နဲ့ ရေခဲခြင်္သေ့ဘုရင်တို့က ရှေးဟောင်းတောင်တန်းထဲမှာရှိနဲ့ ပါ့ဟူမျိုးနွယ်စုကို သွားရောက်လုယက်နေကြတာပါ... " ကုချိုးတို့ညီအစ်ကို လိုက်လံရှာဖွေရန် စေခိုင်းခံခဲ့ရသော နဥ်းတောက်ချီသည် ခန်းမအတွင်းရုတ်တရက်ထွက်ပေါ်လာပြီး ဝမ်ဖုန်းကို ပြောဆိုလိကြသည်။

"အဲ့ဒီအကြောင်းမေ့လိုက်တော့... သူတို့ကို သွားခွင့်ပြုလိုက်ပါလေ" ဝမ်ဖုန်း၏ နှုတ်ခမ်းထောင့်များက လှုပ်ရှားသွားပြီး လက်ကို ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

အနှီအရူးညီနောင်နှစ်ယောက်မှာ တစ်ကယ့်ကို ထိန်းချုပ်မရ ဆိုးသွမ်းလှပေသည်။ သို့ပါသော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့က မကောင်းဆိုးဝါးများကိုသာ သွားရောက်လုယက်ကြခြင်းဖြစ်သည်။ ဒါကတော့ လက်ခံနိုင်သည့် အတိုင်းအတာအတွင်းတွင်သာ ရှိနေသေးသည်။

"စုန့်ချယ်က တပည့်တွေကို စတင်လေ့ကျင့်ပေးနေပြီ... မင်းရော မျိုးစေ့ကောင်းလေးတွေကို မတွေ့မိဘူးလား?" ဝမ်ဖုန်းသည် ကုချိုးတို့ညီနောင်နှစ်ယောက်အကြောင်းကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီး မေးမြန်းလိုက်သည်။

"သိပ်မကြာသေးခင်ကမှ ဂိုဏ်းကိုဝင်လာတဲ့ ကျိယိုယန်ဆိုတဲ့ အမျိုးသမီးတပည့်တစ်​ယောက်တော့ရှိပါတယ်... သူမက တကယ့်ကို ထက်မြတ်လွန်းတယ်" ဝမ်ဖုန်း၏ အမေးကိုကြားလိုက်ရသည့်အခါ နဥ်းတောက်ချီ၏ မျက်နှာထက်၌ အပြုံးတစ်ခုဖြစ်ပေါ်လာပြီး ပြောဆိုလိုက်သည်။

"အို....."

ဝမ်ဖုန်းဟာ အံ့အားသင့်သွားပြီး သူ့မျက်နှာထက်၌ စိတ်ဝင်စားမှု အရိပ်အယောင်များ ဖြစ်ပေါ်လာလေသည်။

နဥ်းတောက်ချီနှင့် စုန့်ချယ်တို့က သူမမှာ အရည်အချင်းကောင်းများရှိသည်ဟု ပြောဆိုလျှင် သူမဟာ ထိပ်တန်းလူငယ်မျိုးဆက်များအကြားမှါအတောက်ပဆုံးသော ကြယ်ပွင့်တစ်ပွင့် ဖြစ်ရပေလိမ့်မည်။ ကျုံးကျီနှင့် ပိုင်ဟုန်တို့ကိုတောင် နဥ်းတောက်ချီက ဤမျှလောက်အထိ မချီးကျူးခဲ့ဖူးပေ။

"စနစ်~ အဲ့ဒီကျိယိုယန်ကို စစ်ဆေးလိုက်ပါ..."

ဝမ်ဖုန်းက လျှို့ဝှက်စွာ ပြောဆိုလိုက်လေသည်။

"ဒင်~~~ ထျန်းလန်အလယ်ပိုင်းဒုတိယအင်အားစုများစွာရဲ့ အရှင်သခင်ဖြစ်သော ကောင်းကင်ဘုံခရီးနှင်ခြင်းဧကရီ ကျိယိုယန်ဟာ တာအိုအင်မော်တယ် အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်​ဖြစ်ပြီး တာအိုနတ်ဘုရားအဆင့်နှင့် ခြေလှမ်းဝက်သာ ကွာဝေးတော့ပါတယ်"

"ကောင်းကင်ဘုံခရီးနှင်ခြင်း သံသရာကျင့်စဥ်ကို လေ့ကျင့်တာကြောင့် သူမဟာ ကိုးကြိမ်ကိုးခါ လူဝင်စားရပါတယ် ၊ ယခုအချိန်မှာတော့ လူဝင်စားခြင်းရဲ့ နဝမမြောက်အဆင့်ကို ရောက်ရှိနေတာဖြစ်ပါတယ်"

