← Chapters

။ ကောင်းကင်ဘုံ ဓားကိုးချက်။

Vol. 19 Ch. 265

။ ကောင်းကင်ဘုံ ဓားကိုးချက်။

Vol. 19 Ch. 265

ရှန်ရှန့်ကျုံဂိုဏ်း အပြင်ဘက်ရှိ လေထုထဲတွင် ယဲ့တောက်ရွှမ်သည် ဝမ်ဖုန်းနှင့် အခြားသောသူများက်ို သေလူများကဲ့သို့ စိုက်ကြည့်နေခဲ့သည်။ ရှောင်းယွင်ကလည်း သတ်ဖြတ်ခြင်းအရှိန်အဝါများ ထုတ်လွှတ်လျက်ရှိသည်။

သို့ပါသော်လည်း ယဲ့တောက်ရွှမ်က စတင်လှုပ်ရှားတော့မည်ဖြစ်ရာ သူ့အနေနဲ့ ဝင်ရောက်လှုပ်ရှားရန် မသင့်တော်ပေ။ 

ရှပ် ရှပ် ရှပ်

ဓားဆွဲထုတ်လိုက်သကဲ့သို့ အခြေအနေတင်းမာနေစဥ်တွင် အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ငါးစုက စေလွှတ်လိုက်သော စွမ်းအားရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြကာ ရှန်ရှန့်ကျုံဂိုဏ်းနှင့် မိုင်တစ်ရာ အကွာအဝေးရှိ တောင်ထိပ်များပေါ်တွင် ဆင်းသက်လိုက်ကြသည်။ 

" ဟေး အဲတာက ရှောင်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဟောင်း ရှောင်းယွင်မဟုတ်လား။ "

" ပြီးတော့ တခြားသူက လေလွင့်ကျင့်ကြံသူတွေရဲ့ဘုရင် ယဲတောက်ရွှမ် မဟုတ်လား။ "

" သူတို့တွေ အခုထိ ရှိနေကြသေးတာလား။ "

မြေပြင်ပေါ်ဆင်းသက်လိုက်ပြီးသည်နှင့် တပြိုင်နက် အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စု ငါးစုရှိ အကြီးအကဲများသည် ရှောင်းယွင်နဲ့ ယဲ့တောက်ရွှမ် ကို တွေ့မြင်လ်ိုက်ကြရသောအခါ သက်ပြင်းတချက် ရှိုက်လိုက်မိကြသည်။ အဆိုပါ လူအိုကြီးနှစ်ယောက်သည် တချိန်တခါက ထျန်းလန်အလယ်ပိုင်းဒေသတွင် ရှန်းရှန်းတောက် ကျော်ကြားခဲ့သူများဖြစ်သည်။ 

သူတို့နှစ်ယောက်ဟာ နတ်ဘုရားများကဲ့သ်ို့သော တည်ရှိမှုများဖြစ်ကြသည်။ 

သ်ို့ပါသော်လည်း ဝမ်ဖုန်းတို့ အုပ်စုကို လှမ်းကြည့်လိုက်သည့်အခါတွင်တော့ အင်မော်တယ်ရှေးဟောင်းမျ်ိုးနွယ်စုကြီးများသည် စိတ်သက်သာရာ ရသွားကြသည်။ ရှန်ရှန့်ကျုံဂိုဏ်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရှောင်းမျိုးနွယ်စုရဲ့ အကြီးအကဲ ရှောင်းဝူကွမ်ကို သတ်ဖြတ်ခဲ့လေသည်။ ရှောင်းမျိုးနွယ်စုက စတင်လှုပ်ရှားလာတာ အံ့သြစရာ မဟုတ်တော့ပါပေ။ 

ရှောင်းမျိုးနွယ်စုက အစောင့်အရှောက်အကြီးအကဲများစွာက်ို စေလွှတ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းက်ို ​ဖြေရှင်းကြလိမ့်မည်ဟု သူတို့ထင်ခဲ့ကြသည်။ သို့ပါသော်လည်း ရှောင်းမျိုးနွယ်စုက ဒဏ္ဍာရီလာပုဂ္ဂိုလ်ဖြစ်သော ခေါင်းဆောင်ဟောင်း ရှောင်းယွင်ကို ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခိုင်းလိမ့်မည်ဟုတော့ သူတို့တွေးထင်မထားခဲ့ကြပေ။

