← Chapters

။ တာအိုနတ်ဘုရားများ ရောက်ရှိလာခြင်း။

Vol. 19 Ch. 264

။ တာအိုနတ်ဘုရားများ ရောက်ရှိလာခြင်း။

Vol. 19 Ch. 264

ဆိတ်ငြိမ်ခြင်းရှေးဟောင်းတောင်တန်းများ၏ အတွင်းပိုင်းတစ်နေရာတွင် ရေခဲခြင်္သေ့ဘုရင်သည် သူ့ဘေးနားတွင်ရပ်နေသော ကုချိုးတို့ ညီနောင်နှစ်ယောက်ကို ဝမ်းနည်းစွာ ပြုံးလျက် စိုက်ကြည့်နေသည်။ သူ၏ ကျောရိုးတစ်လျောက် အဆုံးမဲ့အေးစိမ့် ကြောက်လန့်မှုကြီးကို ခံစားလိုက်ရလေသည်။

သူဆိုသည့် ရေခဲခြင်္သေ့ဘုရင်သည် တစ်ချိန်က ရှေးဟောင်းတောင်တန်းများအတွင်း အုပ်စိုးခဲ့ဖူးပြီး မြောက်များစွာသော သားရဲများနှင့်တိုက်ခိုက်ခဲ့ဖူးကာ သေခြင်းရှင်ခြင်း အတွေ့အကြုံများကို တွေ့ကြုံခဲ့ရလေသည်။ သူဟာ မကောင်းဆိုးဝါးပေါင်းတစ်ထောင်နှင့် တစ်ယောက်တောင် ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ဖူးသည်။ သွေးပင်လယ်နှင့် အလောင်းသမုဒ္ဒရာကို တွေ့မြင်ဖူးသူဖြစ်ပါ၏။

သို့ပါသော်လည်းသူဟာ ဤမျှလောက်ထိ အရှက်မဲ့ပြီး ကောက်ကျစ်သည့်လူများကိုတော့ တွေ့မြင်ဖူးခြင်းမရှိပါပေ။ သူဆိုသည့် ကြီးမြတ်သည့် ရေခဲခြင်္သေ့ဘုရင်ကတောင် ဤတစ်ခဏတွင် အကြောက်တရားကို ရေးရေးမျှခံစားမိလိုက်ပြီဖြစ်သည်။

"ဝေါင်း....."

ဒေါသ ၊ နာကျည်းမှုနှင့် ပျော်ရွှင်မှုများ ရောစပ်နေသော ဟိန်းဟောက်သံတစ်သံသည် အရှေ့အရပ်မှ ထွက်ပေါ်လာကာ ရေခဲခြင်္သေ့ဘုရင်၏ အတွေးများကို နှောင့်ယှက်လိုက်လေသည်။ သူဟာအရှေ့ဖက်ကို မဝံ့မရဲလှမ်းကြည့်လိုက်ပြီး ယင်းနောက်မှ စိတ်အားထက်သန်နေကြသော ကုချိုးတို့ညီနောင်နှစ်ယောက်ကို လှည့်ကြည့်လိုက်မိသည်။ သူက တိတ်တဆိတ်ဖြင့် ခေါင်းငုံ့မိလိုက်သည်။

ပထမဆုံးအကြိမ်အနေဖြင့် သူဟာ တာအိုအရှင် သခင်အဆင့်ရှိ လူသားကောင်လေးနှစ်ယောက်ကို ကြောက်လန့်နေမိသည်။ အရှေ့ဘက်တွင်တော့ ပုံရိပ်ကြီးနှစ်ခုဟာ ဒေါသတကြီး ရွေ့လျားနေကြသည်။ ကြီးကျယ်သောခွန်အားများက မြေပြင်ကို အပိုင်းပိုင်းအစစဖြစ်စေခဲ့ပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများကို ပြိုလဲသွားစေခဲ့သည်။ ဤနေရာတစ်ဝိုက်တွင်ရှိသော တောင်တန်းများကတောင် လှုပ်ခါလာကြပြီး တောအုပ်အတွင်းရှိ ငှက်များမှာ ထလျက်ပျံသန်းပြေးလွှားနေကြသည်။

"ခြင်္သေ့အိုကြီး... ဒါက ဉာဏ်ပညာရဲ့စွမ်းအားပဲကွ"