"ပြန်လည်ဝင်စားခြင်းဟာ တာအိုရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားတဲ့အခါ ယခင်လူဝင်စားခြင်း ၈ ကြိမ်ရဲ့ စွမ်းအားများကိုပါ ပြန်လည်ရရှိပြီး တာအိုနတ်ဘုရားအဆင့်ကို တက်ရောက်န်ိုင်မှာပါ"

"မှတ်ချက် ~ သူမလူပြန်ဝင်စားနေတုန်းမှာ လက်အောက်ငယ်သားများရဲ့ သစ္စာဖောက်ခြင်းခံလိုက်ရပြီး ကောင်းကင်ဘုံခရီးနှင်ခြင်းမင်းဆက်ရဲ့ ဧကရာဇ်ပြောင်းလဲသွားတာကြောင့်မို့ ဒီအမျိုးသမီးက အလွန်အမင်း ရည်မှန်းချက်ကြီးမားလာခဲ့ပါတယ် ၊ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ပြီးတဲ့နောက်မှာ သူမက ဂိုဏ်းချုပ်ရဲ့နေရာကို မှန်းဆနေခဲ့တာပါ... ပိုင်ရှင်ကို ဖြုတ်ချပြီး သူမကိုယ်တိုင်ဂိုဏ်းချုပ် ဖြစ်လိုနေခဲ့တာပါ ၊ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားကို အသုံးပြုပြီး သူမကိုလက်စားပြန်ချေနိုင်အောင် ကူညီပေးပါ..."

သူ့စိတ်အာရုံအတွင်း ထွက်ပေါ်လာသော အေးစက်စက်အသံကြောင့် ဝမ်ဖုန်းဟာ တစ်ခဏကြာကြောင်အသွားခဲ့လေသည်။ နောက်တစ်ခဏအကြာတွင် ဝမ်ဖုန်း၏ မျက်နှာ၌ အပြုံးယောင်ယောင်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ မြတ်စွာဘုရား!... တစ်ယောက် ယောက်က အလွန်အမင်းမောက်မာပြီး သူ့ဂိုဏ်းချုပ်နေရာကို မှန်းဆရဲသည်ကို ဝမ်ဖုန်းတစ်ယောက် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပဲ ဖြစ်သည်။

သို့ပါသော်လည်း သူမက ကောင်းကင်ဘုံခရီးနှင်ခြင်းမင်းဆက်၏ ဘုရင်မပဲ ဖြစ်လေသည်။ သူမကို ဒီအတိုင်း သတ်ဖြတ်ပစ်ဖို့က နှမြောဖို့ကောင်းလွန်းလှသည်။

"စနစ်~~~ ကျိယိုယန်ကို ငါ့အပေါ်အကြွင်းမရှိ သစ္စာခံလာစေဖို့ နည်းလမ်းတစ်ခုခုများ မရှိဘူးလား?" ဝမ်ဖုန်းက လျှို့ဝှက်စွာပြောဆိုလိုက်သည်။ သူဟာ မျက်လုံးဖြူ ဝံပုလွေတစ်ကောင်ကို လေ့ကျင့်သင်ကြားမပေးချင်ပါပေ။

(မျက်လုံးဖြူဝံပုလွေ- ကျေးဇူးကန်း သစ္စာဖောက်နိုင်သူ)

"စနစ်က သစ္စာခံဆေးလုံးကို အကြံပြုပါတယ်... ဂိုဏ်းအမှတ် တစ်သိန်းဖြင့် ရောင်းချပေးနေပါတယ် ၊ သစ္စာခံဆေးလုံးကို သောက်သုံးလိုက်ပါက အခြားသော သက်ရောက်မှုများ ရှိမှာမဟုတ်ဘဲ သူမကို ပိုင့်ရှင့်အပေါ်၌သာ သစ္စာရှိလာစေမှာဖြစ်ပါတယ်"

ထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်းကို စိတ်ကျေနပ်စွာ ပြုံးလိုက်မိလေသည်။ ဒီမိန်းမက ဘယ်လိုကြောင့်များ ငါ့ရဲ့ဂိုဏ်းချုပ်ရာထူးကို မျက်စိကျရဲရသလဲ? ငါ့ကိုအ​ပြစ်မတင်နဲ့တော့။