အရေးကြီးဆုံးအရာမှာ သူတို့က တာအိုနတ်ဘုရားအဆင့် ပုဂ္ဂိုလ်တစ်ယောက်ကို စေလွှတ်ခဲ့ရုံသာမက လေလွင့်ကျင့်ကြံသူတို့၏ဘုရင် ယဲ့တောက်ရွှမ်ကိုပါ စေလွှတ်ခဲ့လေသည်။ ရှန်ရှန့်ကျုံဂိုဏ်းက ဒီလောက်တောင် သန်မာနေလို့လား။ 

မြောက်များစွာသော အင်မော်တယ်ရှေးဟောင်းစုကြီး၏ စွမ်းအာရှင်များသည် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိသည်။ 

ဖူမေ၏ လှပသော မျက်ဝန်းလေးများအတွင်း၌ ခန့်မှန်းမရသော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့သည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး၏ စွမ်းအားရှင်များအကြားတွင် သူမတစ်ယောက်တည်းကသာ လက်ရှ်ိတိုက်ပွဲ အခြေအနေနှင့် ပတ်သတ်၍ သံသယဝင်နေမိခြင်း ဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ကသာ သူမကို မလိမ်ညာခဲ့ပါက ရှောင်းယွင်နှင့် ယဲ့တောက်ရွှမ်တို့နှစ်ယောက်က ရှန်ရှန့်ကျုံဂိုဏ်းက်ို ဖျက်စီးရန် မလုံလောက်သေးပေ။ သို့ပါသော်လည်း ဖူမေသည် ရှန်ရှန့်ကျုံဂိုဏ်း၌ ထိုမျှလောက်သော ခွန်အား ရှိနေလိမ့်မည်ဟုတော့ မယုံကြည်ထားပါပေ။ 

တခဏအကြာတွင် ဒုတိယအဆင့်ရှိသော ရှေးဟောင်းမျိုးနွယ်စုမှ စွမ်းအားရှင်များလည်း ရောက်ရှိလာကြသည်။ ရှောင်းယွင်နှင့် ယဲတောက်ရွှမ်ကို တွေ့မြင်လိုက်ရသည့်အခါ သူတို့ဟာလည်း အကြီးအကျယ်ထိတ်လန့်သွားကြသည်။ ဝမ်ဖုန်းတို့အုပ်စုကို တွေ့မြင်လိုက်ရသည့်အခါမှာတော့ သူတို့မျက်လုံးများအတွင်း၌ ကရုဏာသက်မှုများ ဖြစ်ပေါ်လာကြလေသည်။

" ရှောင်းမျိုးနွယ်စုကို သွားအာခံမိတာကို။ ရှန်ရှန့်ကျုံဂိုဏ်းကတော့ သနားစရာပါပဲလေ။ "

" ဟုတ်တယ်။ သူတို့က ကောင်းကင်ကြီး ဘယ်လောက်မြင့်တယ်မသိဘဲ ရှောင်းမျိုးနွယ်စုရဲ့ အစောင့်အရှောက်အကြီးအကဲကို သတ်ဖြတ်လိုက်မိ​တာကို။ သူတို့ဖျက်စီးခံရ သင့်ပါတယ်လေ။ "

" ထျန်းလန်အလယ်ပိုင်းဒေသမှာ အဓိကအင်အားစုကြီးနောက်တစ်ခု ထွက်ပေါ်လာတော့လိမ့်မယ်လို့ ငါထင်ထားတာ။ တံလျှပ်တစ်ခုလို့တွေးမထားမိဘူးကွာ။ "

ရှေးဟောင်းမျိုးနွယ်စုမှ စွမ်းအားရှင်များသည် ရှောင်းယွင်နှင့် ယဲ့တောက်ရွှမ်တို့အား နှောက်ယှက်မိမှာကို စိုးရိမ်တာကြောင့် ကျယ်ကျယ်လောင်လောင်တော့ မပြောဆိုဝံ့ကြပေ။