ကုချိုးသည် ဘေးဖက်ရှိ ရေခဲခြင်္သေ့ဘုရင်၏ ပုခုံးကိုပုတ်လိုက်ပြီး အဓိပ္ပါယ်ရှိစွာပြောဆိုလိုက်သည်။

ရေခဲခြင်္သေ့ဘုရင်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ သူက ကုချိုးကိုလှမ်းကြည့်လိုက်သော်လည်း.ဘာစကားကိုမှ မပြောခဲ့ပေ။

"သွားကြစို့... သူတို့တိုက်ခိုက်နေတုန်း ငါတို့ဂူထဲဝင်ပြီး ရတနာတွေကို သိမ်းလိုက်ကြရအောင် " ကုကန်းချိုးက တီးတိုးပြောဆိုလိုက်သည်။

"အကိုကြီး... ဂိုဏ်းချုပ်ပြောခဲ့တဲ့ လုယက်ခြင်းတာအိုရဲ့ ဒုတိယအဆင့်ကို ကျုပ်တို့ရောက်တော့မလား.. မသိဘူးနော် ၊ အဲ့ဒီအခါကျရင် ကျုပ်တို့ညင်ညင်သာသာလေး လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ ရတနာတွေအားလုံးကို ယူဆောင်နိုင်တော့မှာများလား"

"ဟုတ်ချင်လည်း ဟုတ်မှာပေါ့... ဒါပေမယ့် ငါတို့မောက်မာလို့မရဘူး စိတ်မရှည်ဖြစ်လို့လည်းမရဘူး ၊ အရှေ့ကိုဖြည်းဖြည်းမှန်မှန်နဲ့ လျှောက်သွားရမှာကွ..."

အဆုံးသတ်တွင်တော့ ရေခဲခြင်္သေ့ဘုရင်၏ ပါးစပ်သည် ထိန်းချုပ်မရအောင် တုန်ယင်လာတော့သည်။ အမှန်တရားကို ပြောရပါလျှင် သူသာဝမ်ဖုန်းကို ကြောက်လန့်နေ၍မဟုတ်ရင် ဒီအရူးနှစ်ယောက်ကို သေသည်အထိရိုက်နှက်ပြီးနေပြီ ဖြစ်သည်။

ရေခဲခြင်္သေ့ဘုရင်သည် ထိုအရူးနှစ်​ယောက်မှာ သိပ်မကြာခင်တွင် တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့် သေတော့လိမ့်မည်ဟု တွေးတောနေခဲ့သည်။ ကုချိုးတို့ ညီနောင်နှစ်ယောက်သာ ရေခဲခြင်္သေ့ဘုရင်၏ အတွေးများကို သိရှိလိုက်ပါက အထင် အမြင်သေးစွာဖြင့် အော်ဟစ်ရယ်မောမိမှာဘဲ ဖြစ်သည်။ သူတို့က ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရွေးစင်တပည့်များ ဖြစ်ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းကို နောက်ခံထားမှတော့ ဘယ်သူကများ သူတို့ကို ရန်စရဲဦးမည်နည်း။

........

ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်ချုပ်ခန်းမထဲတွင် ဝမ်ဖုန်းသည် အဓိကပလ္လင်ပေါ်၌ တင်ပလ္လင်ချိတ်ထိုင်နေခဲ့သည်။ သူဟာ လေ့ကျင့်ထားသော ကျင့်ကြံမှုများကို ပြန်လည်နားလည်အောင် ကြိုးပမ်းနေပြီး ပတ်ဝန်းကျင်၌ ဆန်းကြယ်သော တာအိုနိယာမများ လှည့်ပတ်ပျံသန်းလျက်ရှိသည်။ မြူခိုးမြူငွေ့များလည်း ထွက်ပေါ်လျက်ရှိကာ ဝမ်ဖုန်းကို ကြည့်ရှုရသည်မှာ အင်မော်တယ်နတ်ဘုရားတစ်ပါးအား စိုက်ကြည့်နေရသည့်အလားပင်။