"စနစ်~~~ သစ္စာခံဆေးလုံးတွေကို လဲလှယ်လိုက်ပါ..." ဝမ်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ လဲလှယ်လိုက်လေသည်။

"ဒင်~~~ ဂိုဏ်းအမှတ်တစ်သိန်းကို အသုံးပြုပြီး သစ္စာခံဆေးလုံးဖြင့် လဲလှယ်လိုက်ပါပြီ ၊ ဆေးလုံးကို စနစ်နေရာလပ်ထဲမှာ သိမ်းဆည်းထားပါတယ်.. ပိုင်ရှင် အချိန်မရွေးထုတ်ယူ သုံးစွဲနိုင်ပါတယ်"

ဝမ်ဖုန်းသည် သူ၏စိတ်ဝိညာဥ်ကို စနစ်နေရာလပ်အတွင်း စေလွှတ်လိုက်သည့်အခါ ရှေးကျပြီး သာမန်ဆန်သော မှော်ဆေးလုံးတစ်လုံးကို တွေ့လိုက်ရလေသည်။ အဆိုပါဆေးလုံးဟာ ကျင့်ကြံဆင့်တိုးမြှင့်စေသည့် ဆေးလုံးများနှင့် ထူးမခြားနားပါပေ။

"တောက်ချီ... ဒါကတာအိုဆေးလုံးတစ်လုံးပဲ.. ဒီဆေးလုံးကို ကျိယိုယန်ကို သောက်ခိုင်းလိုက်ပါ ၊ သူမရဲ့ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးလိမ့်မယ် ၊ သူမကအရည်အချင်းရှိတယ်ဆိုတော့ ကောင်းကောင်းလေ့ကျင့်သင်ကြားပေးလိုက်.. ချန်းလုံသိုင်းပြိုင်ပွဲမှာ သူမကို ပါဝင်ယှဥ်ပြိုင်စေမယ်"

ဝမ်ဖုန်းသည် သစ္စာခံဆေးလုံးကို ထုတ်ယူလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ... ဂိုဏ်းချုပ် ၊ အဲ့ဒီကလေးမ ယိုယန်တော့ ဂိုဏ်းချုပ်ကို အရမ်းကျေးဇူးတင်နေတော့မှာဘဲ" နဥ်းတောက်ချီက သစ္စာခံဆေးလုံးကိုယူလိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။

"သွားပါ... ဒီဆေးလုံးကို သူမကို သေသေချာချာသောက်ခိုင်းလိုက်နော် ၊ မြန်မြန်သွားပြီးလေ့ကျင့်ခိုင်းလိုက်တော့ ။ချန်းလုံသိုင်းပြိုင်ပွဲက နီးလာနေပြီ။ သူမရဲ့ ကျင့်ကြံဆင့်က အရမ်းကိုနိမ့်လွန်းနေသေးတယ်" ဝမ်ဖုန်းက ခေါင်းညိမ့်ကာ ပြောဆိုလိုက်သည်။

"ကောင်းပါပြီ... ကျွန်တော်သူမကို သေသေချာချာသောက်ခိုင်းလိုက်ပါ့မယ်" နဥ်းတောက်ချီက လက်သီးဆုပ် ဂါရဝပြုပြီး ပြောဆိုလိုက်ကာ ဆေးလုံးကို ကျိယိုယန်အားပေးဖို့အတွက် ထွက်ခွာသွားတော့သည်။

နဥ်းတောက်ချီ၏ ထွက်ခွာသွားသောကျောပြင်ကို လှမ်းကြည့်ရင်း ဝမ်ဖုန်း၏ မျက်နှာထက်၌ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာလေသည်။ ဘယ်လိုလူကများ သူ့ရဲ့ဂိုဏ်းချုပ်ရာထူးကို မှန်းဆရဲရသလဲ။

ဝမ်ဖုန်းဟာ ရည်မှန်းချက်ကြီးမားသော ဂိုဏ်းတပည့်များကို စိတ်ကွက်ခြင်းမရှိပါပေ။ သို့ပါသော်လည်း တစ်ချို့သောရည်မှန်းချက်များကိုတော့ ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန် ရှင်းလင်းပစ်ရမှာဘဲဖြစ်သည်။

"ကောင်းကင်ဘုံခရီးနှင်ခြင်း မင်းဆက်တဲ့လား....." ဝမ်ဖုန်း၏ မျက်လုံးအတွင်းပိုင်းထဲ၌ အလင်းတန်းတစ်ခု ဖြစ်ပေါ်လာပြီး တိုးဖွစွာ ရေရွတ်လိုက်လေသည်။

"ဂိုဏ်းချုပ်... တွေ့ခွင့်တောင်းပါတယ်"

"ဝင်လာခဲ့..."