အဆိုပါရှေးဟောင်းမျိုးနွယ်စုကြီးများတွင် ဝှက်ဖဲများရှိနေသော်လည်း သူတို့ဟာ နတ်ဘုရားနှစ်ပါးကိုတော့ အလွယ်တကူ ရန်မစချင်ကြပါပေ။ 

ရှောင်းယွင်တို့နှစ်ယောက်နှင့် ဝမ်ဖုန်းတို့အုပ်စုကလည်း မြောက်များစွာသော စွမ်းအားရှင်များ ရောက်ရှိလာသည် ကို သတိပြုမိလိုက်ကြသည်။ သို့ပါသော်လည်း ဝမ်ဖုန်းတို့ရော ရှောင်းယွင်တို့ကပါ လုံးလုံးဂရုမစိုက်ကြပါပေ။

ရှောင်းယွင်အတွက်တော့ အဆိုပါလူများ ရောက်ရှိလာခြင်းက သူ၏ခွန်အားကိုပြသရန်ပိုမိုတက်ကြွလာစေခဲ့သည်။ 

သူ၏ သေဆုံးခြင်းသတင်းမှာ ထျန်းလန်အလယ်ပိုင်းဒေသရှိ ကျင့်ကြံသူများကို လှည့်စားထားခဲ့ခြင်းသာဖြစ်သည်။ ရှေးဟောင်းမျိုးနွယ်စုကြီးများတွင် တူညီသောနက်နဲသည့် နောက်ခံများရှိသည်ဖြစ်လေရာ သူဟာအမှန်တကယ်တော့ အဆင့်တက်သွားခြင်း ဖြစ်ကြောင်းကို လူတော်တော်များများက ခန့်မှန်းမိပြီးသား ဖြစ်သည်။ သူ၏ သေဆုံးခြင်းသတင်းမှာ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်တောက်ရန် ထားရစ်ခဲ့သော သတင်းမှားသာ ဖြစ်လေသည်။ 

" သေစမ်း "

လူအများ၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် ယဲ့တောက်ရွှမ် သည် အေးစက်စွာနှာမှုတ်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေထုထဲ၌ ဖမ်းဆုပ်လိုက်သည်။ ရှေးဟောင်းတောင်းတန်နယ်မြေတခွင်လုံးရှိ ဆန်းကျယ်သော ချီစွမ်းအင်များသည် ရုတ်တရက်စုစည်းသွားကြကာ ရှန်ရှန့်ကျုံဂိုဏ်း အပေါ်ဘက် ကောင်းကင်ယံထက်၌ ကြီးမားသော လက်ဖဝါးကြီးတစ်ခု ဖြစ်တည်လာခဲ့လေသည်။ 

ခပ်ဝေးဝေး တနေရာမှ စောင့်ကြည့်နေကြသော ရှေးဟောင်းမျိုးနွယ်စုများမှ စွမ်းအားရှင်များကတောင် အဆိုပါ လက်ဖဝါးချက်ကြီးထဲတွင် ပါဝင်နေသည့် ဆန်းကြယ်သည့် နိယာမများကို ခံစားမိလိုက်ကြသည်။ ယဲ့တောက်ရွှမ်က သာမာန်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ထိုအင်မော်တယ်အဆင့် စွမ်းအားရှင်များကိုတောင် အကြောက်တရားဖြင့် တုန်ယင်သွားစေခဲ့သည်။ 

တာအိုနတ်ဘုရားတစ်ပါး၏ စွမ်းအားမှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။ 

ဝမ်ဖုန်းကတောင်မှ ထိတ်လန့်မိသွားသည်။ ဤသည်မှာ တာအိုနတ်ဘုရားတစ်ပါး စတင်လှုပ်ရှားသည်ကို သူပထမဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်လေသည်။ 