ရုတ်တရက်ဆိုသလို ဝမ်ဖုန်းက တစ်ခုခုကိုသတိထားမိသွားပုံပေါ်သည်။ သူ၏ ဖိပိတ်ထားသော မျက်ဝန်းများသည် ရုတ်ချည်းပွင့်လာခဲ့ပြီး.အလင်းတန်းတစ်ခုတောက်ပလာခဲ့သည်။ သူဟာ အရပ်မျက်နှာတစ်ခုကို အေးတိအေးစက်စိုက်ကြည့်လိုက်ပြီး သူ၏ပုံရိပ်ကလည်း ခန်းမအတွင်းမှ ပျောက်ကွယ်သွားခဲ့တော့သည်။

တစ်ချိန်တည်းမှာပဲ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းတပည့်များကို လေ့ကျင့်သင်ကြားပေးနေသော စုန့်ချယ်နှင့် နဥ်းတောက်ချီတို့ကလည်း မျက်မှောင်ကြုတ်လိုက်ကြပြီးသူတို့၏ ပုံရိပ်များက ပျောက်ကွယ်သွားကြလေသည်။

ရှန်ရှန့်ကျုံဂိုဏ်းနှင့် မိုင်ရာကျော်ကွာဝေးသည့် လေထုတစ်နေရာတွင် လူအိုကြီးနှစ်ယောက်သည် ထွက်ပေါ်လာခဲ့ကြသည်။ တစ်ယောက်ဟာ အညိုရောင် ဝတ်စုံကိုဝတ်ဆင်ထားပြီး နောက်တစ်ယောက်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

ထျန်းလန်အလယ်ပိုင်းဒေသရှိ ထိပ်တန်းစွမ်းအားရှင်များသာ သူတို့ကို တွေ့မြင်လိုက်ရပါက အရမ်းကိုထိတ်လန့်မိသွားကြမှာဖြစ်သည်။ သူတို့နှစ်ယောက်ဟာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများပဲဖြစ်သည်။ တစ်ယောက်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သေပြီဟု သတင်းထွက်ခဲ့သော ရှောင်းမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်ဟောင်းပဲဖြစ်သည်။ သူကတော့ ရှောင်းယွင်ပင်။ အခြားတစ်ယောက်ကတော့ ထျန်းလန်အလယ်ပိုင်းဒေသတွင် အလွန်အင်မတန်ကျော်ကြားသော လေလွင့်ကျင့်ကြံသူတို့၏ဘုရင် ယဲ့တောက်ရွှမ်း ဖြစ်သည်။

"မိတ်ဆွေဟောင်းကြီးရှောင်း.. အဲ့ဒီဂိုဏ်းက ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာခဲ့တယ်ဆို.. ငါတို့နှစ်ယောက်သွားရတာ တန်ရောတန်လို့လားကွာ" ယဲ့တောက်ရွှမ်းသည် သူ့ဘေးနားက ရှောင်းယွင်ကို လှမ်းကြည့်ပြီး ခပ်ဖွဖွပြုံးလျက် မေးမြန်းလိုက်သည်။

ထျန်းလန်အလယ်ပိုင်းဒေသ၏ အထွတ်အထိပ်၌ ရပ်တည်ခဲ့သော တည်ရှိမှုကြီး ဖြစ်သည်နှင့်အတူ ယဲ့တောက်ရွှမ်းက နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ သူဟာထျန်းလန်အလယ်ပိုင်းဒေသသို့ မရောက်လာခဲ့သည်မှာ အချိန်အတော်ကြာမြင့်ပြီဖြစ်သည်။ သို့ပါသော်လည် တစ်နေ့နေ့မှာ သူ့ရဲ့မိတ်ဆွေဟောင်းကြီး ရှောင်းယွင်က သူ့ကို ကိုယ်တိုင် ကိုယ်ကျလာရောက်တွေ့ဆုံပြီး တစ်ကြိမ်တစ်ခါမှ မကြားဖူးသည့် ဂိုဏ်းငယ်လေးကိုဖျက်စီးရန် အကူ အညီတောင်းလာလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