ဝမ်ဖုန်းက အံ့အားတသင့်ပြောဆိုလိုက်သည်။ ဒီအချိန်အတွင်းတွင် သူဟာကျန်းစန်ဖုန်းနှင့် တခြားသူများကို ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်များအား အားသွန်ခွန်စိုက် သင်ကြားပေစေခဲ့သည်။

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

ကျန်းစန်ဖုန်းသည် ခန်းမအတွင်းသို့ ဝင်ရောက်လာကာ ဝမ်ဖုန်းကို ထူးထူးဆန်းဆန်းစိုက်ကြည့်လိုက်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် နှုတ်ဆက်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ..."

ဝမ်ဖုန်းက ပြုံးကာပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်... ကုချိုးတို့ ညီအစ်ကိုနှစ်ယောက် ထပ်ပြီး ထွက်ပြေးသွားပြန်ပါပြီ"

"အင်း.. အဲ့ဒီအရူးနှစ်ယောက်က ရေခဲခြင်္သေ့ဘုရင်ကိုတောင်ခေါ်ပြီး ရှေးဟောင်းတောင်တန်းတွေကြားက မကောင်းဆိုးဝါးတွေကို သွားလုယက်ကြတယ်တဲ့လေ" ဝမ်ဖုန်းက ဒေါသသံစွက်နေသောလေသံဖြင့် ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်... အဲ့ဒီညီအစ်ကိုနှစ်ယောက်က ကျုပ်ဆီကို ရောက်လာပြီး ဆေးလုံးတစ်လုံးပေးဖို့လည်း ေတာင်းဆိုခဲ့သေးတယ် ၊ ကျုပ်လည်း များများစားစားမတွေးဘဲ ပေးလိုက်မိတယ် အခုဂိုဏ်းချုပ်ဆီ ရောက်လာတာက......"

ကျန်းစန်ဖုန်းက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။

"အို... ဘာဆေးဝါးလဲ?"

"အာကေးဆီးရား မှော်ဝင်ဆေးဝါးပါ"

"အာ... အဲ့ဒီမှော်ဆေးဝါးက ဘာအမျိုးအစားလဲ?" ဝမ်ဖုန်းက စိတ်ရှုပ်ထွေးသွားလေသည်။ သူဟာ မှော်ဆေးဝါးနှင့်ပက်သက်၍ ဗဟုသုတ တော်တော်များများရှိသော်လည်း ထိုကဲ့သို့သော ဆေးဝါးမျိုးကိုတော့ ကြားဖူးခြင်းမရှိပါပေ။

"အဲ့တာက လူသားတွေနဲ့ မကောင်းဆိုးဝါးတွေကို ထင်ယောင်ထင်မှား ဖြစ်စေပြီး သူတို့အရှေ့က လူကို ပြိုင်ဘက်ကင်းအချောအလှလေးတွေအနေနဲ့ ဆက်ဆံလာစေတယ် ၊ ကျွန်တော်က အဲ့ဒီဆေးကို အကောင်းဆုံးဖော်ဆောင်ခဲ့တာ.. တာအိုအင်မော်တယ်အဆင့်ရဲ့အောက်မှာ ဘယ်သူကမှ အဲ့ဒီပုံရိပ်ယောင်ကို လွတ်မြောက်နိုင်မှာမဟုတ်ဘူး..."

ကျန်းစန်ဖုန်း၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ နှုတ်ခမ်းထောင့်များသည် အရိုင်းဆန်စွာ တွန့်ကွေးသွားခဲ့လေတော့သည်။ သူ၏မျက်နှာဟာ ကြောင်အနေသောအမူအရာကို ဖော်ညွှန်းနေသည်။ ထိုညီနောင်နှစ်ယောက်ဟာ ရူးကြောင်ကြောင်ဖြစ်ပြီး ကောင်းကောင်းမကျင့်ကြံကြသော်လည်း လုယက်ခြင်းနှင့် ပက်သက်လာလျှင်သော အရာအားလုံးကို ကောင်းမွန်စွာ ပြင်ဆင်တတ်လေသည်။ ထိုကဲ့သို့သော နိမ့်ပါးလှသည့် လှည့်ကွက်များကိုတောင် စဥ်းစားထွက်ရှိသေးသည်။

All Chapters