ဤလက်ဖဝါးချက်ကြီးသည် သူယခင်ကရင်ဆိုင်ခဲ့ရသော သူများနှင့် လုံးလုံးမတူညီသည့် ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။ ၎င်းဟာ သာမာန်သာလှုပ်ရှားခဲ့သော်လည်း အဆိုပါလက်ဖဝါးကြီး၏ အတွင်းပိုင်းတွင်ဆန်းကြယ်သော တာအိုနိယာမများ ပေါင်းစပ်ပါဝင်နေ လေသည်။ လက်ဖဝါးကြီးဟု ပြောရမည့်အစား ကမ္ဘာကြီးတစ်ခုက သူတ်ို့အပေါ် ဖိနှိပ်ထားသည်ဟု ပြောဆိုလျှင် ပိုမိုမှန်ကန်ပေလိမ့်မည်။ 

အဝေးတစ်နေရာမှ စောင့်ကြည့်နေကြသော ရှေးဟောင်းမျိုးနွယ်စုမှ စွမ်းအားရှင်များသည် ထိတ်လန့်ဖွယ်လက်ဖဝါးကြီးကို ကြောက်လန့်မှုများ တောင်းတမှုများပေါင်းစပ်နေသော အကြည့်များဖြင့် စိုက်ကြည့်နေမိကြသည်။ ကြောက်လန့်ရခြင်းမှာ မိမိထက်ခွန်အားကြီးသော သူများကို တွေ့မြင်ရသည့်အခါ ဖြစ်ပေါ်လာသည့် သဘာဝစိတ်ခံစားချက်ပဲဖြစ်သည်။ ​တောင်းတမှုတို့ကတော့

သူတို့ဟာ တနေ့မှာ ယဲ့တောက်ရွှမ် ကဲ့သ်ို့သော တည်ရှိမှုဖြစ်လာစေရန် မျှော်လင့်ချက်များပင်ဖြစ်သည်။

တာအိုနတ်ဘုရားဆိုသည်ကား ထျန်းလန်အလယ်ပိုင်းဒေသတွင် အထွတ်အထိပ်တည်ရှိမှုကြီး ဖြစ်ပေသည်။ ၎င်းမှာ ထျန်းလန်အလယ်ပိုင်းဒေသရှိ စွမ်းအားရှင်များအားလုံး၏ ဘဝတသက်တာ ရည်မှန်းချက်ဆိုလျှင်လဲ မမှားပါပေ။ ယခုချိန်တွင် သူတို့သည် ကံကောင်းထောက်မလွန်း၍ တာအိုနတ်ဘုရားတစ်ပါး၏ စွမ်းအားထုတ်ဖော်မှုကို တွေ့မြင်ခွင့်ရကြလေသည်။ 

ရှန်ရှန့်ကျုံဂိုဏ်းကိုတော့ ဘယ်သူကမှ ဂရုစိုက်မနေကြတော့ပေ။ 

တာအိုနတ်ဘုရားဆိုသည်မှာ တာအို၏ နတ်ဘုရားပဲဖြစ်သည်။ သူ၏လှုပ်ရှားမှုတိုင်းတွင် ဆန်းကြယ်သောတာအိုများ ကိန်းဝပ်နေလေသည်။

အဆိုပါ တည်ရှိမှုကြီးက စတင်လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်ပေ။ တာအိုနတ်ဘုရားစွမ်းအားရှင်များ၏ ရှေ့မှောက်တွင် ရှန်ရှန့်ကျုံဂိုဏ်းလေးက အဘယ်မှာလျှင် ရှင်သန်နိုင်မည်နည်း။ 

စောင့်ကြည့်နေသော စွမ်းအားရှင်များအားလုံးသည် တာအိုနတ်ဘုရားအဆင့်စွမ်းအားရှင်၏ လက်ဖဝါးချက်ကြီးမှ ဆန်းပြားမှုများကို နားလည်သဘောပေါက်စေရန် အရူးအမူးကြိုးပမ်းနေကြသည်။ ဖူမေတစ်ယောက်တည်းကသာ ဝမ်ဖုန်းတို့အုပ်စုကို လှည့်ကြည့်မိလိုက်သည်။ ဝမ်ဖုန်းတို့ အုပ်စု၏ အခြေအနေကို တွေ့မြင်လိုက်ရသည့်အခါ သူမ၏ လှပသော မျက်နှာလေးထက်တွင် ထိတ်လန့်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ 