"ဂရုစိုက်တာက အမြဲတမ်းကောင်းမွန်တဲ့ အရာတစ်ခုပဲလေ... ဒီဂိုဏ်းက ဘယ်ချောင်ကမှန်းမသိ ပေါ်လာခဲ့ပေမယ့် အဲ့ဒီဂိုဏ်း ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ငါတို့ရှောင်းမျိုးနွယ်စုရဲ့ အကြီးအကဲကို ချက်ချင်းသတ်ဖြတ်ပစ်ခဲ့တာ သူတို့ရဲ့ခွန်အားကို အထင်သေးလို့မရဘူး" ရှောင်းယွင်က မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"မင်းကိုယ်တိုင် လှုပ်ရှားတာ အံ့ဩစရာမရှိတော့ဘူးပဲ... ဒီဂိုဏ်းသေးသေးလေးက ဘယ်လိုရှင်သန်ရမှန်း မသိဘူး!" ယဲ့တောက်ရွှမ်းသည် ခေါင်းကိုခါယမ်းလိုက်ကာ ပြောဆိုလိုက်သည်။

ရှေးဟောင်းမျိုးနွယ်စုကြီးများကို ရှေးဟောင်းမျိုးနွယ်စုကြီးများဟု ခေါ်ဆိုရခြင်းမှာ သူတို့တွင် ထင်မှတ်မထားသော ရှေးအမွေအနှစ်များရှိပြီး နားမလည်နိုင်သော နောက်ခံများရှိသောကြောင့်ဖြစ်သည်။ ထိုမျိုးနွယ်စုကြီးများကို မည်သူကမျှ လွယ်လင့်တကူ ရန်မစရဲကြပေ။

အချိန်ကာလများစွာ ကြာမြင့်ခဲ့သော ရှေးဟောင်းမျိုးနွယ်စုကြီးများတွင် မည်ကဲ့သို့သော ဝှက်ဖဲများရှိနေမည်ကို ဘယ်သူကမှ မှန်းဆနိုင်ခြင်းမရှိပါပေ။

"ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဘယ်သူက ကျူးကျော်လာတာလဲ?"

ရှောင်းယွင်က တစ်စုံတစ်ခုကို ထပ်မံပြောဆိုတော့မည့်အချိန်တွင် ကမ္ဘာလောကကြီးအတွင်း၌ ထူးမခြားနားသော အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ယင်းနောက် ရှောင်းယွင်တို့နှစ်ယောက်၏ အရှေ့တွင် လူသုံးယောက်ထွက်ပေါ်လာခဲ့လေသည်။

"ဒင်~~~ ဂိုဏ်းအမှတ်နှစ်သိန်းကို အသုံးပြုပြီး စစ်ဆေးလိုက်ပါပြီ..."

"ရှောင်းမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဟောင်း ရှောင်းယွင်က ကြယ်နှစ်ပွင့် တာအိုနတ်ဘုရားအဆင့်ထိ ကျင့်ကြံပြီးပါပြီ"

"လေလွင့်ကျင့်ကြံသူတွေရဲ့ဘုရင် ယဲ့တောက်ရွှမ်းကတော့ ကြယ်တစ်ပွင့်နတ်ဘုရားအဆင့်ကို ရောက်ရှိနေပါပြီ"

ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းက လူအိုကြီးနှစ်ယောက်၏ အကြောင်းကို စုံစမ်းစစ်ဆေးလိုက်လေသည်။ စနစ်၏ အသံကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ မျက်လုံးများသည် ကျဥ်းမြောင်းသွားပြီး လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ရှောင်းမိသားစုဟာ သူတို့ရဲ့ သေတွင်းကို ကိုယ်တိုင်တူးနေခြင်း ဖြစ်ကြလေသည်။

တစ်ချိန်တည်းမှာပဲ ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်များသည် ဝမ်ဖုန်း၏ ကျယ်လောင်သောအသံကို ကြားလိုက်ကြရသည်။ သူတို့က တီးတိုးတီးတိုး စတင်ပြောဆိုနေကြလေသည်။