ဤအချိန်မှာတောင် ဝမ်ဖုန်းက ထိတ်လန့်နေသည့်ပုံမပေါ်ပေ။ သူဟာ လက်နှစ်ဖက်ကိုနောက်ပစ်လျက် တည်ငြိမ်စွာ မတ်တပ်ရပ်နေဆဲပင်။

ဤကဲ့သို့သော ပုံပန်းသွင်ပြင်မျိုးက ဖူမေ၏ နှလုံးသားကို လှိိုင်းထန်စေခဲ့သည်။ တာအိုနတ်ဘုရားနှစ်ပါး နဲ့ ရင်ဆိုင်နေရတာတောင် ဝမ်ဖုန်း ကတော့ တည်ငြိမ်နေနိုင်သေးသည်။ ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုးကို ရှေးဟောင်းမျိုးနွယ်စု အကြီးအကဲများကတောင်မှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ပါပေ။ 

ဝမ်ဖုန်းက ဟန်ဆောင်နေသည်ဟု ဖူမေတစ်ယောက် တွေးတောလိုက်မိသည်။ သို့ပါသော်လည်း ဒီအတွေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူမက ချက်ချင်း ဖယ်ထုတ်လိုက်လေသည်။ ခွန်အားမရှိပါက ဟန်ဆောင်နေခြင်းကရော ဘာများအသုံးဝင်မည်နည်း။ သေဖို့ရန်သာ ရှိသည်မဟုတ်ပါလော။ 

" ရှန်ရှန့်ကျုံဂိုဏ်းမှာ တာအိုနတ်ဘုရားစွမ်းအားရှင်နှစ်ယောက်ကို ရင်ဆိုင်နိုင်မယ့်ဝှက်ဖဲများရှိနေတာများလား။"

ဖူမေ၏ မျက်ဝန်းများသည် မှေးကျဥ်းသွားပြီး တိုးတိတ်စွာ ရေရွတ်လိုက်မိသည်။ 

" ဂိုဏ်းချုပ် ကျုပ်ကြိုးစားကြည့်ချင်ပါတယ်။ "

ဝမ်ဖုန်းက လီပိုင်ကို ဆင့်ခေါ်တော့မည့် အချိန်တွင် စုန့်ချယ်က ရုတ်တရက်ပြောဆ်ိုလိုက်လေသည်။ စုန့်ချယ်သာမက နဥ်းတောက်ချီကပါ တိုက်ခိုက်လိုစိတ်များ တက်ကြွလာကြလေသည်။ 

သူတို့နှင့် သက်ဆိုင်ရာကမ္ဘာများတွင် အသန်မာဆုံး ပုဂ္ဂိုလ်များဖြစ်ကြသည်နှင့်အညီ စုန့်ချယ်ရော နဥ်းတောက်ချီကပါ လွန်စွာမာနကြီးသူများဖြစ်ကြသည်။ သူတို့ဟာ သူတို့ကိုသူတို့ ဘယ်သူ့ထက်မှ အားမနည်းဘူးလို့ ခံယူထားကြသူများဖြစ်သည်။ တာအိုနတ်ဘုရားအဆင့် စွမ်းအားရှင်တွေနဲ့ ရင်ဆိုင်နေရရင်ကော ဘာအရေးလဲ။ 

သန်မာသူကို အနိုင်ယူနိုင်သည့် အားနည်းသူကသာ တကယ့် သန်မာသူ ဖြစ်လေသည်။ 

တာအိုနတ်ဘုရားအဆင့် ပုဂ္ဂိုလ်များကို တာအိုအင်မော်တယ်အဆင့် ပုဂ္ဂိုလ်များက ရင်ဆိုင်တိုက်ခိုက်ချင်သည်။ ဤသည်မှာ တစ်ကြိမ်တစ်ခါမှ မကြားဖူးသော ဖြစ်ရပ်ပင်ဖြစ်သည်။ 

" ကောင်းပြီ "

ဝမ်ဖုန်းက စုန့်ချယ်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ သူဟာ စုန့်ချယ်နှင့် နဥ်းတောက်ချီတို့၏ တိုက်ပွဲဝင်စွမ်းအားအပေါ် ဘယ်သောအခါကမှ သံသယမဝင်ခဲ့ဖူးပေ။ သူတို့နှစ်ယောက်ကြိုးစားကြည့်ချင်မှတော့ သူကလည်း အဘယ်မှာ ခွင့်မပြုရမည်နည်း။ 

ဝမ်ဖုန်း၏ အတည်ပြုသံကို ကြားလိုက်ရသည့်အခါ စုန့်ချယ်က အသက်ပြင်းပြင်းရှုရှိုက်လိုက်ပြီး သူ၏ပုံရိပ်က ဖျက်ကနဲ ပျောက်ကွယ်သွားလေသည်။ သူဟာ ယဲ့တောက်ရွှမ်၏ အရှေ့၌ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။ သူ၏ မျက်ဝန်းများမှာ တောက်ပနေပြီး ကောင်းကင်ပေါ်ရှိ တဖြည်းဖြည်း သက်ဆင်းလာသော ဧရာမလက်ဖဝါးကြီးကို ကြောက်လန့်ခြင်းမရှိဘဲ မော့ကြည့်လိုက်သည်။ 

အုန်း..

စုန့်ချယ်ထံမှ တာအိုအင်မော်တယ်အထွတ်အထိပ်အဆင့် စွမ်းအားကြီးအရှိန်အဝါများ ရုတ်ချည်းထွက်ပေါ်လာလေသည်။ သူဟာ လက်တစ်ဖက်ကို ဆန့်တန်းပြီး ဖမ်းဆုပ်လိုက်သည့်အခါ ရိုးရှင်းသော ဓားရှည်တစ်ချောင်းသည် သူ၏ လက်အတွင်း၌ ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။ 

ထိုဓားရှည် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်နဲ့မြေပြင်အကြားတွင် ဓားဟိန်းသံသဲ့သဲ့ကို ကြားလိုက်ရပုံပေါ်သည်။ ၎င်းဓားရှည်ထံမှ ထက်မြသော ဓားသဘောတရားများ ပျံ့လွင့်ထွက်ပေါ်လာလျက်ရှိသည်။ ပတ်ဝန်းကျင်လေထုကို ဓားအရှိန်အဝါများက ရုတ်ချည်း ပိုင်းဖြတ်လိုက်လေသည်။ 

ဤသည်မှာ စုန့်ချယ်၏ ကောင်းကင်ဘုံဓားပဲဖြစ်သည်။ 

စုန့်ချယ်က သူ၏ စွမ်းအားများကို ထုတ်ဖော်ပြသလိုက်သည့်အခါ အဝေးတစ်​နေရာရှိ ကျင့်ကြံသူများသည် အံ့အားသင့်သွားကြသော်လည်း ခေါင်းများကို ခါရမ်းမိလိုက်ကြသည်။ 

ရှန်ရှန့်ကျုံဂိုဏ်းက တကယ့်ကိုမောက်မာလွန်းနေတာပဲ မဟုတ်ဘူးလား။ တာအိုအင်မော်တယ်အထွတ်အထိပ် စွမ်းအားဖြင့်ဆိုလျှင် ရှန်ရှန့်ကျုံဂိုဏ်းသည် ထျန်းလန်အလယ်ပိုင်းဒေသတွင် နေရာတစ်နေရာ ရကောင်းရနိုင်ပါသေးသည်။ သို့ပါသော်လည်း ကံဆိုးစွာဖြင့် သူတို့ဟာအလွန်အမင်းမောက်မာခဲ့ကြပြီး သေမင်းကိုစိန်ခေါ်ခဲ့ကြလေသည်။ 

အုန်း..