"ငါတို့နှစ်ယောက် ကိုယ်တိုင်ကိုယ်ကျရောက်လာတာ မင်းတို့အတွက် ဂုဏ်ယူစရာပဲ.. မင်းတို့ရဲ့ဂိုဏ်း ဖျက်စီးခံရရင်တောင်မှပေါ့" ယဲ့တောက်ရွှမ်းက ဝမ်ဖုန်းတို့အုပ်စုကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။ ရှောင်းယွင်ကတော့ ဘာစကားတစ်ခွန်းမှ ပြောမလာဘဲ ဝမ်ဖုန်းတို့အုပ်စုကို အေးတိအေးစက် စိုက်ကြည့်နေခဲ့သည်။ သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါများမှာ အရပ်မျက်နှာအသီးသီးကို ပျံနှံ့သွားပြီး လေထုကိုအဆက်မပြတ်တုန်ယင်လာစေခဲ့သည်။ ကမ္ဘာလောကကြီးအတွင်းရှိ အပူချိန်က မြောက်များစွာ ကျဆင်းသွားပုံပေါ်သည်။

"ဦးနှောက်ရှိတာ ကောင်းတဲ့အရာတစ်ခုပဲ။ဒါပေမယ့် ကံမကောင်းတာက မင်းတ်ို့နှစ်ယောက်မှာ ဦးနှောက်ပါမလာကြဘူး" ဝမ်ဖုန်းက ရွှတ်နောက်နောက်လေသံဖြင့် ပြောဆိုလိုက်သည်။

အဆိုပါလူအိုကြီးနှစ်ယောက်မှာ တာအိုနတ်ဘုရားအဆင့်ကို ေရာက်ရှိနေပြီဖြစ်ကြောင်းသိထားသော်လည်း ဝမ်ဖုန်းကတော့ အနည်ငယ်မျှတောင် ကြောက်လန့်မနေပါချေ။ ထိုအစား သူက ရှောင်းယွင်တို့နှစ်ယောက်ကို တောက်ပနေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။ ဝမ်ဖုန်း၏ အမြင်တွင် လူအိုကြီးနှစ်ယောက်ဟာ လှမ်းလျှောက်နေသော ရတနာတုံးကြီးများပင် ဖြစ်လေသည်။

"ပုရွက်ဆိတ်လေးတွေ သေချင်နေတာပဲ..."

ယဲ့တောက်ရွှမ်းက မျက်မှောင်ကြုတ်လိုက်သည်။ အဆုံးအစမဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါများသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလာပြီး ပတ်ဝန်းကျင်လေထုကို ပိုမိုအေးစက်လာစေခဲ့သည်။ ဝမ်ဖုန်းနှင့် အခြားသူများထွက်ပေါ်လာသည့်အခါ သူက ဝမ်ဖုန်းတို့အုပ်စု၏ ကျင့်ကြံဆင့်ကို အာရုံခံမိပြီးသားဖြစ်သည်။ တာအိုအင်မော်တယ် အထွတ်အထိပ်အဆင့်နှစ်ယောက်နဲ့ တာအိုသူတော်စင် အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်တဲ့လား။

ထိုကဲ့သို့သော ကျင့်ကြံဆင့်မျိုးသည် ထျန်းလန်အလယ်ပိုင်းဒေသတွင် အကြွင်းမဲ့အာဏာရှင်ကဲ့သို့သော တည်ရှိမှုကြီးများ ဖြစ်ပါပေသည်။ သို့ပါသော်လည်း သူတို့ကဲ့သို့ အထွတ်အထိပ်တွင် ရပ်တည်နေကြသော လူပုဂ္ဂိုလ်ကြီးများ၏ ရှေ့တွင် ၎င်းက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပါပေ။

"ဘုံး...."

ယဲ့တောက်ရွှမ်ထံမှ ကြီးကျယ်ခမ်းနားသော စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။ မူလက ကြည်လင်နေသော မိုးကောင်းကင်တွင် တိမ်စိုင်တိမ်မဲများ ဖြစ်ပေါ်လာပြီး လျှပ်စီးနှင့် မိုးချိန်းသံများ ဖြစ်ပေါ်လာသည်။ ကြောက်လန့်ဖွယ်မုန်တိုင်းကြီးတစ်ခု အစပျ်ိုးတော့မည်ကဲ့သို့ ဖြစ်နေခဲ့လေသည်။

ပတ်ဝန်းကျင်ရှိလေထုသည် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများဖြစ်ပေါ်လာလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကောင်းကင်နဲ့မြေကြီးကို ပိုင်းဖြတ်တော့မည်ကဲ့သို့ ကြီးကျယ်သည့်စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများသည် ဂိုဏ်းကိုကာကွယ်ရန် အစီအရင်များစွာကို ခင်းကျင်းထားခဲ့လေသည်။ ဒီလိုမှမဟုတ်လျှင် ယဲ့တောက်ရွှမ် ထုတ်လွှတ်လိုက်သောစွမ်းအားက ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးကို ဖျက်စီးပစ်ပြီး ဖြစ်ပေလိမ့်မည်။