စုန့်ချယ်သည် ကောင်းကင်ဘုံဆေဘာဓားကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားပြီး သူ့ထံမှ တိုက်ပွဲဝင်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။ သူ ဒီကမ္ဘာကြီးကို စတင်ရောက်ရှိချိန်မှစ၍ စုန့်ချယ်သည် ဤမျှလောက်အထိ တိုက်ပွဲဝင်စိတ်များ မနိုးကြွခဲ့ဖူးပေ။ တာအိုနတ်ဘုရားအဆင့် ပြိုင်ဘက်တစ်ယောက်နဲ့ တွေ့နေခြင်းတည်းဟူသော အသိက စုန့်ချယ်ကို တက်ကြွလာစေခဲ့သည်။ အလွန်အင်မတန်ပြင်းပြသော တိုက်ပွဲဝင်လိုစိတ်များသည် သူ၏သွေးကြောများအတွင်း၌ နိုးထလာခဲ့လေသည်။ 

စုန့်ချယ်ကိုင်ဆောင်ထားသော ကောင်းကင်ဘုံဆေဘာဓားသည်လည်း ခပ်ဖွဖွတုန်ယင်လာခဲ့လေသည်။ ဆေဘာဓား၏ တချွင်ချွင်မြည်သံက မိုးကောင်းကင်တခွင် ပဲ့တင်ထပ်သွားလေသည်။ ယင်းနောက် မျက်စိကျိန်းလောက်သော အဖြူရောင်အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

" ကောင်းကင်ဘုံ ဓားချက်ကိုးချက် "

စုန့်ချယ်သည် တိုးညှင်းစွာရေရွတ်လိုက်သည်။ သူဟာ မှော်စွမ်းအားများကို အသုံးပြုလျက် စျာန်ရုပ်ခန္ဓာနှင့် စျာန်သွေးမျိုးဆက်တို့ကို တချိန်တည်းမှာပဲ နှိုးဆွလိုက်လေသည်။ ထိတ်လန့်ခြောက်ခြားဖွယ်ရာ စွမ်းအားကြီးတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့လေသည်။ သူဟာ ဓားနတ်ဘုရားတစ်ပါးကဲ့သို့ မြေပြင်၌ မြဲမြန်စွာရပ်တန့်နေခဲ့သည်။ 

စုန့်ချယ်၏ စကားဆုံးသွားသည့်အခါ သူ့လက်ထဲရှိ ကောင်းကင်ဘုံဆေဘာဓားရှည်ထံမှ မျက်စိကျိန်းလောက်သော တောက်ပမှုများ ထွက်ပေါ်လာခဲ့သည်။ သိပ်သည်းသော ဓားသဘောတရားများကလည်း ဆေဘာဓားထံမှ ထွက်ပေါ်လာလေသည်။ သိပ်သည်းသော ဆေဘာဓားချီများသည် စုန့်ချယ်ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ဓားနယ်မြေတစ်ခုကို မွေးဖွားလာစေခဲ့သည်။ 

ဤအချိန်တွင် စုန့်ချယ်ပတ်ဝန်းကျင်ရှိလေထုမှာ လုံးဝက်ိုပြောင်းလဲသွားပြီဖြစ်သည်။ လေထုအတွင်း အဆုံးအစမဲ့ ဓားသဘောတရားများ ဖြစ်တည်လျက်ရှိ​ပြီး အဆက်မပြတ်တုန်ခါနေလေသည်။ 

" ခုတ်ပိုင်းစေ! "

စုန့်ချယ်ဟာ အားမာန်ပြည့် ဟစ်ကြွေးလိုက်သည်။ ကောင်းကင်ဘုံဆေဘာဓားရှည်ကို မြင့်မြင့်မြှောက်ကာခုတ်ပိုင်းချလိုက်လေသည်။ 

ကောင်းကင်ဘုံဓားကိုးချက်သည် စုန့်ချယ်၏ အဆုံးစွန်သော အထူးစွမ်းအားပဲဖြစ်သည်။ 

အဆိုပါ သိုင်းကွက်တွင် ကောင်းကင်နှင့်မြေကြီး၏ သဘာဝ နိယာမများပါဝင်နေသည်။ 

ကောင်းကင်ယံထက်တွင် ဓားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ ဓားချက်မှတပါး လောကကြီးထဲတွင် အခြားအရာ မရှိတော့သကဲ့သို့ ထင်မှတ်ရလေသည်။ ၎င်းမှာ ပြိုင်ဘက်ကင်းသော ဓားချက်ပင်ဖြစ်သည်။ 

ဓားချက်ကိုတွေ့မြင်လိုက်ရသည့်အခါ ကမ္ဘာလောကကြီးသည် ထိတ်လန့်သွားလေသည်။ ရှေးဟောင်းမျိုးနွယ်စုမှစွမ်းအားရှင်များသည် ထိတ်လန့်သွားကြပြီး အဆိုပါ ဓားရှည်ကို ကြောင်အလျက် ကြည့်ရှု့နေကြသည်။ သူတို့ ခန္ဓာကိုယ်များမှာ ထိန်းချုပ်မရ တုန်ယင်နေခဲ့​ကြသည်။ 

ယဲ့တောက်ရွှမ်၏ လက်ဖဝါးချက်က သူတို့ကို ထိတ်လန့်စေခဲ့သည်ဟု ဆိုပါက စုန့်ချယ်၏ ဓားချက်ကတော့ သူတို့ကို ဆောက်တည်ရာမရ ဖြစ်စေခဲ့သည်။ ထိုကဲ့သို့သော ကြောက်လန့်ဖွယ် ဓားချက်က တာအိုအင်မော်တယ်အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်တစ်ယောက်ထံမှ ဖြစ်ပေါ်လာခြင်းကို သူတို့မယုံကြည်နိုင်ကြသေးပေ။

သူတို့၏ အမြင်အာရုံတွင် စုန့်ချယ်၏ ဓားချက်မှတပါး

အခြားမရှိတော့ပေ။ အချိန်နှင့်လေထုဟာ အေးခဲသွားပုံပေါ်လေသည်။ 

ကောင်းကင်ဘုံဓားကိုးချက်ထွက်ပေါ်လာသည့်အခါ အရာရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။ အဆိုပါ ဓားချက်ထွက်ပေါ်လာသည့်အခါ ရှေးဟောင်းတောင်တန်းတခွင်ရှိ ဆန်းကြယ်သော ချီစွမ်းအင်များသည် ၎င်းဓားချက်၏ စုပ်ယူခြင်းခံလိုက်ရပြီး ၎င်းဓားချက်ကို ပိုမိုသန်မာစေရန် အားဖြည့်ပေးလိုက်ကြသည်။ 

စုန့်ချယ်၏ ဓားချက်ထွက်ပေါ်လာသည့်အခါ ကောင်းကင်ကိုနဖူးနှင့် တက်တိုက်တော့မတက်  

မောက်မာနေခဲ့သော ယဲ့တောက်ရွှမ်၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ တာအိုနတ်ဘုရားတစ်ပါး ဖြစ်သည့်အလျောက် သူဟာ မောက်မာပိုင်ခွင့်ရှိလေသည်။ သို့ပါသော်လည်း ဤဓားချက်၏ မျက်မှောက်တွင် သူ၏ နှလုံးသားက နားလည်ရခက်စွာ တုန်ယင်လာခဲ့လေသည်။ 

ယဲ့တောက်ရွှမ်သည် အားနည်းရာမှ တဖြည်းဖြည်း သန်မာလာပြီး တာအိုနတ်ဘုရား တစ်ပါးဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထျန်းလန်ဒေသတွင် ထိပ်ဆုံး၌ ရပ်တည်နေခဲ့သည်ဖြစ်ရာ သူဟာမရေမတွက်နိုင်သော သေရေးရှင်ရေး တိုက်ပွဲများကိုလည်း တွေ့ကြုံခဲ့ဖူးပြီး တိုက်ပွဲဝင်စွမ်းရည်များ အလွန်အမင်းကြွယ်ဝလေသည်။ 

စုန့်ချယ်၏ ကောင်းကင်ဘုံဓားချက် ထွက်ပေါ်လာသည့်အခါ သူ၏ လက်ဖဝါးချက်က ထိုဓားကို တားဆီးနိုင်မည်မဟုတ်မှန်း သူသိလိုက်ရသည်။ ထိုဓားချက်သည် ကြယ်တစ်ပွင့် တာအိုနတ်ဘုရားတစ်ပါး၏ တိုက်ကွက်နှင့် နှိုင်းယှဥ်နိုင်ပေသည်။

All Chapters