ဤသည်မှာ တာအိုနတ်ဘုရားတစ်ပါး၏ စွမ်းအားပဲဖြစ်သည်။ ၎င်းကအလွန့်ကို ထိတ်လန့်ဖွယ်ကောင်းလေသည်။

"တာအိုနတ်ဘုရားအဆင့်..."

ယဲ့တောက်ရွှမ်က တာအိုနတ်ဘုရားအဆင့် စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး တစ်ချိန်တည်းမှာဘဲ ရှန်းယုမျိုးနွယ် ၊ ဖူမျိုးနွယ် ၊ သိုင်းမျိုးနွယ် ၊ ရှေးဟောင်းမျိုးနွယ် ၊ ကျိမျိုးနွယ် တည်းဟူသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ၅ စုမှ စွမ်းအားရှင်များသည် အဆိုပါစွမ်းအားကို အာရုံခံမိလိုက်ကြသည်။ မျိုးနွယ်စုကြီး ၅ စု၏ ခေါင်းဆောင်များသည် အရပ်မျက်နှာတစ်ခုကို စူးစိုက်ကြည့်မိလိုက်ကြသည်။

တစ်ခဏကြာ တုံ့ဆိုင်းလိုက်ပြီးနောက် အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၅ စု၏ မျိုးနွယ်စုခေါင်း​ေဆောင်များသည် ရှေးဟောင်းတောင်တန်းများသို့ သွားရောက်စုံစမ်းရန် သန်မာသော ကျင့်ကြံသူများကို စေလွှတ်ခဲ့လေသည်။ ဖူကလန်ကတော့ ဖူမေကို စေလွှတ်ခဲ့လေသည်။

အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၅ စုသာမက ဒုတိယအဆင့်မျိုးနွယ်စုများဖြစ်ကြသော ဇာမဏီမျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စုကြီး ၄ စုကလည်း အဆိုပါ အဖြစ်အပျက်ကို စုံစမ်းရန် သန်မာသောသူများ စေလွှတ်ခဲ့ကြလေသည်။ ရှောင်းမျိုးနွယ်စု၏ ဌာနချုပ်တွင် မျိုးနွယ်စုခေါင်းဆောင် ရှောင်းချန်တောက်သည် ကြီးကျယ်သော စွမ်းအားကို အာရုံခံမိလိုက်သည့်အခါ လှောင်ပြုံးတစ်ခု ပြုံးလိုက်မိသည်။ သူ၏ခန္ဓာကိုယ်မှ အေးစက်သော သတ်ဖြတ်ခြင်းအရှိန်အဝါများ ထွက်ပေါ်လာလျက် တိုးဖွစွာ ရေရွတ်လိုက်သည်။

"ဘိုးဘေးအိုကြီးက စတင်လှုပ်ရှားပြီဆိုတော့ ရှန်ရှန့်ကျုံဂိုဏ်းကတော့ ကျိန်းသေပေါက် ပျက်စီးသွားတော့မယ်"

ရှေးဟောင်းမျိုးနွယ်စုမှလူများသည် အလွန်အင်မတန်မောက်မာကြလေသည်။ သူတို့၏ သတိကြီးစွာ ပြုမူတတ်သော စိတ်နေစိတ်ထားကလည်း သူတို့၏ မောက်မာမှုကိုတော့ မကျော်လွန်နိုင်ခဲ့ကြပေ။ သို့ပါသော်လည်း ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ ခွန်အားမှာ အလွန်အမင်းသန်မာသည်ကိုတော့ ငြင်းဖွယ်ရာမရှိပါပေ။

သနားစရာကောင်းသည်က ရှောင်းမျိုးနွယ်စုသည် သူတို့ထက် ပိုမိုသန်မာသော ရှန့်ရှန့်ကျုံဂိုဏ်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ဤသည်က မလှပသော အဆုံးသတ်သို့ ဦးတည်သွားစေခဲ့သည်။

All Chapters